[ZawGyi]

ရည္းစားေဟာင္းေတြကို ေခ်ခဲ့တဲ့ ကမ႓ာေက်ာ္ Celebrity မ်ား (၂)

Hollywood အႏုပညာေလာကဆိုတာ အရႈပ္အရွင္းေတြ၊ အခ်စ္ေရး အခ်စ္ရာေတြနဲ႔ ျပည့္ေနတဲ့ သပြတ္အူေလာကႀကီးပါ။ ခုႀကိဳက္၊ ေတာ္ၾကာကြဲ မဆံုးတမ္း သံသရာလည္ေနတဲ့ Cele တို႔ရဲ႕ Drama ဇာတ္လမ္းေတြကေတာ့ ေျပာစမွတ္ျပဳစရာပါပဲ။ ဒါေပမယ့္ခ်စ္တုန္းကခ်စ္ခဲ့ၾကၿပီးမွ လြမ္းခြဲၿပီးခ်ိန္မွာ ကိုယ္ထားခဲ့တဲ့ ရည္းစားေဟာင္းေတြကို သာသာနဲ႔နာနာ ေခ်ပစ္လိုက္တဲ့ ဒီလို အာဂသတၱိခဲ Cele ေတြလည္း ရွိေသးသတဲ့ေနာ္။ တစ္ခ်ိန္က ခ်စ္ခဲ့၊ တြဲခဲ့ဖူးတဲ့သူကို လူအမ်ားေရွ႕မွာ ေခ်ပစ္လိုက္ဖို႔က ေတာ္ရံုသူေတြမလုပ္ရဲၾကေပမယ့္ သူတို႔ကေတာ့ ဘယ္လိုေခ်ခဲ့လဲဆိုတာ အပိုင္း(၂) မွာ ဆက္ၾကည့္လိုက္ၾကရေအာင္။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

(၁) Selena Gomez နဲ႔ Justin Bieber

Hollywood ရဲ႕ နာမည္အႀကီးဆံုး ဒီစံုတြဲကေတာ့ တြဲလိုက္၊ ျပတ္လိုက္နဲ႔ နာမည္ႀကီးေနတာ ေတာ္ေတာ္ၾကာၾကာပါပဲ။ အျပန္အလွန္အရြဲ႕တိုက္ၾကရင္းနဲ႔ ျပႆနာေတြအထြတ္အထိပ္ျဖစ္ခဲ့ခ်ိန္ကေတာ့ Selena နဲ႔ျပတ္ၿပီးခ်ိန္ JB နဲ႔ Sofia Richie တို႔ ရဲ႕ပံုေတြတက္လာတဲ့အေပၚ ပရိသတ္ေတြက ေဝဖန္သံေတြ ညံခဲ့တာေၾကာင့္ JB က Social Media Account ေတြအားလံုးပိတ္ပစ္ေတာ့မယ္လို႔ ၿခိမ္းေျခာက္ခဲ႔တဲ့အခ်ိန္ပဲျဖစ္ပါတယ္။ ဒါကိုျမင္တဲ့ Selena ကေတာ့ေခ်ေခ်ပါပဲ။ “အမုန္းတရားေတြကိုသာ မထိန္းခ်ဳပ္ႏိုင္ရင္ မင္းရဲ႕ရည္းစားနဲ႔ပံုေတြကိုလည္း မတင္မိေအာင္ေနေပါ့” လို႔ ေခ်ပခဲ့ပါတယ္။ Justin ကေတာ့ “ကိုယ့္ကိုအသံုးခ်ၿပီး ေအာင္ျမင္ေအာင္လုပ္သြားတဲ့သူေတြက ကိုယ့္ကိုေတာင္ျပန္ၿပီး လက္ညိဳးထိုးအျပစ္တင္ေနတာ ရယ္စရာပဲ” ဆိုၿပီး ျပန္ေျပာဆိုခဲ့ပါတယ္တဲ့။

