[Zawgyi]

အမွားတစ္ခ်က္ေၾကာင့္ နာမည္ႀကီးဘဝကို စြန္႔လႊတ္ခဲ့ရတဲ့ ရင္နာစရာ Celebrity မ်ား(၂)

Celebrity တို႔ရဲ႕ ဘဝဆိုတာ ပရိသတ္ေတြနဲ႔ Media ေတြရဲ႕ မ်က္လံုးေဒါက္ေထာက္စံုစမ္းမႈေတြ၊ အရိပ္တၾကည့္ၾကည့္ ေစာင့္ၾကည့္မႈေတြေအာက္မွာ ေနထိုင္ရွင္သန္ရတဲ့ ဘဝပါ။ နည္းပညာေတြတိုးတက္လာတဲ့ ၂၁ရာစုႀကီးမွာေတာ့ တစ္ခ်က္ေလး အမွားလုပ္မိတာနဲ႔ ကိုယ့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းကိုပါ ထိခိုက္တဲ့အထိ သတိမူစရာေတြပိုမိုမ်ားလာပါတယ္။

ဒါေပမယ့္ ဒီနာမည္ႀကီး Celebrity ေတြကေတာ့ အမွားတစ္ခ်က္လုပ္မိခဲ့ရံုနဲ႔တင္ ကိုယ့္ရဲ႕လူသိမ်ားနာမည္ေက်ာ္တဲ့ဘဝကို စြန္႔လႊတ္လိုက္ရတဲ့အထိ ပရိသတ္ဒဏ္ခတ္တာက္ုခံခဲ့ရပါတယ္။ အဲ့ဒီ Celebrity ၁၀ ဦးထဲက ပထမဆံုး ၅ဦးကို ေဖာ္ျပခဲ့ၿပီး ဒီစာမွာေတာ့ က်န္ရွိေနေသးတဲ့ ၅ဦးကို ဆက္လက္ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ သူတို႔ေတြကေတာ့-

(၁) Tigerwoods

ကမ႓ာ႔ Golf ေလာကရဲ႕ ဘုရင္ျဖစ္ခဲ့ဖူးသူ Tigerwoods ကိုေတာ့ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။

Tigerwoods တစ္ေယာက္ အားကစားေလာကထဲ ျပန္မေပၚလာေတာ့တာဟာလည္း အေၾကာင္းရင္းရွိပါတယ္။ ဆုေတြတသီႀကီးရခဲ့တဲ့သူ၊ ကမ႓ာ့ဝင္ေငြအျမင့္ဆံုးအားကစားသမား၊ စံခ်ိန္တင္ Record ေပါင္းမ်ားစြာရဲ႕ ပိုင္ရွင္ Tigerwoods ကေတာ့ ခ်စ္စရာေကာင္းတဲ့ ဇနီး သားသမီး ၂ေယာက္နဲ႔ ေပ်ာ္စရာဘဝေလးကို ပိုင္ဆိုင္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ ဒီလို မိသားစုဘဝေလးကို အပ်က္ဆီးခံၿပီး တျခားမိန္းမေတြအမ်ားႀကီးနဲ႔ မသိေအာင္ ေဖာက္ျပန္ခဲ့တဲ့သတင္းေတြအမွန္အကန္ထြက္လာတဲ့အခါမွာေတာ့ သူ႔မိသားစုေရာ၊ သူ႔ Golfer ဘဝကိုေရာ၊ အလုပ္ေတြနဲ႔ ဂုဏ္သိကၡာေတြအားလံုး ဆံုးရံႈးခဲ့ရပါေတာ့တယ္။

(၂) Natalia

အဆိုေတာ္ Natalia ကေတာ့ သူမ ထြက္ရွိခဲ့တဲ့ Album ၃ခ်ပ္သာမက သူမရဲ႕အဆိုေတာ္ဘဝကိုပါ ဖ်က္ဆီးလိုက္သလိုပါပဲ။

၂၀၁၃ မွာ သူမနဲ႔ ခင္ပြန္းျဖစ္သူ Willy Moon တို႔ဟာ New Zealand X Factor မွာ ဒိုင္ေတြအျဖစ္ပါဝင္အကဲျဖတ္ခဲ့ရပါတယ္။

အဲ့ဒီမွာ ပါဝင္ယွဥ္ၿပိဳင္တဲ့ အမ်ိဳးသားတစ္ဦးကို Natalia က အဲ့အမ်ိဳးသားဟာ ေခါင္းကေန ေျခဖ်ားအထိ သူမခင္ပြန္းရဲ႕ Fashion ကအစ အကုန္ကူးခ်ထားတယ္လို႔ ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး ပရိသတ္ေတြကိုုယ္တိုင္ သူမတို႔ ၂ဦးကို အဆိုးရြားဆံုးဒိုင္ေတြအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

