[Zawgyi]

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဆင္ႏႊဲ ႏွစ္သစ္ကူးအတာေရသဘင္ပြဲ

သၾကၤန္အခ်ိန္အခါေရာက္လို႔လာျပီ။ အျပင္ေလွ်ာက္လည္တဲ့သူက ေလွ်ာက္လို႔လာၾကမယ္။ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားတဲ့သူကခရီးေတြေလွ်ာက္သြားၾကမယ္။ ကိုယ့္ခ်စ္သူနဲ႔ အခ်ိန္ျဖဳန္းတဲ့သူကလည္း ကိုယ့္ခ်စ္သူနဲ႔ အမွတ္တရေတြဖန္တီးၾကမယ္။ နယ္ေဝးက ေဖေဖေမေမဆီျပန္ျပီး အလြမ္းသယ္တဲ့သူေတြကလည္း အလြမ္းသယ္ၾကမယ္။ အစီအစဥ္ရွိတဲ့သူေတြက ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ သၾကၤန္အခ်ိန္အခါကို ကုန္ဆံုးၾကမယ္။ ဒါေပမယ့္ အစီအစဥ္မရွိၾကေသးတဲ့ ကိုကို မမ ေတြလည္း ရွိလို႔ေနပါေသးတယ္တဲ့။ အစီအစဥ္မရွိၾကေသးတဲ့ သူေတြ ဘာမွမစဥ္းစားရေသးဘူး။ ဟုတ္တယ္မလား? ဘာမွလည္း မလုပ္ခ်င္၊ ဘယ္မွလည္း မသြားခ်င္လို႔ အိမ္မွာေပကပ္ျပီးေနမယ္လို႔မ်ား စဥ္းစားလို႔ေနၾကလား။

အဲဒီလိုအေတြးမ်ိဳးေတြကို မေတြးၾကပါနဲ႔။ သၾကၤန္ဆိုတာ တစ္ႏွစ္မွ တစ္ခါက်င္းပၾကတာ။ ျပီးရင္ သၾကၤန္ဆိုတာက ျမန္မာ့ႏွစ္သစ္ကူးအခ်ိန္အခါမွာ ဒီလိုမ်ိဳးအလဟႆအခ်ိန္မကုန္ဆံုးရဘူးေလေနာ္။ ဒါဆို ဘယ္လိုအခ်ိန္ကုန္ရမလဲ ေမးရင္ သၾကၤန္ေလးရက္ကို ဒီလိုမ်ိဳးအခ်ိန္ကုန္ဆံုးၾကည့္ပါလို႔ေျပာခ်င္ပါတယ္။

စျပီး အစီအစဥ္ဆြဲလိုက္ၾကရေအာင္္လား

သၾကၤန္အၾကိဳေန႔

သၾကၤန္အၾကိဳေန႔က သၾကၤန္အစ၊ သၾကၤန္ကို ၾကိဳတဲ့ရက္ျဖစ္တဲ့အတြက္ အတာအိုးနဲ႔ သၾကၤန္ပန္းကပ္ပါ။ ကိုယ့္အိမ္တစ္အိမ္လံုးကို မဟုတ္ခဲ့ရင္ေတာင္ ကိုယ့္အိမ္ခန္းနဲ႔ ပစၥည္းေတြအားလံုးကို ရွင္းလင္းပါ။ လိုတာေတြ ေသေသသပ္သပ္သိမ္းဆည္းျပီး မလိုအပ္ေတာ့တဲ့ပစၥည္းေတြကို လွဴဒါန္းပစ္ပါ။ ကုသိုလ္လည္းရတယ္။ သူမ််ားေတြအတြက္လည္း အသံုးတည့္ေစတယ္။ ျပီးရင္ေတာ့ အၾကိဳေန႔ျဖစ္တဲ့အတြက္ လမ္းမမွာ စည္စည္ကားကားသိပ္ျဖစ္မွာလည္း မဟုတ္တဲ့အတြက္ ကိုယ့္မိသားစုနဲ႔ကိုယ္ မုန္႔လံုးေရေပၚလုပ္စားပါ။ မုန္႔လံုးေရေပၚထဲမွာ က်ီစားတဲ့အေနနဲ႔ ငရုတ္သီးေတြထည့္လံုးတာတို႔ လုပ္ၾကပါတယ္။ အရမ္းေပ်ာ္ဖို႔ေကာင္းပါတယ္။ ညေနဘက္ေရာက္ရင္ေတာ့ ကိုယ့္အိမ္နီးနားခ်င္းေတြကို မုန္႔လိုက္ေပးရင္ သၾကၤန္ေလညင္းေလးကို ခံရင္း လမ္းေလွ်ာက္ၾကည့္ပါ။

