[Zawgyi]

နာမည္ေက်ာ္ Model ေတြ အျဖစ္ ရပ္တည္ေနၾကတဲ့ Celebrities တို႔ရဲ႕ သမီးေခ်ာမ်ား

တစ္ခါတေလမွာ ကၽြန္မတို႔အေနနဲ႔ နာမည္ေက်ာ္ေငြၾကယ္ပြင့္တုိ႔ရဲ႕ သားသမီးေတြကို အားက်တတ္တဲ့ စိတ္ေလး ၀င္တတ္မွာပါ။ အထူးသျဖင့္ နာမည္ေက်ာ္ၾကားၿပီးသား သူတို႔မိဘေတြရဲ႕ အရွိန္အ၀ါေတြနဲ႔အတူ မိဘေျခရာကို ထပ္ခ်ပ္မကြာ လိုက္နင္းႏိုင္တဲ့ သူတို႔ရဲ႕ စြမ္းရည္ေတြကို ၾကည့္ၿပီးေတာ့ေပါ့။ နာမည္ေက်ာ္ ေငြၾကယ္ပြင့္ေတြဟာ ေနရာတစ္ခုမွာ သူ႔အတိုင္းအတာတစ္ခုနဲ႔ ရွိေနၿပီးသားျဖစ္သလို သူတို႔ရဲ႕ သားသမီးေတြအေနနဲ႔လည္း ကိုယ္စြမ္းကိုယ္စအျပင္ မိဘရဲ႕အရွိန္အ၀ါနဲ႔ေနရာတစ္ခုကို ထိုးေဖာက္ဖို႔ လမ္းေၾကာင္းက သိပ္ေတာ့ ခက္ခဲလွတယ္မဟုတ္ပါဘူး။ အခုေနာက္ပိုင္းမွာဆိုရင္ နာမည္ေက်ာ္တို႔ရဲ႕ သားသမီးေတြအေနနဲ႔ ရုပ္ရွင္သရုပ္ေဆာင္၊ အဆိုေတာ္ စတာေတြအျပင္ ေမာ္ဒယ္လ္ေလာကထဲကိုပါ အေျခခ်လာတာ ေတြ႔ရမွာပါ။ အထူးသျဖင့္ သမီးမိန္းကေလးေတြက ပိုၿပီး အေျခခ်လာသလို
ေအာင္ျမင္မႈေတြလည္း ၀က္၀က္ကြဲရတာ ျမင္ရမွာ ျဖစ္ပါတယ္။ အခုေအာက္မွာ ေဖာ္ျပေပးထားတဲ့ ေမာ္ဒယ္လ္ေကာင္မေလး
(၁၂)ေယာက္ကေတာ့ ေမာ္ဒယ္လ္ေလာကကို ေျခခ်လာၿပီးေအာင္ျမင္မႈေတြ ရထားတဲ့ ေငြၾကယ္ပြင့္တို႔ရဲ႕ သမီးေခ်ာေတြပါ။ အမိုက္စားေလးေတြကို တစ္ခ်က္ေလာက္ ရႈိးလိုက္ပါဦး။

