[Zawgyi]

ဂင္းနစ္ကမၻာ႔စံခ်ိန္မွတ္တမ္းဆုကုိ လက္ခံရရိွခဲ့တဲ့ ဖာဘရီဂတ္စ္ Cesc Fabregas

ခ်ယ္လ္ဆီးအသင္း ကြင္းလယ္လူ ဖာဘရီဂတ္စ္ Cesc Fabregas ဟာ ဂင္းနစ္ကမၻာ႔စံခ်ိန္မွတ္တမ္းဆုကုိ လက္ခံရရွိခဲ့ပါတယ္။ ဖာဘရီဂတ္စ္ဟာ ပရီးမီးယားလိဂ္မွာ ပဲြအေရအတြက္အနည္းဆုံးနဲ႔ ဂုိးဖန္တီးမႈ အႀကိမ္(၁၀၀)ျပည့္ခဲ့လုိ႔ ဂင္းနစ္ကမၻာ႔စံခ်ိန္၀င္ခဲ့ၿပီး အဲဒီအတြက္ ဂုဏ္ျပဳမွတ္တမ္း ရရွိခဲ့တာပါ။ ဒါေပမဲ့ ဖာဘရီဂတ္စ္ဟာ ၂၀၁၆၊ ဒီဇင္ဘာလ(၃၁)ရက္က စတုတ္စီးတီးနဲ႔ကစားခဲ့တဲ့ပဲြမွာ ဂုိးဖန္တီးမႈ (၁၀၀)ျပည့္ခဲ့တာျဖစ္ၿပီး (၂)ႏွစ္အၾကာမွ ဂုဏ္ျပဳမွတ္တမ္း ရရွိခဲ့တာလည္းျဖစ္ပါတယ္။

Cesc-Fabregas

Cesc-Fabregas

ဖာဘီဂတ္စ္အေနနဲ႔ ဂုိးဖန္တီးမႈ (၁၀၀)ျပည့္ဖုိ႔ (၂၉၃)ပဲြသာ ကစားခဲ့ရၿပီး ပရီးမီးယားလိဂ္ရဲ႕ ဂုိးဖန္တီးမႈအမ်ားဆုံး မန္ယူအသင္းဂႏၳ၀င္ ကစားသမား ႐ုိင္ယန္ဂစ္ Ryan Giggs ထက္ (၇၄)ပဲြအထိ ေလ်ာ႔နည္းခဲ့တယ္။ ႐ုိင္ယန္ဂစ္ဟာ ပရီးမီးယားလိဂ္ ဂုိးဖန္တီးမႈ (၁၀၀)ျပည့္ဖုိ႔ (၃၆၇)ပဲြအထိ ကစားခဲ့ရတာပါ။ ဂုဏ္ျပဳမွတ္တမ္း ရရွိခဲ့ၿပီးတဲ့ေနာက္ ဖာဘရီဂတ္စ္က “ကၽြန္ေတာ္ဟာ ျမန္လည္း မျမန္ပါဘူး။ ႀကံ့ခုိင္မႈလည္း မေကာင္းဘူး၊ Flexible ျဖစ္တဲ့ ကစားသမားတစ္ဦး မဟုတ္သလုိ အျမင့္ေဘာေတြလည္း အားမသန္ပါဘူး။ ဒါေပမဲ့ ဒီဆု ကၽြန္ေတာ့္ကစားသမား ဘ၀တစ္ေလွ်ာက္ ဂုဏ္ယူစရာအေကာင္းဆုံးဆုျဖစ္ပါတယ္။ ဂုိးဖန္တီးေပးဖုိ႔ဆုိတာက ကၽြန္ေတာ့္အလုပ္ျဖစ္ၿပီး အဲဒါကုိ အေကာင္းဆုံး လုပ္ျပႏုိင္ခဲ့ၿပီလုိ႔ေျပာရမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္မွာ ဂုိးဖန္တီးမႈ အမ်ားဆုံးကစားသမားအျဖစ္ ႐ုိင္ယန္ဂစ္က (၁၆၂)ႀကိမ္နဲ႔ ထိပ္ဆုံးျဖစ္ေနၿပီး ဖာဘရီဂတ္စ္က (၁၁၁)ႀကိမ္နဲ႔ ဒုတိယေနရာမွာရွိေနပါတယ္။

