[Zawgyi]
Phyo Thiri Htun
Screenshot အရတော့ အကောင့်ဟက်သူတွေဟာ ဒီပိုက်ဆံကို ပရဟိတနေရာတွေမှာ ပြန်လှူမယ်လို့ ဆိုထားတာ တွေ့ရပြီး Post တင်သူ ဆုမြတ်ခိုင်ကတော့ Facebook Account ပါသွားရင်လည်း အဲဒီလို ပိုက်ဆံပေးပြီး ပြန်မရွေးကြဖို့နဲ့ အကောင့်အသစ်ဖွင့်ဖို့ပဲ တိုက်တွန်းထားပါတယ်။
www.akhayar.com
[Unicode]
အနုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တချို့ရဲ့ အကောင့်တွေကို ဟက်ပြီး ငွေညှစ်ခံနေရတယ်ဆိုပဲ
Online လောကမှာ နာမည်ကြီးတဲ့ ဆုမြတ်ခိုင်ရဲ့ အကောင့်အသစ်ကနေ အနုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တချို့ရဲ့ အကောင့်တွေ ဟက်ခံရပြီး ငွေညစ်ခံနေရတယ်လို့ Post တင်ထားခဲ့ပါတယ်။ ဒီထဲမှာ ဖြိုးသီရိထွန်း၊ အဆိုတော် Oaxis၊ အုပ်စိုးခန့်၊ သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့ ထဲက မင်းသမီး ယမင်းမေဦး၊ Facebook မှာ Follower (၁၇) သိန်းကျော်တဲ့ Yadanar Moe၊ အဆိုတော် ဖြိုးပြည့်စုံတို့ပါ ပါဝင်တယ်လို့ သိရပြီး တစ်ယောက်ကို ၂ သိန်းကနေ ၁၀ သိန်းအထိ တောင်းဆိုတယ်လို့ သိရပါတယ်။
Phyo Thiri Htun
အဆိုတော် Oaxis ရဲ့ အကောင့်
မော်ဒယ်လ်တစ်ယောက်ကို ငွေညှစ်ခြင်း
အုပ်စိုးခန့်အကောင့်ကို ၁၀ သိန်းနဲ့ ပြန်ရွေးခိုင်းတာ
သရုပ်ဆောင် ယမင်းမေဦးရဲ့ အကောင့်ဟက်ခံရခြင်း
Facebook Cele Yadanar Moe Account
ဖြိုးပြည့်စုံအကောင့်ပါ ပါလာ
ဒီထဲက တချို့ အကောင့်တွေကိုတော့ ဒီတိုင်းပြန်ပေးလိုက်ပြီး တချို့ကတော့ Wave Money နဲ့ ငွေလွှဲပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မပေးရင် အကောင့်ထဲ မိုက်ရိုင်းတာတွေ လိုက်ပြောပြီး Sex Account လုပ်မယ်လို့လည်း သတင်းကြားရပါတယ်။
အကောင့်ကို ချိုးုဖျက်ဝင်ရောက်တဲ့သူတွေဟာ Facebook Account နဲ့ အလုပ်လုပ်နေသူတွေ၊ Celebrities Account တွေ၊ Online Shopping လုပ်တဲ့သူတွေ၊ Follower များတဲ့သူတွေရဲ့ Facebook Account တွေနဲ့ Group Admin တွေရဲ့ Account တွေကို ပစ်မှတ်ထားပြီး လှုပ်ရှားကြတယ်လို့ ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ သာမန်အသုံးပြုသူတွေရဲ့ Account ကိုလည်း ဟက်ပြီး အနည်းဆုံး ငွေကျပ် ၃ သောင်းတောင်းတယ်လို့ သိရပါတယ်။
Screenshot အရတော့ အကောင့်ဟက်သူတွေဟာ ဒီပိုက်ဆံကို ပရဟိတနေရာတွေမှာ ပြန်လှူမယ်လို့ ဆိုထားတာ တွေ့ရပြီး Post တင်သူ ဆုုမြတ်ခိုင်ကတော့ Facebook Account ပါသွားရင်လည်း အဲဒီလို ပိုက်ဆံပေးပြီး ပြန်မရွေးကြဖို့နဲ့ အကောင့်အသစ်ဖွင့်ဖို့ပဲ တိုက်တွန်းထားပါတယ်။
ဒီလို Post တက်ခဲ့တာကြောင့် အနုပညာရှင်တွေနဲ့ ဆယ်လီတွေခမျာလည်း အစိုးရိမ်ကြီးပြီး ခင်ဝင့်ဝါ၊ အောင်သူလွင် (Kelvin Kate)၊ Tyron Bejay တို့ကအစ ဒီ Post ကို ပြန် Share ထားပြီး သတိထားဖို့ ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။
www.akhayar.com
Photo Credit : Su Myat Khine