Selena Gomez နဲ႔ Justin Bieber

(၂) Gigi Hadid နဲ႔ Joe Jonas

Gigi ေခ်ခ်က္ႀကီးကေတာ့ ရည္းစားေဟာင္း Joe Jonas အတြက္ အံ့ၾသစရာ ခံရခက္ခက္ႀကီးပါပဲ။ Joe နဲ႔ျပတ္စဲၿပီး မၾကာခင္ေလးမွာတင္ပဲ Gigi နဲ႔ Zayn တို႔ကို The Daily Mirror ရဲ႕ Interview မွာ တူတူေတြ႕လိုက္ရတဲ့အေပၚ မယံုႏိုင္ေလာက္ေအာင္အံ့အားသင့္သြားတဲ့ Joe က “သူမ ဒီေလာက္ႀကီး လြယ္လြယ္ေက်ာ္ျဖတ္ႏိုင္ခဲ့မယ္လို႔ မထင္ခဲ့မိဘူး။ တကယ့္ တကယ္ႀကီးကို ျမန္လြန္းပါတယ္ဗ်ာ” လို႔ အံ့ၾသတႀကီးေျဖခဲ့ပါတယ္တဲ့။ ရည္းစားေဟာင္းေတြကို ခံရအခက္ဆံုးျဖစ္ေအာင္ ေခ်ပစ္ဖို႔ဆို သူ႔ထက္အဆမ်ားစြာသာတဲ့ ကိုယ္အေပၚသိပ္ခ်စ္သူ ေယာက္်ားတစ္ေယာက္နဲ႔ ခ်စ္သူျဖစ္ေအာင္ အခ်ိန္အျမန္ဆံုး ႀကိဳးစားလိုက္ဖို႔ Gigi က သင္ေပးလိုက္သလိုပါပဲ။

Gigi Hadid နဲ႔ Joe Jonas

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္ 

(၃) Mariah Carey နဲ႔ Nick Cannon

Mariah ကလည္း ေခသူမဟုတ္ပါဘူး။ Tokyo ေဖ်ာ္ေျဖပြဲမွာ Billie Holiday သီခ်င္းျဖစ္တဲ့ သစၥာေဖာက္သူတစ္ေယာက္အေၾကာင္းေရးထားတဲ့ “Don’t Explain” ကို ျပန္လည္ ေဖ်ာ္ေျဖတုန္းက စင္ေပၚမွာဆိုေနရင္း သစၥာေဖာက္သြားတဲ့ ရည္းစားေဟာင္း Nick Cannon ကို ရည္စူးၿပီး “And I know you cheat,right or wrong,don’t matter to” ဆိုတဲ့ စာသားကို “I know you cheated,motherfucker” လို႔ ေျပာင္းဆိုၿပီး ပ်စ္ပ်စ္ႏွစ္ႏွစ္ႀကီးဆဲခဲ့ပါတယ္တဲ့။

Mariah Carey နဲ႔ Nick Cannon

(၄) John Mayer နဲ႔ Taylor Swift

John နဲ႔ Taylor တို႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့ Relationship အၿပီးမွာ Taylor က “Dear John” ဆိုတဲ့ နာမည္နဲ႔ သီခ်င္းတစ္ပုဒ္ေရးၿပီး ဆိုခဲ့ပါတယ္။ အဲ့သီခ်င္းၾကားၿပီးေနာက္ Taylor ေမြးေန႔ျဖစ္တဲ့ ဒီဇင္ဘာ ၁၃, ၂၀၁၆ မွာ John က Twitter မွာ “Lamest day of the year” ဆိုၿပီး တည့္တိုးႀကီး ေစာင္းေျမာင္းေရးခဲ့ပါတယ္။ တင္ၿပီးၿပီးခ်င္း Taylor Fan ေတြရဲ႕ ေဝဖန္ခံရလို႔ ၁၀ မိနစ္အၾကာမွာပဲ အဲ့ Tweets ကို ျပန္ဖ်က္ခဲ့ၿပီး Taylor Fan ေတြနဲ႔ ၿငိမ္းခ်မ္းေရးျပန္ယူခဲ့ေပမယ့္ Taylor ေမြးေန႔ကို ပုတ္ခတ္ခဲ့တာေတာ့ စြဲစြဲထင္ထင္ျဖစ္ခဲ့ပါတယ္။

