[Zawgyi]

၂၀၁၈ အတြင္း ဆံုးရႈံးေၾကြလြင့္သြားခဲ့ရတဲ့ နာမည္ေက်ာ္ၾကားလူသိမ်ားသူမ်ား

ႏွစ္တိုင္းႏွစ္တုိင္း နာမည္ေက်ာ္အႏုပညာရွင္ေတြ၊ နာမည္ေက်ာ္ၾကားသူေတြ ဆံုးရႈံးေနၾကတဲ့အထဲမွာ ၂၀၁၈ ခုႏွစ္မွာလည္း အလားတူ နာမည္ၾကီးေတြ ေၾကြလြင့္ခဲ့ၾကရတဲ့ ျဖစ္ရပ္ေတြ ရွိပါတယ္။ သူတို႔ထဲက လူသိမ်ားထင္ရွားသူတခ်ိဳ႕ကို ေဖာ္ျပရရင္…

Anthony Bourdain

Anthony Bourdain

Anthony Bourdain

နာမည္ၾကီး စားဖိုမႈးလည္း ျဖစ္၊ စာေရးဆရာနဲ႔ TV Star လည္း ျဖစ္တဲ့ Anthony Bourdain ဟာ ဇြန္လ ၈ ရက္ေန႔က ကိုယ့္ကုိယ္ကိုယ္ ေသေၾကာင္းၾကံစည္သြားခဲ့ပါျပီ။ CNN က ထုတ္ျပန္တဲ့ Statement မွာ  “သူ႔ရဲ႕ ပင္ကိုယ္ပါရမီနဲ႔ ကၽြမ္းက်င္မႈဟာ ကၽြန္ေတာ္တို႔ကို အျမဲအံ့ၾသေစခဲ့ျပီး သူ႔ကို အျမဲသတိရေနမွာပါ” လို႔ ေဖာ္ျပထားပါတယ္။

Kate Spade

Kate Spade

Kate Spade

Kate Spade ဟာ ေသဆံုးခ်ိန္က အသက္ ၅၅ ႏွစ္အရြယ္ရွိျပီး သူ႔ရဲ့ နယူးေယာက္ျမိဳ႕က တုိက္ခန္းမွာ ဇြန္လ ၅ ရက္ေန႔က ကိုယ့္ကိုယ္ကုိယ္ေသေၾကာင္းၾကံစည္သြားခဲ့ပါတယ္။ သူဟာ အခ်ိန္ေတာ္ေတာ္ၾကာတည္းက စိတ္က်ေဝဒနာရွိေနတယ္လို႔ သတင္းေတြ ထြက္ရွိခဲ့ပါတယ္။

Margot Kidder

Margot Kidder

Margot Kidder

မူလပထမ Superman ရဲ႕ ခ်စ္သူ Lois Lane အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ Margot Kidder ဟာ အသက္ ၆၉ ႏွစ္အရြယ္ ၂၀၁၈ ခုႏွစ္ ေမလ ၁၃ ရက္ေန႔မွာ ေသဆံုးခဲ့ရပါတယ္။

Avicii

Avicii

Avicii

နာမည္ၾကီး ဆြီဒင္လူမ်ိဳး DJ နဲ႔ ထုတ္လုပ္သူ ျဖစ္တဲ့ Avicii ဟာ ဧျပီလ ၂၀ ရက္ေန႔ ၂၀၁၈ ခုႏွစ္က ေသဆံုးခဲ့တာ ျဖစ္ျပီး ေသဆံုးခ်ိန္မွာ အသက္ ၂၈ ႏွစ္ရွိေနျပီ ျဖစ္ပါတယ္။ နာမည္ရင္း Tim Bergling ျဖစ္တဲ့ DJ Avicii ဟာလည္း ကုိယ့္ကုိယ့္ကို ေသေၾကာင္းၾကံစည္ခဲ့တယ္လို႔ပဲ သတင္းထြက္ခဲ့ျပီး Oman၊ Muscat အရပ္မွာ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

Winnie Madikizela-Mandela

Winnie Mandela

Winnie Mandela

ေတာင္အာဖရိကတက္ၾကြလႈပ္ရွားသူနဲ႔ သမၼတေဟာင္း Nelson Mandela ရဲ့ ဇနီးေဟာင္း Winnie ကေတာ့ အသက္ ၈၁ ႏွစ္ အရြယ္ ၂၀၁၈ ခုႏွစ္ ဧျပီလ ၂ ရက္ေန႔မွာ ေသဆံုးခဲ့ပါတယ္။

