[Zawgyi]

PepsiCo ရဲ႕  CEO ျဖစ္တဲ့ Indra Nooyi က ဘာေတြျဖတ္သန္းခဲ့ရလဲ

သူမနာမည္က Indra Nooyi တဲ့။ အျပည့္အစုံေျပာရရင္ Indra Krishnamurthy Nooyi ပါ။ အိႏၵိယႏုိင္ငံ Chennai ၿမိဳ႕မွာ ေရွးရုိးစြဲမိဘႏွစ္ပါးက ေမြးဖြားခဲ့တယ္။ ေမြးသကၠရာဇ္က ၁၉၅၅ခုႏွစ္ ေအာက္တုိဘာလ (၂၈) ရက္ေန႔တဲ့။ လက္ရွိဆုိ (၆၂) ႏွစ္ရွိၿပီေပါ့။ Indra Nooyi ဟာ ငယ္ငယ္ေလးတည္းက သြက္လက္တယ္၊ ရဲရင့္တယ္။ ဂီတကုိ ဝါသနာႀကီးလြန္းလုိ႔ ေဒသခံအမ်ိဳးသမီးတီးဝုိင္းမွာ ဂစ္တာတီးလုိက္ေသးတယ္။

“မိန္းကေလးဆုိတာ ဗုိင္းေကာင္းေက်ာက္ဖိေနရတယ္။ အရွက္အေၾကာက္ ႀကီးရတယ္” ဆုိတဲ့ သင္ရုိးႀကီးေတြနဲ႔ မိဘေတြက ဆုံးမၾကတယ္။ သူမဟာ မိသားစုအသုိင္းအဝိုင္းမွာေတာ့ စုန္းျပဴးေလးပါ။ ဆယ္ေက်ာ္သက္ဘဝတုန္းက ေအာ္ေၾကာလန္မေလးဟာ တစ္ခ်ိန္မွာ ကမၻာေက်ာ္ကုမၸဏီႀကီးရဲ႕  CEO ျဖစ္လာမွန္း ဘယ္သူသိႏုိင္မွာလဲ။

Indra Nooyi ဟာ သြက္လက္သေလာက္ ဥာဏ္ေျပးတယ္။ ၁၉၇၄ခုႏွစ္မွာ Madras Christian College ကေန သိပၸံဘြဲ႕ (BS) ရတယ္။ ၁၉၇၆ခုႏွစ္မွာလည္း Indian Institute of Management Calcutta ကေန စီးပြားေရးစီမံခန္႔ခြဲမႈမဟာဘြဲ႕ (MBA) ထပ္ယူလုိက္ေသးတယ္။ သူမ ရခဲ့တဲ့တကၠသုိလ္ႏွစ္ခုဟာ အိႏၵိယႏုိင္ငံရဲ႕ ေကာင္းေပ့ညြန္႔ေပ့ဆုိတဲ့ ထိပ္တန္းေက်ာင္းေတာ္ႀကီးေတြပါ။

ေဆးဝါးကုမၸဏီ Johnson & Johnson နဲ႔ ခ်ည္မ်ွင္ကုမၸဏီ Mettur Beardsell မွာ Product Manager ရာထူးနဲ႔ ခဏလုပ္ခဲ့ပါေသးတယ္။ ၁၉၇၈ခုႏွစ္ေရာက္ေတာ့ Yale University မွာ မဟာသိပၸံဘြဲ႕  (MS)ယူဖုိ႔ အေမရိကန္ႏုိင္ငံကုိ ထြက္ေတာ့ သူမမိခင္က သေဘာမတူခ်င္ဘူး။ “၂၂ႏွစ္ပဲရွိေသးတဲ့ သမီးပ်ိဳေလး ႏုိင္ငံျခားမွာ တစ္ေယာက္တည္းေနဖုိ႔ မသင့္ေတာ္ဘူး” ဆုိၿပီး တားေသးတယ္။ တားမရေတာ့မွ လက္လႊတ္လုိက္ရတာပါ။

