[Zawgyi]
 ပါပါရာဇီတွေရှေ့မှာ ဥာဏ်နီဥာဏ်နက်တွေထုတ်ခဲ့ကြတဲ့ ဟောလိဝုဒ်ဆယ်လီများ
(၁) Leonardo DiCaprio
(၂) Ryan Gosling
(၃)Britney Spears
(၄)Dustin Hoffman
(၆)Kanye West
(၇)Daniel Radcliff
(၉)Katy Perry
Stella(Akhayar)
www.akhayar.com
[Unicode]
 ပါပါရာဇီတွေရှေ့မှာ ဉာဏ်နီဉာဏ်နက်တွေထုတ်ခဲ့ကြတဲ့ ဟောလိဝုဒ်ဆယ်လီများ
နာမည်ကျော် တစ်ယောက်ဖြစ်လာပြီဆိုရင်တော့ အဆိုတော်ပဲဖြစ်ဖြစ်၊မင်းသားပဲဖြစ်ဖြစ်၊ဒါရိုက်တာပဲဖြစ်ဖြစ် သတင်းမီဒီယာတွေ၊ပါပါရာဇီတွေရဲ့ မျက်စိဒေါက်ထောက်စောင့်ကြည့်ခံရတာကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။အနုပညာရှင်တွေအနေနဲ့ရော အဲ့ဒီလိုကြုံရတဲ့အခါ ဘယ်လိုတုန့်ပြန်မယ်ထင်လဲ။ အခုဖော်ပြပေးမယ့် ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကျဲ ဆယ်လီတွေကတော့ သူတို့ကိုစောင့်ကြည့်နေတဲ့ ပါပါရာဇီတွေနဲ့ တွေ့ရင် အခုလို ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးပစ်လိုက်တယ်လို့သိရပါတယ်။
(၁) Leonardo DiCaprio
တိုက်တန်းနစ် မင်းသားအဖြစ် နာမည်ကျော်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား လီယိုနာဒို ကတော့ သူ့ကို ဓာတ်ပုံခိုးရိုက်နေမှန်းသိလို့ ထီးနဲ့တောင် ကာသွားလိုက်သေးတယ်။
(၂) Ryan Gosling
သူကလည်း မထင်ရဘူး။ မျက်နှာပြောင်ချက်က ပါပါရာဇီကိုတောင် ပြန်ပြီးပြောင်ပြလိုက်သေးတယ်နော်။
(၃)Britney Spears
နာမည်ကျော်အဆိုတော် ဘရစ်တနီကတော့ ပါပါရာဇီကို တုန့်ပြန်လိုက်ပုံက ကော်ဖီခွက်နဲ့ မတော်တဆအုံဖွ ဆိုပြီး တိုက်ပစ်လိုက်တဲ့သဘောပဲ။လည်ချက်။
(၄)Dustin Hoffman
အမေရိကန်ဒါရိုက်တာ၊မင်းသား ဒက်စတင်ကတော့ ပါပါရာဇီတွေနဲ့တွေ့တော့ မျက်နှာပြောင်တာလား၊တကယ်လုပ်မိလုပ်ရာလုပ်လိုက်တာလားမသိဘူး။ တိုင်ကြီးနဲ့ ကွယ်ထားတာ သူ့ခန္ဓာကိုယ်ကြီးနဲ့ တော်တော်လုံရှာတာကိုး။
(၅)Emma Stone and Andrew Garfield
ပရိသတ်အချစ်တော် သူတို့နှစ်ယောက်ကတော့ ပါပါရာဇီတွေသိချင်နေတဲ့ဟာကို ကြိုသိနေပုံပါပဲ။စာရွက်တစ်ရွက်စီမှာ စာတွေရေးပြထားပြီး ဘယ်သူ့ဆီက အာရုံစိုက်မှုကိုမှမလိုချင်တဲ့အကြောင်း စာရွက်ထဲထည့်ရေးပြလိုက်ပုံပါပဲ။
(၆)Kanye West
သူ့ဘာသာသူ့မိသားစုနဲ့စကားပြောနေတုန်း ပြုံးပျော်လို့၊ ပါပါရာဇီတွေကိုလည်းမြင်ရော ဖြစ်သွားတဲ့မျက်နှာကိုရှိုးလိုက်ဦး။
(၇)Daniel Radcliff
ဟယ်ရီပေါ်တာမင်းသားချော ဒန်နီရယ်ကလည်း အေးအေးလေးထင်နေတာ ရုပ်ပြောင်တတ်သားပဲ။ သူရုပ်ပြောင်တာလေးက ချစ်စရာလေး ကောင်မလေးတွေတော့ကြွေကျလောက်ပြီ။
(၈)Lily Allen and Bella Hadid
အဆိုတော်၊ရုပ်မြင်သံကြားအစီစဉ်တင်ဆက်သူ Lily နဲ့ စူပါမော်ဒယ် Bella တို့နှစ်ယောက်ကလည်း ပါပါရာဇီတွေနဲ့တွေ့တုန်းက ဒီလိုလက်နဲ့ကာထားကြပါတယ်တဲ့။
(၉)Katy Perry
You တို့ရဲ့အချစ်တော် Katy ကတော့ သူ့ကိုစောင့်ကြည့်နေသူတွေရှိမှန်းသိလို့ ဦးထုတ်ဆောင်းထားပြီး မာဖလာကြီးပတ်လို့ထားပါတယ်။
(၁၀)Benedict Cumberbatch
ရှားလော့ဟုန်း မင်းသား Benedict ကတော့ သူသွားမယ့် အီဂျစ်ခရီးစဉ်ကိုပါ ဓာတ်ပုံလိုက်ရိုက်ပေးဖို့ခေါ်လိုက်ပါသေးတယ်။
Stella(Akhayar)
www.akhayar.com