[Zawgyi]

အမွားတစ္ခ်က္ေၾကာင့္ ေအာင္ျမင္မႈေတြကုိ ေက်ာခုိင္းခဲ့ရတဲ့ Celebrityမ်ား (၁)

Celebrity တို႔ရဲ႕ ဘဝဆိုတာ ပရိသတ္ေတြနဲ႔ Media ေတြရဲ႕ မ်က္လံုးေဒါက္ေထာက္စံုစမ္းမႈေတြ၊ အရိပ္တၾကည့္ၾကည့္ ေစာင့္ၾကည့္မႈေတြေအာက္မွာ ေနထိုင္ရွင္သန္ရတဲ့ ဘဝပါ။ နည္းပညာေတြတိုးတက္လာတဲ့ ၂၁ရာစုႀကီးမွာေတာ့ တစ္ခ်က္ေလး အမွားလုပ္မိတာနဲ႔ ကိုယ့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းကိုပါ ထိခိုက္တဲ့အထိ သတိမူစရာေတြပိုမိုမ်ားလာပါတယ္။

ဒါေပမယ့္ ဒီနာမည္ႀကီး Celebrity ေတြကေတာ့ အမွားတစ္ခ်က္လုပ္မိခဲ့ရံုနဲ႔တင္ ကိုယ့္ရဲ႕လူသိမ်ားနာမည္ေက်ာ္တဲ့ဘဝကို စြန္႔လႊတ္လိုက္ရတဲ့အထိ ပရိသတ္ေတြဒဏ္ခတ္တာကို ခံခဲ့ရပါတယ္။ သူတို႔ေတြကေတာ့-

(၁) Iggy Azalea

၂၀၁၄ ခုႏွစ္မွာ Fancy ဆိုတဲ့ သီခ်င္းနဲ႔ ဝက္ဝက္ကြဲကမ႓ာေက်ာ္ခဲ့တဲ့ အဆိုေတာ္မေလး Iggy Azalea ကိုမွတ္မိၾကေသးရဲ႕လား? သူမကေတာ့ အရာရာကို ဘုကန္႔လန္႔တိုက္ရံုသာမက Nicki Minaj ၊ Azaelia Bank နဲ႔ Macklemore တို႔လို နာမည္ႀကီးေတြနဲ႔လည္း ရန္စေတြရွိတဲ့သူပါ။

ဒါ့အျပင္ အဆိုးရြားဆံုးကေတာ့ ၂၀၁၄ ခုႏွစ္မွာပဲ စီးကရက္ေတြကို Tax မကပ္ဘဲေရာင္းခ်သူ လူမည္း Eric Garner ကို ရဲေတြကလည္ပင္းကိုဖိခ်ဳပ္ၿပီးဖမ္းခ်ိန္ အသက္ရႈၾကပ္ၿပီး ေသဆံုးသြားတဲ့အေပၚ လူမည္းေတြကိုဖိႏွိပ္ေလွာင္ေျပာင္ခဲ့ရာက လူေတြရဲ႕ ေဝဖန္မႈေတြခံခဲ့ရသူပါ။

၂၀၁၅ မွာေတာ့ သူမဟာ လူမႈကြန္ရက္ႀကီးက အရမ္းအဆိုးျမင္ၿပီး မေကာင္းတာေတြမ်ားလို႔ ခဏစြန္႔ခြာေတာ့မယ္လို႔ဆိုခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ပရိသတ္ေတြကပါ သူမအေပၚခ်စ္ျခင္းကို စြန္႔လႊတ္ခဲ့ပါေတာ့တယ္။

(၂) Ciara

ဂီတေလာကမွာ Beyonce နဲ႔ခပ္ဆင္ဆင္အဆိုေတာ္မေလးတစ္ေယာက္ေပၚခဲ့ေသးတာ မွတ္မိၾကမွာပါ။

Ciara ကေတာ့ ၂၀၀၄ ခုႏွစ္တုန္းက သုူမရဲ႕ သီခ်င္းေလးေတြနဲ႔ နာမည္အတန္အသင့္ရခဲ့သူပါ။ သူမကေတာ့ Queen Bey ဟာ သူမကို အတုခိုးေနတာပါလို႔ ထုတ္ေဖာ္ေျပာခဲ့ၿပီးေနာက္ ဂီတေလာကကေနပါ လြင့္ပါးသြားရသူပါ။