John Mayer နဲ႔ Taylor Swift

(၅) Lana Del Rey နဲ႔ G-Eazy

Lana ကေတာ့ ဒီ ၂၀၁၈ ဇန္နဝါရီလမွာပဲ Denver မွာ ေဖ်ာ္ေျဖေနရင္း သူမရဲ႕ ရည္းစားေဟာင္းျဖစ္သုူ G-Eazy ကိုရည္ရြယ္တဲ့ “White Mustang” သီခ်င္းကို ဆိုခဲ့ပါတယ္။ ဆိုေနရင္း ေအာက္က လူအုပ္ပရိသတ္ေတြၾကားမွာပဲ Lana က သီခ်င္းစာသားကို ခပ္ရဲရဲေျပာင္းဆိုလိုက္ပါတယ္။ “Couldn’t stop the way I was feeling the day your record dropped” ေနရာမွာ “Couldn’t stop the way I was feeling the day his record dropped” လို႔ဆိုၿပီး “And it wasn’t even that good” လို႔ ထည့္ဆိုခဲ့ပါသတဲ့။ ရည္းစားေဟာင္း G-Eazy ေတာ့ ေဆြ႕ေဆြ႕ခုန္ေနေတာ့မွာပါပဲ။

Lana Del Rey နဲ႔ G-Eazy

(၆) Mariah Carey နဲ႔ James Packer

Billionaire တစ္ဦးျဖစ္သူ စီးပြားေရးသမား James Packer နဲ႔ Mariah Carey တို႔ ၂ဦးသား ျပတ္ဆဲၿပီး အခ်ိန္ေတြမွာေတာင္ Mariah ဟာ James ကို စိတ္ထဲက မဖယ္ထုတ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ Tel Aviv ရဲ႕ သတင္းစာရွင္းလင္းပြဲတစ္ခုမွာေတာ့ Mariah ဟာ သူမရည္းစားေဟာင္းနဲ႔ Israel ဝန္ႀကီးတို႔ တရားမဝင္ စီးပြားေရးအရ ေတြ႕ဆံုေနမႈအေပၚ ေမးျမန္းျခင္းခံရတဲ့အခါ “I don’t know where the motherfucker is” ဆိုၿပီး ခပ္ရင့္ရင့္ေျဖခဲ့ပါတယ္။ ဆက္လက္ၿပီး ” ကြ်န္မတကယ္မသိတာပါ။ ကြ်န္မက ႏိုင္ငံေရးကိစၥေတြကို သိလည္းမသိ စိတ္မဝင္စားသလို အဲ့ကိစၥေတြအတြက္လည္း လံုးဝအာရံုစိုက္မွာ မဟုတ္ပါဘူး” လို႔ ထပ္ျဖည့္ေျပာခဲ့ပါတယ္။ တစ္နည္းေျပာရရင္ ရည္းစားေဟာင္းကိုေတာင္ မွတ္ဉာဏ္ထဲမွာ မရွိေတာ့ဘူးလို႔ ေခ်လိုက္သလိုပါပဲ။

Mariah Carey နဲ႔ James Packer

ကမ႓ာေက်ာ္ေတြကေတာ့ ရည္းစားေဟာင္းေတြအေပၚထားတဲ့ မေက်နပ္ခ်က္ေတြကို လူသိေအာင္ျပၿပီး ေခ်ပစ္ဖို႔လည္း ဝန္မေလးဘူးလို႔ ဆိုရမွာပါ။

EiEiKhineMinn ( Akhayar )

[Unicode]

ရည်းစားဟောင်းတွေကို ချေခဲ့တဲ့ ကမ္ဘာကျော် Celebrity များ (၂)

Hollywood အနုပညာလောကဆိုတာ အရှုပ်အရှင်းတွေ၊ အချစ်ရေး အချစ်ရာတွေနဲ့ ပြည့်နေတဲ့ သပွတ်အူလောကကြီးပါ။ ခုကြိုက်၊ တော်ကြာကွဲ မဆုံးတမ်း သံသရာလည်နေတဲ့ Cele တို့ရဲ့ Drama ဇာတ်လမ်းတွေကတော့ ပြောစမှတ်ပြုစရာပါပဲ။ ဒါပေမယ့်ချစ်တုန်းကချစ်ခဲ့ကြပြီးမှ လွမ်းခွဲပြီးချိန်မှာ ကိုယ်ထားခဲ့တဲ့ ရည်းစားဟောင်းတွေကို သာသာနဲ့နာနာ ချေပစ်လိုက်တဲ့ ဒီလို အာဂသတ္တိခဲ Cele တွေလည်း ရှိသေးသတဲ့နော်။ တစ်ချိန်က ချစ်ခဲ့၊ တွဲခဲ့ဖူးတဲ့သူကို လူအများရှေ့မှာ ချေပစ်လိုက်ဖို့က တော်ရုံသူတွေမလုပ်ရဲကြပေမယ့် သူတို့ကတော့ ဘယ်လိုချေခဲ့လဲဆိုတာ အပိုင်း(၂) မှာ ဆက်ကြည့်လိုက်ကြရအောင်။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

