[Zawgyi]

Plastic Surgery လုပ္ၿပီး အရမ္းကိုလွေနတဲ့ ဆယ္လီမမမ်ား

အာရွဆယ္လီေတြကပဲ Plastic Surgery ကို တန္းတန္းစြဲျဖစ္ေနၾကတာ မဟုတ္ပါဘူး။ ဥေရာပမွာလည္း ဆယ္လီေတြက ကိုယ္ခႏၶာအစိတ္အပိုင္းေတြကုိ လွသထက္လွေအာင္ Plastic Surgery လုပ္ၾကတာပါပဲ။ အလွအပကို လူတိုင္းႀကိဳက္တာပဲေလေနာ္။ အမ်ိဳးသမီးေတြအေနနဲ႔ဆိုရင္လည္း ပိုၿပီးလွလာေလေလ ပိုၿပီး ယံုၾကည္မႈရွိၿပီး ေအာင္ျမင္ေလေလပါပဲ။ ဒီေတာ့ ဆယ္လီေတြထဲမွာ Plastic Surgery လုပ္ၿပီး တစ္ေန႔တျခား ပိုပိုလွလာတဲ့ဆယ္လီေလးေတြ ဘယ္သူေတြရွိလဲ။

Cardi B

Rapper ေတြၾကားမွာ လူႀကိဳက္မ်ားတဲ့ Cardi B ဟာဆိုရင္လည္း Plastic Surgery လုပ္ထားသူတစ္ေယာက္ပါ။ သူမရဲ႕ သီခ်င္းေတြထဲမွာ ဒီလိုအလွအပေျပာင္းလဲမႈေတြအေၾကာင္း ထည့္ဆိုေလ့ရွိသလို အင္တာဗ်ဴးေတြမွာဆိုရင္လည္း ပြင့္ပြင့္လင္းလင္းေျပာျပေလ့ရွိပါတယ္။ သူမဟာ ရင္သား၊ တင္ပါးနဲ႔ သြားေတြကို ျပဳျပင္ထားပါတယ္။

Cardi B

Cardi B

Britney Spears

Britney Spears ကေတာ့ ႏႈတ္ခမ္းေလးေတြကို ျပဳျပင္ခဲ့ဖူးပါတယ္။ သူမရဲ႕ ႏႈတ္ခမ္းတစ္စံုဟာ အရင္ကထက္ ေတာ္ေတာ္ႀကီးကို လွသြားတာေတြ႕ရမွာပါ။ ဒီလို Plastic Surgery လုပ္ခဲ့ျခင္းနဲ႔ပတ္သက္လို႔ သူမကိုယ္တိုင္က ႏႈတ္ခမ္းျပဳျပင္တာနဲ႔ တျခားျပဳျပင္စရာရွိတာနည္းနည္းကို သူ ခြဲစိတ္ျပဳျပင္ခဲ့တယ္လို႔ ေျပာပါတယ္။

Britney Spears

Britney Spears

Iggy Azalea

သူမကေတာ့ ပထမဆံုးရင္သားျပဳျပင္ခဲ့ၿပီး ဒါဟာလည္း ဖံုးကြယ္ထားစရာမဟုတ္ပဲ သူမရဲ႕ အလွအပအတြက္ ဂုဏ္ယူစရာတစ္ခုလို႔ ဖြင့္ဟခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ ႏွာေခါင္းပါ ထပ္ျပင္ခဲ့ပါေတာ့တယ္။ အခုဆိုရင္ သူမဟာ သူမနဲ႔ လိုက္ဖက္တဲ့ မ်က္ႏွာအစိတ္အပိုင္းေလးေတြနဲ႔ အရမ္းလွေနပါၿပီေနာ္။