အဲ့ေနာက္ေတာ့ သူမတို႔ ဇနီးေမာင္ႏွံလည္း အႏုပညာေလာကထဲက ေပ်ာက္ကြယ္သြားခဲ့တာပါပဲ။

(၃) Mel Gibson

ဝါရင့္မင္းသားႀကီး Mel Gibson လည္း သ႐ုပ္ေဆာင္ပိုင္ႏိုင္တဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ႀကီးပါပဲ။

ဒါေပမယ့္ ကံဆိုးမိုးေမွာင္က်တဲ့တစ္ညမွာေတာ့ Mel ရဲ႕ ဘဝလည္း ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေတာ့တာပါပဲ။ ေအာင္ျမင္မႈၾသဇာအာဏာကိုသံုးၿပီး ညဘက္အခ်ိန္မွာ ကားကို အရွိန္ျမႇင့္တင္ေမာင္းႏွင္ခဲ့ရံုသာမက Tequila ေတြကိုပါ ေသာက္ထားခဲ့တာမို႔ ဖမ္းဆီးခံခဲ့ရၿပီး အမႈရင္ဆိုင္ခဲ့ရပါေတာ့တယ္။

ပိုဆိုးသြားေစတာကေတာ့ တရားခြင္မွာ လိင္ပိုင္းဆိုင္ရာေရာ၊ လူမ်ိဳးေရးဆူပူေစတဲ့စကားေတြနဲ႔ ေစာ္ကားခဲ့တာမို႔ လူထုက ျပန္ၾကားသိခဲ့တဲ့အခါ ေအာင္ျမင္မႈအားလံုးပါ ျပန္လည္႐ုပ္သိမ္းခံလိုက္ရပါေတာ့တယ္။

(၄) Rebecca Gayheart

၂၀၀၈ ခုႏွစ္က ထုတ္လႊင့္ခဲ့တဲ့ 90210 ႐ုပ္သံဇာတ္လမ္းတြဲရဲ႕ မင္းသမီးတစ္ဦးျဖစ္သူ Rebecca ဟာလည္း မေတာ္တဆမႈတစ္ခုေၾကာင့္ သူမရဲ႕ အႏုပညာဘဝကို အဆံုးသတ္ခဲ့ရပါတယ္။

သူမကားေမာင္းေနတဲ့ လမ္းတစ္ခုမွာ ကားလမ္းျဖတ္ကူးတဲ့အသက္ ၉ ႏွစ္အရြယ္ေကာင္ေလးကို တိုက္မိခဲ့ၿပီး ေကာင္ေလးအသက္ဆံုးပါးခဲ့ရတာကအစျပဳခဲ့ပါတယ္။

ပိုဆိုးရြားေစတာက သူမဟာ အဲ့အမႈကို လ်စ္လ်ဴရႈခဲ့တာေၾကာင့္ အႏုပညာေလာကတစ္ခုလံုးရံႈ႕ခ်ခံခဲ့ရၿပီး သူမ႐ိုက္ကူးမယ့္ ဇာတ္လမ္းတြဲေတြအကုန္ သူမနဲ႔ ႐ိုက္ကူးဖို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။ အဲ့ေနာက္ေတာ့ သူမဘဝဟာလည္း စုန္းစုန္းျမဳပ္ခဲ့ပါတယ္။

(၅) Bill Cosby

တကယ့္ေျပာင္ေျမာက္တဲ့ ဟာသေတြနဲ႔ Cosby Show ရဲ႕ ပင္တိုင္အစီအစဥ္ တင္ဆက္သူ Bill Cosby ရဲ႕ အႏုပညာသည္ဘဝဟာလည္း ၂၀၁၄ ခုႏွစ္မွာ ပ်က္စီးခဲ့ရပါတယ္။

အမ်ိဳးသမီးအေယာက္ ၅၀ ေက်ာ္က Bill ဟာသူမတို႔ အားလံုးကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြျပဳလုပ္ခဲ့ပါတယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။

အ့ဲသတင္းအရ ၁၉၆၀ ေက်ာ္ခုႏွစ္ေတြတည္းက ေက်ာ္ၾကားခဲ့တဲ့ Bill ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ အႏုပညာစြမ္းရည္ေတြ အကုန္ေပ်ာက္ကြယ္ခဲ့ၿပီး လူထုတစ္ရပ္လံုး စိတ္ပ်က္ကာ သူပါဝင္တင္ဆက္ေနတဲ့ Cosby Show ႀကီးကိုပါ ဖ်က္သိမ္းခဲ့ပါေတာ့တယ္။

