Motivation

What's New

ခရီးတွေ အများကြီးသွားနိုင်ဖို့ အထာကျကျ ငွေစုကြမယ်

[Zawgyi] ခရီးတွေ အများကြီးသွားနိုင်ဖို့ အထာကျကျ ငွေစုကြမယ် တစ်ခုခုလုပ်ချင်ပြီ၊ လိုချင်ပြီဆို လက်ထဲမှာ ငွေပိုမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပါသလား၊ ခရီးထွက်ဖို့ ငွေစုပေမယ့် ထင်သလောက်မစုမိ၊ ရှေ့ကစု နောက်ကကုန်ဖြစ်နေပါသလား။ ငွေစုနည်းတွေ အများကြီးရှိတဲ့ထဲက လွယ်လည်းလွယ်၊ အထာလည်း ကျတဲ့ ငွေစုနည်းလေးတစ်ခု ပြောပြပါရစေ။ ၁။ ဝင်ငွေအရပ်ရပ်ကို တွက်ချက်ပါ ဝင်ငွေဆိုရင် လစာငွေ၊ ကိုယ်ပိုင်လုပ်ငန်းရှိတဲ့သူက လုပ်ငန်းဝင်ငွေတင်မဟုတ်ဘဲ ဝန်ထမ်းဆိုလည်း အခြား Freelance ကရတဲ့ ဝင်ငွေ၊ လုပ်ငန်းရှင်ဆိုလည်း အခြားလုပ်ငန်းတွေမှာ ရှယ်ယာရတဲ့ ငွေတွေက အစ တွက်ချက်ပါ။  အဲ့ဒါတွေ မရှိရင်တောင် ဘဏ်စုငွေတွေကအစထည့်သွင်းပြီး ဝင်ငွေစုစုပေါင်းကို တွက်ချက်ပါ။ ၂။ စုငွေကို အရင်ဖယ်ပါ လူအတော်များများက […]

ဆိုရှယ်မီဒီယာမှာ Brand တည်ဆောက်နည်း

[Zawgyi] Akhayar Media ကနေစာဖတ်ပရိတ်သတ်တွေ သုတ၊ ရသနဲ့ဗဟုသုတပိုပြီးစုံစုံလင်လင်ရနိုင်ဖို့အတွက် လက်ရှိ Akhayarအဖွဲ့သားတွေတင်ဆက်နေတဲ့ဆောင်းပါးတွေအပြင် ဒီတစ်ပတ်ကစပြီးပြင်ပကစာရေးဆရာတွေရဲ့ဆောင်းပါးလက်ရာကောင်းတွေကိုပါ အလျဉ်းသင့်သလိုဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အွန်လိုင်းမှာရော လူသိများတဲ့စာရေးဆရာတစ်ဦးဖြစ်သူဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတစ်ပုဒ်ကိုစတင်တင်ဆက်ပေးလိုက်ပါတယ်။ဆရာဝန်တစ်ဖြစ်လည်း စာအရေးအသားကောင်းပြီးလူငယ်တွေအတွက်ဗဟုသုတရဖွယ် ပညာပေးဆောင်းပါးတွေရေးသားတင်ဆက်လေ့ရှိတဲ့ ဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတွေကို အခရာမှာစောင့်မျှော်ဖတ်ရှူနိုင်ပါတယ်။ “ဆိုရှယ်မီဒီယာမှာ Brand တည်ဆောက်နည်း” Brand ဆိုတာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာမှ ရှိတာလားဆိုရင် မဟုတ်ပါဘူး။ လူတွေမှာလည်း ရှိပါတယ်။ ကျွန်တော်တို့တစ်ယောက်ချင်းစီဟာလည်း တံဆိပ်တစ်ခုစီ ဖြစ်ပါတယ်။ City Mart လို့ကြားလိုက်တာနဲ့ ပစ္စည်းတွေစုံစုံလင်လင်ရတဲ့ နေရာတစ်ခုလို့ ပြေးမြင်လာတယ်၊ iPhone လို့ဆိုလိုက်တာနဲ့ တကယ့်ကို ခေတ်မီပြီး လူတန်းစားတစ်ရပ်သာ အသုံးပြုနိုင်တဲ့ ဖုန်းတစ်လုံးအဖြစ် မြင်လာပါတယ်။ ဒီလိုမြင်နေအောင်လည်း ဒီလုပ်ငန်းတွေဟာ နှစ်နဲ့ချီပြီး သူတို့နာမည်ကို […]