၁၉၈ဝခုႏွစ္မွာ Yale University ကေန မဟာသိပၸံဘြဲ႕ရေတာ့ Boston Consulting Group (BCG) Motorola နဲ႔ Asea Brown Boveri တုိ႔လုိကုမၸဏီေတြမွာ Strategic Planning ရာထူးနဲ႔ လုပ္ခဲ့ပါေသးတယ္။ (၂၅) ႏွစ္အရြယ္မွာ သူမဟာ Raj K. Nooyi (Amsoft Systems ကုမၸဏီရဲ႕ လက္ရွိဥကၠဌ) နဲ႔ လက္ထပ္ခဲ့ၿပီး သမီးႏွစ္ေယာက္ ထြန္းကားခဲ့ပါတယ္။

Indra Nooyi ရဲ႕ အသက္ဟာလည္း သုံးဆယ္ေက်ာ္အရြယ္ကုိ ခ်ဥ္းနင္းဝင္ေရာက္ခဲ့ပါၿပီ။ ၁၉၉၄ခုႏွစ္မွာ သူမအတြက္ အလုပ္ကမ္းလွမ္းခ်က္ႏွစ္ခု ရခဲ့ပါတယ္။ General Electric နဲ႔ PepsiCo ကုမၸဏီဆီကပါ။ PepsiCo ကုိပဲ ေရြးခ်ယ္ခဲ့ၿပီး Chief Strategist ရာထူးနဲ႔ ဝင္လုပ္ခဲ့တယ္။ သူမရဲ႕အလုပ္ႀကိဳးစားမႈေၾကာင့္ ၂ဝဝဝခုႏွစ္မွာ CFO (Chief Financial Officer) ျဖစ္လာခဲ့တယ္။ သူမ CFO ျဖစ္ၿပီးေနာက္ပုိင္း PepsiCo ရဲ႕တစ္ႏွစ္အျမတ္ေငြက ေဒၚလာ ၂.၇ ဘီလီယံကေန ၆.၅ ဘီလီယံအထိ တုိးတက္ခဲ့တယ္။ ၂ဝဝ၁ခုႏွစ္မွ ဥကၠဌျဖစ္လာခဲ့တယ္။ ၂ဝဝ၆ခုႏွစ္ကုိ ေရာက္ေတာ့ သူမဟာ ဘုတ္ဥကၠဌနဲ႔ CEO (Chief Executive Officer) ျဖစ္လာခဲ့ပါတယ္။ သူမဟာ PepsiCo ရဲ႕  (၄၄) ႏွစ္အတြင္းမွာ ပဥၥမေျမာက္ CEO ျဖစ္လာခဲ့ပါတယ္။

၂ဝ၁၂ခုႏွစ္မွာေတာ့ PepsiCo ထုတ္ကုန္ေတြဟာ ႏိုင္ငံ (၂ဝဝ) ေက်ာ္ကုိ ျဖန္႔ခ်ိခဲ့ၿပီး အသားတင္အျမတ္ေငြ ၄၃.၃ ဘီလီယံအထိရွိလာခဲ့ပါတယ္။ Indra Nooyi ရဲ႕ စြမ္းေဆာင္မႈေၾကာင့္ ၂ဝဝ၆ခုႏွစ္မွာ အသားတင္ဝင္ေငြ ၃၅ ဘီလီယံသာရွိတဲ့ PepsiCo ဟာ ၂ဝ၁၇ခုႏွစ္မွာ ၆၃.၅ ဘီလီယံအထိရွိလာခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ၂ဝဝ၈ခုႏွစ္မွာ ကမၻာေက်ာ္စီးပြားေရးမဂၢဇင္း Forbes ရဲ႕ လႊမ္းမုိးမႈအရွိဆုံးအမ်ိဳးသမီး (၅ဝ) စာရင္းမွာ နံပါတ္ (၃) အျဖစ္ ေဖာ္ျပခံရပါတယ္။ ဒါ့အျပင္ ၂ဝဝ၉ခုႏွစ္နဲ႔ ၂ဝ၁ဝခုႏွစ္မွာ Fortune မဂၢဇင္းဟာ ကမၻာ့လႊမ္းမုိးမႈအရွိဆုံးအမ်ိဳးသမီးအျဖစ္ ေဖာ္ျပခဲ့ပါေသးတယ္။

