[Zawgyi]

တြဲျပီး သိပ္မၾကာခင္မွာ အလ်င္အျမန္ေစ့စပ္လိုက္ၾကတဲ့ နာမည္ေက်ာ္ၾကားလူသိမ်ားသူမ်ား

အခ်ိန္နဲ႔ ဒီေရသည္ လူကို မေစာင့္တို႔၊ လသာတုန္း ဗိုင္းငင္စတဲ့ စကားပံုေတြကို ဒီဆယ္လီေတြကေတာ့ အတိအက်လိုက္နာသူေတြပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္စတြဲၾကည့္လို႔ အခ်ိန္သိပ္မၾကာခင္မွာဘဲ အခ်ိန္ေတြ မျဖဳန္းဘဲ ေစ့စပ္လက္စြပ္ေပးျပီး စရံသတ္ထားသူေတြပါ။ ပံုမွန္ဆိုရင္ေတာ့ အေနာက္ႏုိင္ငံေတြမွာ ေစ့စပ္ဖို႔ ၊ လက္ထပ္ဖို႔ဆုိတာ အၾကာၾကီး တြဲၾကည့္ျပီးမွ အေကာင္အထည္ေဖာ္ၾကေပမယ့္ သူတို႔ကေတာ့ ဘာလို႔ ခ်က္ခ်င္းၾကီး စီစဥ္ပစ္လိုက္ၾကတာလဲ။

Justin Bieber နဲ႔ Hailey Baldwin

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

သူတို႔ႏွစ္ေယာက္ကေတာ့ ျပန္ေတြ႔၊ ျပန္တြဲျပီး တစ္လေလာက္အၾကာမွာ ဘဟားမားႏုိင္ငံမွာ ဇူလိုင္လ ၇ ရက္က ေစ့စပ္ခဲ့ၾကတဲ့အတြက္ အေတာ္ကို ေျချမန္လက္ျမန္ရွိတဲ့ စံုတြဲလို႔ ေျပာရမွာပါ။

Ariana Grande နဲ႔ Pete Davidson

Ariana Grande and Pete Davidson

Ariana Grande and Pete Davidson

သူတို႔ႏွစ္ေယာက္ဟာလည္း စတြဲျပီး သိပ္မၾကာခင္ တစ္လေလာက္မွာပဲ ေစ့စပ္လိုက္ၾကပါတယ္။ သူတို႔ဟာလည္း ဆံုးျဖတ္ခ်က္ျမန္လြန္းတဲ့အတြဲလို႔ ဆုိႏုိင္ပါတယ္။

Kaley Cuoco နဲ႔ Ryan Sweeting

Kaley Cuoco နဲ႔ Ryan Sweeting

Kaley Cuoco နဲ႔ Ryan Sweeting

The Big Bang Theory တီဗြီစီးရီးရဲ႕ မင္းသမီး Kaley Cuoco ကေတာ့ သူ႔ ခင္ပြန္းသည္ေဟာင္း Ryan Sweeting နဲ႔ နွစ္ေယာက္လက္တြဲျပီး ၃ လအၾကာမွာတင္ ေစ့စပ္ခဲ့ၾကတာျဖစ္ပါတယ္။ အတြင္းသတင္းေတြအဆိုအရေတာ့ တြဲတာ ၃ လပဲ ရွိေသးေပမယ့္ Ryan ဟာ လက္ထပ္ရမယ့္သူပဲလို႔ Kaley Cuoco က သိခဲ့တယ္လို႔ ဆုိပါတယ္။

Scarlett Johansson နဲ႔ Romain Dauriac

Scarlett Johansson and Romain Dauriac

Scarlett Johansson and Romain Dauriac

မင္းသမီး Scarlett Johansson နဲ႔ သူ႔ရဲ႕ ခင္ပြန္းေဟာင္း Romain Dauriac ကေတာ့ ေတြ႔ဆံုဒိတ္လုပ္ျပီး ၁၀လအၾကာမွာတင္ ေစ့စပ္ခဲ့ၾကပါတယ္။