Kaia Gerber

စူပါေမာ္ဒယ္လ္ Cindy Crawford ရဲ႕ သမီးျဖစ္တဲ့ Kaia Gerber ဟာ ၿပီးခဲ့တဲ့ ႏွစ္ကမွ နာမည္တရွိန္ထိုး တက္လာခဲ့ၿပီးေတာ့ နာမည္ေက်ာ္ Fashion နဲ႔ Beauty Label တိုင္းလိုလိုအတြက္ လိုခ်င္စရာ မ်က္ႏွာသစ္တစ္ဦး ျဖစ္လာခဲ့တဲ့သူပါ။ Kaia Gerber ဟာ ၂၀၁၆ မွာ IMG Models နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးေတာ့ အဲဒီတည္းက သူမရဲ႕ Career က စတင္ခဲ့ပါတယ္။ Kaia ဟာ အသက္ ၁၇ ႏွစ္မွာ Vogue Paris September Issue ရဲ႕ Cover Star ျဖစ္လာခဲ့ၿပီးေတာ့ Marc Jacobs Beauty ရဲ႕ မ်က္ႏွာဖံုးလည္း ျဖစ္လာခဲ့ပါတယ္။ Kaia Gerber ဟာ တန္းျမင့္ ဖက္ရွင္တံဆိပ္ေတြျဖစ္တဲ့ Versace၊ Moschino ၊ Tom Ford နဲ႔ Chanel တို႔ရဲ႕ Fashion Show ေတြမွာလည္း ပါ၀င္ခြင့္ရတဲ့ မ်က္ႏွာသစ္ ေမာ္ဒယ္လ္လည္း ျဖစ္ပါတယ္။

Lily-Rose Depp

Lily- Rose Depp ကိုေတာ့ နာမည္ၾကားလိုက္တာနဲ႔ ဘယ္သူလဲဆိုတာ ခန္႔မွန္းမိမွာပါ။ ဟုတ္ပါတယ္ သူမကေတာ့ နာမည္ေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ Johnny Deep ရဲ႕ သမီးပါ။ အသက္ခပ္ငယ္ငယ္သာ ရွိေသးတဲ့ Lily-Rose Depp ဟာ ၂၀၁၆ မွာ Chanel ကိုယ္စားျပဳရတဲ့ မ်က္ႏွာသစ္ျဖစ္လာၿပီးေတာ့ ၂၀၁၈ မွာ ပထမဦးဆံုး ပြဲဦးထြက္ Show ကို ေလွ်ာက္ခဲ့ပါတယ္။ Lily-Rose Depp ကို Glamour၊ Vogue၊ ELLE နဲ႔ Vanity Fair စတဲ့ နာမည္ေက်ာ္ မဂၢဇင္းေတြရဲ႕ မ်က္ႏွာဖံုးမွာ ျမင္ႏုိင္ပါတယ္။

Sofia Richie

အဆိုေတာ္ Lionel Richie ရဲ႕ သမီးျဖစ္တဲ့ Sofia Richie ဟာ Scott Disick နဲ႔ သူမရဲ႕ ၾကားက Relationship ေၾကာင့္ လူေတြရဲ႕ စိတ္၀င္စားျခင္းကို ခံရသူျဖစ္ပါတယ္။ ဒီလိုဆိုလို႔ သူမကိုယ္တိုင္ေၾကာင့္ မေအာင္ျမင္ဘူး လူမသိဘူးရယ္လု႔ိ ဆိုလို႔ မရျပန္ပါဘူး။ Sofia ဟာ Select Model Management နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးေတာ့ Tommy Hilfiger နဲ႔ Michael Kors တို႔အတြက္ Campaign တို႔မွာ ပါ၀င္ခဲ့ပါတယ္။

Georgia May Jagger

Georgia May Jagger ဟာ Rolling Stones အဖြဲ႕က Lead အဆိုေတာ္ Mick Jagger ရဲ႕ သမီးျဖစ္ၿပီးေတာ့ Vogue နဲ႔ Harpper’s  Bazaar တို႔ရဲ႕ မ်က္ႏွာဖံုးရွင္အျဖစ္ ပါ၀င္ခဲ့သူပါ။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ သူမဟာ Miu Miu ၊ Tommy Hilfiger နဲ႔ Marchesa တို႔အတြက္ Runway ေလွ်ာက္ေပးခဲ့သူျဖစ္ပါတယ္။