ရုံးအလုပ္၊ အိမ္အလုပ္ေတြနဲ႔ မအားလပ္တဲ့ Indra Nooyi ဟာ သမီးႏွစ္ေယာက္အတြက္လည္း မိခင္ေကာင္းပီသပါေသးတယ္။ ဘယ္ေလာက္ပဲအလုပ္မ်ားပါေစ သမီးငယ္ရဲ႕ဘတ္စကတ္ေဘာပြဲကုိေတာ့ သြားေရာက္အားေပးျဖစ္တယ္လုိ႔ သိရပါေသးတယ္။ သူမကုိယ္တုိင္လည္း အိႏၵိယႏုိင္ငံသူပီပီ ခရစ္ကတ္ဝါသနာႀကီးသူလည္းျဖစ္ပါတယ္။ သူမဟာ ၂ဝ၁၇ခုႏွစ္မွာ ဝင္ေငြ (၃၁) သန္းအထိရွိခဲ့တယ္လုိ႔ သိရပါေသးတယ္။ ၂ဝ၁၈ခုႏွစ္ ၾသဂုတ္လ (၆) ရက္ေန႔မွာေတာ့ သူမဟာ PepsiCo ကုမၸဏီရဲ႕ CEO ရာထူးက ႏႈတ္ထြက္ခဲ့ပါတယ္။

CEO ရာထူးကုိ ေအာက္တုိဘာလ (၃) ရက္ေန႔မွာ Ramon Laguarta နဲ႔ အစားထုိးသြားမယ္လုိ႔ သိရပါတယ္။ PepsiCo ကုမၸဏီနဲ႔ (၂၄) ႏွစ္ၾကာ လက္တြဲခဲ့တဲ့ သူမဟာ ဥကၠဌရာထူးကုိ ၂ဝ၁၉ခုႏွစ္အေစာပုိင္းအထိ ဆက္လက္တာဝန္ယူရမွာျဖစ္ပါတယ္။ သူမ တာဝန္ယူတဲ့ ကာလအတြင္းမွာ ကုမၸဏီရဲ႕ရွယ္ယာတန္းဖုိးကုိ (၇၈) ရာခုိင္ႏႈန္းအထိ တုိးတက္ေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ ဆယ္ေက်ာ္သက္တုန္းက ဂစ္တာတစ္လက္ကုိင္ၿပီး သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္ေနတဲ့ အိႏၵိယသူေလးဟာ ကမၻာေက်ာ္ပုဂၢိဳလ္ႀကီးျဖစ္လာတယ္ဆုိရင္ ဘယ္သူက ယုံႏုိင္မွာလဲဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

PepsiCo ရဲ့  CEO ဖြစ်တဲ့ Indra Nooyi က ဘာတွေဖြတ်သန်းခဲ့ရလဲ

သူမနာမည်က Indra Nooyi တဲ့။ အပြည့်အစုံပြောရရင် Indra Krishnamurthy Nooyi ပါ။ အိန္ဒိယနိုင်ငံ Chennai မြို့မှာ ရှေးရိုးစွဲမိဘနှစ်ပါးက မွေးဖွားခဲ့တယ်။ မွေးသက္ကရာဇ်က ၁၉၅၅ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တဲ့။ လက်ရှိဆို (၆၂) နှစ်ရှိပြီပေါ့။ Indra Nooyi ဟာ ငယ်ငယ်လေးတည်းက သွက်လက်တယ်၊ ရဲရင့်တယ်။ ဂီတကို ဝါသနာကြီးလွန်းလို့ ဒေသခံအမျိုးသမီးတီးဝိုင်းမှာ ဂစ်တာတီးလိုက်သေးတယ်။

“မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်။ အရှက်အကြောက် ကြီးရတယ်” ဆိုတဲ့ သင်ရိုးကြီးတွေနဲ့ မိဘတွေက ဆုံးမကြတယ်။ သူမဟာ မိသားစုအသိုင်းအဝိုင်းမှာတော့ စုန်းပြူးလေးပါ။ ဆယ်ကျော်သက်ဘဝတုန်းက အော်ကြောလန်မလေးဟာ တစ်ချိန်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးရဲ့  CEO ဖြစ်လာမှန်း ဘယ်သူသိနိုင်မှာလဲ။

Indra Nooyi ဟာ သွက်လက်သလောက် ဉာဏ်ပြေးတယ်။ ၁၉၇၄ခုနှစ်မှာ Madras Christian College ကနေ သိပ္ပံဘွဲ့ (BS) ရတယ်။ ၁၉၇၆ခုနှစ်မှာလည်း Indian Institute of Management Calcutta ကနေ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ထပ်ယူလိုက်သေးတယ်။ သူမ ရခဲ့တဲ့တက္ကသိုလ်နှစ်ခုဟာ အိန္ဒိယနိုင်ငံရဲ့ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ထိပ်တန်းကျောင်းတော်ကြီးတွေပါ။

ဆေးဝါးကုမ္ပဏီ Johnson & Johnson နဲ့ ချည်မျှင်ကုမ္ပဏီ Mettur Beardsell မှာ Product Manager ရာထူးနဲ့ ခဏလုပ်ခဲ့ပါသေးတယ်။ ၁၉၇၈ခုနှစ်ရောက်တော့ Yale University မှာ မဟာသိပ္ပံဘွဲ့  (MS)ယူဖို့ အမေရိကန်နိုင်ငံကို ထွက်တော့ သူမမိခင်က သဘောမတူချင်ဘူး။ “၂၂နှစ်ပဲရှိသေးတဲ့ သမီးပျိုလေး နိုင်ငံခြားမှာ တစ်ယောက်တည်းနေဖို့ မသင့်တော်ဘူး” ဆိုပြီး တားသေးတယ်။ တားမရတော့မှ လက်လွှတ်လိုက်ရတာပါ။

၁၉၈ဝခုနှစ်မှာ Yale University ကနေ မဟာသိပ္ပံဘွဲ့ရတော့ Boston Consulting Group (BCG) Motorola နဲ့ Asea Brown Boveri တို့လိုကုမ္ပဏီတွေမှာ Strategic Planning ရာထူးနဲ့ လုပ်ခဲ့ပါသေးတယ်။ (၂၅) နှစ်အရွယ်မှာ သူမဟာ Raj K. Nooyi (Amsoft Systems ကုမ္ပဏီရဲ့ လက်ရှိဥက္ကဌ) နဲ့ လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

Indra Nooyi ရဲ့ အသက်ဟာလည်း သုံးဆယ်ကျော်အရွယ်ကို ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ ၁၉၉၄ခုနှစ်မှာ သူမအတွက် အလုပ်ကမ်းလှမ်းချက်နှစ်ခု ရခဲ့ပါတယ်။ General Electric နဲ့ PepsiCo ကုမ္ပဏီဆီကပါ။ PepsiCo ကိုပဲ ရွေးချယ်ခဲ့ပြီး Chief Strategist ရာထူးနဲ့ ဝင်လုပ်ခဲ့တယ်။ သူမရဲ့အလုပ်ကြိုးစားမှုကြောင့် ၂ဝဝဝခုနှစ်မှာ CFO (Chief Financial Officer) ဖြစ်လာခဲ့တယ်။ သူမ CFO ဖြစ်ပြီးနောက်ပိုင်း PepsiCo ရဲ့တစ်နှစ်အမြတ်ငွေက ဒေါ်လာ ၂.၇ ဘီလီယံကနေ ၆.၅ ဘီလီယံအထိ တိုးတက်ခဲ့တယ်။ ၂ဝဝ၁ခုနှစ်မှ ဥက္ကဌဖြစ်လာခဲ့တယ်။ ၂ဝဝ၆ခုနှစ်ကို ရောက်တော့ သူမဟာ ဘုတ်ဥက္ကဌနဲ့ CEO (Chief Executive Officer) ဖြစ်လာခဲ့ပါတယ်။ သူမဟာ PepsiCo ရဲ့  (၄၄) နှစ်အတွင်းမှာ ပဉ္စမမြောက် CEO ဖြစ်လာခဲ့ပါတယ်။