လုပ်ငန်းခွင်ပြဿနာတွေကို Facebook ပေါ်မှာ တင်သင့်လား

[Zawgyi] လုပ်ငန်းခွင်မှာတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်သဘောထားချင်း အမြဲတမ်းတိုက်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း အမြင်ချင်းတူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်ပြဿနာတွေကို Facebook ပေါ်မှာ ရင်ဖွင့်သင့်လားဆိုတဲ့ မေးခွန်းကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခရာရဲ့အမြင်ကတော့ လုပ်ငန်းခွင်ပြဿနာတွေကို Facebook ပေါ်မှာ မတင်သင့်ပါဘူး။ ဘာဖြစ်လို့ မတင်သင့်တာလဲဆိုတဲ့မေးခွန်းကို အချက်ကျကျဖြေဆိုပေးပါ့မယ်။ (၁) Facebook ပေါ်မှာ တင်လိုက်တော့ ပြေလည်သွားမှာလား။ လုပ်ငန်းခွင်မှာ ကုမ္ပဏီပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ Facebook ပေါ်မှာ ပေါက်ကွဲလိုက်တာတော့ ဟုတ်ပါပြီ။ ဒီလိုပေါက်ကွဲလိုက်တော့ ကိုယ့်ပြဿနာတွေက ပြေလည်သွားမှာလား။ ဥပမာတစ်ခုပြောချင်တယ်။ ကိုယ့်မှာ ယားနာပေါက်နေတယ်။ ယားနာကို လူအမြင်မခံဘဲနဲ့ တစ်ယောက်တည်း ကုတ်မှာလား။ လူစည်စည်မှာ […]

စိတ်ခံစားမှုကို ပြတဲ့ အင်္ဂလိပ်စကားလုံးလေးများ (၃)

စိတ်ခံစားမှုကို ပြတဲ့ အင်္ဂလိပ်စကားလုံးလေးတွေအကြောင်း ရေးလာတာ အခုဆိုရင် သုံးပတ်မြောက်ကို ရောက် လာတာမို့ အဆုံးသတ်ပါတော့မယ်။ ကျွန်တော်တို့ အပိုင်း (၁) မှာ A ကနေ E အထိ စကားလုံးတွေကို ဖော်ပြခဲ့ပြီး အပိုင်း (၂) မှာတော့ F ကနေ N အထိ ဖော်ပြခဲ့ပါတယ်။ အခုအပိုင်း (၃) မှာတော့ O ကနေ Z အထိ ဖော်ပြ ပေးမှာပါ။ စကားလုံးအကုန်လုံးကို တစ်စုတစ်စည်းထဲပြန်ပြီးလေ့လာချင်တဲ့သူတွေအတွက် အပိုင်း (၁)၊ (၂)၊ (၃) လင့်တွေကို အောက်မှာ စုစည်းဖော်ပြပေးထားပါတယ်။ O Overwhelm ကို စိတ်လှုပ်ရှားလွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ […]

ပန်းကန်ဆေးဘဝမှ သူဌေးကြီး ဖြစ်လာတဲ့ ရှာဟစ်ခန် (Shahid Khan)