Corinne Fox

Corinne Fox ဟာ သူမရဲ႕Model Career ကို ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္ကမွ  စတင္ခဲ့တာျဖစ္ၿပီးေတာ့ LA Models ၊ London မွာရွိတဲ့ Select Model နဲ႔  New York က One Management တိုနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ Corinne Fox ဟာ ရုပ္ရွင္သရုပ္ေဆာင္ Jamie Foxx ရဲ႕ သမီးျဖစ္ၿပီးေတာ့ Runway အျပင္ “Live!With Kelly and Ryan ၊ Entertainment Tonight နဲ႔ The Ellen DeGeneres Show” စတဲ့ TV Show ေတြမွာလည္း ပါ၀င္ခဲ့ပါတယ္။

Sistine Stallone

Sistine ဟာဆိုရင္ေတာ့ Rocky မင္းသားႀကီး Sylvester Stallone နဲ႔ ေမာ္ဒယ္လ္ Jennifer Flavin တို႔ရဲ႕ သမီးျဖစ္ပါတယ္။ Sistine ဟာဆိုရင္ ေမာ္ဒယ္လ္ေလာကမွာ အလားအလာရွိတဲ့ တက္သစ္စ ေငြၾကယ္ပြင့္အျဖစ္ W Magazine မွာေဖာ္ျပခံခဲ့ရၿပီးေတာ့ Follower 900000 နီးပါးေက်ာ္ရွိတဲ့ Instagram ကတစ္ဆင့္ သူမရဲ႕ အလုပ္ကို Promote လုပ္ခဲ့ပါတယ္။ သူမကို Dolce & Gabbana ၊ Topshop စတဲ့ Brand ေတြရဲ႕ Runway မွာ ေတြ႔ျမင္ႏုိင္ပါတယ္။

Delilah Belle Hamlin

Lisa Rinna နဲ႔ Harry Hamlin တို႔ရဲ႕ သမီးျဖစ္တဲ့ Delilah Belle ဟာ 2017 Milan Fashion Week မွာတုန္းက Dolce & Gabbana  အတြက္  Show ေလွ်ာက္ေပးခဲ့ဖူးပါတယ္။ အေမျဖစ္သူက သူမကို အသက္ ၁၇ ႏွစ္မတိုင္ခင္အထိ ေမာ္ဒယ္လ္လုပ္ဖုိ႔ ခြင့္မျပဳခဲ့ပါဘူးတဲ့။ Delilah Belle Hamlin ဟာ IMG Models နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားသူလည္း ျဖစ္ပါတယ္။

Lila Grace Moss

နာမည္ေက်ာ္ စူပါေမာ္ဒယ္လ္ Kate Moss ရဲ႕ သမီးျဖစ္တဲ့ Lila Grace Moss ဟာ ၂၀၁၈ မွာ Marc Jacob Beauty အတြက္ မ်က္ႏွာသစ္အျဖစ္ စတင္ခဲ့ရင္း ေမာ္ဒယ္လ္ေလာကကို အေျခခ်လာသူျဖစ္ပါတယ္။ အလားအလာ ရွိသူတစ္ေယာက္ျဖစ္သလို မိခင္ေျခရာနင္းဦးမယ္လုိ႔လည္း အမ်ားစုက ထင္ေၾကးေပးထားသူပါ။

Gigi Hadid

ေမာ္ဒယ္လ္ေဟာင္းတစ္ဦးျဖစ္တဲ့ Yolanda Hadid ရဲ႕ သမီးျဖစ္သူ Gigi Hadid ကေတာ့ သူမရဲ႕ Model Career မွာ မေရမတြက္ႏုိင္တဲ့  အမည္နာမေတြကို သိမ္းပိုက္ထားတဲ့ ေမာ္ဒယ္လ္တစ္ေယာက္ပါ။ ၂၀၁၇ ခုႏွစ္က Forbes မွာ ထုတ္ျပန္တဲ့ ေၾကးအျမင့္ဆံုး ေမာ္ဒယ္လ္ေတြမွာ Gigi Hadid ပါ၀င္ၿပီးေတာ့ Victoria’s Secret Model တစ္ေယာက္ျဖစ္တဲ့အျပင္ မ်ားစြာေသာ ေၾကာ္ျငာေတြ၊ တန္းျမင့္ Fashion Cover ေတြ မေရမတြက္ႏိုင္ေအာင္ ရိုက္ကူးခဲ့ရပါတယ္။ ဒါ့အျပင္ Gigi ဟာ Tommy Hilfiger နဲ႔ Spring’18 Collection အတြက္ Collaboration လုပ္ခဲ့ပါေသးတယ္။

