[Zawgyi]

လူမႈကြန္ရက္ေၾကာင့္ အားေပးသူပရိသတ္ေတြရရွိခဲ့ၾကတဲ့ ဆယ္လီမမမ်ား

မင္းသမီးေတြမဟုတ္ေပမယ့္လည္း လူမႈကြန္ရက္ေပၚမွ တဆင့္ ေအာင္ျမင္လာၾကတဲ့ ဆယ္လီမမေတြရွိပါတယ္။ သူတို႔ေတြကေတာ့ ေနာ္ေဖာအယ္ထား ၊ စုလိႈင္ဝင္း ၊ လုလုေအာင္ ၊ ႏြယ္ႏြယ္ထြန္း နဲ႔ ဆုရတီလင္း တုိ႔ပဲျဖစ္ပါတယ္။

 

ေနာ္ေဖာအယ္ထား

ေနာ္ေဖာအယ္ထား ကေတာ့ အေပ်ာ္တန္းအလွဓါတ္ပံုေလးေတြကို ရိုက္ၿပီး သူမရဲ ႔လူမႈကြန္ရက္ကေနတင္ရာမွ ခ်စ္စရာေကာင္းတဲ့တကၠသိုလ္ေက်ာင္းသူမေလးတစ္ေယာက္ အျဖစ္ပရိသတ္က စတင္သိရွိခဲ့ၿပီး သူမရဲ ႔ရိုးရိုးယဥ္ယဥ္ေလးနဲ႔ အလွကို ပရိသတ္က စတင္သတိထားမိခဲ့တာလည္း ျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ လူမႈကြန္ရက္ေပၚကေနတဆင့္ နာမည္ႀကီးခဲ့ၿပီး MTV သီခ်င္းေတြနဲ႔ ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားကို တာဝန္ယူရိုက္ကူးေနရသူတစ္ဦးလည္း ျဖစ္ပါတယ္။

စုလိႈင္ဝင္း

စုလိႈင္ဝင္း ကေတာ့သူမရဲ ႔ခႏၶာကိုယ္ေကာက္ေၾကာင္းအလွေၾကာင့္ ပရိသတ္ကစိတ္ဝင္စားခံခဲ့ရသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒီမတိုင္ခင္ကေတာ့ သူမကအကဝါသနာပါသူတစ္ဦးျဖစ္လို႕ အကဗီဒီယိုဖိုင္ေတြကိုတင္ခဲ့ေပမယ့္လည္း သတိထားမိသူေတြ အမ်ားႀကီးမရွိခဲ့ပါဘူး။

သူမကို စတင္လို႔ ေတာ္ေတာ္မ်ားမ်ားသိခဲ့တာကေတာ့ ေျဖးေျဖးခ်င္းလမ္းေလွ်ာက္တဲ့ ဗီဒီယိုဖိုင္ေလးကို အေနာက္ကေနရိုက္ထားၿပီး လူမႈကြန္ရက္ေပၚတြင္တင္လိုက္ရာတဆင့္ ပရိသတ္ဆီကို စတင္လို႔ဝင္ေရာက္လာသူလည္း ျဖစ္ပါတယ္။

လုလုေအာင္

လုလုေအာင္ကိုေတာ့ ပရိသတ္ႀကီးသိၿပီးျဖစ္မွာပါ။ သူမရဲ ႔ခႏၶာကိုယ္အသားေပးပံုေတြရိုက္ကူးမႈမွာ အေနာက္ကတိုင္ေတြေကြးတယ္၊ ေရကူးကန္ေဘာင္ေတြမညီမညာျဖစ္ေနတယ္ ကစလို႔ပရိသတ္က စတင္သတိထားမိခဲ့ၾကၿပီး လုလုေအာင္ရယ္လို႕ နာမည္စတင္ႀကီးလာတာျဖစ္ပါတယ္။

