[ZawGyi]

ကမ႓ာေက်ာ္ Celebrity ေမေမနဲ႔ သမီးတို႔ရဲ႕ အရြယ္တူတုန္းကပံုရိပ္မ်ား

Kim Kardashian၊ Gigi နဲ႔ Bella Hadid၊ Dakota Johnson နဲ႔ Kaia Gerber တို႔လို ဒီေန႔ေခတ္ရဲ႕ နာမည္ႀကီး အဆိုေတာ္ေတြ၊ ေမာ္ဒယ္လ္ေတြ၊ မင္းသမီးေတြရဲ႕ အလွအပနဲ႔ အရည္အေသြးကေတာ့ Hollywood မွာသာမက ကမ႓ာအႏွံ႔မွာပါ နာမည္ႀကီးထင္ရွားပါတယ္။ ပင္ကိုယ္အရည္အေသြးအလွေၾကာင့္ နာမည္ႀကီးၾကတာဟာလည္း တစ္ပိုင္းဆိုေပမယ့္ သူတို႔ရဲ႕ အႏုပညာရွင္ မိခင္ေတြဆီက စီးဆင္းလာတဲ့ အသြင္အျပင္ခပ္ဆင္ဆင္ အလွတရားေတြေၾကာင့္ ပရိသတ္ေတြ သတိထားမိၾကတာဆိုလည္း မမွားပါဘူး။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

ဒါ့ေၾကာင့္မို႔ ဒီေန႔ေခတ္ရဲ႕ ထိပ္တန္း နာမည္ႀကီး ေမာ္ဒယ္လ္၊ မင္းသမီး ေတြဆိုတာ တစ္ခ်ိန္က ေမေမ့အလွနဲ႔ ယွဥ္ရင္ ေမေမက ပိုအလွေသြးႂကြယ္ခဲ့သလား၊ သမီးကပဲ ပိုအလွဖူးေတြေဝေနမလားဆိုတာ ELLE Magazine ကေန ေမေမနဲ႔ သမီးတို႔ရဲ႕ အသက္အရြယ္တူတူတုန္းက ပံုရိပ္ေလးေတြနဲ႔ ယွဥ္တြဲမွ်ေဝခဲ့ပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

(၁) ေမေမ Demi Moore နဲ႔ သမီး Rumer Willis

ကမ႓ာေက်ာ္ “Ghost” ႐ုပ္ရွင္ကားႀကီးထဲမွာ သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြအခ်စ္ကို စုျပံဳရရွိခဲ့တဲ့ Demi Moore နဲ႔ သူမရဲ႕ သမီးျဖစ္သူ အသက္ ၃၀ အရြယ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Rumer Willis တို႔ရဲ႕ ၂ဦးစလံုး အသက္ ၂၇ ႏွစ္အရြယ္တုန္းက ပံုေလးကို ယွဥ္ၾကည့္တဲ့အခါ ေမေမ့အလွက ပိုေနသလိုပါပဲေနာ္။

ေမေမ Demi Moore နဲ႔ သမီး Rumer Willis

(၂) ေမေမ Yolanda Hadid နဲ႔ သမီးေခ်ာမ်ား Gigi နဲ႔ Bella Hadid

ဒတ္ခ်္ အေမရိကန္႐ုပ္သံတင္ဆက္သူနဲ႔ ေမာ္ဒယ္လ္ျဖစ္ခဲ့ဖူးတဲ့ ေမေမ Yolanda Hadid ကေတာ့ သူ႔ေခတ္အခါမွာ အသင့္အတင့္ေလာက္ပဲ နာမည္ႀကီးခဲ့ေပမယ့္ သမီးေခ်ာ ၂ ေယာက္ျဖစ္တဲ့ Gigi နဲ႔ Bella Hadid တို႔ကို ကမ႓ာေက်ာ္ ေမာ္ဒယ္လ္ေတြျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ႏိုင္သူပါ။ ဒီပံုေလးကေတာ့ ေမေမ Yolanda အသက္ ၂၁ အရြယ္နဲ႔ သမီး Gigi ၂၁ အရြယ္ျဖစ္ၿပီး Bella က ၁၉ ႏွစ္အရြယ္ ပံုေလးျဖစ္ပါတယ္။ ေမေမ ပိုလွလား သမီးေတြ ပိုေခ်ာတာလား ေဝခြဲမရပါပဲေနာ္။

