iPhone 6 နဲ့ 6+ ကို  Hack ပြလိုက်တဲ့ Cellebrite

San Bernardino ပစ်ခတ်မှုအတွင်း လူသတ်သမားကိုင်ဆောင်ခဲ့တဲ့ iPhone 5C ကို Apple ကုမ္ပဏီက Lockဖြည်ပေးဖို့ တရားရုံးကိုငြင်းဆိုခဲ့တဲ့အချိန်တုန်းက အစ္စရေးဆိုင်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Cellebrite ဟာiPhone 5C ကို Lock ဖြည်ပေးနိုင်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ကုမ္ပဏီပါ။ အခုလည်း iPhone 6 နဲ့ iPhone 6 plus ကိုHack ပေးမယ့် သူတို့ရဲ့ Advanced Investigative Service (CAIS) ကိုကြေငြာလိုက်ပါပြီ။

ဒီကြေငြာချက်ကို Cellebrite ရဲ့ Director တစ်ဦးဖြစ်တဲ့ Forensics သုတေသနသမား Shahar Tal က Twitter ကနေထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ CAIS Tool နဲ့ ဥပဒေအရလိုအပ်လာခဲ့ရင် iPhone 6 နဲ့ iPhone 6Plus ကို Unlock လုပ်တာနဲ့ Data တွေယူပေးမယ့် ဝန်ဆောင်မှုမျိုးပေးဖို့အသင့်ရှိနေပြီလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ Apple ရဲ့ iPhone 4S, 5C နဲ့ 5S တို့ကို Cellebrite အနေနဲ့ အချိန်မရွေး Hack နိုင်တယ်ဆိုတာ ကျွန်တော်တို့သိပြီးပါပြီ။ ဒါပေမယ့် Apple နဲ့ Cellebrite ဟာ လုံခြုံမှုရေး Encryption နည်းပညာအတွက် ချိတ်ဆက်မှုအချို့တော့ရှိပါတယ်။ Cellebrite ဟာ အခုအချိန်မှာ Samsung ဖုန်းတွေဖြစ်တဲ့Galaxy Note 5, Galaxy S6 နဲ့ Galaxy S7 ဖုန်းတွေကိုလည်း Unlock လုပ်ပေးနေပါတယ်။

၂၀၁၆ ခုနှစ်တုန်းက Cellebrite အနေနဲ့ Unlock လုပ်ပေးခဲ့တဲ့ဖုန်းအရေအတွက် ၁၅၀၀ လောက်ရှိ ပြီးတော့သူ့ရဲ့ Premium unlocking Subscription ကိုရယူဆိုရင် ဒေါ်လာ 250,000 ကျသင့်ပါမယ်။

Cellebrite ရဲ့ဝက်ဆိုက်မှာတော့ ဒီသတင်းကိုတရားဝင်မကြေငြာသေးပေမယ့် ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ဝန်ဆောင်မှုကို တူရကီ၊ အမေရိကန်၊ ယူအေအီး နဲ့ ရုရှား နိုင်ငံတွေမှာရောင်းချဖို့ပြင်ဆင်နေပါပြီ။ တူရကီ၊ ရုရှား နဲ့ယူအေအီးတို့မှာတော့ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်။အောက်မှာတော့ Cellebrite ရဲ့ iPhone 6 နဲ့ 6Plus ကိုဘယ်လိုနည်းပညာနဲ့ Hack တယ်ဆိုတာကိုပြ ထားပါတယ်။

Ref: The Last Hacking News

မင်းသုခ (အခရာ)

(www.akhayar.com)