[Zawgyi]

ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ ဝါသနာတူ သွေးသားရင်းချာများ


Alex Waston


Joshua Alba


Dave Franco


Scott Evans


Luke Hemsworth


Oliver Hudson


Braison Cyrus


Michael Lohan Jr.


Anwar Hadid


ကြည်သာ (Akhayar)

Photo Credit: ELLE

www.akhayar.com
[Unicode]

 ဟောလီးဝုဒ်အနုပညာရှင်တွေရဲ့ဝါသနာတူ မောင်နှမအရင်းအချာများ

ဟောလီးဝုဒ် နာမည်ကြီးဆယ်လီတွေရဲ့ သွေးသားအရင်းအချာတွေကို ဖော်ပြပေးချင်ပါတယ်။ သူတို့တွေကလည်း အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်ခဲ့ဖူးတဲ့သူတွေဖြစ်ကြသလို လက်ရှိအချိန်အထိလည်း အနုပညာအလုပ်တွေ ကိုလုပ်ဆောင်နေသူတွေပါဝင်ပါတယ်။ နာမည်ကြီးဆယ်လီတွေရဲ့ သွေးသားရင်းတွေ ကရော သူတို့တွေနဲ့ဘယ်လိုတွေတူကြတယ်ဆိုတာကို လေ့လာကြည့်လိုက်ဦးနော်…

Alex Waston

Alex Waston ကတော့ မင်းသမီး Emma Watson ရဲ့ မောင်အရင်းဖြစ်ပါတယ်။ ဒီပုံထဲမှာကြည့်ရင် မောင်နှမနှစ်ယောက်အတော်ကိုတူတာကို ပိုပြီးတော့သိသာစေပါတယ်။ သူ့ကိုတော့ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။သူ့အစ်မနဲ့ အတူတူ Burberry Fashion အတွက်၂၀၁၀ ခုနှစ်လောက်က ကြော်ငြာရိုက်ကူးဖူးပါတယ်။

Joshua Alba

Joshua Alba ကတော့ မင်းသမီး Jessica Alba ရဲ့ မောင်ဖြစ်ပါတယ်။ သူကကလည်း မင်းသားတစ်ယောက်ပါပဲ။ သူပါဝင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Dark Angel (2001) ၊ Alpha Dog(2006) တို့ဖြစ်ပါတယ်။

Dave Franco

Dave Franco ကတော့ James Franco ရဲ့ညီဖြစ်ပါတယ်။ Dave ကလည်း အစ်ကိုလို မင်းသားတစ်ယောက်ဖြစ်ပြီး Dave ကိုတော့ Now You See Me(2013)   ဆိုတဲ့ ဇာတ်ကားမှာရင်းရင်းနှီးနှီးတွေ့ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ သူပါဝင်ဖူးတဲ့ဇာတ်ကားတွေကတော့ Warm Bodies(2013) ၊ Neighbors(2014)နဲ့ Rising(2016) စတာတွေပဲဖြစ်ပါတယ်။

Scott Evans

Scott Evans ကတော့ Chris Evans ရဲ့ ညီဖြစ်ပါတယ်။ သူကလည်း သူ့အစ်ကိုလိုပဲမင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ Confessions of Shopaholic (2009) ဆိုတဲ့ဇာတ်ကားထဲမှာပါဝင်ပါတယ်။ Scott Evans ဟာ သူ့ကိုယ်သူ Gay တစ်ယောက်အဖြစ်ခံယူထားသူဖြစ်ပါတယ်။

Luke Hemsworth

Luke Hemsworth ကတော့ Thor မင်းသား ကြီး Chris Hemsworth နဲ့ညီအစ်ကိုတွေဖြစ်ပါတယ်။ Hemsworth ညီအစ်ကိုတွေထဲက သုံးယောက်ရှိတဲ့အထဲကတစ်ယောက်ဖြစ်ပါတယ်။  သူကလည်းသရုပ်ဆောင်မင်းသား တစ်ယောက်ဖြစ်ပြီး Westworld ဇာတ်လမ်းတွဲနဲ့ HBO ရုပ်သံမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Oliver Hudson

Oliver Hudson ကတော့ Kate Hudson ရဲ့ အစ်ကိုကြီးဖြစ်ပါတယ်။ သူကလည်း မင်းသားတစ်ယောက်ပါပဲ။ သူနာမည်ကြီးတဲ့ဇာတ်ကားတွေကတော့ Rule of Engagement(2000) ၊ Scream Queens(2015) တို့ပဲဖြစ်ပါတယ်။

Braison Cyrus

Braison Cyrus ကတော့ အဆိုတော်သရုပ်ဆောင် Miley Cyrus ရဲ့ မောင်အငယ်ဖြစ်ပါတယ်။ Braison ကတော့ ဂီတကိုလုပ်ဆောင်ဖို့အတွက် ဆန္ဒပြင်းပြသူတစ်ယောက်ဖြစ်ပေမယ့်လည်း လတ်တလောမှာတော့ မော်ဒယ်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

Michael Lohan Jr.

Lindsay Lohan ရဲ့မောင်အငယ်ကတော့ Michael Lohan Jr. ပဲဖြစ်ပါတယ်။ အခုကတော့ စီးပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး အဲ့ဒီအရင်က Reality Star တစ်ဦးအနေနဲ့ The Parent Trap (1998) မှာပါဝင်ဖူးပါတယ်။

Anwar Hadid

နောက်တစ်ယောက်ကတော့ မော်ဒယ်အလှပဂေးတွေဖြစ်ကြတဲ့ Gigi နဲ့ Bella တို့ရဲ့မောင်အငယ် Anwar Hadid ပဲဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ ၁၈ နှစ်ပဲရှိပါသေးတယ်။ သူကလည်း သူ့အစ်မတွေလိုပဲ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ Anwar ကတော့ Hugo Boss ၊ Zadig & Voltaire နဲ့ Fenty x Puma တို့အတွက် မော်ဒယ်လုပ်ဖူးသူတစ်ယောက်ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: ELLE

www.akhayar.com