ေမေမ Yolanda Hadid နဲ႔ သမီးေခ်ာမ်ား Gigi နဲ႔ Bella Hadid

(၃) ေမေမ Cindy Crawford နဲ႔ သမီး Kaia Gerber

Hollywood Star Cindy Crawford ဆိုတာကေတာ့ အထူးတလည္ မိတ္ဆက္ေနစရာေတာင္မလိုေတာ့ပါဘူး။ ေမာ္ဒယ္မိခင္ႀကီးျဖစ္တဲ့ အေမရဲ႕ ေျခရာကို အမီလိုက္ႏိုင္သူေလးကလည္း နာမည္ႀကီးေမာ္ဒယ္လ္ Kaia Gerber ပါ။ ဒီပံုကေတာ့ ေမေမ Cindy အသက္ ၂၂ ႏွစ္အရြယ္နဲ႔ သမီး Kaia အသက္ ၁၆ ႏွစ္အရြယ္ ယွဥ္ျပထားတဲ့ ပံုေလးျဖစ္ပါတယ္။ ေမေမေရာသမီးေရာ ခြ်တ္စြတ္တူတဲ့ အလွမ်ိဳးပါ။

ေမေမ Cindy Crawford နဲ႔ သမီး Kaia Gerber

(၄) ေမေမ Reese Witherspoon နဲ႔ သမီး Ava Phillippe

ျမန္မာပရိသတ္နဲ႔ မစိမ္းတဲ့ ဆံပင္ေရႊေရာင္ေဖ်ာ့ေဖ်ာ့မင္းသမီးေလး Reese Witherspoon ဟာဆိုရင္ ခုဆို အသက္ ၄၂ ႏွစ္ထဲဝင္လို႔ အသက္ ၁၈ ႏွစ္အရြယ္ သမီးေလး Ava Phillippe ေတာင္ အလွေသြးႂကြယ္ေနပါၿပီ။ ဒီပံုကေတာ့ ေမေမနဲ႔ သမီးေလး ဆယ္ေက်ာ္သက္အရြယ္ပံုေလးပဲျဖစ္ပါတယ္။ ညီအမလားထင္မွတ္ရေအာင္ တူႏိုင္လြန္းပါတယ္။

ေမေမ Reese Witherspoon နဲ႔ သမီး Ava Phillippe

(၅) ေမေမ Goldie Hawn နဲ႔ သမီး Kate Hudson

နာမည္ႀကီး မင္းသမီးႀကီး Goldie Hawn နဲ႔ သမီးေခ်ာ Kate Hudson တို႔ရဲ႕ အသက္ ၃၇ ႏွစ္အရြယ္အလွေတြကေရာ ဆြဲေဆာင္မႈ ညိဳ႕ဓါတ္အျပည္႔နဲ႔ ကိုယ္စီအလွၿပိဳင္ေနတာ ျငင္းမရႏိုင္ပါဘူး။

ေမေမ Goldie Hawn နဲ႔ သမီး Kate Hudson

(၆) ေမေမ Carrie Fisher နဲ႔ သမီး Billie Lourd

နာမည္ႀကီးမင္းသမီးနဲ႔ ဟာသပညာရွင္ Carrie Fisher နဲ႔ သမီးေခ်ာ Billie Lourd တို႔ရဲ႕ပံုေတြကေတာ့ သူ႔ေခတ္သူ႔အခါရဲ႕ အလွတရားကိုယ္စီကို ေဖာ္ၫႊန္းေနသလိုပါပဲ။ ဒီဘက္ေခတ္လူငယ္ေတြအျမင္ေတာ့ သမီး Billie က ပိုလွေနသေယာင္ပါပဲေနာ္။