Beyonce ကို ထိပါးတဲ့သူမွန္သမွ် ၾကာၾကာမရပ္တည္ႏိုင္ေလာက္ေအာင္ Queen Bey အရွိန္အဝါႀကီးပံုကေတာ့ အံ့မခန္းပါပဲ။

(၃) Mark Salling

Glee ရုုပ္သံၾကယ္ပြင့္ေဟာင္း Mark Salling ကေတာ့ အႏုပညာေလာကထဲ ျပန္လာဖို႔ ဘယ္ေတာ့မွမျဖစ္ႏိုင္ေတာ့ပါဘူး။

အေၾကာင္းကေတာ့ သူ႕ရဲ႕ေနအိမ္အခန္းထဲက USB Flash Drive နဲ႔ Hard Drive ေတြထဲမွာ အသက္မျပည့္ေသးတဲ့မိန္းကေလးငယ္ငယ္ေလးေတြရဲ႕ ညစ္ညမ္းဓါတ္ပံုေတြ ေထာင္နဲ႔ခ်ီၿပီး စုေဆာင္းထားတာကို ရဲေတြရွာေဖြေတြ႕ရွိခဲ့ၿပီး ဖမ္းဆီးခံခဲ့ရလို႔ပဲျဖစ္ပါတယ္။

အဲ့ေနာက္မွာေတာ့ သူဆက္လက္႐ိုက္ကူးမယ့္ Mini-Series ေတြပါ ႐ိုက္ကူးဖို႔ ဖ်က္ခံခဲ့ရၿပီး ေက်ာင္းေတြ၊ ပန္းျခံေတြ၊ ကစားကြင္းေတြ၊ မိန္းကေလးေတြနဲ႔ ေပ ၁၀၀ အကြာမွာေနဖို႔ အမိန္႔ခ်ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လူထုၾကားထဲမွာပါ မ်က္ႏွာမျပရဲေတာ့ဘဲ ေနာက္ဆံုးမွာေတာ့ ၂၀၁၈ ဇန္နဝါရီလမွာ ႀကိဳးဆြဲခ်ၿပီး အဆံုးစီရင္သြားခဲ့ပါေတာ့တယ္။

သူကေတာ့ အႏုပညာသည္ဘဝကိုသာမက အသက္ကိုပါ အဆံုးရံႈးခံသြားခဲ့သူပါပဲ။

(၄) Brandy

၉၀ ျပည့္ႏွစ္ေတြက R&B နဲ႔ Pop Music ဂီတသီခ်င္းေတြေၾကာင့္ ေက်ာ္ၾကားခဲ့တဲ့ Brandy ဟာ သူ႕ေခတ္သူ႔အခါက လူႀကိဳက္မ်ားခဲ့သူပါ။

သူမရဲ႕ သီခ်င္းေတြက Hit ျဖစ္ခဲ့တဲ့အျပင္ America’s Got Talent 2006 မွာေတာင္ ဒိုင္လူႀကီးအျဖစ္ပါဝင္ခဲ့ရသူပါ။ ဒါေပမယ့္ သူမရဲ႕ဘဝေရာ ဂီတလမ္းေၾကာင္းကိုပါ ေဇာက္ထိုးျဖစ္ေစခဲ့တာကေတာ့ ၂၀၀၇ ခုႏွစ္ ဟိုင္းေဝးလမ္းမေပၚမွာ ျဖည္းျဖည္းေအးေဆးသြားေနတဲ့ ကား၂စီးလံုးကို သူမရဲ႕အရွိန္ျပင္းျပင္းသြားေနတဲ့ကားက ဝင္တိုက္ခဲ့မႈပဲျဖစ္ပါတယ္။

အဲ့ဒီကားတိုက္မႈေၾကာင့္ ကားတစ္စီးထဲက ကေလးမိခင္တစ္ေယာက္ ေသဆံုးခဲ့ၿပီး Brandy လည္း နာမည္ေရာ၊ ေအာင္ျမင္မႈေတြပါက်ဆင္းခဲ့ပါတယ္။ ၂၀၁၄ မွာ သူမရဲ႕ Album တစ္ေခြထြက္ခဲ့ေပမယ့္လည္း လံုးဝအရံႈးေပၚခဲ့ပါေတာ့တယ္။