(၁) Selena Gomez နဲ့ Justin Bieber

Hollywood ရဲ့ နာမည်အကြီးဆုံး ဒီစုံတွဲကတော့ တွဲလိုက်၊ ပြတ်လိုက်နဲ့ နာမည်ကြီးနေတာ တော်တော်ကြာကြာပါပဲ။ အပြန်အလှန်အရွဲ့တိုက်ကြရင်းနဲ့ ပြဿနာတွေအထွတ်အထိပ်ဖြစ်ခဲ့ချိန်ကတော့ Selena နဲ့ပြတ်ပြီးချိန် JB နဲ့ Sofia Richie တို့ ရဲ့ပုံတွေတက်လာတဲ့အပေါ် ပရိသတ်တွေက ဝေဖန်သံတွေ ညံခဲ့တာကြောင့် JB က Social Media Account တွေအားလုံးပိတ်ပစ်တော့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါကိုမြင်တဲ့ Selena ကတော့ချေချေပါပဲ။ “အမုန်းတရားတွေကိုသာ မထိန်းချုပ်နိုင်ရင် မင်းရဲ့ရည်းစားနဲ့ပုံတွေကိုလည်း မတင်မိအောင်နေပေါ့” လို့ ချေပခဲ့ပါတယ်။ Justin ကတော့ “ကိုယ့်ကိုအသုံးချပြီး အောင်မြင်အောင်လုပ်သွားတဲ့သူတွေက ကိုယ့်ကိုတောင်ပြန်ပြီး လက်ညိုးထိုးအပြစ်တင်နေတာ ရယ်စရာပဲ” ဆိုပြီး ပြန်ပြောဆိုခဲ့ပါတယ်တဲ့။

Selena Gomez နဲ့ Justin Bieber

(၂) Gigi Hadid နဲ့ Joe Jonas

Gigi ချေချက်ကြီးကတော့ ရည်းစားဟောင်း Joe Jonas အတွက် အံ့သြစရာ ခံရခက်ခက်ကြီးပါပဲ။ Joe နဲ့ပြတ်စဲပြီး မကြာခင်လေးမှာတင်ပဲ Gigi နဲ့ Zayn တို့ကို The Daily Mirror ရဲ့ Interview မှာ တူတူတွေ့လိုက်ရတဲ့အပေါ် မယုံနိုင်လောက်အောင်အံ့အားသင့်သွားတဲ့ Joe က “သူမ ဒီလောက်ကြီး လွယ်လွယ်ကျော်ဖြတ်နိုင်ခဲ့မယ်လို့ မထင်ခဲ့မိဘူး။ တကယ့် တကယ်ကြီးကို မြန်လွန်းပါတယ်ဗျာ” လို့ အံ့သြတကြီးဖြေခဲ့ပါတယ်တဲ့။ ရည်းစားဟောင်းတွေကို ခံရအခက်ဆုံးဖြစ်အောင် ချေပစ်ဖို့ဆို သူ့ထက်အဆများစွာသာတဲ့ ကိုယ်အပေါ်သိပ်ချစ်သူ ယောက်ျားတစ်ယောက်နဲ့ ချစ်သူဖြစ်အောင် အချိန်အမြန်ဆုံး ကြိုးစားလိုက်ဖို့ Gigi က သင်ပေးလိုက်သလိုပါပဲ။

Gigi Hadid နဲ့ Joe Jonas

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန် 

(၃) Mariah Carey နဲ့ Nick Cannon

Mariah ကလည်း ခေသူမဟုတ်ပါဘူး။ Tokyo ဖျော်ဖြေပွဲမှာ Billie Holiday သီချင်းဖြစ်တဲ့ သစ္စာဖောက်သူတစ်ယောက်အကြောင်းရေးထားတဲ့ “Don’t Explain” ကို ပြန်လည် ဖျော်ဖြေတုန်းက စင်ပေါ်မှာဆိုနေရင်း သစ္စာဖောက်သွားတဲ့ ရည်းစားဟောင်း Nick Cannon ကို ရည်စူးပြီး “And I know you cheat,right or wrong,don’t matter to” ဆိုတဲ့ စာသားကို “I know you cheated,motherfucker” လို့ ပြောင်းဆိုပြီး ပျစ်ပျစ်နှစ်နှစ်ကြီးဆဲခဲ့ပါတယ်တဲ့။