ေမေမ Carrie Fisher နဲ႔ သမီး Billie Lourd

(၇) ေမေမ Melanie Griffith နဲ႔ သမီး Dakota Johnson

Dakota Johnson ဆိုတာကေတာ့ ျမန္မာပရိသတ္ေတြ မစိမ္းတဲ့ Fifty Shades of Grey ကားထဲက မင္းသမီးေခ်ာေလးပါ။ ဒီပံုေလးကေတာ့ သူမရဲ႕ ေမေမ Melanie Griffith နဲ႔ သူမတို႔ရဲ႕ အသက္ ၂၆ ႏွစ္အရြယ္ ပံုေလးေတြ ယွဥ္ျပထားတာျဖစ္ၿပီး တစ္ေယာက္တမ်ိဳး အလွတိုးေနတဲ့ သားအမိေတြပဲျဖစ္ပါတယ္။

ေမေမ Melanie Griffith နဲ႔ သမီး Dakota Johnson

(၈) ေမေမ Kris Jenner နဲ႔ သမီး Kim Kardashian

Kardashian မိသားစုကေတာ့ အႏုပညာေလာကမွာ အရွိန္အဝါႀကီးသလို အလွအပမွာလည္း ေျပာစမွတ္တြင္ရသူေတြပါ။ ဒီပံုေလးထဲမွာေတာ့ ေမေမ Kris Jenner နဲ႔ သမီး Kim Kardashian တို႔ရဲ႕ အသက္ ၃၅ ႏွစ္အရြယ္ေတြကို ယွဥ္ျပထားတာျဖစ္ပါတယ္။ သမီးက ပိုေခ်ာေနတယ္ဟုတ္?

ေမေမ Kris Jenner နဲ႔ သမီး Kim Kardashian

(၉) ေမေမ Meryl Streep နဲ႔ သမီးမ်ား Mamie, Grace နဲ႔ Louisa

နာမည္ႀကီး ထိပ္တန္း မင္းသမီးေခ်ာႀကီး Meryl Streep ကေတာ့ အသက္ႀကီးလာတာေတာင္ ႏုပ်ိဳေနဆဲအလွကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး သူမရဲ႕ သမီးေတြျဖစ္တဲ့ Mamie၊ Grace နဲ႔ Louisa တို႔ထက္ေတာင္ ေခ်ာေမာေနေသးတာကို ေမေမ့အသက္ ၃၂ နဲ႔ သမီး Mamie အသက္ ၃၂ ႏွစ္၊ Grace ၂၉ ႏွစ္၊ Louisa ၂၄ ႏွစ္ စတဲ့အရြယ္ခ်င္း ယွဥ္ျပထားတဲ့ ဒီပံုေလးကို ၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္။

ေမေမ Meryl Streep နဲ႔ သမီးမ်ား Mamie, Grace နဲ႔ Louisa

(၁၀) ေမေမ Jerry Hall နဲ႔ သမီး Georgia May Jagger

ေမာ္ဒယ္လ္နဲ႔ မင္းသမီးေခ်ာ Jerry Hall ကေတာ့ သူ႔ေခတ္သူ႔အခါက နာမည္ႀကီးခဲ့ၿပီး ခုခ်ိန္မွာေတာ့ သမီးေခ်ာေလး Georgia May Jagger ကိုပါ ေမာ္ဒယ္လ္ပညာေတြ လက္ဆင့္ကမ္းအေမြေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒီပံုေလးကေတာ့ ေမေမနဲ႔ သမီးရဲ႕ အသက္ ၂၄ ႏွစ္အရြယ္တုန္းက ပံုေလးေတြျဖစ္ပါတယ္တဲ့။ တကယ္လွတဲ့ အေမတူသမီးလို႔ ဆိုရမလိုပါပဲ။

