[Zawgyi]

သူ႕ေနရာနဲ႔သူေအာင္ျမင္မႈကိုယ္စီရရွိေနၾကတဲ့ အနုပညာရွင္ေသြးသားရင္းခ်ာညီအစ္မမ်ား

အနုပညာရွင္ေတြထဲမွာမွာ ညီအစ္မအရင္းေတြနဲ႔ ေသြးခ်င္းနီး ညီအစ္မ ဝမ္းကြဲေတြအနုပညာရွင္ေတြကိုေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ သူတို႔ေတြကေတာ့ သူ႔ေနရာနဲ႔သူကိုယ္စီ အနုပညာေလာကမွာ ေနရာယူၿပီး ေလွ်ာက္လွန္းေနၾကတဲ့ အနုပညာရွင္ေတြျဖစ္ၾကပါတယ္။

စိုးျမတ္သူဇာနဲ႔ညီအစ္မမ်ား

သူတို႔ညီအစ္မေတြကေတာ့ တကယ့္ကိုထူးျခားလွတဲ့ ညီအစ္မေတြပဲျဖစ္ပါတယ္။ အစ္မအႀကီးဆံုးကစလို႔ တစ္ဝမ္းကြဲ ညီအစ္မေတြအထိ အနုပညာအလုပ္ေတြကို ကိုယ္စီလုပ္ကိုင္လ်က္ရွိေနၾကတာျဖစ္ပါတယ္။

စႏၵီျမင့္လြင္ နဲ႔ စိုးျပည့္သဇင္

စိုးျမတ္သူဇာနဲ႕ စိုးျမတ္နႏၵာတို႔ ညီအစ္မ အရင္းနွစ္ေယာက္ကလည္း အနုပညာေလာကမွာ နာမည္ရသရုပ္ေဆာင္ေတြျဖစ္ၾကၿပီး တစ္ဝမ္းကြဲ ညီအစ္မေတြျဖစ္ၾကတဲ့ စႏၵီျမင့္လြင္နဲ႔စိုးျပည့္သဇင္တို႕ကလည္း တစ္ေယာက္က နာမည္ရသရုပ္ေဆာင္၊ တစ္ေယာက္ကလည္း ေတးသီခ်င္းေတြကို သီဆိုသူအေနနဲ႔ အနုပညာေလာကမွာ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ညီအစ္မေတြအျဖစ္ နာမည္ႀကီးလွပါတယ္။

ခႏၶာကိုယ္သြယ္လွ ႏြယ္ႏြယ္ထြန္းတို႔ ညီအစ္မ

လတ္တေလာ လူမႈကြန္ရက္စာမ်က္နွာေတြေပၚမွာ ပုရိသေတြရဲ႕အသည္းကို ဖမ္းစားနိုင္ေနတဲ့ ညီအစ္မနွစ္ေယာက္ရွိပါတယ္။

ႏြယ္ႏြယ္ထြန္း

သူတို႔နွစ္ေယာက္ကေတာ့ ဓါတ္ပံုေမာ္ဒယ္ ေတြျဖစ္ၾကသလို အစ္မျဖစ္သူမိုးျမင့္သဇင္ ကလည္း ဗီဒီယိုဇာတ္ကားေတြနဲ႔ ေၾကာ္ျငာတခ်ိဳ႕မွာ ပါဝင္သရုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။

မိုးျမင့္သဇင္

မဂၢဇင္းကာဗာေတြအတြက္ လတ္တေလာမွာ ဓါတ္ပံုေတြရိုက္ေပးေနရတဲ့ ညီမျဖစ္သူႏြယ္ႏြယ္ထြန္း ကေတာ့ ပုရိသေတြကိုဆြဲေဆာင္နုိင္သူတစ္ဦးလည္း ျဖစ္ပါတယ္။

ညီအစ္မနွစ္ေယာက္

သူတင္လိုက္တဲ့ Post တိုင္းကိုတစ္ေန႔တစ္ေန႔ေစာင့္ေမွ်ာ္ေနသူေတြ သီးသည့္ ရွိၾကမယ္ဆိုတာ သူမပံုေတြရဲ ႔ Comment ေတြမွာ ေတြ႔ျမင္နိုင္ပါတယ္။