Jack-Daniels-Cola

Jack Daniels Cola

သၾကၤန္အက်ေန႔

ဒုတိယေန႔ေတာ့ အားလံုး ေပ်ာ္ေပ်ာ္ပါးပါးၾကီး ေရပိုက္ေတြထုတ္၊ အုန္းလက္ေတြထိုးျပီး လမ္းေဘးမွာ ရပ္ကြက္ကေလးေတြနဲ႔ ေရပတ္တဲ့သူကပတ္၊ မ႑ပ္ေလွ်ာက္လည္တဲ့သူက လည္ၾကပါျပီ။ သၾကၤန္ထြက္လည္ခ်င္တဲ့သူဆုိရင္ေတာ့ ရန္ကုန္မွာ အိမ္တြင္းေအာင္းေနတဲ့သူငယ္ခ်င္းေတြကိုစုပါ။ ျပီးရင္ TMF 2nd Day Ticket ကိုဝယ္ျပီး ကဲပါ။ Thingyan Music Festival ရဲ႕ အထူးဖိတ္ၾကားထားတဲ့ Krewella DJ/ Producer တို႔လာေရာက္ေဖ်ာ္ေျဖမွာျဖစ္တဲ့အတြက္ TMF မွာ ကဲပါ။ Krewella ရဲ႕ Remix ေတြနဲ႔ ဆို စိတ္ၾကိဳက္ေပ်ာ္လို႔ေကာင္းတယ္ေလ။ ညဘက္ ဆက္ကဲခ်င္ေသးတယ္ဆုိရင္ေတာ့ ကိုယ္သူငယ္ခ်င္းေတြနဲ႔ အိမ္မွာ မုန္႕လုပ္စားရင္း တစ္ခုခုေသာက္ရင္း စကားေျပာတာကလည္း အမွတ္တရတစ္မ်ိဳးပါပဲ။

သၾကၤန္အၾကတ္ေန႔

အၾကတ္ေန႔မွာလည္း မ႑ပ္အၾကီးကို မတက္ပဲ ကိုယ့္အမ်ိဳးေတြလုပ္ထားတဲ့ အုန္းလက္မ႑ပ္မွာ မနက္တစ္ပိုင္း ေရပတ္ပါ။ ႏွစ္ရက္ဆက္တိုက္အျပင္ထြက္ရင္ ပ်င္းဖို႔ေကာင္းပါတယ္။ လူလည္းပင္ပန္းတာေပါ့။ Water Festival ပြဲေတြရဲ႕ Line-up ေတြၾကည့္ရသေလာက္ ေကာင္းတဲ့ DJ ေတြလည္းသိပ္မရွိေတာ့ ရပ္ကြက္ထဲမွာ ကေလးေတြနဲ႔ ေရေဆာ့ရင္း ကစားရင္ မနက္တစ္ပိုင္းအခ်ိန္ကုန္ဆံုးလိုက္ပါ။ ေန႔လည္ပိုင္းေရာက္ခဲ့ရင္ေတာ့ အၾကိဳေန႔က လုံုးထားတဲ့ မုန္႔လံုးေရေပၚေတြထဲက ငရုတ္သီးေတြနဲ႔ လုံးထားတာေတြကို ကုိယ့္သူငယ္ခ်င္းေတြကို လိုက္ပို႔ျပီး ေဆးထိုးပါ။ အိုးမဲသုတ္ဖို႔လည္း ယူသြားေနာ္။ မုန္႔ေပးတဲ့အခ်ိန္မွာ အိုးမဲသုတ္လိုက္မယ္ဆိုရင္ ေတာ္ေတာ္ရယ္ေနရမွာ။ ျပီးရင္ သူငယ္ခ်င္းအိမ္ကို ေရာက္တုန္းေရာက္ခိုက္ မုန္႔ေတြတစ္ဝၾကီးစားျပီးမွ ျပန္ေပါ့။ (ဒါမွမဟုတ္) သူငယ္ခ်င္းေတြအားလံုးကို စုျပီး သၾကၤန္ထမင္း ခ်က္စားၾကရင္လည္းေပ်ာ္ဖို႔ေကာင္းပါေသးတယ္။

