[Zawgyi]







































HyunA နဲ့ E’Dawn

HyunA နဲ့ E’Dawn

HyunA နဲ့ E’Dawn


Su Yi Htet (Akhayar)
[Unicode]

2018 အတွင်းမှာ တရားဝင် Date လုပ်နေကြောင်း ကြေညာခဲ့တဲ့ K-Idol များ

K-Idol တွေအနေနဲ့ သူတို့ရဲ့ အချစ်ရေးတွေကို လူသိရှင်ကြား ထုတ်ပြောခဲပါတယ်။ ပရိသတ်တွေအနေနဲ့ အချိန်တော်တော်ကိုကြာမှ သိရတာပါ။ ဒါပေမယ့် ဒီ ၂၀၁၈ မှာ တရားဝင် ဒိတ်လုပ်နေတယ်ဆိုတာကို ပရိသတ်ကို အသိပေးခဲ့တဲ့ ဆယ်လီ K-Idol တွေလည်း ရှိခဲ့ပါတယ်။ ဘယ်အတွဲတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။

Girls’ Generation က Sooyoung နဲ့ Jung Kyung Ho

Girls’ Generation က Sooyoung နဲ့ Jung Kyung Ho

Girls’ Generation က Sooyoung နဲ့ Jung Kyung Ho

ဒီအတွဲက ၂၀၁၂ မှာတည်းက သူတို့ရဲ့ Relationship နဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်အခါခါ ငြင်းဆိုခဲ့ဖူးပေမယ့် တရားဝင်တွဲနေကြတဲ့ အတွဲပါ။ ဒီကြားထဲမှာ ပြတ်သွားပြီလို့ ကောလဟာလတွေလည်း ထွက်သလို နှစ်တော်တော်ကြာကြာတွဲခဲ့တဲ့ စုံတွဲလည်းဖြစ်ပါတယ်။

Lee Joon (MBLAQ အဖွဲ့ဝင်ဟောင်း) နဲ့ Jung So Min

Lee Joon (MBLAQ အဖွဲ့ဝင်ဟောင်း) နဲ့ Jung So Min

Lee Joon (MBLAQ အဖွဲ့ဝင်ဟောင်း) နဲ့ Jung So Min

Jung So Min နဲ့ Lee Joon ဟာ “Father is Strange” ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်တွေအနေနဲ့ စသိခဲ့တာဖြစ်ပြီးတော့ ၂၀၁၇ အောက်တိုဘာမှာ စတင်ဒိတ်လုပ်ခဲ့ပါတယ်။

 MBLAQ က G.O နဲ့ Choi Ye Seul

MBLAQ က G.O နဲ့ Choi Ye Seul

MBLAQ က G.O နဲ့ Choi Ye Seul

Choi Ye Seul ကတော့ သူမနဲ့ G.O ဟာ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းတွေ အချင်းချင်း မိတ်ဆက်ပေးရာကနေ စသိခဲ့တယ်လို့ဆိုပါတယ်။သူတို့နှစ်ယောက်လုံး အဲ့ဒီမှာ စစိတ်ဝင်စားခဲ့ပြီး နောက်ပိုင်းမကြာခဏ တွေ့ကြဖို့ စတင်ခဲ့တာပါတဲ့။

Jun Hyun Moo နဲ့ Han HyeJin

Jun Hyun Moo နဲ့ Han HyeJin

Jun Hyun Moo နဲ့ Han HyeJin

ချစ်စရာကောင်းတဲ့ ဒီစုံတွဲကတော့ MBCရဲ့ “I Live Alone” မှာ စတင်တွေ့ဆုံခဲ့ကြပြီးတော့ သူတို့နှစ်ယောက်ရဲ့ Screen ပေါ်က Chemistry နဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေကြား စိတ်ဝင်စားမှု တော်တော်လေး ရရှိခဲ့ပါတယ်။ အဲဒီကနေ ၂၀၁၈ ဖေဖော်ဝါရီမှာတော့ တကယ့်လက်တွေ့အပြင်ကသူတို့ရဲ့ Relationship ကို ပရိသတ်ဆီ အသိပေးခဲ့ပါတယ်။

Honey Lee နဲ့ Yoon Kye Sang

Honey Lee နဲ့ Yoon Kye Sang

Honey Lee နဲ့ Yoon Kye Sang (G.O.D အဖွဲ့ဝင်ဟောင်း)