[Zawgyi] သူ့ရဲ့ပထမအလုပ်က ပန်းကန်ဆေးသမား။ နောက်မှ ကားလုပ်ငန်းကို ဝင်လုပ်တာ။ အခုတော့ သူဌေးကြီးဖြစ်နေပြီ။ “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ စကားက သူနဲ့ဆိုရင် ကွက်တိ။ အခုပြောနေတဲ့သူက ရှာဟစ်ခန် (Shahid Khan) ပါ။ ရှာဟစ်ခန်ကို ၁၉၅ဝခုနှစ် ဇူလိုင်လ ၁၈ရက်နေ့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ (Lahore) မှာ မွေးဖွားခဲ့တယ်။ သူ့မိခင်က သင်္ချာပါမောက္ခဖြစ်ပေမယ့် မိသားစုကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာပဲ ကျင်လည်ခဲ့တယ်။ ၁၉၆၇ခုနှစ်မှာ အီလီနွိုက်စ်တက္ကသိုလ် (University of Illinois) တက်ဖို့ အမေရိကန်နိုင်ငံကို ပြောင်းခဲ့တယ်။ သူ့မှာ ဒေါ်လာ၅ဝဝပဲ ပါလာခဲ့တယ်။ သူတစ်ပါးတိုင်းပြည်မှာ ကျောင်းစရိတ် မလောက်ငှတဲ့အတွက် မျက်စိသူငယ်နားသူငယ် ဖြစ်ခဲ့ရတယ်။ ပထမဆုံးအလုပ်က […]

Millennials မျိုးဆက်တို့ အနှစ်သက်ဆုံး ကုမ္ပဏီ (၁၀) ခု

Millennials မျိုးဆက်တို့ အနှစ်သက်ဆုံး ကုမ္ပဏီ (၁၀) ခု Millennials တွေကို ဘယ်ခုနှစ်ကနေ ဘယ်နှခုနှစ်အတွင်း မွေးထားခဲ့တဲ့သူတွေရယ်လို့ တိတိကျကျသတ်မှတ် တာမျိုးမရှိပေမယ့် ၁၉၈၀ ကျော်၊ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်မတိုင်ခင် ခုနှစ်တွေမှာ မွေးဖွားခဲ့တဲ့သူတွေလို့ အကြမ်းဖျင်းပြောလို့ ရပါတယ်။ သူတို့ဟာ နည်းပညာပစ္စည်းတွေနဲ့ အသားကျတဲ့ လူငယ်တွေဖြစ်သလို ဒီဂျစ်တယ်ခေတ်ကို ဖြတ်သန်းလာတဲ့သူတွေဆိုရင်လည်း မမှားပါဘူး။ Millennials မျိုးဆက်တော်တော်များများဟာ Amazon, Google နဲ့ Apple တို့လို ကုမ္ပဏီကြီးတွေမှာ အလုပ် လုပ်ချင်ကြတယ်ဆိုတာ အံ့သြဖို့တော့မရှိပါဘူး။ ဒါပေမယ့် တခြားကုမ္ပဏီတွေကို ကျော်ပြီး Disney လိုကုမ္ပဏီ မျိုးမှာ အလုပ်လုပ်ချင်ကြတယ်ဆိုတာကတော့ တော်တော်အံ့သြဖို့ကောင်းပါတယ်။ ဒီနေရာမှာ […]

