Channels

What's New

Google Play Store မှာ Android Instant Apps တွေကို အသုံးပြုနိုင်ပြီ

Google Play Store မှာ Android Instant Apps တွေကို အသုံးပြုနိုင်ပြီ Google ကနေ Play Store ကိုပြောင်းလဲမှုအနည်းငယ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Google ရဲ့ Instant Apps Feature လည်း ပါဝင်ခဲ့ပြီး အခုဆိုရင် အဆိုပါ ဖုန်းထဲကို Install ပြုလုပ်ဖို့မလိုအပ်ပဲ အသုံးပြုနိုင်တဲ့ Instant Apps တွေကို အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ Google ကနေ အဆိုပါ Instant Apps တွေကိုပြီးခဲ့တဲ့နှစ်ထဲက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အခုအချိန်ကြမှ စတင်အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ Instant Apps ဆိုတာကတော့ Application တစ်ခုကို Install မပြုလုပ်ပဲ အသုံးပြုနိုင်တာဖြစ်ပြီး တကယ်လို့ […]

ကလေးတွေကိုလောကဓံတရားအကြောင်းသိအောင်သင်ကြားပေးတယ်ဆိုတဲ့ ဟဲလေး

ချစ်စရာ သားလေးနှစ်ဦးကို ပိုင်ဆိုင်ထားတဲ့ဟဲလေးက မိသားစုနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံ ၊ ခံယူချက်တွေနဲ့ မိဘမေတ္တာနဲ့ပတ်သက်တဲ့ သူ့ရဲ့အတွေးအမြင်တွေကို အခုလိုပြောပြပေးခဲ့ပါတယ်။ နားလည်မှုနဲ့တည်ဆောက်ကြမယ် အဓိကက ကျွန်တော် မိသားစုကိုအရမ်းချစ်တယ်။ ကျွန်တော့်အဖေ အမေ ကျွန်တော့အစ်ကိုအပြင် အခုတည်ထောင်ထားတဲ့မိသားစုလေးကိုလည်း အရမ်းချစ်တယ်။ ပြီးတော့ ငယ်ငယ်ကတည်းက ကျွန်တော်က မိသားစုသိုက်သိုက်ဝန်းဝန်းနေရတာကို သဘောကျတယ်။ မိဘတွေနဲ့ခွဲမနေနိုင်ဘူး။ ပြီးတော့ကိုယ်တည်ထောင်ထားတဲ့ မိသားစုလေးကိုလည်းအေးချမ်းသာယာစေချင်တယ်။ မိသားစုထဲမှာ ပြဿနာဆိုတာတော့ရှိကြတာချည်းပါပဲ။ အဆင်ပြေအောင် ညှိနှိုင်းပြီးနေတဲ့အတွက် အခုဆိုသိုက်သိုက်ဝန်းဝန်းနဲ့ မိသားစုလေးကပျော်စရာကောင်းတယ်လို့ထင်ပါတယ်။ ပြီးတော့ နားလည်မှုတွေနဲ့ တည်ဆောက်ဖို့လိုပါတယ်။ အဖေတစ်ယောက်ဖြစ်လာချိန် မိဘမေတ္တာ ကိုယ့်မိဘတွေတုန်းကလည်း ကိုယ့်အပေါ်ကိုအရမ်းတာဝန်ကျေခဲ့တယ်။ ကျွန်တော် သူတို့ထက်မကျော်နိုင်ရင်တောင် သူတို့ထက်မလျော့နိုင်တဲ့အနေအထားမျိုးတွေနဲ့ ကိုယ့်သားသမီးကိုစောင့်ရှောက်ပါတယ်။ ကျွန်တော်တို့ခေတ်နဲ့ အခုခေတ်က အရမ်းကွာသွားပြီ။ ကလေးတွေကိုစောင့်ရှောက်ရတဲ့ပုံစံ သူတို့ကစားတဲ့ကစားနည်းတွေက အစအများကြီးတိုးတက်ပြောင်းလဲသွားပြီ။ […]