အဲ့ေနာက္မွာ သူမလည္း ဂီတလမ္းေၾကာင္းေပၚက ေပ်ာက္သြားခဲ့ရေတာ့တာပါပဲ။

(၅) Ashlee Simpson

Ashlee Simpson ကေတာ့ ဘယ္လိုပဲ ႀကိဳးစားႀကိဳးစား အမျဖစ္သူ Jessica Simpsom ရဲ႕ေအာင္ျမင္မႈကို လိုက္မမီခဲ့ပါဘူး။

ဒါေပမယ့္ အႏုပညာေလာကကေန စုန္းစုန္းျမဳပ္ေပ်ာက္သြားေစတဲ့အေႀကာင္းကေတာ့ ၂၀၀၄ ခုႏွစ္တုန္းက Saturaday Night Live မွာ သူမရဲ႕ Single Album သီခ်င္း “Pieces of Me” ကိုဆိုတဲ့ေနရာမွာ သီခ်င္းဆိုၿပီးသြားလို႔ ေနာက္သီခ်င္းတစ္ပုဒ္ေျပာင္းခ်ိန္ “Pieces of Me” သီခ်င္းက ေနာက္ခံသူမရဲ႕အသံနဲ႔ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

အဲ့အခ်ိန္ ပရိသတ္ေတြအားလံုး Lip Sync လို႔ေခၚတဲ့ ႏႈတ္ခမ္းဖ်ားလႈပ္ရံုဟန္ေဆာင္သီဆိုခဲ့တဲ့ သူမကို ရံႈ႕ခ်ခဲ့ၿပီး အဲ့ေနာက္ေတာ့ သူမရဲ႕ Celebrity ဘဝလည္း ေပ်ာက္ကြယ္သြားေတာ့တာပါပဲ။

Celebrity ေတြရဲ႕ အမွားတစ္ခ်က္ေၾကာင့္ ကံဆိုးမိုးေမွာင္က် ဘဝပ်က္မႈေတြကေတာ့အမ်ိဳးမ်ိဳးအဖံုဖံု ဆိုးရြားလြန္းလွပါတယ္။ ဒါကေတာ့ သူတို႔ရဲ႕မွားယြင္းတဲ့အျပဳအမူ အေျပာအဆိုေတြေၾကာင့္ အႏုပညာေလာကက စြန္႔ခြာခဲ့ရတဲ့ Celebrity ၁၀ ဦးထဲက ပထမ ၅ဦးပဲ ရွိပါေသးတယ္။ အပိုင္း (၂) ကို ဆက္လက္ေဖာ္ျပသြားပါဦးမယ္။

EiEiKhineMinn (Akhayar)

[Unicode]

အမှားတစ်ချက်ကြောင့် အောင်မြင်မှုတွေကို ကျောခိုင်းခဲ့ရတဲ့ Celebrityများ (၁)

Celebrity တို့ရဲ့ ဘဝဆိုတာ ပရိသတ်တွေနဲ့ Media တွေရဲ့ မျက်လုံးဒေါက်ထောက်စုံစမ်းမှုတွေ၊ အရိပ်တကြည့်ကြည့် စောင့်ကြည့်မှုတွေအောက်မှာ နေထိုင်ရှင်သန်ရတဲ့ ဘဝပါ။ နည်းပညာတွေတိုးတက်လာတဲ့ ၂၁ရာစုကြီးမှာတော့ တစ်ချက်လေး အမှားလုပ်မိတာနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်တဲ့အထိ သတိမူစရာတွေပိုမိုများလာပါတယ်။

ဒါပေမယ့် ဒီနာမည်ကြီး Celebrity တွေကတော့ အမှားတစ်ချက်လုပ်မိခဲ့ရုံနဲ့တင် ကိုယ့်ရဲ့လူသိများနာမည်ကျော်တဲ့ဘဝကို စွန့်လွှတ်လိုက်ရတဲ့အထိ ပရိသတ်တွေဒဏ်ခတ်တာကို ခံခဲ့ရပါတယ်။ သူတို့တွေကတော့-