ဆေးသမား၊ တေလေဂျပိုးဘဝမှ ကြေးအမြင့်ဆုံးမင်းသားကြီးဖြစ်လာသူ Mark Wahlberg

Forbes ရဲ့ထုတ်ပြန်ချက်မှာ Dwayne Johnson ကို နောက်ကောက်ချပြီး Mark Wahlberg က ကြေးအမြင့်ဆုံး ဖြစ်လာပါတယ်။ အမေရိကန်သရုပ်ဆောင် Mark Wahlberg ဟာ လေးစားအားကျဖို့ကောင်းတဲ့ အနုပညာရှင် တွေအနက်က တစ်ယောက်ဖြစ်ပြီး Pop Idol ဘဝကနေ အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ်ကူး ပြောင်းနိုင်ခဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က  The Departed ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ပို့နေရာကနေ အော်စကာဆုလျာထားစာရင်းထားပါဝင်ခဲ့သလို ၂၀၁၀ တုန်းက The Fighter ဇာတ်ကားမှာလည်း သူ့ရဲ့သရုပ် ဆောင်မှုကို အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။ ဟာသဇာတ်ရုပ်ကိုလည်း ပိုင်ပိုင်နိုင်နိုင်သရုပ် ဆောင်နိုင်သူဖြစ် ကြောင်းကိုလည်း ၂၀၁၂ခုနှစ်က Ted ဇာတ်ကားမှာလည်း […]

အောင်မြင်ချင်သူတိုင်း ပြုလုပ်ရမယ့်နည်းလမ်း (၅)သွယ်

[Zawgyi] အခန်းထဲကို ဝင်ချင်တယ် ဒါပေမယ့် သင်ဟာ တံခါးလက်ကိုင်ကို ဘယ်လိုလှည့်ပြီး ဖွင့်ရမှန်းမသိရင် အထဲကို ဝင်လို့ရမှာ မဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်စေတဲ့ ကိစ္စတွေကို လုပ်ဆောင်နေတယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ မအောင်မြင်ရတဲ့ အဓိကအကြောင်းကတော့ နည်းစနစ်မကျတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားတဲ့အတွက် အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်သွားလို့ဖြစ်ပါတယ်။ ၁။ အကြိမ်ပေါင်းများစွာ ကြိုးစားပါ။ ကလေးငယ်တစ်ယောက်ဟာ ပစ္စည်းတစ်ခုကို ဘယ်လိုကိုင်ရမယ်ဆိုတာတောင် မသိပါဘူး။ သူဟာ လက်ထဲမှာ ကိုင်တယ်၊ နည်းလမ်းမမှန်တော့ ပြုတ်ကျတယ်၊ ပြန်ကိုင်တယ်။ နောက်ဆုံးတော့ ပစ္စည်းကို အောက်သို့လွတ်မကျအောင် ကိုင်နိုင်ခဲ့ပါတယ်။ လူတိုင်း ကျရှုံးဖူးပါတယ်။ လဲရင် ပြန်ထ အဲဒါဘဝ။ တကယ်အောင်မြင်ချင်တယ်ဆိုရင် အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပါ။ […]

တနေ့ကို ၁၅နာရီ အစာမစားပဲနေတဲ့ Facebook Analytics Director Dan Zigmond

[Zawgyi] Facebook ရဲ့ Analytics Director တစ်ဦးဖြစ်တဲ့ Dan Zigmond ဟာ Silicon Valley က ဝန်ထမ်းတွေတော်တော်များများပြုလုပ်ကြတဲ့ Intermittent Fasting လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်တာပြီး ၂၀၁၄ ခုနှစ်မှာတင် ကိုယ်အလေးချိန်ပေါင် ၂၀ အထိ လျော့ချနိုင်ခဲ့ပါတယ်။ အဲ့ဒီအတွက် Zigmond ဟာ တစ်ရက်ကို ၁၅ နာရီခန့် အစာမစားပဲနေထိုင်ခဲ့တာဖြစ်ပါတယ်။ Zigmond ကပြောတာကတော့ သူအခုလိုနေထိုင်တာက အစာအငတ်ခံတာမျိုးမဟုတ်ပဲ အချိန်အကန့်အသတ်နဲ့ အစာစားသုံးတာဖြစ်ပြီး ဘဝကို မျှတစွာနေထိုင်နေတာပါ လို့ဆိုပါတယ်။ မိသားစုရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်တဲ့ Zigmond ဟာ အခုလို အချိန် ၁၄ နာရီကနေ ရက်သတ္တပတ်များစွာအထိ […]