ပရိသတ္ကလည္းခ်စ္ခင္ၾကၿပီး ေခးႀကီးလို႕သူမကိုခ်စ္စနိုးေခၚတာကိုလည္းေတြ႔ရပါတယ္။

ႏြယ္ႏြယ္ထြန္း

ႏြယ္ႏြယ္ထြန္းကလည္း အလွဓါတ္ပံုေတြကို ရိုက္ကူးရင္းပရိသတ္နဲ႔ ထိေတြ႔မႈရရွိခဲ့သူတစ္ဦးျဖစ္ပါတယ္။ ႏြယ္ႏြယ္ထြန္းမွာ အနုပညာအလုပ္ေတြကိုလုပ္ေဆာင္ေနသူအစ္မအရင္းရွိတာေၾကာင့္ အခုဆိုရင္ ႏြယ္ႏြယ္ထြန္းဟာလည္း သူ႔အစ္မလိုပဲ အနုပညာအလုပ္ေတြကိုလုပ္ကိုင္ဖို႔ အတြက္ ေျခလွမ္းသစ္ေတြကို စတင္ေနတာလည္း ေတြ႔ရပါတယ္။

အခုဆိုရင္ မဂၢဇင္းေတြ ဂ်ာနယ္ေတြအတြက္ မ်က္နွာဖံုးဓါတ္ပံုေတြ ကိုတာဝန္ယူရိုက္ကူးေပးေနၿပီျဖစ္ပါတယ္။

ဆုရတီလင္း

ဆုရတီလင္း ကေတာ့ တကၠသိုလ္ေက်ာင္းသူတစ္ဦိးျဖစ္ပါတယ္။ အခုဆိုရင္ လူမႈကြန္ရက္မွာ ေခတ္စားေနတဲ့ TikTok ဗီဒီယိုဖိုင္ေလးေတြကို သူမရဲ ႔လူမႈကြန္ရက္အေကာင့္ ကေနတင္ရာမွ ပရိသတ္ရဲ ႔စိတ္ဝင္စားမႈကို ရရွိခဲ့သူတစ္ဦးျဖစ္ပါတယ္။

သူတို႕ေတြအကုန္လံုးကို သိရွိသူတစ္ေယာက္ဆိုရင္ေတာ့ သင္ဟာလူမႈကြန္ရက္ကို စြဲလန္းေနသူတစ္ဦးျဖစ္ေနပါၿပီ။

ၾကည္သာ (Akhayar)

Photo Credit: Lu Lu Aung Facebook Page ၊ Su Hlaing Win Facebook ၊ Su Yati Linn Facebook Page ၊ Nwe Nwe Tun Facebook Page ၊ Naw Phaw Eh Thar Facebook Page Page

www.akhayar.com
[Unicode]

လူမှုကွန်ရက်ကြောင့် အားပေးသူပရိသတ်တွေရရှိခဲ့ကြတဲ့ ဆယ်လီမမများ

မင်းသမီးတွေမဟုတ်ပေမယ့်လည်း လူမှုကွန်ရက်ပေါ်မှ တဆင့် အောင်မြင်လာကြတဲ့ ဆယ်လီမမတွေရှိပါတယ်။ သူတို့တွေကတော့ နော်ဖောအယ်ထား ၊ စုလှိုင်ဝင်း ၊ လုလုအောင် ၊ နွယ်နွယ်ထွန်း နဲ့ ဆုရတီလင်း တို့ပဲဖြစ်ပါတယ်။

 

နော်ဖောအယ်ထား

နော်ဖောအယ်ထား ကတော့ အပျော်တန်းအလှဓါတ်ပုံလေးတွေကို ရိုက်ပြီး သူမရဲ့လူမှုကွန်ရက်ကနေတင်ရာမှ ချစ်စရာကောင်းတဲ့တက္ကသိုလ်ကျောင်းသူမလေးတစ်ယောက် အဖြစ်ပရိသတ်က စတင်သိရှိခဲ့ပြီး သူမရဲ့ရိုးရိုးယဉ်ယဉ်လေးနဲ့ အလှကို ပရိသတ်က စတင်သတိထားမိခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင်တော့ လူမှုကွန်ရက်ပေါ်ကနေတဆင့် နာမည်ကြီးခဲ့ပြီး MTV သီချင်းတွေနဲ့ ကြော်ငြာတော်တော်များများကို တာဝန်ယူရိုက်ကူးနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။