ညီမတစ္ဝမ္းတည္းကြဲ ေဖြးေဖြး နဲ႔ ကစ္ကစ္ ပဲ

အနုပညာေလာကမွာ ေနရာရၿပီး ပရိသတ္ေတြ သည္းသည္းလႈပ္ခ်စ္ခင္မႈကို ရရွိထားတဲ့ ညီအစ္မတစ္ဝမ္းကြဲ နွစ္ေယာက္ကေတာ့ ေဖြးေဖြး နဲ႔ ဝတ္မႈန္ေရႊရည္(ကစ္ကစ္) ပါ။

သူတို႔နွစ္ေယာက္စလံုးရဲ ႔ေအာင္ျမင္မႈေတြကေတာ့ အံံ႔မခန္းပါပဲ။ နွစ္ေယာက္စလံုးဟာ အကယ္ဒမီဆု နွစ္ခုစီလည္း ရရွိထားၿပီျဖစ္တဲ့ ခ်စ္စရာေကာင္းတဲ့ မင္းသမီးနွစ္ေယာက္ျဖစ္ပါတယ္။

သူတို႔နွစ္ေယာက္ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြဟာ သူတို႔ေတြ ေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္အျငင္းအခုန္လုပ္ရင္း လူမႈကြန္ရက္ေပၚမွာ ရန္ျဖစ္ၾကတာေတြေတာင္ေတြ႔ဖူးပါေသးတယ္။

နွစ္ေယာက္စလံုးမွာ အလွကိုယ္စီရွိၾကေပမယ့္လို႔လည္း တစ္ေယာက္စီကို ခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ဘယ္သူကေတာ့ပိုလွတယ္ ဘယ္သူကေတာ့ပိုခ်စ္ဖို႔ေကာင္းတယ္ေပါ့ေလ။

အခုခ်ိန္ထိလည္း ျငင္းေနၾကတာပါပဲ ။ အခုလည္း ထပ္ေမးလိုက္ပါဦးမယ္ ေဖြးေဖြး နဲ႔ ကစ္ကစ္ ဘယ္သူ႔ကို ပိုခ်စ္ပါသလဲ ပရိသတ္ႀကီးေရ။

အနုပညာပိုးပါသူ ညီအစ္မအရင္းဆိုတာ ေဘဘီေမာင္နဲ႔မေဟသီပါ

ေဘဘီေမာင္နဲ႔ သူမရဲ ႔ညီအစ္မ အရင္းျဖစ္သူ မေဟသီတို႔ဟာအနုပညာေလွ်ာက္လမ္းေပၚ မွာ လက္ရွိေလွ်ာက္လွန္းေနၾကပါၿပီ။ နွစ္ေယာက္စလံုးဟာ ဗီဒီယိုဇာတ္ကားေတြ နဲ႔ ရုပ္ရွင္ဇာတ္ကားေတြကို ကိုယ္စီရိုက္ကူးေနၾကၿပီး တစ္ေယာက္ကိုတစ္ေယာက္လည္း ခ်စ္ခ်စ္ခင္ခင္ ရွိၾကပါတယ္။

မိခင္ျဖစ္သူနဲ႔အတူေတြ႔ရတဲ့ ညီအစ္မနွစ္ေယာက္

အနုပညာအလုပ္ေတြကိုေတာ့ ေမာ္ဒယ္သင္တန္းေတြတက္ေရာက္ရာမွ စတင္ခဲ့ၾကၿပီး ဓါတ္ပံု အလွရိုက္ကူးမႈေတြကေနတဆင့္ ေၾကာ္ျငာေတြရိုက္ကူးၾကတယ္ အဲ့ကေနမွတဆင့္ အခုဆိုရင္ေတာ့ သရုပ္ေဆာင္မင္းသမီးေတြျဖစ္လို႔ေနၾကပါၿပီ။