(၁) Iggy Azalea

၂၀၁၄ ခုနှစ်မှာ Fancy ဆိုတဲ့ သီချင်းနဲ့ ဝက်ဝက်ကွဲကမ္ဘာကျော်ခဲ့တဲ့ အဆိုတော်မလေး Iggy Azalea ကိုမှတ်မိကြသေးရဲ့လား? သူမကတော့ အရာရာကို ဘုကန့်လန့်တိုက်ရုံသာမက Nicki Minaj ၊ Azaelia Bank နဲ့ Macklemore တို့လို နာမည်ကြီးတွေနဲ့လည်း ရန်စတွေရှိတဲ့သူပါ။

ဒါ့အပြင် အဆိုးရွားဆုံးကတော့ ၂၀၁၄ ခုနှစ်မှာပဲ စီးကရက်တွေကို Tax မကပ်ဘဲရောင်းချသူ လူမည်း Eric Garner ကို ရဲတွေကလည်ပင်းကိုဖိချုပ်ပြီးဖမ်းချိန် အသက်ရှုကြပ်ပြီး သေဆုံးသွားတဲ့အပေါ် လူမည်းတွေကိုဖိနှိပ်လှောင်ပြောင်ခဲ့ရာက လူတွေရဲ့ ဝေဖန်မှုတွေခံခဲ့ရသူပါ။

၂၀၁၅ မှာတော့ သူမဟာ လူမှုကွန်ရက်ကြီးက အရမ်းအဆိုးမြင်ပြီး မကောင်းတာတွေများလို့ ခဏစွန့်ခွာတော့မယ်လို့ဆိုခဲ့ပါတယ်။ အဲ့နောက်မှာတော့ ပရိသတ်တွေကပါ သူမအပေါ်ချစ်ခြင်းကို စွန့်လွှတ်ခဲ့ပါတော့တယ်။

(၂) Ciara

ဂီတလောကမှာ Beyonce နဲ့ခပ်ဆင်ဆင်အဆိုတော်မလေးတစ်ယောက်ပေါ်ခဲ့သေးတာ မှတ်မိကြမှာပါ။

Ciara ကတော့ ၂၀၀၄ ခုနှစ်တုန်းက သုူမရဲ့ သီချင်းလေးတွေနဲ့ နာမည်အတန်အသင့်ရခဲ့သူပါ။ သူမကတော့ Queen Bey ဟာ သူမကို အတုခိုးနေတာပါလို့ ထုတ်ဖော်ပြောခဲ့ပြီးနောက် ဂီတလောကကနေပါ လွင့်ပါးသွားရသူပါ။

Beyonce ကို ထိပါးတဲ့သူမှန်သမျှ ကြာကြာမရပ်တည်နိုင်လောက်အောင် Queen Bey အရှိန်အဝါကြီးပုံကတော့ အံ့မခန်းပါပဲ။

(၃) Mark Salling

Glee ရုပ်သံကြယ်ပွင့်ဟောင်း Mark Salling ကတော့ အနုပညာလောကထဲ ပြန်လာဖို့ ဘယ်တော့မှမဖြစ်နိုင်တော့ပါဘူး။

အကြောင်းကတော့ သူ့ရဲ့နေအိမ်အခန်းထဲက USB Flash Drive နဲ့ Hard Drive တွေထဲမှာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ငယ်လေးတွေရဲ့ ညစ်ညမ်းဓါတ်ပုံတွေ ထောင်နဲ့ချီပြီး စုဆောင်းထားတာကို ရဲတွေရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရလို့ပဲဖြစ်ပါတယ်။

အဲ့နောက်မှာတော့ သူဆက်လက်ရိုက်ကူးမယ့် Mini-Series တွေပါ ရိုက်ကူးဖို့ ဖျက်ခံခဲ့ရပြီး ကျောင်းတွေ၊ ပန်းခြံတွေ၊ ကစားကွင်းတွေ၊ မိန်းကလေးတွေနဲ့ ပေ ၁၀၀ အကွာမှာနေဖို့ အမိန့်ချခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ လူထုကြားထဲမှာပါ မျက်နှာမပြရဲတော့ဘဲ နောက်ဆုံးမှာတော့ ၂၀၁၈ ဇန်နဝါရီလမှာ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့ပါတော့တယ်။