Iggy Azalea

Iggy Azalea

Tyra Banks

America’s Next Top Model ရဲ႕ Host တစ္ေယာက္ျဖစ္တဲ့ Tyra Banks ကေတာ့ ႏွာေခါင္းျပဳျပင္ခဲ့ၿပီး သူမဟာ သဘာ၀အလွတရားဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္အေပၚ မတရားဘူးဆိုၿပီး ဖြင့္ဟခဲ့ပါတယ္။ အခုေတာ့ ႏွာေခါင္းလွလွေလးနဲ႔ သူမ ေက်နပ္ေနပါၿပီေနာ္။

Tyra Banks

Tyra Banks

Ariel Winter

သူမကေတာ့ အသက္ (၁၇)ႏွစ္ကတည္းက ရင္သားျပဳျပင္ခဲ့သူပါ။ ေတာ္ေတာ္ေတာ့ ငယ္ေသးပါတယ္။ သူမကေတာ့ တျခားလူနဲ႔ မတူပါဘူးေနာ္။ အနည္းငယ္ ႀကီးထြားေနတဲ့သူမရဲ႕ ရင္သားေတြကို အနည္းငယ္ ေသးခဲ့ပါတယ္။ အဲဒီတုန္းက ခံစားခ်က္က ရွင္းျပလို႔ေတာင္ မရဘူးတဲ့။ သူမရဲ႕ Plastic Surgery အေပၚ သူမအရမ္းေက်နပ္ခဲ့ပံုပါပဲ။

Ariel Winter

Ariel Winter

Plastic Surgery လုပ္တာက တကယ္ကို ေျပာင္းလဲေစတာေနာ္။ လူတစ္ေယာက္ကို ရုပ္ပိုင္းဆိုင္ရာတင္ မကဘူး။ စိတ္ပိုင္းဆိုင္ရာပါ ေျပာင္းလဲေစတာပါ။ ပိုၿပီး လွပလာတာနဲ႔အမွ် ပိုၿပီး ယံုၾကည္မႈရွိလာေစပါတယ္။ လူတိုင္းကေတာ့ လွခ်င္ၾကတာပဲေလ။ နဂိုရရွိလာတဲ့သဘာ၀တရားကို သေဘာမက်ဘူးဆိုရင္ေတာင္ ကိုယ္ပုိင္ကိုယ္ခႏၶာကို ကိုယ့္စိတ္တိုင္းက် ေျပာင္းလဲပံုေဖာ္လို႔ရပါတယ္ေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

Plastic Surgery လုပ်ပြီး အရမ်းကိုလှနေတဲ့ ဆယ်လီမမများ

အာရှဆယ်လီတွေကပဲ Plastic Surgery ကို တန်းတန်းစွဲဖြစ်နေကြတာ မဟုတ်ပါဘူး။ ဥရောပမှာလည်း ဆယ်လီတွေက ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လှသထက်လှအောင် Plastic Surgery လုပ်ကြတာပါပဲ။ အလှအပကို လူတိုင်းကြိုက်တာပဲလေနော်။ အမျိုးသမီးတွေအနေနဲ့ဆိုရင်လည်း ပိုပြီးလှလာလေလေ ပိုပြီး ယုံကြည်မှုရှိပြီး ပိုပြီး အောင်မြင်လေလေပါပဲ။ ဒီတော့ ဆယ်လီတွေထဲမှာ Plastic Surgery လုပ်ပြီး တစ်နေ့တခြား ပိုပိုလှလာတဲ့ဆယ်လီလေးတွေ ဘယ်သူတွေရှိလဲ။

Cardi B

Rapper တွေကြားမှာ လူကြိုက်များတဲ့ Cardi B ဟာဆိုရင်လည်း Plastic Surgery လုပ်ထားသူတစ်ယောက်ပါ။ သူမရဲ့ သီချင်းတွေထဲမှာ ဒီလိုအလှအပပြောင်းလဲမှုတွေအကြောင်း ထည့်ဆိုလေ့ရှိသလို အင်တာဗျူးတွေမှာဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိပါတယ်။ သူမဟာ ရင်သား၊ တင်နဲ့ သွားတွေကို ပြုပြင်ထားပါတယ်။