Bella Hadid

Bella Hadid ကလည္း အမျဖစ္သူ Gigi Hadid ရဲ႕ ေျခရာကို လိုက္ႏုိင္သူပါ။ Bella Hadid ဟာဆုိရင္ Fendi Nike Bulgari Dior စတဲ့ နာမည္ေက်ာ္ Brand ေတြရဲ႕ Campaign ေတြမွာ ပါ၀င္ခဲ့ဖူးသလို Bella ဟာ Gigi ၿပီးတဲ့ေနာာက္ ႏွစ္ႏွစ္ၾကာမွ ေမာ္ဒယ္လ္ေလာကထဲကို ၀င္ေရာက္ခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ အမျဖစ္သူ ေျခရာနင္းႏိုင္တဲ့ ေအာင္ျမင္သူေလး ျဖစ္ေနပါၿပီ။ Runway ေတြမွာလည္း သူမကို အၿမဲေတြ႔ရမွာပါ။

Hailey Baldwin

ရုပ္ရွင္သရုပ္ေဆာင္ Stephen Baldwin ရဲ႕သမီးျဖစ္တဲ့ Hailey Baldwin ဟာ Dolce & Gabanna၊ Off-White ၊ Zadig & Voltaire စတဲ့ နာမည္ေက်ာ္ တံဆိပ္ေတြရဲ႕ တန္းျမင့္ Fashion Show မွာ  ပါ၀င္ခဲ့သူပါ။ သူမကိုယ္တိုင္လည္း နာမည္ေက်ာ္တစ္ေယာက္ျဖစ္သလို Kendall Jenner၊ Jourdan Duun တို႔နဲ႔လည္း ရင္းႏွီးသူ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Hailey Baldwin ဟာ Justin Bieber ရဲ႕ ဇနီးျဖစ္သြားပါၿပီ။

Alexandra Richards

Alexandra Richards ဟာ Rolling Stones အဖြဲ႔၀င္ Keith Richards နဲ႔ စူပါေမာ္ဒယ္လ္ Patti Hensen တို႔ရဲ႕ သမီးပါ။ Alexandra Richards ဟာ မ်ားစြာေသာ Cover ေတြမွာ ေဖာ္ျပျခင္းခံခဲ့ရသလို နာမည္ေက်ာ္ Fashion Show ေတြမွာလည္း ပါ၀င္ခဲ့သူျဖစ္ပါတယ္။

Su Yi Htet (Akhayar)

[Unicode]