သူကတော့ အနုပညာသည်ဘဝကိုသာမက အသက်ကိုပါ အဆုံးရှုံးခံသွားခဲ့သူပါပဲ။

(၄) Brandy

၉၀ ပြည့်နှစ်တွေက R&B နဲ့ Pop Music ဂီတသီချင်းတွေကြောင့် ကျော်ကြားခဲ့တဲ့ Brandy ဟာ သူ့ခေတ်သူ့အခါက လူကြိုက်များခဲ့သူပါ။

သူမရဲ့ သီချင်းတွေက Hit ဖြစ်ခဲ့တဲ့အပြင် America’s Got Talent 2006 မှာတောင် ဒိုင်လူကြီးအဖြစ်ပါဝင်ခဲ့ရသူပါ။ ဒါပေမယ့် သူမရဲ့ဘဝရော ဂီတလမ်းကြောင်းကိုပါ ဇောက်ထိုးဖြစ်စေခဲ့တာကတော့ ၂၀၀၇ ခုနှစ် ဟိုင်းဝေးလမ်းမပေါ်မှာ ဖြည်းဖြည်းအေးဆေးသွားနေတဲ့ ကား၂စီးလုံးကို သူမရဲ့အရှိန်ပြင်းပြင်းသွားနေတဲ့ကားက ဝင်တိုက်ခဲ့မှုပဲဖြစ်ပါတယ်။

အဲ့ဒီကားတိုက်မှုကြောင့် ကားတစ်စီးထဲက ကလေးမိခင်တစ်ယောက် သေဆုံးခဲ့ပြီး Brandy လည်း နာမည်ရော၊ အောင်မြင်မှုတွေပါကျဆင်းခဲ့ပါတယ်။ ၂၀၁၄ မှာ သူမရဲ့ Album တစ်ခွေထွက်ခဲ့ပေမယ့်လည်း လုံးဝအရှုံးပေါ်ခဲ့ပါတော့တယ်။

အဲ့နောက်မှာ သူမလည်း ဂီတလမ်းကြောင်းပေါ်က ပျောက်သွားခဲ့ရတော့တာပါပဲ။

(၅) Ashlee Simpson

Ashlee Simpson ကတော့ ဘယ်လိုပဲ ကြိုးစားကြိုးစား အမဖြစ်သူ Jessica Simpsom ရဲ့အောင်မြင်မှုကို လိုက်မမီခဲ့ပါဘူး။

ဒါပေမယ့် အနုပညာလောကကနေ စုန်းစုန်းမြုပ်ပျောက်သွားစေတဲ့အကြောင်းကတော့ ၂၀၀၄ ခုနှစ်တုန်းက Saturaday Night Live မှာ သူမရဲ့ Single Album သီချင်း “Pieces of Me” ကိုဆိုတဲ့နေရာမှာ သီချင်းဆိုပြီးသွားလို့ နောက်သီချင်းတစ်ပုဒ်ပြောင်းချိန် “Pieces of Me” သီချင်းက နောက်ခံသူမရဲ့အသံနဲ့ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

အဲ့အချိန် ပရိသတ်တွေအားလုံး Lip Sync လို့ခေါ်တဲ့ နှုတ်ခမ်းဖျားလှုပ်ရုံဟန်ဆောင်သီဆိုခဲ့တဲ့ သူမကို ရှုံ့ချခဲ့ပြီး အဲ့နောက်တော့ သူမရဲ့ Celebrity ဘဝလည်း ပျောက်ကွယ်သွားတော့တာပါပဲ။

Celebrity တွေရဲ့ အမှားတစ်ချက်ကြောင့် ကံဆိုးမိုးမှောင်ကျ ဘဝပျက်မှုတွေကတော့အမျိုးမျိုးအဖုံဖုံ ဆိုးရွားလွန်းလှပါတယ်။ ဒါကတော့ သူတို့ရဲ့မှားယွင်းတဲ့အပြုအမူ အပြောအဆိုတွေကြောင့် အနုပညာလောကက စွန့်ခွာခဲ့ရတဲ့ Celebrity ၁၀ ဦးထဲက ပထမ ၅ဦးပဲ ရှိပါသေးတယ်။ အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါဦးမယ်။

EiEiKhineMinn (Akhayar)