Stephen Hawking

Stephen Hawking

Stephen Hawking

နာမည္ၾကီးရူပေဗဒပညာရွင္ Stephen Hawking ကေတာ့ မတ္လ ၁၄ ရက္ ၂၀၁၈ ခုႏွစ္မွာ ကြယ္လြန္ခဲ့ျပီး ကြယ္လြန္ခိ်န္မွာ အသက္ ၇၆ ႏွစ္ရွိျပီျဖစ္ပါတယ္။ သူ႔ရဲ႕ သားသမီးေတြ ျဖစ္တဲ့ Lucy ၊ Robert နဲ႔ Tim တို႔ကေတာ့ သူဟာ အၾကီးက်ယ္ဆံုး သိပၸံပညာရွင္နဲ႔ ထူးျခားတဲ့ လူသားတစ္ေယာက္ျဖစ္ျပီး သူ႔ရဲ့႕ လုပ္ရပ္နဲ႔ အေတြးအေခၚေတြဟာ ႏွစ္ေပါင္းမ်ားစြာ ထင္က်န္ခဲ့ဦးမွာပါ” လို႔ ဆုိခဲ့ပါတယ္။

Mark Salling

Mark Salling

Mark Salling

Glee ၾကယ္ပြင့္ေဟာင္း Mark Salling ဟာလည္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္ေန႔ အသက္ ၃၅ႏွစ္အရြယ္မွာ ေသဆံုးခဲ့ရပါတယ္။ သူဟာ ကေလးေတြနဲ႔ပက္သက္တဲ လိင္စာေပ၊စာအုပ္ေတြစုေဆာင္းထားရွိေၾကာင္းနဲ႔ အျပစ္ရွိေၾကာင္းစြပ္စြဲခံရျပီး ၃လအၾကာမွာ ေသေၾကာင္းၾကံစည္ခဲ့တာ ျဖစ္ပါတယ္။

Dolores O’Riordan

Dolores O'Riordan

Dolores O’Riordan

“In your head.. in your head Zombie, zombie, zombie”  ကမာၻေက်ာ္ Zombie သီခ်င္းရဲ့ သီဆုိသူ၊ The Cranberries ဝုိင္းရဲ့ ဦးေဆာင္အဆုိေတာ္ Dolores O’Riordan ဟာ ဇန္နဝါရီလ ၁၅ ရက္ ၂၀၁၈ ခုႏွစ္က လန္ဒန္ျမိဳ႕မွာ ေသဆံုးခဲ့ပါတယ္။ ေသဆံုးခ်ိန္မွာ အသက္ ၄၆ ႏွစ္ရွိျပီ ျဖစ္ျပီး ေသဆံုးရတဲ့ အေၾကာင္းရင္းကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ပါဘူး။ သူေသဆံုးခ်ိန္မွာ သားသမီးသံုးေယာက္က်န္ရွိခဲ့ပါတယ္။

Rest in peace ဆိုတဲ့အတုိင္း ျငိမ္းခ်မ္းစြာ အိပ္စက္နားေနႏို္င္ပါေစေၾကာင္း ဒီေနရာကပဲ ဆုေတာင္းေပးလိုက္ပါရေစ။

Yoe Lu (Akhayar)

www.akhayar.com

Ref : usmagazine.com
[Unicode]

၂၀၁၈ အတွင်း ဆုံးရှုံးကြွေလွင့်သွားခဲ့ရတဲ့ နာမည်ကျော်ကြားလူသိများသူများ

နှစ်တိုင်းနှစ်တိုင်း နာမည်ကျော်အနုပညာရှင်တွေ၊ နာမည်ကျော်ကြားသူတွေ ဆုံးရှုံးနေကြတဲ့အထဲမှာ ၂၀၁၈ ခုနှစ်မှာလည်း အလားတူ နာမည်ကြီးတွေ ကြွေလွင့်ခဲ့ကြရတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ သူတို့ထဲက လူသိများထင်ရှားသူတချို့ကို ဖော်ပြရရင်…

Anthony Bourdain

Anthony Bourdain

Anthony Bourdain

နာမည်ကြီး စားဖိုမှုးလည်း ဖြစ်၊ စာရေးဆရာနဲ့ TV Star လည်း ဖြစ်တဲ့ Anthony Bourdain ဟာ ဇွန်လ ၈ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့ပါပြီ။ CNN က ထုတ်ပြန်တဲ့ Statement မှာ  “သူ့ရဲ့ ပင်ကိုယ်ပါရမီနဲ့ ကျွမ်းကျင်မှုဟာ ကျွန်တော်တို့ကို အမြဲအံ့သြစေခဲ့ပြီး သူ့ကို အမြဲသတိရနေမှာပါ” လို့ ဖော်ပြထားပါတယ်။