အႏုပညာသည္ေတြရဲ႕ ဘဝဆိုတာလည္း ပူေဖာင္းပမာပါပဲ။ အမွားတစ္ခုနဲ႔လည္း ဘဝပ်က္၊ အရွက္ရ၊ အသက္ေသဆံုးခဲ့တဲ့သူေတြေၾကာင့္ လူလူခ်င္း ဂုဏ္သိကၡာအရ ဒဏ္ခတ္ခံခဲ့ရတဲ့ဘဝေတြကေတာ့ ဆင္ျခင္စရာ သံေဝဂရစရာေတြခ်ည္းပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

အမှားတစ်ချက်ကြောင့် နာမည်ကြီးဘဝကို စွန့်လွှတ်ခဲ့ရတဲ့ ရင်နာစရာ Celebrity များ(၂)

Celebrity တို့ရဲ့ ဘဝဆိုတာ ပရိသတ်တွေနဲ့ Media တွေရဲ့ မျက်လုံးဒေါက်ထောက်စုံစမ်းမှုတွေ၊ အရိပ်တကြည့်ကြည့် စောင့်ကြည့်မှုတွေအောက်မှာ နေထိုင်ရှင်သန်ရတဲ့ ဘဝပါ။ နည်းပညာတွေတိုးတက်လာတဲ့ ၂၁ရာစုကြီးမှာတော့ တစ်ချက်လေး အမှားလုပ်မိတာနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်တဲ့အထိ သတိမူစရာတွေပိုမိုများလာပါတယ်။

ဒါပေမယ့် ဒီနာမည်ကြီး Celebrity တွေကတော့ အမှားတစ်ချက်လုပ်မိခဲ့ရုံနဲ့တင် ကိုယ့်ရဲ့လူသိများနာမည်ကျော်တဲ့ဘဝကို စွန့်လွှတ်လိုက်ရတဲ့အထိ ပရိသတ်ဒဏ်ခတ်တာက်ုခံခဲ့ရပါတယ်။ အဲ့ဒီ Celebrity ၁၀ ဦးထဲက ပထမဆုံး ၅ဦးကို ဖော်ပြခဲ့ပြီး ဒီစာမှာတော့ ကျန်ရှိနေသေးတဲ့ ၅ဦးကို ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့-

(၁) Tigerwoods

ကမ္ဘာ့ Golf လောကရဲ့ ဘုရင်ဖြစ်ခဲ့ဖူးသူ Tigerwoods ကိုတော့တော်တော်များများ သိကြမှာပါ။

Tigerwoods တစ်ယောက် အားကစားလောကထဲ ပြန်မပေါ်လာတော့တာဟာလည်း အကြောင်းရင်းရှိပါတယ်။ ဆုတွေတသီကြီးရခဲ့တဲ့သူ၊ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးအားကစားသမား၊ စံချိန်တင် Record ပေါင်းများစွာရဲ့ ပိုင်ရှင် Tigerwoods ကတော့ ချစ်စရာကောင်းတဲ့ ဇနီး သားသမီး ၂ယောက်နဲ့ ပျော်စရာဘဝလေးကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီလို မိသားစုဘဝလေးကို အပျက်ဆီးခံပြီး တခြားမိန်းမတွေအများကြီးနဲ့ မသိအောင် ဖောက်ပြန်ခဲ့တဲ့သတင်းတွေအမှန်အကန်ထွက်လာတဲ့အခါမှာတော့ သူ့မိသားစုရော၊ သူ့ Golfer ဘဝကိုရော၊ အလုပ်တွေနဲ့ ဂုဏ်သိက္ခာတွေအားလုံး ဆုံးရှုံးခဲ့ရပါတော့တယ်။

(၂) Natalia

အဆိုတော် Natalia ကတော့ သူမ ထွက်ရှိခဲ့တဲ့ Album ၃ချပ်သာမက သူမရဲ့အဆိုတော်ဘဝကိုပါ ဖျက်ဆီးလိုက်သလိုပါပဲ။

၂၀၁၃ မှာ သူမနဲ့ ခင်ပွန်းဖြစ်သူ Willy Moon တို့ဟာ New Zealand X Factor မှာ ဒိုင်တွေအဖြစ်ပါဝင်အကဲဖြတ်ခဲ့ရပါတယ်။

အဲ့ဒီမှာ ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးသားတစ်ဦးကို Natalia က အဲ့အမျိုးသားဟာ ခေါင်းကနေ ခြေဖျားအထိ သူမခင်ပွန်းရဲ့ Fashion ကအစ အကုန်ကူးချထားတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပရိသတ်တွေကိုယ်တိုင် သူမတို့ ၂ဦးကို အဆိုးရွားဆုံးဒိုင်တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲ့နောက်တော့ သူမတို့ ဇနီးမောင်နှံလည်း အနုပညာလောကထဲက ပျောက်ကွယ်သွားခဲ့တာပါပဲ။