Kim Kardashian နဲ႔ Kris Humphries

Kim Kardashian and Kris Humphries

Kim Kardashian and Kris Humphries

မမၾကီး Kim Kardashian ကေတာ့ သူ႔ရဲ႕ခင္ပြန္းေဟာင္း Kris Humphries ကို စတင္ေတြ႔ လက္တြဲျပီး ၆လအၾကာ ၂၀၁၁ ခုႏွစ္ေမလမွာ ေစ့စပ္တာကို အတည္ျပဳခဲ့ၾကပါတယ္။ သူတို႔ဟာ ၾသဂုတ္လ ၂၀ ရက္ေန႔မွာ မဂၤလာေဆာင္ႏွင္းခဲ့ၾကျပီး ထူးျခားမႈေနာက္တစ္ခုအေနနဲ႔ မဂၤလာေဆာင္ျပီး ၇၂ ရက္အၾကာမွာပဲ Kardashian ဘက္က ကြာရွင္းဖို႔ တရားရံုးကို ဦးတိုက္ေလွ်ာက္ထားမႈလုပ္ခဲ့တာပါပဲ။

Britney Spears နဲ႔ Kevin Federline

Britney Spears and Kevin Federline

Britney Spears and Kevin Federline

ေပါ့ပ္ဘုရင္မၾကီး Britney Spears နဲ႔ အကသမား Kevin Federline ကေတာ့တြဲျပီး ၃ လအၾကာမွာတင္ ျမန္ျမန္ဆန္ဆန္ပဲ ေစ့စပ္ခဲ့ပါတယ္။  သူတို႔ဟာ ဇြန္လ ၂၀၀၄ မွာ ေစ့စပ္ခဲ့ျပီး လက္ထပ္မဂၤလာပြဲကို ၂၀၀၄ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္ေန႔မွာ ျပဳလုပ္ခဲ့ပါတယ္။

Megan Fox နဲ႔ Brian Austin Green

Megan Fox and Brian Austin Green

Megan Fox and Brian Austin Green

အေမရိကန္မင္းသား Brian Austin Green ကေတာ့ ညိႈ႔မင္းသမီး Megan Fox ကို စတြဲျပီး ၂၃ ရက္အတြင္းမွာကို ေစ့စပ္မႈျပဳလုပ္ခဲ့တာပါ။

ကဲ ဒီလို လက္သြက္ေျခသြက္ဆယ္လီစံုတြဲေလးေတြ ျမန္မာျပည္မွာ ရွိရင္လည္း Comment ေပးခဲ့ပါဦးဗ်ာ။

Yoe Lu (Akhayar)

www.akhayar.com

Ref : USmagazine.com
[Unicode]

တွဲပြီး သိပ်မကြာခင်မှာ အလျင်အမြန်စေ့စပ်လိုက်ကြတဲ့ နာမည်ကျော်ကြားလူသိများသူများ

အချိန်နဲ့ ဒီရေသည် လူကို မစောင့်တို့၊ လသာတုန်း ဗိုင်းငင်စတဲ့ စကားပုံတွေကို ဒီဆယ်လီတွေကတော့ အတိအကျလိုက်နာသူတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်စတွဲကြည့်လို့ အချိန်သိပ်မကြာခင်မှာဘဲ အချိန်တွေ မဖြုန်းဘဲ စေ့စပ်လက်စွပ်ပေးပြီး စရံသတ်ထားသူတွေပါ။ ပုံမှန်ဆိုရင်တော့ အနောက်နိုင်ငံတွေမှာ စေ့စပ်ဖို့ ၊ လက်ထပ်ဖို့ဆိုတာ အကြာကြီး တွဲကြည့်ပြီးမှ အကောင်အထည်ဖော်ကြပေမယ့် သူတို့ကတော့ ဘာလို့ ချက်ချင်းကြီး စီစဉ်ပစ်လိုက်ကြတာလဲ။

Justin Bieber နဲ့ Hailey Baldwin

Justin Bieber and Hailey Baldwin

Justin Bieber and Hailey Baldwin

သူတို့နှစ်ယောက်ကတော့ ပြန်တွေ့၊ ပြန်တွဲပြီး တစ်လလောက်အကြာမှာ ဘဟားမားနိုင်ငံမှာ ဇူလိုင်လ ၇ ရက်က စေ့စပ်ခဲ့ကြတဲ့အတွက် အတော်ကို ခြေမြန်လက်မြန်ရှိတဲ့ စုံတွဲလို့ ပြောရမှာပါ။