Jack-Daniels-Cola-2

Jack Daniels Cola

သၾကၤန္အတက္ေန႔

အတက္ေန႔က လူတိုင္း ေနာက္ဆံုးပိတ္ အိတ္နဲ႔ လြယ္ဆိုသလို အျပတ္ကဲတဲ့ေန႔လည္း ျဖစ္ပါတယ္။ အႏၱရာယ္ျဖစ္မွာေၾကာက္တဲ့သူဆိုရင္ေတာ့ ကိုယ္သူငယ္ခ်င္းအိမ္ေလွ်ာက္လည္တာပဲျဖစ္ျဖစ္၊ ကိုယ့္အမ်ိဳးအိမ္ကို ေလွ်ာက္လည္ရင္း မုန္႔ပတ္စားတာပဲျဖစ္ျဖစ္ လုပ္ပါ။ ကဲခ်င္တဲ့သူဆုိရင္ေတာ့ သူငယ္ခ်င္းေတြကို စုျပီး TMF နဲ႔ Underground : Revolution 2018 မ႑ပ္ကိုသာကဲပါ။ မ႑ပ္ႏွစ္ခုလံုးက လံုျခံဳမႈလည္းရွိတယ္။ Service လည္းေကာင္းျပီး TMF ဟာဆိုရင္ ဒိတ္ဒိတ္ၾကဲ DJ ျဖစ္တဲ့ Brennan Heart ကို ဖိတ္ၾကားထားပါတယ္တဲ့ေနာ္။ ျပီးရင္ေတာ့ အိမ္ျပန္ျပီး သၾကၤန္ကို ႏႈတ္ဆက္လိုက္ၾကေနာ္။

မ်ိဳးရိုးအစဥ္အလာကို ထိန္းသိမ္းတဲ့အေနနဲ႔ ႏွစ္ဆန္းတစ္ရက္ေန႔မွာ ရပ္ကြက္အတိုင္းလုပ္တဲ့ အညစ္အေၾကးေတြဖယ္ရွားျခင္းထံုးတမ္းစဥ္လာျဖစ္တဲ့ ပရိတ္ရြတ္ျခင္းကို ပါဝင္ဆင္ႏြဲပါ။ ျပီးရင္ေတာ့ ကိုယ့္ရဲ႕ ဘိုးဘိုးဘြားဘြားပဲျဖစ္ျဖစ္ ဘိုးဘြားရိပ္သာက သက္ၾကီးရြယ္အိုေတြကို ေခါင္းေလွ်ာ္ေပးျခင္း၊ လက္သည္းေျခသည္းညွပ္ေပးျခင္းတို႔ကို ျပဳလုပ္ရင္း ကုသိုလ္ရယူလိုက္ပါေနာ္။

အားလံုးပဲ သာယာတဲ့ သၾကၤန္ႏွစ္သစ္ကူးအခ်ိန္အခါကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းလိုက္ရပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲ နှစ်သစ်ကူးအတာရေသဘင်ပွဲ

သင်္ကြန်အချိန်အခါရောက်လို့လာပြီ။ အပြင်လျှောက်လည်တဲ့သူက လျှောက်လို့လာကြမယ်။ သူငယ်ချင်းတွေနဲ့ ခရီးသွားတဲ့သူကခရီးတွေလျှောက်သွားကြမယ်။ ကိုယ့်ချစ်သူနဲ့ အချိန်ဖြုန်းတဲ့သူကလည်း ကိုယ့်ချစ်သူနဲ့ အမှတ်တရတွေဖန်တီးကြမယ်။ နယ်ဝေးက ဖေဖေမေမေဆီပြန်ပြီး အလွမ်းသယ်တဲ့သူတွေကလည်း အလွမ်းသယ်ကြမယ်။ အစီအစဉ်ရှိတဲ့သူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ် သင်္ကြန်အချိန်အခါကို ကုန်ဆုံးကြမယ်။ ဒါပေမယ့် အစီအစဉ်မရှိကြသေးတဲ့ ကိုကို မမ တွေလည်း ရှိလို့နေပါသေးတယ်တဲ့။ အစီအစဉ်မရှိကြသေးတဲ့ သူတွေ ဘာမှမစဉ်းစားရသေးဘူး။ ဟုတ်တယ်မလား? ဘာမှလည်း မလုပ်ချင်၊ ဘယ်မှလည်း မသွားချင်လို့ အိမ်မှာပေကပ်ပြီးနေမယ်လို့များ စဉ်းစားလို့နေကြလား။

