[Zawgyi]




Soe Thu and Dar Dar



Stella(Akhayar)

www.Akhayar.com 

[Unicode]

ကျန်ခဲ့တဲ့ တစ်ယောက်သောသူကို ရေမြေခြားကနေ လွမ်းနေတဲ့ ဒါဒါ

အကယ်ဒမီစိုးမြတ်သူဇာ ရဲ့ ညီမလေးဖြစ်တဲ့ အကယ်ဒမီ စိုးမြတ်သူဇာ ကတော့ အနုပညာအလုပ်တွေကျဲနေပေမယ့် ခရီးတွေထွက်နေတာကိုတွေ့ရပါတယ်။ လက်တစ်လောမှာ Australia နိုင်ငံကို အလည်ရောက်နေတဲ့ ဒါဒါတစ်ယောက် တစ်ကိုယ်တည်း လျှောက်လည်နေတဲ့ ပုံလေးတွေကို သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ မျှဝေထားတာဖြစ်ပါတယ်။


“အတူရှိတဲ့ ချစ်သူတွေကို ဓာတ်ပုံရိုက်ပေးရင်း …
ကျန်ခဲ့တဲ့ ချစ်သူ နဲ့လဲ အလွမ်းသယ် ရင်းးးး” ဆိုပြီး ချစ်သူဖြစ်တဲ့ စိုးသူကိုလွမ်းနေကြောင်း စာအရိပ်အမြွတ်လေးကိုလည်း ရေးသားထားပါတယ်။


“စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဇာတ်ကားနဲ့လည်း ပရိသတ်အားပေးမှုပြန်လည်ရရှိခဲ့တဲ့ ဒါဒါဟာ အနုပညာသက်တမ်းတစ်လျှောက် ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ရသူမို့ ဒီနေ့အချိန်ထိ ပရိသတ်အားပေးမှုတခဲနက်ရရှိထားပါတယ်။
ဒါဒါ ကို ချစ်သေးရဲ့လား ပရိသတ်ကြီး။

Photos Credit – Soe Myat Nandar facebook

Stella(Akhayar)

www.Akhayar.com