ရုပ်ရှင်ဝါသနာပါတဲ့သူတွေကို ကူညီထောက်ပံ့ပေးမယ့် Dream Union Studio

Dream Union Studio ဆိုတာက Monnect Group၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် Channel 9 တို့ပူးပေါင်း တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ DUS ရဲ့အဓိကရည်ရွယ်ချက်က ရုပ်ရှင်အိပ်မက်ရှိ ပေမယ့် ရိုက်ကူးရေးစရိတ် အခက်အခဲရှိနေတဲ့ ၀ါဿနာရှင်များအတွက် ရုပ်ရှင်အိပ်မက်ကိုအကောင်အထည် ဖော်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ထောက်ပံ့ကြေးစရိတ်လျှောက်ထားခြင်းနှင့် ရရှိနိုင်မည့်အခွင့်အရေး DUS လျှောက်ထားသူသည် လျှောက်လွာအောင်လျှင် DUS ထောက်ပံစရိတ်ရရှိမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးရိုက်ကူးရေး နှင့် လေ့လာရေးခရီးသွားလိုသူများကိုလည်း ဦးစားပေးချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ DUS ကိုဘယ်လိုလျှောက်လို့ရသလဲ Myanmar Youth Micro Film ပြိုင်ပွဲကိုဝါဿနာပါသော်လည်း ရိုက်ကူးရေးစရိတ်အခက်အခဲရှိသူများဟာ Dream Union Studio သို့ ဆက်သွယ်ပြီး ရိုက်ကူရေးထောက်ပံ့စရိတ်ကို […]

What's Rising

What's Hot

ဘယ်တော့မှ မကြီးပွားမယ့်သူရဲ့ လက္ခဏာ (၆) ချက်

[Zawgyi] လူတစ်ယောက်ချင်းစီမှာ ၂၄နာရီအတူတူရနေပေမယ့် ဆင်းရဲချမ်းသာ ကွဲပြားနေရတဲ့ အဓိကအကြောင်းအချက်ကတော့ ငွေကြေးကိစ္စစီမံခန့်ခွဲပုံ မတူညီကြတဲ့အတွက်ဖြစ်ပါတယ်။ ဥပမာ- ကိုယ့်လစာက ၃သိန်းရတယ်။ တစ်လ၁သန်း စုမိတယ်။ ဗီယက်နမ်ကို အပန်းဖြေထွက်လိုက်တာ ၆သိန်းကုန်သွားတယ်။ ဆိုတော့ ကုန်သွားတဲ့၆သိန်းပြန်ရဖို့ ၆လစုရမယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်မှာရှိတဲ့အကျင့်စရိုက်တွေက အောက်မှာဖော်ပြတဲ့အတိုင်းရှိနေရင် ဘယ်တော့မှမကြီးပွားဘူးဆိုတာ ပြောချင်ပါတယ်။ ၁။ လုံလောက်တဲ့ဝင်ငွေမရှိဘဲနဲ့ စုဖို့ပဲအာရုံစိုက်လွန်းတယ်။ ဒီကိစ္စက ရှင်းပါတယ်။ လူတိုင်းက ချမ်းသာချင်တယ်၊ ပိုက်ဆံစုချင်တယ် ဒါပေမယ့် လုံလောက်တဲ့ဝင်ငွေရှိမှ ဖြစ်မှာလေ။ တစ်လကို ၁သိန်းလောက်ပဲ ဝင်ပြီး ၃သိန်းလောက်စုချင်ရင် ဘယ်ဖြစ်မတုန်း။ အဲဒီတော့ ပိုက်ဆံချမ်းသာချင်ရင် လုံလောက်တဲ့ ဝင်ငွေရှိဖို့လည်း လိုအပ်သေးတယ်။ အရင်ဆုံး ဝင်ငွေကောင်းအောင်လုပ်။ ၂။ စုပေမယ့် ရင်းနှီးမြှုပ်နှံမှု […]