အဲဒီလိုအတွေးမျိုးတွေကို မတွေးကြပါနဲ့။ သင်္ကြန်ဆိုတာ တစ်နှစ်မှ တစ်ခါကျင်းပကြတာ။ ပြီးရင် သင်္ကြန်ဆိုတာက မြန်မာ့နှစ်သစ်ကူးအချိန်အခါမှာ ဒီလိုမျိုးအလဟဿအချိန်မကုန်ဆုံးရဘူးလေနော်။ ဒါဆို ဘယ်လိုအချိန်ကုန်ရမလဲ မေးရင် သင်္ကြန်လေးရက်ကို ဒီလိုမျိုးအချိန်ကုန်ဆုံးကြည့်ပါလို့ပြောချင်ပါတယ်။

စပြီး အစီအစဉ်ဆွဲလိုက်ကြရအောင်လား

သင်္ကြန်အကြိုနေ့

သင်္ကြန်အကြိုနေ့က သင်္ကြန်အစ၊ သင်္ကြန်ကို ကြိုတဲ့ရက်ဖြစ်တဲ့အတွက် အတာအိုးနဲ့ သင်္ကြန်ပန်းကပ်ပါ။ ကိုယ့်အိမ်တစ်အိမ်လုံးကို မဟုတ်ခဲ့ရင်တောင် ကိုယ့်အိမ်ခန်းနဲ့ ပစ္စည်းတွေအားလုံးကို ရှင်းလင်းပါ။ လိုတာတွေ သေသေသပ်သပ်သိမ်းဆည်းပြီး မလိုအပ်တော့တဲ့ပစ္စည်းတွေကို လှူဒါန်းပစ်ပါ။ ကုသိုလ်လည်းရတယ်။ သူမျျားတွေအတွက်လည်း အသုံးတည့်စေတယ်။ ပြီးရင်တော့ အကြိုနေ့ဖြစ်တဲ့အတွက် လမ်းမမှာ စည်စည်ကားကားသိပ်ဖြစ်မှာလည်း မဟုတ်တဲ့အတွက် ကိုယ့်မိသားစုနဲ့ကိုယ် မုန့်လုံးရေပေါ်လုပ်စားပါ။ မုန့်လုံးရေပေါ်ထဲမှာ ကျီစားတဲ့အနေနဲ့ ငရုတ်သီးတွေထည့်လုံးတာတို့ လုပ်ကြပါတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်။ ညနေဘက်ရောက်ရင်တော့ ကိုယ့်အိမ်နီးနားချင်းတွေကို မုန့်လိုက်ပေးရင် သင်္ကြန်လေညင်းလေးကို ခံရင်း လမ်းလျှောက်ကြည့်ပါ။

Jack-Daniels-Cola

Jack Daniels Cola

သင်္ကြန်အကျနေ့

ဒုတိယနေ့တော့ အားလုံး ပျော်ပျော်ပါးပါးကြီး ရေပိုက်တွေထုတ်၊ အုန်းလက်တွေထိုးပြီး လမ်းဘေးမှာ ရပ်ကွက်ကလေးတွေနဲ့ ရေပတ်တဲ့သူကပတ်၊ မဏ္ဍပ်လျှောက်လည်တဲ့သူက လည်ကြပါပြီ။ သင်္ကြန်ထွက်လည်ချင်တဲ့သူဆိုရင်တော့ ရန်ကုန်မှာ အိမ်တွင်းအောင်းနေတဲ့သူငယ်ချင်းတွေကိုစုပါ။ ပြီးရင် TMF 2nd Day Ticket ကိုဝယ်ပြီး ကဲပါ။ Thingyan Music Festival ရဲ့ အထူးဖိတ်ကြားထားတဲ့ Krewella DJ/ Producer တို့လာရောက်ဖျော်ဖြေမှာဖြစ်တဲ့အတွက် TMF မှာ ကဲပါ။ Krewella ရဲ့ Remix တွေနဲ့ ဆို စိတ်ကြိုက်ပျော်လို့ကောင်းတယ်လေ။ ညဘက် ဆက်ကဲချင်သေးတယ်ဆိုရင်တော့ ကိုယ်သူငယ်ချင်းတွေနဲ့ အိမ်မှာ မုန့်လုပ်စားရင်း တစ်ခုခုသောက်ရင်း စကားပြောတာကလည်း အမှတ်တရတစ်မျိုးပါပဲ။