မေဟသီ

ညီအစ္မအရင္းအနုပညာရွင္ေတြ ျဖစ္လို႔ တစ္အိမ္တည္းေနၿပီးတစ္ေယာက္နဲ႔တစ္ေယာက္လည္း အျပန္အလွန္အနုပညာေတြဖလွယ္လို႔ ရတာေပါ့ေနာ္။ သူတို႔ေတြရဲ ႔အနုပညာဝါသနာပိုးေတြ ကလည္း အံ႔မခန္းပဲ ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Phway Phway Facebook ၊ Wutt Hmone Shwe Yi Facebook Page ၊ Moe Myint Thazin Facebook ၊ Nwe Nwe Tun ၊ Baby Maung Facebook ၊ Ma Hay Thi Facebook ၊ Sandi Myint Lwin Facebook

www.akhayar.com

[Unicode]

သူ့နေရာနဲ့သူအောင်မြင်မှုကိုယ်စီရရှိနေကြတဲ့ အနုပညာရှင်သွေးသားရင်းချာညီအစ်မများ

အနုပညာရှင်တွေထဲမှာမှာ ညီအစ်မအရင်းတွေနဲ့ သွေးချင်းနီး ညီအစ်မ ဝမ်းကွဲတွေအနုပညာရှင်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သူတို့တွေကတော့ သူ့နေရာနဲ့သူကိုယ်စီ အနုပညာလောကမှာ နေရာယူပြီး လျှောက်လှန်းနေကြတဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်။

စိုးမြတ်သူဇာနဲ့ညီအစ်မများ

သူတို့ညီအစ်မတွေကတော့ တကယ့်ကိုထူးခြားလှတဲ့ ညီအစ်မတွေပဲဖြစ်ပါတယ်။ အစ်မအကြီးဆုံးကစလို့ တစ်ဝမ်းကွဲ ညီအစ်မတွေအထိ အနုပညာအလုပ်တွေကို ကိုယ်စီလုပ်ကိုင်လျက်ရှိနေကြတာဖြစ်ပါတယ်။

စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်

စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မ အရင်းနှစ်ယောက်ကလည်း အနုပညာလောကမှာ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြပြီး တစ်ဝမ်းကွဲ ညီအစ်မတွေဖြစ်ကြတဲ့ စန္ဒီမြင့်လွင်နဲ့စိုးပြည့်သဇင်တို့ကလည်း တစ်ယောက်က နာမည်ရသရုပ်ဆောင်၊ တစ်ယောက်ကလည်း တေးသီချင်းတွေကို သီဆိုသူအနေနဲ့ အနုပညာလောကမှာ ပျော်ရွှင်စရာကောင်းတဲ့ ညီအစ်မတွေအဖြစ် နာမည်ကြီးလှပါတယ်။

ခန္ဓာကိုယ်သွယ်လှ နွယ်နွယ်ထွန်းတို့ ညီအစ်မ

လတ်တလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပုရိသတွေရဲ့အသည်းကို ဖမ်းစားနိုင်နေတဲ့ ညီအစ်မနှစ်ယောက်ရှိပါတယ်။

နွယ်နွယ်ထွန်း

သူတို့နှစ်ယောက်ကတော့ ဓါတ်ပုံမော်ဒယ် တွေဖြစ်ကြသလို အစ်မဖြစ်သူမိုးမြင့်သဇင် ကလည်း ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတချို့မှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။

မိုးမြင့်သဇင်

မဂ္ဂဇင်းကာဗာတွေအတွက် လတ်တလောမှာ ဓါတ်ပုံတွေရိုက်ပေးနေရတဲ့ ညီမဖြစ်သူနွယ်နွယ်ထွန်း ကတော့ ပုရိသတွေကိုဆွဲဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ညီအစ်မနှစ်ယောက်

သူတင်လိုက်တဲ့ Post တိုင်းကိုတစ်နေ့တစ်နေ့စောင့်မျှော်နေသူတွေ သီးသည့် ရှိကြမယ်ဆိုတာ သူမပုံတွေရဲ့ Comment တွေမှာ တွေ့မြင်နိုင်ပါတယ်။