တကယ့် မိန်းမပဲ ဖြစ်ပါရစေ

ကျွန်မငယ်ငယ်တုန်းက အမေ့ကို မေးခဲ့ဖူးတဲ့ စကားရှိတယ်။ လင်ကောင်းသားကောင်းရပါစေလို့ ဆုပေးကြတာ ဘာဖြစ်လို့လဲလို့ပါ။ ဒီဆုတောင်းကို ကျွန်မတို့ ပတ်ဝန်းကျင်က လူကြီးသူမတွေက မိန်းကလေးတွေကို အမြဲတမ်း ပေးတတ်တဲ့ဆုပါ။ အမြဲတမ်း နားထဲ ကြားကြားနေရတဲ့ ဆုတောင်းစကားဆိုတော့ ၈ နှစ်သမီးအရွယ် ကျွန်မက နားမလည်လို့ မေးခဲ့ဖူးတာပါ။ လင်းကောင်း သားကောင်းဆိုတာက ပညာတတ်တဲ့…။ပိုက်ဆံချမ်းသာတဲ့…၊ ယောကျားင်္ပီသတဲ့ မိန်းမအပေါ်ကိုလည်း တန်ဖိုးထားပြီး အိမ်ထောင်ရေးသာယာအောင်လုပ်နိုင်တဲ့ ခင်ပွန်းမျိုးရတဲ့ မိန်းကလေးကို လင်ကောင်းသားကောင်းရတဲ့ မိန်းကလေးလို့ ပြောကြတယ်။ မိန်းမတိုင်းက လင်ကောင်းသားကောင်းကို လိုချင်တာပဲ။ ဒါပေမဲ့ လူတိုင်းတော့ မရနိုင်ကြပါဘူး သိပ်ကံကောင်းမှ ရနိုင်တာလို့ အမေက ဆိုတယ်။ အဲဒါကြောင့်ဆုတောင်းပေးကြတာလို့ ဆိုပါတယ်။ ပတ်ဝန်းကျင်က ကျွန်မထက်ကြီးတဲ့ အစ်မကြီးတွေကလည်း […]

၂၈နှစ်မှာ အငြိမ်းစားယူသွားတဲ့ သန်းကြွယ်သူဌေးမလေး ဂျေပီ လစ်ဗင်စတွန် (JP Livingston)

ဂျေပီ လစ်ဗင်စတွန် (JP Livingston) ဟာ ၂၈နှစ်အရွယ်မှာတင် အလုပ်အနားယူပြီးတော့ ဒေါ်လာ ၂သန်းနဲ့ ဇိမ်ကျလို့နေပါတယ်။ ပိုင်ဆိုင်ထားတဲ့ ဒေါ်လာ၂သန်းထဲမှာ ၁.၂သန်းကို အသားတင်စုဆောင်းခဲ့တာဖြစ်ပြီးတော့ ဝ.၈သန်းကိုတော့ ရင်းနှီးမြှုပ်နှံတဲ့နေရာကနေ ရရှိခဲ့တာဖြစ်ပါတယ်။ အလုပ်ဝင်တဲ့အချိန်ကနေ ဝင်ငွေရဲ့၇ဝရာခိုင်နှုန်းကို စုဆောင်းနိုင်ခဲ့လို့ အခုလို နေနိုင်တာဖြစ်ပါတယ်။ အသက် ၃ဝမပြည့်ခင်မှာ သန်းကြွယ်သူဌေးမလေး ဖြစ်နေတဲ့ လစ်ဗင်စတွန်ဆီကနေ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပက်သက်လို့ ဘာတွေသင်ယူလို့ရမလဲဆိုတာ Akhayar ကနေ ဖော်ပြလိုက်ပါတယ်။ ၁။ အသုံးစရိတ်ကို တတ်နိုင်သလောက် လျော့ပါတယ်။ နေ့စဉ်ဘဝမှာ ကုန်ကျနိုင်တဲ့ အသုံးစရိတ်ကို တတ်နိုင်သလောက် လျော့တဲ့သဘောပါ။ အပြင်ထွက်တဲ့အခါ ရေသန့်ဘူး ဝယ်သောက်မယ့်အစား အိမ်ကနေ ရေသန့်ဘူး ယူသွားတာမျိုးပေါ့။ ပြီးတော့ ၁ဝသိန်းလောက်ရှိတဲ့ […]