သင်္ကြန်အကြတ်နေ့

အကြတ်နေ့မှာလည်း မဏ္ဍပ်အကြီးကို မတက်ပဲ ကိုယ့်အမျိုးတွေလုပ်ထားတဲ့ အုန်းလက်မဏ္ဍပ်မှာ မနက်တစ်ပိုင်း ရေပတ်ပါ။ နှစ်ရက်ဆက်တိုက်အပြင်ထွက်ရင် ပျင်းဖို့ကောင်းပါတယ်။ လူလည်းပင်ပန်းတာပေါ့။ Water Festival ပွဲတွေရဲ့ Line-up တွေကြည့်ရသလောက် ကောင်းတဲ့ DJ တွေလည်းသိပ်မရှိတော့ ရပ်ကွက်ထဲမှာ ကလေးတွေနဲ့ ရေဆော့ရင်း ကစားရင် မနက်တစ်ပိုင်းအချိန်ကုန်ဆုံးလိုက်ပါ။ နေ့လည်ပိုင်းရောက်ခဲ့ရင်တော့ အကြိုနေ့က လုံးထားတဲ့ မုန့်လုံးရေပေါ်တွေထဲက ငရုတ်သီးတွေနဲ့ လုံးထားတာတွေကို ကိုယ့်သူငယ်ချင်းတွေကို လိုက်ပို့ပြီး ဆေးထိုးပါ။ အိုးမဲသုတ်ဖို့လည်း ယူသွားနော်။ မုန့်ပေးတဲ့အချိန်မှာ အိုးမဲသုတ်လိုက်မယ်ဆိုရင် တော်တော်ရယ်နေရမှာ။ ပြီးရင် သူငယ်ချင်းအိမ်ကို ရောက်တုန်းရောက်ခိုက် မုန့်တွေတစ်ဝကြီးစားပြီးမှ ပြန်ပေါ့။ (ဒါမှမဟုတ်) သူငယ်ချင်းတွေအားလုံးကို စုပြီး သင်္ကြန်ထမင်း ချက်စားကြရင်လည်းပျော်ဖို့ကောင်းပါသေးတယ်။

Jack-Daniels-Cola-2

Jack Daniels Cola

သင်္ကြန်အတက်နေ့

အတက်နေ့က လူတိုင်း နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို အပြတ်ကဲတဲ့နေ့လည်း ဖြစ်ပါတယ်။ အန္တရာယ်ဖြစ်မှာကြောက်တဲ့သူဆိုရင်တော့ ကိုယ်သူငယ်ချင်းအိမ်လျှောက်လည်တာပဲဖြစ်ဖြစ်၊ ကိုယ့်အမျိုးအိမ်ကို လျှောက်လည်ရင်း မုန့်ပတ်စားတာပဲဖြစ်ဖြစ် လုပ်ပါ။ ကဲချင်တဲ့သူဆိုရင်တော့ သူငယ်ချင်းတွေကို စုပြီး TMF နဲ့ Underground : Revolution 2018 မဏ္ဍပ်ကိုသာကဲပါ။ မဏ္ဍပ်နှစ်ခုလုံးက လုံခြုံမှုလည်းရှိတယ်။ Service လည်းကောင်းပြီး TMF ဟာဆိုရင် ဒိတ်ဒိတ်ကြဲ DJ ဖြစ်တဲ့ Brennan Heart ကို ဖိတ်ကြားထားပါတယ်တဲ့နော်။ ပြီးရင်တော့ အိမ်ပြန်ပြီး သင်္ကြန်ကို နှုတ်ဆက်လိုက်ကြနော်။

မျိုးရိုးအစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ရပ်ကွက်အတိုင်းလုပ်တဲ့ အညစ်အကြေးတွေဖယ်ရှားခြင်းထုံးတမ်းစဉ်လာဖြစ်တဲ့ ပရိတ်ရွတ်ခြင်းကို ပါဝင်ဆင်နွဲပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ ဘိုးဘိုးဘွားဘွားပဲဖြစ်ဖြစ် ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်းတို့ကို ပြုလုပ်ရင်း ကုသိုလ်ရယူလိုက်ပါနော်။

အားလုံးပဲ သာယာတဲ့ သင်္ကြန်နှစ်သစ်ကူးအချိန်အခါကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။