စုလှိုင်ဝင်း

စုလှိုင်ဝင်း ကတော့သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်ကစိတ်ဝင်စားခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သူမကအကဝါသနာပါသူတစ်ဦးဖြစ်လို့ အကဗီဒီယိုဖိုင်တွေကိုတင်ခဲ့ပေမယ့်လည်း သတိထားမိသူတွေ အများကြီးမရှိခဲ့ပါဘူး။

သူမကို စတင်လို့ တော်တော်များများသိခဲ့တာကတော့ ဖြေးဖြေးချင်းလမ်းလျှောက်တဲ့ ဗီဒီယိုဖိုင်လေးကို အနောက်ကနေရိုက်ထားပြီး လူမှုကွန်ရက်ပေါ်တွင်တင်လိုက်ရာတဆင့် ပရိသတ်ဆီကို စတင်လို့ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။

လုလုအောင်

လုလုအောင်ကိုတော့ ပရိသတ်ကြီးသိပြီးဖြစ်မှာပါ။ သူမရဲ့ခန္ဓာကိုယ်အသားပေးပုံတွေရိုက်ကူးမှုမှာ အနောက်ကတိုင်တွေကွေးတယ်၊ ရေကူးကန်ဘောင်တွေမညီမညာဖြစ်နေတယ် ကစလို့ပရိသတ်က စတင်သတိထားမိခဲ့ကြပြီး လုလုအောင်ရယ်လို့ နာမည်စတင်ကြီးလာတာဖြစ်ပါတယ်။

ပရိသတ်ကလည်းချစ်ခင်ကြပြီး ခေးကြီးလို့သူမကိုချစ်စနိုးခေါ်တာကိုလည်းတွေ့ရပါတယ်။

နွယ်နွယ်ထွန်း

နွယ်နွယ်ထွန်းကလည်း အလှဓါတ်ပုံတွေကို ရိုက်ကူးရင်းပရိသတ်နဲ့ ထိတွေ့မှုရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ နွယ်နွယ်ထွန်းမှာ အနုပညာအလုပ်တွေကိုလုပ်ဆောင်နေသူအစ်မအရင်းရှိတာကြောင့် အခုဆိုရင် နွယ်နွယ်ထွန်းဟာလည်း သူ့အစ်မလိုပဲ အနုပညာအလုပ်တွေကိုလုပ်ကိုင်ဖို့ အတွက် ခြေလှမ်းသစ်တွေကို စတင်နေတာလည်း တွေ့ရပါတယ်။

အခုဆိုရင် မဂ္ဂဇင်းတွေ ဂျာနယ်တွေအတွက် မျက်နှာဖုံးဓါတ်ပုံတွေ ကိုတာဝန်ယူရိုက်ကူးပေးနေပြီဖြစ်ပါတယ်။

ဆုရတီလင်း

ဆုရတီလင်း ကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦိးဖြစ်ပါတယ်။ အခုဆိုရင် လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ TikTok ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့လူမှုကွန်ရက်အကောင့် ကနေတင်ရာမှ ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူတို့တွေအကုန်လုံးကို သိရှိသူတစ်ယောက်ဆိုရင်တော့ သင်ဟာလူမှုကွန်ရက်ကို စွဲလန်းနေသူတစ်ဦးဖြစ်နေပါပြီ။

ကြည်သာ (Akhayar)

Photo Credit: Lu Lu Aung Facebook Page ၊ Su Hlaing Win Facebook ၊ Su Yati Linn Facebook Page ၊ Nwe Nwe Tun Facebook Page ၊ Naw Phaw Eh Thar Facebook Page Page

www.akhayar.com