ေမေမ Jerry Hall နဲ႔ သမီး Georgia May Jagger

ဒီပံုေလးေတြကေတာ့ ေမေမ့ေခတ္နဲ႔ သမီးတို႔ေခတ္ရဲ႕ အလွတရား ၂ ခုကို ယွဥ္ျပထားတာျဖစ္ၿပီး သူ႕ေခတ္သူ႔အခါနဲ႔ အညီ ေအာင္ျမင္မႈအလီလီ လက္ဆင့္ကမ္းသယ္လာႏိုင္တဲ့ နာမည္ႀကီး ထိပ္တန္း မင္းသမီးေမေမနဲ႔ သမီးတို႔ရဲ႕ အမွတ္တရပံုေလးေတြပဲ ျဖစ္ပါတယ္။ ဘယ္ေမေမက ပိုေခ်ာၿပီး ဘယ္သမီးက ပိုလွေနတာလဲဆိုတာ ေျပာသြားဦးေနာ္။

EiEiKhineMinn (Akhayar)

[Unicode]

ကမ္ဘာကျော် Celebrity မေမေနဲ့ သမီးတို့ရဲ့ အရွယ်တူတုန်းကပုံရိပ်များ

Kim Kardashian၊ Gigi နဲ့ Bella Hadid၊ Dakota Johnson နဲ့ Kaia Gerber တို့လို ဒီနေ့ခေတ်ရဲ့ နာမည်ကြီး အဆိုတော်တွေ၊ မော်ဒယ်လ်တွေ၊ မင်းသမီးတွေရဲ့ အလှအပနဲ့ အရည်အသွေးကတော့ Hollywood မှာသာမက ကမ္ဘာအနှံ့မှာပါ နာမည်ကြီးထင်ရှားပါတယ်။ ပင်ကိုယ်အရည်အသွေးအလှကြောင့် နာမည်ကြီးကြတာဟာလည်း တစ်ပိုင်းဆိုပေမယ့် သူတို့ရဲ့ အနုပညာရှင် မိခင်တွေဆီက စီးဆင်းလာတဲ့ အသွင်အပြင်ခပ်ဆင်ဆင် အလှတရားတွေကြောင့် ပရိသတ်တွေ သတိထားမိကြတာဆိုလည်း မမှားပါဘူး။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

ဒါ့ကြောင့်မို့ ဒီနေ့ခေတ်ရဲ့ ထိပ်တန်း နာမည်ကြီး မော်ဒယ်လ်၊ မင်းသမီး တွေဆိုတာ တစ်ချိန်က မေမေ့အလှနဲ့ ယှဉ်ရင် မေမေက ပိုအလှသွေးကြွယ်ခဲ့သလား၊ သမီးကပဲ ပိုအလှဖူးတွေဝေနေမလားဆိုတာ ELLE Magazine ကနေ မေမေနဲ့ သမီးတို့ရဲ့ အသက်အရွယ်တူတူတုန်းက ပုံရိပ်လေးတွေနဲ့ ယှဉ်တွဲမျှဝေခဲ့ပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

(၁) မေမေ Demi Moore နဲ့ သမီး Rumer Willis

ကမ္ဘာကျော် “Ghost” ရုပ်ရှင်ကားကြီးထဲမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေအချစ်ကို စုပြုံရရှိခဲ့တဲ့ Demi Moore နဲ့ သူမရဲ့ သမီးဖြစ်သူ အသက် ၃၀ အရွယ် အဆိုတော်၊ သရုပ်ဆောင် Rumer Willis တို့ရဲ့ ၂ဦးစလုံး အသက် ၂၇ နှစ်အရွယ်တုန်းက ပုံလေးကို ယှဉ်ကြည့်တဲ့အခါ မေမေ့အလှက ပိုနေသလိုပါပဲနော်။