နာမည်ကျော် Model တွေ အဖြစ် ရပ်တည်နေကြတဲ့ Celebrities တို့ရဲ့ သမီးချောများ

တစ်ခါတလေမှာ ကျွန်မတို့အနေနဲ့ နာမည်ကျော်ငွေကြယ်ပွင့်တို့ရဲ့ သားသမီးတွေကို အားကျတတ်တဲ့ စိတ်လေး ဝင်တတ်မှာပါ။ အထူးသဖြင့် နာမည်ကျော်ကြားပြီးသား သူတို့မိဘတွေရဲ့ အရှိန်အဝါတွေနဲ့အတူ မိဘခြေရာကို ထပ်ချပ်မကွာ လိုက်နင်းနိုင်တဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ကြည့်ပြီးတော့ပေါ့။ နာမည်ကျော် ငွေကြယ်ပွင့်တွေဟာ နေရာတစ်ခုမှာ သူ့အတိုင်းအတာတစ်ခုနဲ့ ရှိနေပြီးသားဖြစ်သလို သူတို့ရဲ့ သားသမီးတွေအနေနဲ့လည်း ကိုယ်စွမ်းကိုယ်စအပြင် မိဘရဲ့အရှိန်အဝါနဲ့နေရာတစ်ခုကို ထိုးဖောက်ဖို့ လမ်းကြောင်းက သိပ်တော့ ခက်ခဲလှတယ်မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာဆိုရင် နာမည်ကျော်တို့ရဲ့ သားသမီးတွေအနေနဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် စတာတွေအပြင် မော်ဒယ်လ်လောကထဲကိုပါ အခြေချလာတာ တွေ့ရမှာပါ။ အထူးသဖြင့် သမီးမိန်းကလေးတွေက ပိုပြီး အခြေချလာသလို
အောင်မြင်မှုတွေလည်း ဝက်ဝက်ကွဲရတာ မြင်ရမှာ ဖြစ်ပါတယ်။ အခုအောက်မှာ ဖော်ပြပေးထားတဲ့ မော်ဒယ်လ်ကောင်မလေး
(၁၂)ယောက်ကတော့ မော်ဒယ်လ်လောကကို ခြေချလာပြီးအောင်မြင်မှုတွေ ရထားတဲ့ ငွေကြယ်ပွင့်တို့ရဲ့ သမီးချောတွေပါ။ အမိုက်စားလေးတွေကို တစ်ချက်လောက် ရှိုးလိုက်ပါဦး။

Kaia Gerber

စူပါမော်ဒယ်လ် Cindy Crawford ရဲ့ သမီးဖြစ်တဲ့ Kaia Gerber ဟာ ပြီးခဲ့တဲ့ နှစ်ကမှ နာမည်တရှိန်ထိုး တက်လာခဲ့ပြီးတော့ နာမည်ကျော် Fashion နဲ့ Beauty Label တိုင်းလိုလိုအတွက် လိုချင်စရာ မျက်နှာသစ်တစ်ဦး ဖြစ်လာခဲ့တဲ့သူပါ။ Kaia Gerber ဟာ ၂၀၁၆ မှာ IMG Models နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတော့ အဲဒီတည်းက သူမရဲ့ Career က စတင်ခဲ့ပါတယ်။ Kaia ဟာ အသက် ၁၇ နှစ်မှာ Vogue Paris September Issue ရဲ့ Cover Star ဖြစ်လာခဲ့ပြီးတော့ Marc Jacobs Beauty ရဲ့ မျက်နှာဖုံးလည်း ဖြစ်လာခဲ့ပါတယ်။ Kaia Gerber ဟာ တန်းမြင့် ဖက်ရှင်တံဆိပ်တွေဖြစ်တဲ့ Versace၊ Moschino ၊ Tom Ford နဲ့ Chanel တို့ရဲ့ Fashion Show တွေမှာလည်း ပါဝင်ခွင့်ရတဲ့ မျက်နှာသစ် မော်ဒယ်လ်လည်း ဖြစ်ပါတယ်။

Lily-Rose Depp

Lily- Rose Depp ကိုတော့ နာမည်ကြားလိုက်တာနဲ့ ဘယ်သူလဲဆိုတာ ခန့်မှန်းမိမှာပါ။ ဟုတ်ပါတယ် သူမကတော့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် Johnny Deep ရဲ့ သမီးပါ။ အသက်ခပ်ငယ်ငယ်သာ ရှိသေးတဲ့ Lily-Rose Depp ဟာ ၂၀၁၆ မှာ Chanel ကိုယ်စားပြုရတဲ့ မျက်နှာသစ်ဖြစ်လာပြီးတော့ ၂၀၁၈ မှာ ပထမဦးဆုံး ပွဲဦးထွက် Show ကို လျှောက်ခဲ့ပါတယ်။ Lily-Rose Depp ကို Glamour၊ Vogue၊ ELLE နဲ့ Vanity Fair စတဲ့ နာမည်ကျော် မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ မြင်နိုင်ပါတယ်။