ဒီအတွဲရဲ့ Relationship က ၂၀၁၃ တည်းက စတင်ခိုင်မာခဲ့သလို မကြာသေးခင်ကပဲ လေဆိပ်မှာ အတူတူတွဲပြီး တွေ့ခဲ့ရပါတယ်။ ၂၀၁၃ တည်းကဆိုတော့ တော်တော်လေးကို RS သက်တမ်းရင့်ပြီလို့ ဆိုရမှာပါ။

Lee Si Eon နဲ့ Seo Ji Seung

Lee Si Eon နဲ့ Seo Ji Seung

Lee Si Eon နဲ့ Seo Ji Seung

သူတို့အတွဲကတော့ အသက်ခြောက်နှစ်ကွာပေမယ့် အသက်အရွယ်ကွာဟမှုတွေအတွက် ပြဿနာရှိပုံ မပေါ်ပါဘူး။ Lee Si Eon နဲ့ Seo Ji Seung တို့ဟာ စစချင်းမှာတည်းက လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ သိခဲ့ကြပြီးတော့ ၂၀၁၈ ဖေဖော်ဝါရီလမှာ စတင်ဒိတ်လုပ်ခဲ့ပါတယ်။

Ahreum (T-ARA အဖွဲ့ဝင်ဟောင်း) နဲ့ Lee Seung Jae

Ahreum (T-ARA အဖွဲ့ဝင်ဟောင်း) နဲ့ Lee Seung Jae

Ahreum (T-ARA အဖွဲ့ဝင်ဟောင်း) နဲ့ Lee Seung Jae

Ahreum နဲ့ Lee Seung Jae တို့ဟာ ၂၀၁၇ ခုနှစ်မှာ စတင်ဒိတ်လုပ်ခဲ့ကြပြီးတော့ သူတို့အတည်တွဲနေပြီဆိုတဲ့အကြောင်းကို ၂၀၁၈ ဇန်နဝါရီလမှာ အသိပေးကြေညာခဲ့ပါတယ်။

Lee Jung Jin နဲ့ Euaerin (9MUSES အဖွဲ့ဝင်ဟောင်း)

Lee Jung Jin နဲ့ Euaerin (9MUSES အဖွဲ့ဝင်ဟောင်း)

Lee Jung Jin နဲ့ Euaerin (9MUSES အဖွဲ့ဝင်ဟောင်း)

Lee Jung Jin နဲ့ Euaerin စုံတွဲကတော့ ၂၀၁၇ ဇွန်လမှာ ဒိတ်နေတယ်ဆိုတာ စတင်အသိပေးခဲ့ပါတယ်။ အသက်ဆယ်ကျော်နှစ်ကွာတဲ့ သူတို့နှစ်ယောက်ဟာ အုပ်စုလိုက် အပြင်ထွက်လည်ရင်း တွေ့ဆုံခဲ့ကြတာပါ။

Guckkasten က Ha Hyun Woo နဲ့ Heo Young Ji ( KARA အဖွဲ့ဝင်ဟောင်း)

Guckkasten က Ha Hyun Woo နဲ့ Heo Young Ji ( KARA အဖွဲ့ဝင်ဟောင်း)

Guckkasten က Ha Hyun Woo နဲ့ Heo Young Ji ( KARA အဖွဲ့ဝင်ဟောင်း)

Heo Young Ji နဲ့ Ha Hyun Woo တို့ဟာ “Shadow Singer” မှာ Panelist တွေအဖြစ် ပါဝင်ခဲ့ကြပြီးတော့ အဲ့မှာတည်းက ပရိသတ်တစ်ချို့က သူတို့ရဲ့ Behind the Scenes က ရိုမန်တစ်ဆန်တဲ့ အပြုအမူတွေကို သတိထားမိခဲ့ကြပါတယ်။ သူတို့ စုံတွဲက အသက် ၁၃ နှစ်ကွာပေမယ့် တကယ်ကိုclose ဖြစ်တယ်လို့ထင်ရတဲ့အတွဲပါ။

HyunA နဲ့ E’Dawn

HyunA နဲ့ E’Dawn

HyunA နဲ့ E’Dawn

စစချင်းမှာ သူတို့နှစ်ယောက်လုံးရဲ့ Agency ဖြစ်တဲ့ “Cube Entertainment” က ဒီသတင်းကို ငြင်းဆိုခဲ့ပေမယ့် TripleH Memberတွေဖြစ်တဲ့ HyunA နဲ့ E’Dawn တို့ဟာတွဲနေတာ နှစ်နှစ်ရှိနေပြီဆိုတဲ့အကြောင်း ဝန်ခံအသိပေးခဲ့ပါတယ်။

Su Yi Htet (Akhayar)