[Zawgyi]



Chadli

Chadli


Ref: ESPN
Photo: Monaco Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ချက်ဒ်လီ Chadli

ဝက်စ်ဘရွန်းအသင်းကနေ ထွက်ခွာချင်နေတဲ့ ချက်ဒ်လီ Chadli ရဲ့စိတ်ဆန္ဒတွေဟာ လက်ရှိအချိန်မှာတော့ ပြည့်ဝသွားခဲ့ပြီလို့ဆိုရမှာပါ။ ချက်ဒ်လီ Chadli ဟာ လက်ရှိမှာ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းကို ပေါင်(၁၀)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ချက်ဒ်လီ Chadli ကိုပေါင်(၁၀)သန်းသာ သုံးပြီးခေါ်ယူနိုင်ခဲ့တဲ့ မိုနာကိုအသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်ပုံကတော့ အားရစရာပါပဲ။

Chadli

Chadli

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ချက်ဒ်လီ Chadli ဟာ ဝက်စ်ဘရွန်းအသင်းအတွက် ပွဲပေါင်း(၃၇)ပွဲကစားခဲ့ပြီး(၆)ဂိုးသွင်းယူခဲ့သူပါ။ ချက်ဒ်လီ Chadli က ” မိုနာကိုအသင်းကို ရောက်ရှိခဲ့လို့ ပျော်ရွှင်မိပါတယ်။ မိုနာကို အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်းပါဝင်နေပါတယ်။ မိုနာကိုအသင်း အောင်မြင်မှုရရှိဖို့အတွက် အရာအားလုံးကူညီပေးသွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

Ref: ESPN
Photo: Monaco Twitter
Ko Kyue(Akhayar)
www.akhayar.com