Sofia Richie

အဆိုတော် Lionel Richie ရဲ့ သမီးဖြစ်တဲ့ Sofia Richie ဟာ Scott Disick နဲ့ သူမရဲ့ ကြားက Relationship ကြောင့် လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူဖြစ်ပါတယ်။ ဒီလိုဆိုလို့ သူမကိုယ်တိုင်ကြောင့် မအောင်မြင်ဘူး လူမသိဘူးရယ်လု့ိ ဆိုလို့ မရပြန်ပါဘူး။ Sofia ဟာ Select Model Management နဲ့ စာချုပ်ချုပ်ဆိုထားပြီးတော့ Tommy Hilfiger နဲ့ Michael Kors တို့အတွက် Campaign တို့မှာ ပါဝင်ခဲ့ပါတယ်။

Georgia May Jagger

Georgia May Jagger ဟာ Rolling Stones အဖွဲ့က Lead အဆိုတော် Mick Jagger ရဲ့ သမီးဖြစ်ပြီးတော့ Vogue နဲ့ Harpper’s  Bazaar တို့ရဲ့ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့သူပါ။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ Miu Miu ၊ Tommy Hilfiger နဲ့ Marchesa တို့အတွက် Runway လျှောက်ပေးခဲ့သူဖြစ်ပါတယ်။

Corinne Fox

Corinne Fox ဟာ သူမရဲ့Model Career ကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကမှ  စတင်ခဲ့တာဖြစ်ပြီးတော့ LA Models ၊ London မှာရှိတဲ့ Select Model နဲ့  New York က One Management တိုနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Corinne Fox ဟာ ရုပ်ရှင်သရုပ်ဆောင် Jamie Foxx ရဲ့ သမီးဖြစ်ပြီးတော့ Runway အပြင် “Live!With Kelly and Ryan ၊ Entertainment Tonight နဲ့ The Ellen DeGeneres Show” စတဲ့ TV Show တွေမှာလည်း ပါဝင်ခဲ့ပါတယ်။

Sistine Stallone

Sistine ဟာဆိုရင်တော့ Rocky မင်းသားကြီး Sylvester Stallone နဲ့ မော်ဒယ်လ် Jennifer Flavin တို့ရဲ့ သမီးဖြစ်ပါတယ်။ Sistine ဟာဆိုရင် မော်ဒယ်လ်လောကမှာ အလားအလာရှိတဲ့ တက်သစ်စ ငွေကြယ်ပွင့်အဖြစ် W Magazine မှာဖော်ပြခံခဲ့ရပြီးတော့ Follower 900000 နီးပါးကျော်ရှိတဲ့ Instagram ကတစ်ဆင့် သူမရဲ့ အလုပ်ကို Promote လုပ်ခဲ့ပါတယ်။ သူမကို Dolce & Gabbana ၊ Topshop စတဲ့ Brand တွေရဲ့ Runway မှာ တွေ့မြင်နိုင်ပါတယ်။

Delilah Belle Hamlin

Lisa Rinna နဲ့ Harry Hamlin တို့ရဲ့ သမီးဖြစ်တဲ့ Delilah Belle ဟာ 2017 Milan Fashion Week မှာတုန်းက Dolce & Gabbana  အတွက်  Show လျှောက်ပေးခဲ့ဖူးပါတယ်။ အမေဖြစ်သူက သူမကို အသက် ၁၇ နှစ်မတိုင်ခင်အထိ မော်ဒယ်လ်လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူးတဲ့။ Delilah Belle Hamlin ဟာ IMG Models နဲ့ စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Lila Grace Moss