ဘာသာမဲ့တစ်ယောက်၏ အပြုအမူ၊ အတွေးအခေါ်များ

ဘာသာမဲ့တစ်ယောက်၏ အပြုအမူ၊ အတွေးအခေါ်များ လူတစ်ယောက်က ဘုရားကို မယုံကြည်ဘူးဆိုရင် ဗုဒ္ဓဘာသာတွေက ဒိဌိလို့ပြောကြမည်။ ခရစ်ယာန်တို့၊ အစ္စလမ်တို့ဆိုရင်တော့ ရှိက်တန် (စေတန်) ပေါ့။ ကျွန်တော်က ဘယ်ဘာသာကိုမှ မယုံကြည်တော့ဘူးဆိုတဲ့ အချိန်ရောက်ရင် ဘာသာမဲ့တစ်ယောက်ဖြစ်ဖို့ သေချာသလောက်ရှိသွားပါပြီ။ လူတွေက ကိုယ်ယုံကြည်တာကို ကိုးကွယ်ကြသည်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ကိုး ကွယ်မှုဆိုတာက တူညီတာမဟုတ်။ ဗုဒ္ဓဘာသာရှိသလို၊ ဟိန္ဒူလည်းရှိသည်။ ခရစ်ယာန်ရှိသလို၊ အစ္စလမ်ဆို တာလည်းရှိသည်။ မိဘတွေက ဗုဒ္ဓဘာသာဆိုရင်၊ သားသမီးကလည်း ဗုဒ္ဓဘာသာ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ ဒီလိုမျိုးနဲ့ ကျွန်တော်တို့လူသားတွေဟာ မျိုးရိုးစဉ်ဆက်ကိုးကွယ်မှု အစဉ်အလာ ကို စောင့်ထိန်းကြသည်။ ဘာသာကူးပြောင်းမှုဆိုတာရှိပေမယ့် ပုံမှန်အားဖြင့် မိရိုးဖလာကိုးကွယ်ယုံကြည်မှုကိုပဲ ဆက်လက်ကိုးကွယ်ကြများသည်။ တဖြည်းဖြည်း […]

ကမ္ဘာကျော်မင်းသားတစ်ယောက်ရဲ့ ဘဝခရီးကြမ်း

[Zawgyi] ကမ္ဘာကျော်မင်းသားကြီး မော်ဂန် ဖရီးမန်း (Morgan Freeman) ရဲ့ ဘဝခရီးကြမ်း မော်ဂန် ဖရီးမန်း (Morgan Freeman) ကို ၁၉၃၇ခုနှစ် ဇွန်လ (၁)ရက်နေ့မှာ တန်းနက်စ်(စ်)ပြည်နယ် (Tennessee) မန်းဖစ်(စ်)မြို့ (Memphis) မှာ မွေးဖွားခဲ့တယ်။ ဆံပင်ညှပ်ဆရာ မော်ဂန် ပေါ်တာဖီး ဖရီးမန်း (Morgan Porterfield Freeman) နဲ့ ကျောင်းဆရာမ မေမီ အက်ဒါ ဖရီးမန်း (Mayme Edna Freeman) တို့မှာ သားသမီး ၅ယောက်ရှိတဲ့အနက် မော်ဂန် ဖရီးမန်းကတော့ အငယ်ဆုံးသား ဖြစ်ပါတယ်။ အာဖရိကန်-အမေရိကန်ဖြစ်တဲ့ မိဘနှစ်ပါးဟာ မော်ဂန် ဖရီးမန်းမွေးဖွားတဲ့အချိန်မှာ လူဖြူလူမည်းခွဲခြားတဲ့ Jim […]