လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ ကစားသမားတွေဟာ ဂိုးသွင်းအပြီး ပုံစံမျိုးစုံနဲ့ အောင်ပွဲခံလေ့ရှိကြတာ ပရိသတ်တွေအားလုံးအသိပါပဲ။ လက်ရှိမှာလည်း ၀ုလ်ဗ်အသင်းရဲ့ တိုက်စစ်မှူး ဟီမင်နက်ဇ် Jimenez ဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ FA Cup ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂိုးသွင်းယူအပြီး WWE Superstar တစ်ဦးဖြစ်တဲ့ Sin Cara ရဲ့ မျက်နှာဖုံးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဟီမင်နက်ဇ် ဟာ မက္ကဆီကို လူမျိုးကစားသမားတစ်ဦးဖြစ်တာကြောင့် မက္ကဆီကိုနဘမ်းသမားတစ်ဦးဖြစ်တဲ့ Sin Cara ရဲ့မျက်နှာဖုံးနဲ့ အောင်ပွဲခံခဲ့တာပါ။

မက္ကဆီကိုနဘမ်းသမားသမားတွေ အတွက် မျက်နှာဖုံးဟာ အရေးကြီးဆုံးနေရာမှာ ရှိနေတာဖြစ်ပြီး သူ့တို့ရဲ့အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါတယ်။ အခုအောင်ပွဲခံခဲ့တဲ့ မျက်နှာဖုံးကိုတော့ ဟီမင်နက်ဇ် ဟာ Sin Cara ဆီကနေ လက်ဆောင်ရခဲ့တာဖြစ်ပြီး အထူးပြုလုပ်ဖန်တီးထားတာပဲဖြစ်ပါတယ်။ မျက်နှာဖုံးမှာတော့ ၀ုလ်ဗ်အသင်းရဲ့ လိုဂိုပါဝင်နေတာကြောင့် အမြင်ဆန်းစေခဲ့ပြီး ဟီမင်နက်ဇ် ရဲ့ အောင်ပွဲခံမှုဟာလည်း ခပ်ဆန်းဆန်းဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ဘောလုံးလောကမှာ မျက်နှာဖုံးတွေဝတ်ပြီး အောင်ပွဲခံတတ်သူကတော့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang ဖြစ်ပြီး Super Hero မျက်နှာဖုံးမျိုးစုံနဲ့ အောင်ပွဲခံလေ့ရှိတာပါ။ ဒီပွဲစဉ်မှာ ၀ုလ်ဗ်အသင်း FA Cup ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ၀က်ဖို့ဒ်အသင်းက ပြဇာတ်ဆန်ဆန်ပြန်လာနိုင်ခဲ့တာကြောင့် ပရိသတ်တွေအတွက် ရင်ခုန်စရာမျိုးစုံကို ခံစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

WWE Superstar ရဲ့ မျက်နှာဖုံးနဲ့ အောင်ပွဲခံခဲ့တဲ့ Jimenez ရဲ့ ဗီဒီယိုကြည့်ရန်လင်ခ့်

Ref: Bleacher Report Football , Birmingham Live
Photo: Evening Standard , Big Gold Belt
Ko Kyue(Akhayar)
www.akhayar.com