[ZawGyi]



HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

(၁) Ashton Kutcher နဲ့ January Jones






Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၃) Matthew Morrison နဲ့ Kristen Bell













[Unicode]

မင်းသားမင်းသမီးမဖြစ်ခင်တည်းက တွဲခဲ့ဖူးကြတဲ့ နာမည်ကျော်များ

တွဲလိုက်၊ ပြတ်လိုက် အကွဲကွဲအပြဲပြဲဖြစ်နေကြတဲ့ Hollywood ရုပ်ရှင်လောကကြီးမှာ တချို့ နာမည်ကြီးတွေကတော့ သူတို့တချိန် နာမည်ကြီးလာမယ်မှန်း မသိသေးခင်တည်းက တွဲခဲ့ကြတဲ့သူတွေရှိပါသတဲ့။ တချိန် ၂ယောက်လုံး နာမည်ကြီးလာမယ်ဆိုတာ မသိဘဲ ငယ်တုန်းရွယ်တုန်း စုံတွဲခုတ်ခဲ့ကြတဲ့သူတို့တွေကတော့-

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

(၁) Ashton Kutcher နဲ့ January Jones

Mad man ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ နာမည်မကြီးခင်တည်းက January Jones ဟာ တက်သစ်စ သရုပ်ဆောင်လေး Ashton Kutcher နဲ့ ဒိတ်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် Jones ပြောပြချက်အရတော့ သူဟာ သူမရဲ့ အနုပညာအလုပ်တွေကို ထောက်ပံ့ပေးတဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူးတဲ့။ ဒါ့ကြောင့်ပဲ လက်တွဲဖြုတ်ခဲ့ကြတယ်ထင်ပါ့။

Ashton Kutcher နဲ့ January Jones

(၂) David Gallagher နဲ့ Megan Fox

Megan Fox အနေနဲ့ Brian Austin Green နဲ့ လက်မထပ်ခင် ၂၀၀၃-၂၀၀၄ ခုနှစ်များဆီက နာမည်ကြီးခဲ့တဲ့ 7th Heaven သရုပ်ဆောင် David Gallagher နဲ့ ဒိတ်ခဲ့ပါသေးတယ်တဲ့။

David Gallagher နဲ့ Megan Fox

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၃) Matthew Morrison နဲ့ Kristen Bell

Bell ကတော့ ၂၀၁၀ မှ US Weekly Magazine ကို ဖွင့်ဟခဲ့တာက သူမ ငယ်စဉ် New York တက္ကသိုလ်တက်တုန်းက Glee ရဲ့ ငွေကြယ်ပွင့်ဖြစ်လာမယ့် Matthew Morrison နဲ့ တွဲခဲ့ကြပါတယ်တဲ့။ သူမတို့ တွဲခဲ့တာ အကျဉ်းရုံးပဲဆိုပေမယ့် Matthew ပါဝင်တဲ့အပိုင်းတိုင်းကတော့ Glee ဇာတ်ကားရဲ့ အကြိုက်ဆုံး အပိုင်းတွေပါပဲလို့ ပြောခဲ့ပါတယ်။

Matthew Morrison နဲ့ Kristen Bell

(၃) Justin Timberlake နဲ့ Fergie

Justin အနေနဲ့ Fergie ကို စတွဲခဲ့ချိန်က သူမဟာ Blacked Eyed Peas ကို ဝင်တော့မယ့်အချိန်ပဲရှိပါသေးတယ်။ Justin အသက် ၁၆ နှစ် အရွယ် Fergie 23 နှစ်အရွယ်မှာ တွဲခဲ့ကြတာပါ။ Justin နဲ့ Britney အတည်မတွဲခင်အချိန်တော်တော်ကြာထိ သူတို့ ၂ဦး တွဲခဲ့ကြတာပါတဲ့။

Justin Timberlake နဲ့ Fergie

(၄) Rashida Jones နဲ့ Tobey Maguire

သူတို့ကတော့ Tobey တစ်ယောက် Spider Man ရုပ်ရှင်တွေထဲမှာ မပါသေးခင် မအောင်မြင်တည်းကတကယ် အဟုတ်တွဲခဲ့ကြတာပါ။

Rashida Jones နဲ့ Tobey Maguire

(၅) Ryan Reynolds နဲ့ Melissa Joan Hart

Ryan Reynolds ကတော့ Scarlett Johansson နဲ့ရော Blake Lively နဲ့ပါမပေါင်းဖက်ခင်က Melissa နဲ့ တွဲခဲ့ကြပါသေးတယ်။ Melissa အသက် ၁၉ နှစ် Ryan အသက် ၁၇ နှစ်မှာ တွဲခဲ့ကြတာပါ။

ဒီ နာမည်ကြီးတွေကတော့ တူတူတွဲခဲ့ကြတယ်ဆိုတာ မထင်ရက်စရာပါပဲ။ ဘယ်လိုပဲ ဘယ်လောက်ကြာကြာ တွဲခဲ့၊ ချစ်ခဲ့ကြပေမယ့် စိတ်သဘောထားချင်းမတိုက်ဆိုင်တာနဲ့ အေးအေးဆေးဆေး ပြတ်သားနိုင်ကြတဲ့ ဟောလိဝုဒ်က အချစ်ဇာတ်လမ်းတွေကတော့ ရှာမှရှားပါပဲ။

EiEiKhineMinn ( Akhayar )