Ariana Grande နဲ့ Pete Davidson

Ariana Grande and Pete Davidson

Ariana Grande and Pete Davidson

သူတို့နှစ်ယောက်ဟာလည်း စတွဲပြီး သိပ်မကြာခင် တစ်လလောက်မှာပဲ စေ့စပ်လိုက်ကြပါတယ်။ သူတို့ဟာလည်း ဆုံးဖြတ်ချက်မြန်လွန်းတဲ့အတွဲလို့ ဆိုနိုင်ပါတယ်။

Kaley Cuoco နဲ့ Ryan Sweeting

Kaley Cuoco နဲ့ Ryan Sweeting

Kaley Cuoco နဲ့ Ryan Sweeting

The Big Bang Theory တီဗွီစီးရီးရဲ့ မင်းသမီး Kaley Cuoco ကတော့ သူ့ ခင်ပွန်းသည်ဟောင်း Ryan Sweeting နဲ့ နှစ်ယောက်လက်တွဲပြီး ၃ လအကြာမှာတင် စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ အတွင်းသတင်းတွေအဆိုအရတော့ တွဲတာ ၃ လပဲ ရှိသေးပေမယ့် Ryan ဟာ လက်ထပ်ရမယ့်သူပဲလို့ Kaley Cuoco က သိခဲ့တယ်လို့ ဆိုပါတယ်။

Scarlett Johansson နဲ့ Romain Dauriac

Scarlett Johansson and Romain Dauriac

Scarlett Johansson and Romain Dauriac

မင်းသမီး Scarlett Johansson နဲ့ သူ့ရဲ့ ခင်ပွန်းဟောင်း Romain Dauriac ကတော့ တွေ့ဆုံဒိတ်လုပ်ပြီး ၁၀လအကြာမှာတင် စေ့စပ်ခဲ့ကြပါတယ်။

Kim Kardashian နဲ့ Kris Humphries

Kim Kardashian and Kris Humphries

Kim Kardashian and Kris Humphries

မမကြီး Kim Kardashian ကတော့ သူ့ရဲ့ခင်ပွန်းဟောင်း Kris Humphries ကို စတင်တွေ့ လက်တွဲပြီး ၆လအကြာ ၂၀၁၁ ခုနှစ်မေလမှာ စေ့စပ်တာကို အတည်ပြုခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ်လ ၂၀ ရက်နေ့မှာ မင်္ဂလာဆောင်နှင်းခဲ့ကြပြီး ထူးခြားမှုနောက်တစ်ခုအနေနဲ့ မင်္ဂလာဆောင်ပြီး ၇၂ ရက်အကြာမှာပဲ Kardashian ဘက်က ကွာရှင်းဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားမှုလုပ်ခဲ့တာပါပဲ။

Britney Spears နဲ့ Kevin Federline

Britney Spears and Kevin Federline

Britney Spears and Kevin Federline

ပေါ့ပ်ဘုရင်မကြီး Britney Spears နဲ့ အကသမား Kevin Federline ကတော့တွဲပြီး ၃ လအကြာမှာတင် မြန်မြန်ဆန်ဆန်ပဲ စေ့စပ်ခဲ့ပါတယ်။  သူတို့ဟာ ဇွန်လ ၂၀၀၄ မှာ စေ့စပ်ခဲ့ပြီး လက်ထပ်မင်္ဂလာပွဲကို ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

Megan Fox နဲ့ Brian Austin Green

Megan Fox and Brian Austin Green

Megan Fox and Brian Austin Green

အမေရိကန်မင်းသား Brian Austin Green ကတော့ ညှို့မင်းသမီး Megan Fox ကို စတွဲပြီး ၂၃ ရက်အတွင်းမှာကို စေ့စပ်မှုပြုလုပ်ခဲ့တာပါ။

ကဲ ဒီလို လက်သွက်ခြေသွက်ဆယ်လီစုံတွဲလေးတွေ မြန်မာပြည်မှာ ရှိရင်လည်း Comment ပေးခဲ့ပါဦးဗျာ။

Yoe Lu (Akhayar)

www.akhayar.com

Ref : USmagazine.com