ညီမတစ်ဝမ်းတည်းကွဲ ဖွေးဖွေး နဲ့ ကစ်ကစ် ပဲ

အနုပညာလောကမှာ နေရာရပြီး ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခင်မှုကို ရရှိထားတဲ့ ညီအစ်မတစ်ဝမ်းကွဲ နှစ်ယောက်ကတော့ ဖွေးဖွေး နဲ့ ဝတ်မှုန်ရွှေရည်(ကစ်ကစ်) ပါ။

သူတို့နှစ်ယောက်စလုံးရဲ့အောင်မြင်မှုတွေကတော့ အံံ့မခန်းပါပဲ။ နှစ်ယောက်စလုံးဟာ အကယ်ဒမီဆု နှစ်ခုစီလည်း ရရှိထားပြီဖြစ်တဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးနှစ်ယောက်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကို ချစ်ကြတဲ့ ပရိသတ်တွေဟာ သူတို့တွေ ကြောင့် တစ်ယောက်နဲ့တစ်ယောက်အငြင်းအခုန်လုပ်ရင်း လူမှုကွန်ရက်ပေါ်မှာ ရန်ဖြစ်ကြတာတွေတောင်တွေ့ဖူးပါသေးတယ်။

နှစ်ယောက်စလုံးမှာ အလှကိုယ်စီရှိကြပေမယ့်လို့လည်း တစ်ယောက်စီကို ချစ်တဲ့ ပရိသတ်တွေကတော့ ဘယ်သူကတော့ပိုလှတယ် ဘယ်သူကတော့ပိုချစ်ဖို့ကောင်းတယ်ပေါ့လေ။

အခုချိန်ထိလည်း ငြင်းနေကြတာပါပဲ ။ အခုလည်း ထပ်မေးလိုက်ပါဦးမယ် ဖွေးဖွေး နဲ့ ကစ်ကစ် ဘယ်သူ့ကို ပိုချစ်ပါသလဲ ပရိသတ်ကြီးရေ။

အနုပညာပိုးပါသူ ညီအစ်မအရင်းဆိုတာ ဘေဘီမောင်နဲ့မဟေသီပါ

ဘေဘီမောင်နဲ့ သူမရဲ့ညီအစ်မ အရင်းဖြစ်သူ မဟေသီတို့ဟာအနုပညာလျှောက်လမ်းပေါ် မှာ လက်ရှိလျှောက်လှန်းနေကြပါပြီ။ နှစ်ယောက်စလုံးဟာ ဗီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကိုယ်စီရိုက်ကူးနေကြပြီး တစ်ယောက်ကိုတစ်ယောက်လည်း ချစ်ချစ်ခင်ခင် ရှိကြပါတယ်။

မိခင်ဖြစ်သူနဲ့အတူတွေ့ရတဲ့ ညီအစ်မနှစ်ယောက်

အနုပညာအလုပ်တွေကိုတော့ မော်ဒယ်သင်တန်းတွေတက်ရောက်ရာမှ စတင်ခဲ့ကြပြီး ဓါတ်ပုံ အလှရိုက်ကူးမှုတွေကနေတဆင့် ကြော်ငြာတွေရိုက်ကူးကြတယ် အဲ့ကနေမှတဆင့် အခုဆိုရင်တော့ သရုပ်ဆောင်မင်းသမီးတွေဖြစ်လို့နေကြပါပြီ။

မဟေသီ

ညီအစ်မအရင်းအနုပညာရှင်တွေ ဖြစ်လို့ တစ်အိမ်တည်းနေပြီးတစ်ယောက်နဲ့တစ်ယောက်လည်း အပြန်အလှန်အနုပညာတွေဖလှယ်လို့ ရတာပေါ့နော်။ သူတို့တွေရဲ့အနုပညာဝါသနာပိုးတွေ ကလည်း အံ့မခန်းပဲ ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Phway Phway Facebook ၊ Wutt Hmone Shwe Yi Facebook Page ၊ Moe Myint Thazin Facebook ၊ Nwe Nwe Tun ၊ Baby Maung Facebook ၊ Ma Hay Thi Facebook ၊ Sandi Myint Lwin Facebook

www.akhayar.com