မေမေ Demi Moore နဲ့ သမီး Rumer Willis

(၂) မေမေ Yolanda Hadid နဲ့ သမီးချောများ Gigi နဲ့ Bella Hadid

ဒတ်ချ် အမေရိကန်ရုပ်သံတင်ဆက်သူနဲ့ မော်ဒယ်လ်ဖြစ်ခဲ့ဖူးတဲ့ မေမေ Yolanda Hadid ကတော့ သူ့ခေတ်အခါမှာ အသင့်အတင့်လောက်ပဲ နာမည်ကြီးခဲ့ပေမယ့် သမီးချော ၂ ယောက်ဖြစ်တဲ့ Gigi နဲ့ Bella Hadid တို့ကို ကမ္ဘာကျော် မော်ဒယ်လ်တွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်သူပါ။ ဒီပုံလေးကတော့ မေမေ Yolanda အသက် ၂၁ အရွယ်နဲ့ သမီး Gigi ၂၁ အရွယ်ဖြစ်ပြီး Bella က ၁၉ နှစ်အရွယ် ပုံလေးဖြစ်ပါတယ်။ မေမေ ပိုလှလား သမီးတွေ ပိုချောတာလား ဝေခွဲမရပါပဲနော်။

မေမေ Yolanda Hadid နဲ့ သမီးချောများ Gigi နဲ့ Bella Hadid

(၃) မေမေ Cindy Crawford နဲ့ သမီး Kaia Gerber

Hollywood Star Cindy Crawford ဆိုတာကတော့ အထူးတလည် မိတ်ဆက်နေစရာတောင်မလိုတော့ပါဘူး။ မော်ဒယ်မိခင်ကြီးဖြစ်တဲ့ အမေရဲ့ ခြေရာကို အမီလိုက်နိုင်သူလေးကလည်း နာမည်ကြီးမော်ဒယ်လ် Kaia Gerber ပါ။ ဒီပုံကတော့ မေမေ Cindy အသက် ၂၂ နှစ်အရွယ်နဲ့ သမီး Kaia အသက် ၁၆ နှစ်အရွယ် ယှဉ်ပြထားတဲ့ ပုံလေးဖြစ်ပါတယ်။ မေမေရောသမီးရော ချွတ်စွတ်တူတဲ့ အလှမျိုးပါ။

မေမေ Cindy Crawford နဲ့ သမီး Kaia Gerber

(၄) မေမေ Reese Witherspoon နဲ့ သမီး Ava Phillippe

မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ ဆံပင်ရွှေရောင်ဖျော့ဖျော့မင်းသမီးလေး Reese Witherspoon ဟာဆိုရင် ခုဆို အသက် ၄၂ နှစ်ထဲဝင်လို့ အသက် ၁၈ နှစ်အရွယ် သမီးလေး Ava Phillippe တောင် အလှသွေးကြွယ်နေပါပြီ။ ဒီပုံကတော့ မေမေနဲ့ သမီးလေး ဆယ်ကျော်သက်အရွယ်ပုံလေးပဲဖြစ်ပါတယ်။ ညီအမလားထင်မှတ်ရအောင် တူနိုင်လွန်းပါတယ်။

မေမေ Reese Witherspoon နဲ့ သမီး Ava Phillippe

(၅) မေမေ Goldie Hawn နဲ့ သမီး Kate Hudson

နာမည်ကြီး မင်းသမီးကြီး Goldie Hawn နဲ့ သမီးချော Kate Hudson တို့ရဲ့ အသက် ၃၇ နှစ်အရွယ်အလှတွေကရော ဆွဲဆောင်မှု ညို့ဓါတ်အပြည့်နဲ့ ကိုယ်စီအလှပြိုင်နေတာ ငြင်းမရနိုင်ပါဘူး။

မေမေ Goldie Hawn နဲ့ သမီး Kate Hudson

(၆) မေမေ Carrie Fisher နဲ့ သမီး Billie Lourd

နာမည်ကြီးမင်းသမီးနဲ့ ဟာသပညာရှင် Carrie Fisher နဲ့ သမီးချော Billie Lourd တို့ရဲ့ပုံတွေကတော့ သူ့ခေတ်သူ့အခါရဲ့ အလှတရားကိုယ်စီကို ဖော်ညွှန်းနေသလိုပါပဲ။ ဒီဘက်ခေတ်လူငယ်တွေအမြင်တော့ သမီး Billie က ပိုလှနေသယောင်ပါပဲနော်။