Kate Spade

Kate Spade

Kate Spade

Kate Spade ဟာ သေဆုံးချိန်က အသက် ၅၅ နှစ်အရွယ်ရှိပြီး သူ့ရဲ့ နယူးယောက်မြို့က တိုက်ခန်းမှာ ဇွန်လ ၅ ရက်နေ့က ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်သွားခဲ့ပါတယ်။ သူဟာ အချိန်တော်တော်ကြာတည်းက စိတ်ကျဝေဒနာရှိနေတယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။

Margot Kidder

Margot Kidder

Margot Kidder

မူလပထမ Superman ရဲ့ ချစ်သူ Lois Lane အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Margot Kidder ဟာ အသက် ၆၉ နှစ်အရွယ် ၂၀၁၈ ခုနှစ် မေလ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

Avicii

Avicii

Avicii

နာမည်ကြီး ဆွီဒင်လူမျိုး DJ နဲ့ ထုတ်လုပ်သူ ဖြစ်တဲ့ Avicii ဟာ ဧပြီလ ၂၀ ရက်နေ့ ၂၀၁၈ ခုနှစ်က သေဆုံးခဲ့တာ ဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၂၈ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ နာမည်ရင်း Tim Bergling ဖြစ်တဲ့ DJ Avicii ဟာလည်း ကိုယ့်ကိုယ့်ကို သေကြောင်းကြံစည်ခဲ့တယ်လို့ပဲ သတင်းထွက်ခဲ့ပြီး Oman၊ Muscat အရပ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Winnie Madikizela-Mandela

Winnie Mandela

Winnie Mandela

တောင်အာဖရိကတက်ကြွလှုပ်ရှားသူနဲ့ သမ္မတဟောင်း Nelson Mandela ရဲ့ ဇနီးဟောင်း Winnie ကတော့ အသက် ၈၁ နှစ် အရွယ် ၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

Stephen Hawking

Stephen Hawking

Stephen Hawking

နာမည်ကြီးရူပဗေဒပညာရှင် Stephen Hawking ကတော့ မတ်လ ၁၄ ရက် ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သားသမီးတွေ ဖြစ်တဲ့ Lucy ၊ Robert နဲ့ Tim တို့ကတော့ သူဟာ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်နဲ့ ထူးခြားတဲ့ လူသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လုပ်ရပ်နဲ့ အတွေးအခေါ်တွေဟာ နှစ်ပေါင်းများစွာ ထင်ကျန်ခဲ့ဦးမှာပါ” လို့ ဆိုခဲ့ပါတယ်။

Mark Salling

Mark Salling

Mark Salling

Glee ကြယ်ပွင့်ဟောင်း Mark Salling ဟာလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ အသက် ၃၅နှစ်အရွယ်မှာ သေဆုံးခဲ့ရပါတယ်။ သူဟာ ကလေးတွေနဲ့ပက်သက်တဲ လိင်စာပေ၊စာအုပ်တွေစုဆောင်းထားရှိကြောင်းနဲ့ အပြစ်ရှိကြောင်းစွပ်စွဲခံရပြီး ၃လအကြာမှာ သေကြောင်းကြံစည်ခဲ့တာ ဖြစ်ပါတယ်။

Dolores O’Riordan

Dolores O'Riordan

Dolores O’Riordan

“In your head.. in your head Zombie, zombie, zombie”  ကမ္ဘာကျော် Zombie သီချင်းရဲ့ သီဆိုသူ၊ The Cranberries ဝိုင်းရဲ့ ဦးဆောင်အဆိုတော် Dolores O’Riordan ဟာ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၈ ခုနှစ်က လန်ဒန်မြို့မှာ သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် ၄၆ နှစ်ရှိပြီ ဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ သူသေဆုံးချိန်မှာ သားသမီးသုံးယောက်ကျန်ရှိခဲ့ပါတယ်။

Rest in peace ဆိုတဲ့အတိုင်း ငြိမ်းချမ်းစွာ အိပ်စက်နားနေနိုင်ပါစေကြောင်း ဒီနေရာကပဲ ဆုတောင်းပေးလိုက်ပါရစေ။

Yoe Lu (Akhayar)

www.akhayar.com

Ref : usmagazine.com