ဒီနေ့(ဗုဒ္ဓဟူး)မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေအဖြစ် အေဂျက်စ် – ဂျူဗင်တပ်စ် ၊ မန်ယူ – ဘာစီလိုနာပွဲစဉ်တွေ ကစးသွားကြမှာပါ။ (၂)ပွဲလုံးဟာ ပွဲကောင်းတွေဖြစ်တာကြောင့် ဘယ်လိုရလဒ်တွေထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စရာပါပဲ။

အေဂျက်စ် – ဂျူဗင်တပ်စ် ( ကြာသပတေးမနက် ၁း၃၀ နာရီ )

ဒီရာသီ အေဂျက်စ်ရဲ့ ချန်ပီယံလိဂ်စွမ်းဆောင်ရည်က ဂျူဗင်တပ်စ်ကို အခက်တွေ့စေမှာ ပါ။ ဘိုင်ယန်မြူးနစ်ကို အကောင်းဆုံးယှဉ်ကစားနိုင်ခဲ့ပြီး ရီးယဲလ်ကိုဖြုတ်ချလာတဲ့ အေဂျက်စ်အနေနဲ့ ဂျူဗင်တပ်စ်ကို ရှိန်နေမှာမဟုတ်တာလည်း သေချာပါတယ်။ ဂျူဗင်တပ်စ်ကတော့ ပုံမှန်အတိုင်းရှေ့ဆက်နေပြီး ဒီပွဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ပါဝင်လာမှာဖြစ်ပါတယ်။ အေဂျက်စ် ဟာ စုစည်းမှုအပြည့်နဲ့ ကစားတဲ့အသင်းဖြစ်သလို ဒီပွဲကလည်း အေဂျက်စ်အိမ်ကွင်းဖြစ်နေတာကြောင့် ဂျူဗင်တပ်စ် အနိုင်ရဖို့ခက်ခဲနိုင်ပါတယ်။ ပထမအကျော့ရလဒ်ဟာ ဒုတိယအကျော့ကို ဆက်ပြီးရင်ခုန်ရဦးမယ့် ရလဒ်မျိုးဖြစ်လာနိုင်ပြီး ပွဲကတော့ အကြိတ်အနယ်ရှိမှာသေချာပါတယ်။ လက်ရှိအနေအထားတွေအရတော့ (၂)သင်းလုံးအတွက် သရေရလဒ်ဟာ မျှတတဲ့ရလဒ်တစ်ခုဖြစ်ပြီး အေဂျက်စ် ( ၁ – ၁ ) ဂျူဗင်တပ်စ် ရလဒ်မျိုးအကြိုက်တွေ့မိပါတယ်။

မန်ယူ – ဘာစီလိုနာ ( ကြာသပတေးမနက် ၁း၃၀ နာရီ )

ဒီ(၂)သင်းမှာ ဘာစီလိုနာအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် မန်ယူအသင်းက PSG ကို အဝေးကွင်းမှာ အားနည်းတဲ့အသင်းနဲ့ အနိုင်ယူခဲ့တာနဲ့ အခုပွဲက အိုးထရက်ဖို့ဒ်မှာ ဖြစ်နေတာကိုတော့ ထည့်စဉ်းစားရမှာပါ။ နှစ်သင်းလုံးမှာ အားနည်းချက် ၊ အားသာချက်ကိုယ်စီရှိနေကြပြီး ဘာစီလိုနာအသင်းကတော့ ဒီရာသီပွဲစဉ်တချို့မှာ ခံစစ်ပိုင်း အားနည်းချက်တွေရှိတာကို မြင်တွေ့ရပါလိမ့်မယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းမြန်နှုန်းမြင့်ကစားတတ်တဲ့ အသင်းနဲ့တွေ့ရင် ရုန်းကန်ရလေ့ရှိတာပဲဖြစ်ပါတယ်။ မန်ယူအသင်းဘက်မှာလည်း ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေပြနေတဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီ Messi ကို ထိန်းချုပ်ဖို့ အခက်အခဲတွေရှိလာမှာသေချာပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ဘာမဆိုဖြစ်သွားနိုင်တဲ့ ပြိုင်ပွဲဖြစ်သလို ဘာစီလိုနာအသင်းကလည်း အင်္ဂလန်မြေမှာ အနည်းငယ်ရုန်းကန်ရလေ့ရှိတာကြောင့် ဒီပွဲမှာတော့ အနိုင်ရလဒ်အတွက် မန်ယူအသင်းကို အရဲစွန့် ရွေးချယ်ချင်ပြီး မန်ယူ ( ၁ – ၀ ) ဘာစီလိုနာရလဒ်မျိုးဖြစ်နိုင်ပါတယ်။

Photo: FashionBehindtheScene
Ko Kyue(Akhayar)
www.akhayar.com