[Zawgyi]



Coca Cola



www.akhayar.com


[Unicode]

Coca-Cola မဏ္ဍပ်မှာ ဘယ်အနုပညာရှင်တွေရှိမလဲ…

လာမယ့်အတာသင်္ကြန်နှစ်သစ်ကူး ဧပြီ ၁၃၊ ၁၄၊ ၁၅ နဲ့ ၁၆ ရက်များမှာ ဘယ်ကိုသွားရမလဲ၊ ကဲရမလဲ မသိသေးတဲ့သူတွေအတွက် ပြောပြပေးချင်နေတဲ့ မဏ္ဍပ်တစ်ခုရှိပါသေးတယ်။ အဲဒီမဏ္ဍပ်ကတော့ နှစ်စဉ်နှစ်တိုင်း အနုပညာရှင်တွေ သိုက်သိုက်ဝန်းဝန်းနဲ့ ဖျော်ဖြေမှုတွေပြုလုပ်လေ့ရှိတဲ့ Coca-Cola ရဲ့ Summer Oasis 2018 မဏ္ဍပ်လေးဖြစ်ပါတယ်။ ရန်ကုန်မြို့ ပြည့်သူဥယျာဉ်ထဲက စမ်းချောင်းသာမှာ အရင်နှစ်တွေနဲ့မတူ တစ်မူထူးခြားတဲ့တင်ဆက်မှုတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

Coca Cola

ဒီနှစ်ရဲ့ Coca-Cola Summer Oasis 2018 မှာ ပရိသတ်တွေနဲ့အတူ အပြတ်ကဲကြမယ့် ဂီတအနုပညာရှင်တွေကတော့ Ar-T၊ အိမ့်ချစ်၊ နေမင်းအိမ်၊ ပိုးမီတို့ရဲ့ အဆိုအကတွေနဲ့အတူ DJ တွေရဲ့ အမြူးအကြွတီးလုံးတွေအပြင် ထူးခြားတဲ့ အစီအစဉ်တွေဖြစ်တဲ့ Sand Pitch Bump Ball၊ Foam Pitch၊ Face Painting နဲ့ တစ်ခြားအစီအစဉ်တွေ အများကြီးရှိနေမှာမို့ Coca-Cola Summer Oasis 2018 မှာ အတူပျော်ကြဖို့ကို ဖျော်ဖြေကြမယ့် အနုပညာရှင်များက ဖိတ်ခေါ်ထားပါတယ်။

အဲဒီ Coca-Cola Summer Oasis 2018 မှာ ပျော်ချင်ကြတဲ့သူတွေကိုလည်း စည်းကမ်းချက်တစ်ချို့ကိုလည်း သတ်မှတ်ပေးထားပြီး ကိုယ်ချစ်တဲ့အနုပညာရှင်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အတာသင်္ကြန်ကို ဖြတ်သန်းနိုင်ကြဖို့ Coca-Cola Summer Oasis 2018 မဏ္ဍပ်အကြောင်းကို ပြောပြပေးလိုက်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။