Ryan-Giggs

Ryan-Giggs

ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ ဂုိးဖန္တီးမႈ အမ်ားဆုံးကစားသမားမ်ား
1. Ryan Giggs Manchester United 162
2. Cesc Fàbregas Chelsea 111
3. Wayne Rooney – 103
4. Frank Lampard – 102
5. Dennis Bergkamp – 94
6. Steven Gerrard – 92
7. David Beckham – 80
8. James Milner Liverpool -80
9. Teddy Sheringham – 76
10. David Silva Manchester City -75

REF:skysports
Photo:SPORTbible,Best World News,Mpasho
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဆုကို လက်ခံရရှိခဲ့တဲ့ ဖာဘရီဂတ်စ် Cesc Fabregas

ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ဖာဘရီဂတ်စ် Cesc Fabregas ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဆုကို လက်ခံရရှိခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက်အနည်းဆုံးနဲ့ ဂိုးဖန်တီးမှု အကြိမ်(၁၀၀)ပြည့်ခဲ့လို့ ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ခဲ့ပြီး အဲဒီအတွက် ဂုဏ်ပြုမှတ်တမ်း ရရှိခဲ့တာပါ။ ဒါပေမဲ့ ဖာဘရီဂတ်စ်ဟာ ၂၀၁၆၊ ဒီဇင်ဘာလ(၃၁)ရက်က စတုတ်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု (၁၀၀)ပြည့်ခဲ့တာဖြစ်ပြီး (၂)နှစ်အကြာမှ ဂုဏ်ပြုမှတ်တမ်း ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Cesc-Fabregas

Cesc-Fabregas

ဖာဘီဂတ်စ်အနေနဲ့ ဂိုးဖန်တီးမှု (၁၀၀)ပြည့်ဖို့ (၂၉၃)ပွဲသာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံး မန်ယူအသင်းဂန္ထဝင် ကစားသမား ရိုင်ယန်ဂစ် Ryan Giggs ထက် (၇၄)ပွဲအထိ လျော့နည်းခဲ့တယ်။ ရိုင်ယန်ဂစ်ဟာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု (၁၀၀)ပြည့်ဖို့ (၃၆၇)ပွဲအထိ ကစားခဲ့ရတာပါ။ ဂုဏ်ပြုမှတ်တမ်း ရရှိခဲ့ပြီးတဲ့နောက် ဖာဘရီဂတ်စ်က “ကျွန်တော်ဟာ မြန်လည်း မမြန်ပါဘူး။ ကြံ့ခိုင်မှုလည်း မကောင်းဘူး၊ Flexible ဖြစ်တဲ့ ကစားသမားတစ်ဦး မဟုတ်သလို အမြင့်ဘောတွေလည်း အားမသန်ပါဘူး။ ဒါပေမဲ့ ဒီဆု ကျွန်တော့်ကစားသမား ဘဝတစ်လျှောက် ဂုဏ်ယူစရာအကောင်းဆုံးဆုဖြစ်ပါတယ်။ ဂိုးဖန်တီးပေးဖို့ဆိုတာက ကျွန်တော့်အလုပ်ဖြစ်ပြီး အဲဒါကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီလို့ပြောရမှာပါ”လို့ ပြောကြားခဲ့တယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရိုင်ယန်ဂစ်က (၁၆၂)ကြိမ်နဲ့ ထိပ်ဆုံးဖြစ်နေပြီး ဖာဘရီဂတ်စ်က (၁၁၁)ကြိမ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။

Ryan-Giggs

Ryan-Giggs

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု အများဆုံးကစားသမားများ
1. Ryan Giggs Manchester United 162
2. Cesc Fàbregas Chelsea 111
3. Wayne Rooney – 103
4. Frank Lampard – 102
5. Dennis Bergkamp – 94
6. Steven Gerrard – 92
7. David Beckham – 80
8. James Milner Liverpool -80
9. Teddy Sheringham – 76
10. David Silva Manchester City -75

REF:skysports
Photo:SPORTbible,Best World News,Mpasho
Naing Linn(Akhayar)
www.akhayar.com