မေမေ Carrie Fisher နဲ့ သမီး Billie Lourd

(၇) မေမေ Melanie Griffith နဲ့ သမီး Dakota Johnson

Dakota Johnson ဆိုတာကတော့ မြန်မာပရိသတ်တွေ မစိမ်းတဲ့ Fifty Shades of Grey ကားထဲက မင်းသမီးချောလေးပါ။ ဒီပုံလေးကတော့ သူမရဲ့ မေမေ Melanie Griffith နဲ့ သူမတို့ရဲ့ အသက် ၂၆ နှစ်အရွယ် ပုံလေးတွေ ယှဉ်ပြထားတာဖြစ်ပြီး တစ်ယောက်တမျိုး အလှတိုးနေတဲ့ သားအမိတွေပဲဖြစ်ပါတယ်။

မေမေ Melanie Griffith နဲ့ သမီး Dakota Johnson

(၈) မေမေ Kris Jenner နဲ့ သမီး Kim Kardashian

Kardashian မိသားစုကတော့ အနုပညာလောကမှာ အရှိန်အဝါကြီးသလို အလှအပမှာလည်း ပြောစမှတ်တွင်ရသူတွေပါ။ ဒီပုံလေးထဲမှာတော့ မေမေ Kris Jenner နဲ့ သမီး Kim Kardashian တို့ရဲ့ အသက် ၃၅ နှစ်အရွယ်တွေကို ယှဉ်ပြထားတာဖြစ်ပါတယ်။ သမီးက ပိုချောနေတယ်ဟုတ်?

မေမေ Kris Jenner နဲ့ သမီး Kim Kardashian

(၉) မေမေ Meryl Streep နဲ့ သမီးများ Mamie, Grace နဲ့ Louisa

နာမည်ကြီး ထိပ်တန်း မင်းသမီးချောကြီး Meryl Streep ကတော့ အသက်ကြီးလာတာတောင် နုပျိုနေဆဲအလှကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ သမီးတွေဖြစ်တဲ့ Mamie၊ Grace နဲ့ Louisa တို့ထက်တောင် ချောမောနေသေးတာကို မေမေ့အသက် ၃၂ နဲ့ သမီး Mamie အသက် ၃၂ နှစ်၊ Grace ၂၉ နှစ်၊ Louisa ၂၄ နှစ် စတဲ့အရွယ်ချင်း ယှဉ်ပြထားတဲ့ ဒီပုံလေးကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

မေမေ Meryl Streep နဲ့ သမီးများ Mamie, Grace နဲ့ Louisa

(၁၀) မေမေ Jerry Hall နဲ့ သမီး Georgia May Jagger

မော်ဒယ်လ်နဲ့ မင်းသမီးချော Jerry Hall ကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ခုချိန်မှာတော့ သမီးချောလေး Georgia May Jagger ကိုပါ မော်ဒယ်လ်ပညာတွေ လက်ဆင့်ကမ်းအမွေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီပုံလေးကတော့ မေမေနဲ့ သမီးရဲ့ အသက် ၂၄ နှစ်အရွယ်တုန်းက ပုံလေးတွေဖြစ်ပါတယ်တဲ့။ တကယ်လှတဲ့ အမေတူသမီးလို့ ဆိုရမလိုပါပဲ။

မေမေ Jerry Hall နဲ့ သမီး Georgia May Jagger

ဒီပုံလေးတွေကတော့ မေမေ့ခေတ်နဲ့ သမီးတို့ခေတ်ရဲ့ အလှတရား ၂ ခုကို ယှဉ်ပြထားတာဖြစ်ပြီး သူ့ခေတ်သူ့အခါနဲ့ အညီ အောင်မြင်မှုအလီလီ လက်ဆင့်ကမ်းသယ်လာနိုင်တဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီးမေမေနဲ့ သမီးတို့ရဲ့ အမှတ်တရပုံလေးတွေပဲ ဖြစ်ပါတယ်။ ဘယ်မေမေက ပိုချောပြီး ဘယ်သမီးက ပိုလှနေတာလဲဆိုတာ ပြောသွားဦးနော်။

EiEiKhineMinn (Akhayar)