Mariah Carey နဲ့ Nick Cannon

(၄) John Mayer နဲ့ Taylor Swift

John နဲ့ Taylor တို့ရဲ့ နှစ်ပေါင်းများစွာကြာတဲ့ Relationship အပြီးမှာ Taylor က “Dear John” ဆိုတဲ့ နာမည်နဲ့ သီချင်းတစ်ပုဒ်ရေးပြီး ဆိုခဲ့ပါတယ်။ အဲ့သီချင်းကြားပြီးနောက် Taylor မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၃, ၂၀၁၆ မှာ John က Twitter မှာ “Lamest day of the year” ဆိုပြီး တည့်တိုးကြီး စောင်းမြောင်းရေးခဲ့ပါတယ်။ တင်ပြီးပြီးချင်း Taylor Fan တွေရဲ့ ဝေဖန်ခံရလို့ ၁၀ မိနစ်အကြာမှာပဲ အဲ့ Tweets ကို ပြန်ဖျက်ခဲ့ပြီး Taylor Fan တွေနဲ့ ငြိမ်းချမ်းရေးပြန်ယူခဲ့ပေမယ့် Taylor မွေးနေ့ကို ပုတ်ခတ်ခဲ့တာတော့ စွဲစွဲထင်ထင်ဖြစ်ခဲ့ပါတယ်။

John Mayer နဲ့ Taylor Swift

(၅) Lana Del Rey နဲ့ G-Eazy

Lana ကတော့ ဒီ ၂၀၁၈ ဇန်နဝါရီလမှာပဲ Denver မှာ ဖျော်ဖြေနေရင်း သူမရဲ့ ရည်းစားဟောင်းဖြစ်သုူ G-Eazy ကိုရည်ရွယ်တဲ့ “White Mustang” သီချင်းကို ဆိုခဲ့ပါတယ်။ ဆိုနေရင်း အောက်က လူအုပ်ပရိသတ်တွေကြားမှာပဲ Lana က သီချင်းစာသားကို ခပ်ရဲရဲပြောင်းဆိုလိုက်ပါတယ်။ “Couldn’t stop the way I was feeling the day your record dropped” နေရာမှာ “Couldn’t stop the way I was feeling the day his record dropped” လို့ဆိုပြီး “And it wasn’t even that good” လို့ ထည့်ဆိုခဲ့ပါသတဲ့။ ရည်းစားဟောင်း G-Eazy တော့ ဆွေ့ဆွေ့ခုန်နေတော့မှာပါပဲ။

Lana Del Rey နဲ့ G-Eazy

(၆) Mariah Carey နဲ့ James Packer

Billionaire တစ်ဦးဖြစ်သူ စီးပွားရေးသမား James Packer နဲ့ Mariah Carey တို့ ၂ဦးသား ပြတ်ဆဲပြီး အချိန်တွေမှာတောင် Mariah ဟာ James ကို စိတ်ထဲက မဖယ်ထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Tel Aviv ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ Mariah ဟာ သူမရည်းစားဟောင်းနဲ့ Israel ဝန်ကြီးတို့ တရားမဝင် စီးပွားရေးအရ တွေ့ဆုံနေမှုအပေါ် မေးမြန်းခြင်းခံရတဲ့အခါ “I don’t know where the motherfucker is” ဆိုပြီး ခပ်ရင့်ရင့်ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး ” ကျွန်မတကယ်မသိတာပါ။ ကျွန်မက နိုင်ငံရေးကိစ္စတွေကို သိလည်းမသိ စိတ်မဝင်စားသလို အဲ့ကိစ္စတွေအတွက်လည်း လုံးဝအာရုံစိုက်မှာ မဟုတ်ပါဘူး” လို့ ထပ်ဖြည့်ပြောခဲ့ပါတယ်။ တစ်နည်းပြောရရင် ရည်းစားဟောင်းကိုတောင် မှတ်ဉာဏ်ထဲမှာ မရှိတော့ဘူးလို့ ချေလိုက်သလိုပါပဲ။

Mariah Carey နဲ့ James Packer

ကမ္ဘာကျော်တွေကတော့ ရည်းစားဟောင်းတွေအပေါ်ထားတဲ့ မကျေနပ်ချက်တွေကို လူသိအောင်ပြပြီး ချေပစ်ဖို့လည်း ဝန်မလေးဘူးလို့ ဆိုရမှာပါ။

EiEiKhineMinn ( Akhayar )