နာမည်ကျော် စူပါမော်ဒယ်လ် Kate Moss ရဲ့ သမီးဖြစ်တဲ့ Lila Grace Moss ဟာ ၂၀၁၈ မှာ Marc Jacob Beauty အတွက် မျက်နှာသစ်အဖြစ် စတင်ခဲ့ရင်း မော်ဒယ်လ်လောကကို အခြေချလာသူဖြစ်ပါတယ်။ အလားအလာ ရှိသူတစ်ယောက်ဖြစ်သလို မိခင်ခြေရာနင်းဦးမယ်လို့လည်း အများစုက ထင်ကြေးပေးထားသူပါ။

Gigi Hadid

မော်ဒယ်လ်ဟောင်းတစ်ဦးဖြစ်တဲ့ Yolanda Hadid ရဲ့ သမီးဖြစ်သူ Gigi Hadid ကတော့ သူမရဲ့ Model Career မှာ မရေမတွက်နိုင်တဲ့  အမည်နာမတွေကို သိမ်းပိုက်ထားတဲ့ မော်ဒယ်လ်တစ်ယောက်ပါ။ ၂၀၁၇ ခုနှစ်က Forbes မှာ ထုတ်ပြန်တဲ့ ကြေးအမြင့်ဆုံး မော်ဒယ်လ်တွေမှာ Gigi Hadid ပါဝင်ပြီးတော့ Victoria’s Secret Model တစ်ယောက်ဖြစ်တဲ့အပြင် များစွာသော ကြော်ငြာတွေ၊ တန်းမြင့် Fashion Cover တွေ မရေမတွက်နိုင်အောင် ရိုက်ကူးခဲ့ရပါတယ်။ ဒါ့အပြင် Gigi ဟာ Tommy Hilfiger နဲ့ Spring’18 Collection အတွက် Collaboration လုပ်ခဲ့ပါသေးတယ်။

Bella Hadid

Bella Hadid ကလည်း အမဖြစ်သူ Gigi Hadid ရဲ့ ခြေရာကို လိုက်နိုင်သူပါ။ Bella Hadid ဟာဆိုရင် Fendi Nike Bulgari Dior စတဲ့ နာမည်ကျော် Brand တွေရဲ့ Campaign တွေမှာ ပါဝင်ခဲ့ဖူးသလို Bella ဟာ Gigi ပြီးတဲ့နောာက် နှစ်နှစ်ကြာမှ မော်ဒယ်လ်လောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အမဖြစ်သူ ခြေရာနင်းနိုင်တဲ့ အောင်မြင်သူလေး ဖြစ်နေပါပြီ။ Runway တွေမှာလည်း သူမကို အမြဲတွေ့ရမှာပါ။

Hailey Baldwin

ရုပ်ရှင်သရုပ်ဆောင် Stephen Baldwin ရဲ့သမီးဖြစ်တဲ့ Hailey Baldwin ဟာ Dolce & Gabanna၊ Off-White ၊ Zadig & Voltaire စတဲ့ နာမည်ကျော် တံဆိပ်တွေရဲ့ တန်းမြင့် Fashion Show မှာ  ပါဝင်ခဲ့သူပါ။ သူမကိုယ်တိုင်လည်း နာမည်ကျော်တစ်ယောက်ဖြစ်သလို Kendall Jenner၊ Jourdan Duun တို့နဲ့လည်း ရင်းနှီးသူ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Hailey Baldwin ဟာ Justin Bieber ရဲ့ ဇနီးဖြစ်သွားပါပြီ။

Alexandra Richards

Alexandra Richards ဟာ Rolling Stones အဖွဲ့ဝင် Keith Richards နဲ့ စူပါမော်ဒယ်လ် Patti Hensen တို့ရဲ့ သမီးပါ။ Alexandra Richards ဟာ များစွာသော Cover တွေမှာ ဖော်ပြခြင်းခံခဲ့ရသလို နာမည်ကျော် Fashion Show တွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

Su Yi Htet (Akhayar)