Cardi B

Cardi B

Britney Spears

Britney Spears ကတော့ နှုတ်ခမ်းလေးတွေကို ပြုပြင်ခဲ့ဖူးပါတယ်။ သူမရဲ့ နှုတ်ခမ်းတစ်စုံဟာ အရင်ကထက် တော်တော်ကြီးကို လှသွားတာတွေ့ရမှာပါ။ ဒီလို Plastic Surgery လုပ်ခဲ့ခြင်းနဲ့ပတ်သက်လို့ သူမကိုယ်တိုင်က နှုတ်ခမ်းပြုပြင်တာနဲ့ တခြားပြုပြင်စရာရှိတာနည်းနည်းကို သူ ခွဲစိတ်ပြုပြင်ခဲ့တယ်လို့ ပြောပါတယ်။

Britney Spears

Britney Spears

Iggy Azalea

သူမကတော့ ပထမဆုံးရင်သားပြုပြင်ခဲ့ပြီး ဒါဟာလည်း ဖုံးကွယ်ထားစရာမဟုတ်ပဲ သူမရဲ့ အလှအပအတွက် ဂုဏ်ယူစရာတစ်ခုလို့ ဖွင့်ဟခဲ့ပါတယ်။ နောက်ပြီးတော့ နှာခေါင်းပါ ထပ်ပြင်ခဲ့ပါတော့တယ်။ အခုဆိုရင် သူမဟာ သူမနဲ့ လိုက်ဖက်တဲ့ မျက်နှာအစိတ်အပိုင်းလေးတွေနဲ့ အရမ်းလှနေပါပြီနော်။

Iggy Azalea

Iggy Azalea

Tyra Banks

America’s Next Top Model ရဲ့ Host တစ်ယောက်ဖြစ်တဲ့ Tyra Banks ကတော့ နှာခေါင်းပြုပြင်ခဲ့ပြီး သူမဟာ သဘာဝအလှတရားဆိုတာ တစ်ယောက်နဲ့ တစ်ယောက်အပေါ် မတရားဘူးဆိုပြီး ဖွင့်ဟခဲ့ပါတယ်။ အခုတော့ နှာခေါင်းလှလှလေးနဲ့ သူမ ကျေနပ်နေပါပြီနော်။

Tyra Banks

Tyra Banks

Ariel Winter

သူမကတော့ အသက် (၁၇)နှစ်ကတည်းက ရင်သားပြုပြင်ခဲ့သူပါ။ တော်တော်တော့ ငယ်သေးပါတယ်။ သူမကတော့ တခြားလူနဲ့ မတူပါဘူးနော်။ အနည်းငယ် ကြီးထွားနေတဲ့သူမရဲ့ ရင်သားတွေကို အနည်းငယ် သေးခဲ့ပါတယ်။ အဲဒီတုန်းက ခံစားချက်က ရှင်းပြလို့တောင် မရဘူးတဲ့။ သူမရဲ့ Plastic Surgery အပေါ် သူမအရမ်းကျေနပ်ခဲ့ပုံပါပဲ။

Ariel Winter

Ariel Winter

Plastic Surgery လုပ်တာက တကယ်ကို ပြောင်းလဲစေတာနော်။ လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာတင် မကဘူး။ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲစေတာပါ။ ပိုပြီး လှပလာတာနဲ့အမျှ ပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။ လူတိုင်းကတော့ လှချင်ကြတာပဲလေ။ နဂိုရရှိလာတဲ့သဘာဝတရားကို သဘောမကျဘူးဆိုရင်တောင် ကိုယ်ပိုင်ကိုယ်ခန္ဓာကို ကိုယ့်စိတ်တိုင်းကျ ပြောင်းလဲပုံဖော်လို့ရပါတယ်နော်။

Moethaesay (Akhayar)

www.akhayar.com