(၃) Mel Gibson

ဝါရင့်မင်းသားကြီး Mel Gibson လည်း သရုပ်ဆောင်ပိုင်နိုင်တဲ့ နာမည်ကြီး သရုပ်ဆောင်ကြီးပါပဲ။

ဒါပေမယ့် ကံဆိုးမိုးမှောင်ကျတဲ့တစ်ညမှာတော့ Mel ရဲ့ ဘဝလည်း ဇောက်ထိုးမိုးမျှော်ဖြစ်တော့တာပါပဲ။ အောင်မြင်မှုသြဇာအာဏာကိုသုံးပြီး ညဘက်အချိန်မှာ ကားကို အရှိန်မြှင့်တင်မောင်းနှင်ခဲ့ရုံသာမက Tequila တွေကိုပါ သောက်ထားခဲ့တာမို့ ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရပါတော့တယ်။

ပိုဆိုးသွားစေတာကတော့ တရားခွင်မှာ လိင်ပိုင်းဆိုင်ရာရော၊ လူမျိုးရေးဆူပူစေတဲ့စကားတွေနဲ့ စော်ကားခဲ့တာမို့ လူထုက ပြန်ကြားသိခဲ့တဲ့အခါ အောင်မြင်မှုအားလုံးပါ ပြန်လည်ရုပ်သိမ်းခံလိုက်ရပါတော့တယ်။

(၄) Rebecca Gayheart

၂၀၀၈ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ 90210 ရုပ်သံဇာတ်လမ်းတွဲရဲ့ မင်းသမီးတစ်ဦးဖြစ်သူ Rebecca ဟာလည်း မတော်တဆမှုတစ်ခုကြောင့် သူမရဲ့ အနုပညာဘဝကို အဆုံးသတ်ခဲ့ရပါတယ်။

သူမကားမောင်းနေတဲ့ လမ်းတစ်ခုမှာ ကားလမ်းဖြတ်ကူးတဲ့အသက် ၉ နှစ်အရွယ်ကောင်လေးကို တိုက်မိခဲ့ပြီး ကောင်လေးအသက်ဆုံးပါးခဲ့ရတာကအစပြုခဲ့ပါတယ်။

ပိုဆိုးရွားစေတာက သူမဟာ အဲ့အမှုကို လျစ်လျူရှုခဲ့တာကြောင့် အနုပညာလောကတစ်ခုလုံးရှုံ့ချခံခဲ့ရပြီး သူမရိုက်ကူးမယ့် ဇာတ်လမ်းတွဲတွေအကုန် သူမနဲ့ ရိုက်ကူးဖို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ အဲ့နောက်တော့ သူမဘဝဟာလည်း စုန်းစုန်းမြုပ်ခဲ့ပါတယ်။

(၅) Bill Cosby

တကယ့်ပြောင်မြောက်တဲ့ ဟာသတွေနဲ့ Cosby Show ရဲ့ ပင်တိုင်အစီအစဉ် တင်ဆက်သူ Bill Cosby ရဲ့ အနုပညာသည်ဘဝဟာလည်း ၂၀၁၄ ခုနှစ်မှာ ပျက်စီးခဲ့ရပါတယ်။

အမျိုးသမီးအယောက် ၅၀ ကျော်က Bill ဟာသူမတို့ အားလုံးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ခဲ့ပါတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အဲ့သတင်းအရ ၁၉၆၀ ကျော်ခုနှစ်တွေတည်းက ကျော်ကြားခဲ့တဲ့ Bill ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အနုပညာစွမ်းရည်တွေ အကုန်ပျောက်ကွယ်ခဲ့ပြီး လူထုတစ်ရပ်လုံး စိတ်ပျက်ကာ သူပါဝင်တင်ဆက်နေတဲ့ Cosby Show ကြီးကိုပါ ဖျက်သိမ်းခဲ့ပါတော့တယ်။

အနုပညာသည်တွေရဲ့ ဘဝဆိုတာလည်း ပူဖောင်းပမာပါပဲ။ အမှားတစ်ခုနဲ့လည်း ဘဝပျက်၊ အရှက်ရ၊ အသက်သေဆုံးခဲ့တဲ့သူတွေကြောင့် လူလူချင်း ဂုဏ်သိက္ခာအရ ဒဏ်ခတ်ခံခဲ့ရတဲ့ဘဝတွေကတော့ ဆင်ခြင်စရာ သံဝေဂရစရာတွေချည်းပါပဲ။

EiEiKhineMinn (Akhayar)