၂ဝ၁၂ခုနှစ်မှာတော့ PepsiCo ထုတ်ကုန်တွေဟာ နိုင်ငံ (၂ဝဝ) ကျော်ကို ဖြန့်ချိခဲ့ပြီး အသားတင်အမြတ်ငွေ ၄၃.၃ ဘီလီယံအထိရှိလာခဲ့ပါတယ်။ Indra Nooyi ရဲ့ စွမ်းဆောင်မှုကြောင့် ၂ဝဝ၆ခုနှစ်မှာ အသားတင်ဝင်ငွေ ၃၅ ဘီလီယံသာရှိတဲ့ PepsiCo ဟာ ၂ဝ၁၇ခုနှစ်မှာ ၆၃.၅ ဘီလီယံအထိရှိလာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ၂ဝဝ၈ခုနှစ်မှာ ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes ရဲ့ လွှမ်းမိုးမှုအရှိဆုံးအမျိုးသမီး (၅ဝ) စာရင်းမှာ နံပါတ် (၃) အဖြစ် ဖော်ပြခံရပါတယ်။ ဒါ့အပြင် ၂ဝဝ၉ခုနှစ်နဲ့ ၂ဝ၁ဝခုနှစ်မှာ Fortune မဂ္ဂဇင်းဟာ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးအဖြစ် ဖော်ပြခဲ့ပါသေးတယ်။

ရုံးအလုပ်၊ အိမ်အလုပ်တွေနဲ့ မအားလပ်တဲ့ Indra Nooyi ဟာ သမီးနှစ်ယောက်အတွက်လည်း မိခင်ကောင်းပီသပါသေးတယ်။ ဘယ်လောက်ပဲအလုပ်များပါစေ သမီးငယ်ရဲ့ဘတ်စကတ်ဘောပွဲကိုတော့ သွားရောက်အားပေးဖြစ်တယ်လို့ သိရပါသေးတယ်။ သူမကိုယ်တိုင်လည်း အိန္ဒိယနိုင်ငံသူပီပီ ခရစ်ကတ်ဝါသနာကြီးသူလည်းဖြစ်ပါတယ်။ သူမဟာ ၂ဝ၁၇ခုနှစ်မှာ ဝင်ငွေ (၃၁) သန်းအထိရှိခဲ့တယ်လို့ သိရပါသေးတယ်။ ၂ဝ၁၈ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှာတော့ သူမဟာ PepsiCo ကုမ္ပဏီရဲ့ CEO ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

CEO ရာထူးကို အောက်တိုဘာလ (၃) ရက်နေ့မှာ Ramon Laguarta နဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။ PepsiCo ကုမ္ပဏီနဲ့ (၂၄) နှစ်ကြာ လက်တွဲခဲ့တဲ့ သူမဟာ ဥက္ကဌရာထူးကို ၂ဝ၁၉ခုနှစ်အစောပိုင်းအထိ ဆက်လက်တာဝန်ယူရမှာဖြစ်ပါတယ်။ သူမ တာဝန်ယူတဲ့ ကာလအတွင်းမှာ ကုမ္ပဏီရဲ့ရှယ်ယာတန်းဖိုးကို (၇၈) ရာခိုင်နှုန်းအထိ တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တုန်းက ဂစ်တာတစ်လက်ကိုင်ပြီး သူငယ်ချင်းတွေနဲ့ အချိန်ကုန်နေတဲ့ အိန္ဒိယသူလေးဟာ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဖြစ်လာတယ်ဆိုရင် ဘယ်သူက ယုံနိုင်မှာလဲဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com