
Mi Max 3 Rumors




Mi Max 3 Rumors


Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Xiaomi Mi Max Series စမတ်ဖုန်းတွေက အသုံးပြုသူတွေအကြားမှာ ကြီးမားတဲ့ Screen နဲ့ Battery ကြောင့် အကြိုက်တွေ့ကြတဲ့ဖုန်း Series တွေဖြစ်ပါတယ်။ အခုအချိန်မှာ Xiaomi ကနေ Mi Max နဲ့ Mi Max 2 စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီးသလို Mi Max 2 ဖုန်းထွက်ရှိခဲ့တာလည်း အခုဆိုရင် ၁ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။

Mi Max 3 Rumors

အခုအချိန်အထိ Xiaomi ကနေ Mi Max 3 စမတ်ဖုန်း ထုတ်လုပ်မယ့်အချိန်ကို တရားဝင်ကြေညာသေးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကနေ Mi Max 3 စမတ်ဖုန်းထွက်ရှိမယ့်အချိန်ကို တရားဝင်ထုတ်ပြန်လိုက်ပါပြီ။

CEO Lei Jun ရဲ့ ပြောကြားချက်အရတော့ Mi Max 3 စမတ်ဖုန်းက လာမယ့် ဇူလိုင်လမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ လာမယ့် သြဂုတ်လအတွင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Mi Max 3 ကို စောင့်နေတဲ့သူတွေအတွက်ကတော့ နောက်ထပ်အချိန်တစ်ခု ထပ်ပြီး စောင့်ရတော့မှာပါ။

Xiaomi Mi Max 3 စမတ်ဖုန်းဟာ Qualcomm Snapdragon 660 Processor နဲ့ Snapdragon 636 Processor တွေကို အသုံးပြုလာမှာဖြစ်ပြီး RAM 4GB နဲ့ ROM 64GB ပါဝင်လာမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Mi Max Series ဖြစ်တဲ့အတွက် အခု Mi Max 3 ဖုန်းမှာလည်း ကြီးမားတဲ့ 7″ Full HD+ Display အပြင် ကင်မရာကိုလည်း Dual Camera ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 5300mAh Battery ပါဝင်လာမှာပါ။

Mi Max 3 Rumors

ဘာပဲဖြစ်ဖြစ် Screen Size ကြီးကြီး၊ Battery အကြာကြီးခံတဲ့ စမတ်ဖုန်းကို အသုံးပြုချင်တယ်ဆိုရင်တော့ Mi Max 3 စမတ်ဖုန်းက စောင့်ဆိုင်းသင့်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်မှာပါ။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com