ရေကြီးနေချိန် လမ်းမပေါ်ဆင်းပြီး လမ်းရှင်းပေးဖြစ်ခဲ့တဲ့ ထားထက်ထက်

ဇွန်လ ၄ ရက်နေ့ နေ့ခင်းဘက်မှာရွာချလိုက်တဲ့ မိုးကြောင့် လူတွေ ကားတွေတော်တော်ဒုက္ခရောက်သွားခဲ့တာ အားလုံးအသိပါ။ တာမွေအဝိုင်းနားရောက်နေတဲ့ ထားထက်ထက်က ရေတွေကြီး ကားတွေပိတ် လမ်းရှင်းမယ့်သူမရှိဖြစ်နေချိန်မှာ လမ်းမပေါ်ဆင်းပြီး ကူညီပေးဖြစ်ခဲ့တာကို Facebook မှာတွေ့ရတာကြောင့် ဆက်သွယ်မေးမြန်းဖြစ်တဲ့အခါ… “မနေ့က ထားထက်ကရှုတင်ရှိတယ်။ ရှုတင်ကအပြန်နေ့လယ်စာစားမယ်ဆိုပြီး Cafe 20 ဆိုင်လေးမှာထိုင်နေတာ။ အဲဒီဆိုင်ဘေး လမ်းကြားလေးမှာရှိတဲ့ကားလေးက ရေတော်တော်မြုပ်နေပြီး ကားပိုင်ရှင်ကလည်း ဆိုင်ထဲမှာထိုင်ငိုနေတယ်။ သြော် ကိုယ့်ကားသာဆိုလည်း တော်တော်လေးစိတ်ဆင်းရဲမှာပဲဆိုပြီး ဝမ်းနည်းသွားမိတယ်။ အဲဒါနဲ့လမ်းမကြီးပေါ်ထွက်ကြည့်လိုက်တော့ ငါးထပ်ကြီးနဲ့ SSC ကြားမှာက နေရာကလည်းနည်းနည်းနိမ့်တော့ ကားတွေရေတော်တော်မြုပ်နေတယ်။ ကားအသေးလေးတွေဆို တစ်ဝက်လောက်အထိကိုမြုပ်တယ်။ လူတစ်ယောက်ရဲ့ရင်ဘတ်လောက်အထိရှိတယ်ဆိုတော့လေ။ ကားတွေက မီးခိုးတွေထွက်ပြီး စက်လည်းနှိုးလို့မရတော့ဘူး။ အဲလိုနဲ့ ကားတွေပျက်ပြီး ကားတွေကပိတ်တယ်။ အဲဒီနေရာက ရေမြုပ်နေတယ်ဆိုတာသိအောင်လို့ […]

“ကျွန်တော်ရူးနေသည်” စီးရီးကို အကောင်းဆုံးဖြစ်ဖို့ အချိန်ယူပြင်ဆင်နေတဲ့ သာဒီးလူ

အဆိုတော် သာဒီးလူက “ကျွန်တော်ရူးနေသည်” ဆိုတဲ့ သူ့ရဲ့ ဒုတိယတေးအယ်လ်ဘမ်ကို အချိန်ယူ ပြင်ဆင်ပြီးအကောင်းဆုံးဖန်တီးနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ “ဒုက္ခ၊ သုက္ခတွေဖြစ်ရတယ်။ အလုပ်ကြီး၊ အကိုင်ကြီးလုပ်နေရာကနေ အဲဒီလူကရပ်တန့်နေတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်ရဲ့အလုပ်ဟာ မအောင်မြင်တော့ စိတ်ဓာတ်တွေကျလာမယ်။ ဆိုက်ကိုဖြစ်လာမယ်။ သံသယစိတ်တွေဖြစ်လာမယ်။ ကြာလာတော့ အများအမြင်မှာက အရူးလို့ထင်ကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ ကိုယ့်ကိုယ်ကို အရူးလို့မထင်ကြဘူး။ မပြောကြဘူး။ ကျွန်တော်ကတော့ ကျွန်တော်ရူးနေသည်ပေါ့။ ဆိုလိုတာက။ ထွက်ဖို့ကို သေချာမလုပ်ရသေးပါဘူး။ စိတ်တိုင်းကျလုပ်နေရလို့ပါ။ အရင်အယ်လ်ဘမ်ထက်ပိုကောင်းအောင် သေချာလုပ်ချင်လို့ပါ”လို့ သာဒီးလူက ပြောပါတယ်။ ကျွန်တော်ရူးနေသည် အယ်လ်ဘမ်ကို Rock & Roll Oldies အယ်လ်ဘမ်အဖြစ် ဖန်တီးမှာဖြစ်ပြီး သီချင်း (၅) ပုဒ်မှာ အဆိုပိုင်းပြီးစီးပြီဖြစ်ပြီး […]

ကျောင်းသူဘဝတုန်းက မိုးရွာပြီဆိုရင် ဘောလုံးထွက်ကန်လေ့ရှိတဲ့ နန်းမြတ်ဖြိုးသင်း

ချစ်စရာရုပ်သွင်လေးနဲ့ သရုပ်ဆောင်ပီပြင်တဲ့ ကောင်မလေးနန်းမြတ်ဖြိုးသင်းက မိုးတွင်းမှာမွေးဖွားသူလေးလည်းဖြစ်ပါတယ်။ သူမပြောပြတဲ့ မိုးရာသီဖီလင်တွေကတော့… “နန်းမြတ်ကတော့ မိုးရာသီကိုကြိုက်တဲ့ထဲမှာပါပါတယ်။ နန်းမြတ်ကဇွန်လမှာမွေးတယ်ဆိုတော့ မိုးရာသီကကိုယ့်မွေးတဲ့ရာသီဖြစ်နေတယ်။ အဲဒါကြောင့် မိုးရာသီကိုချစ်တယ်။ ပြီးတော့ မိုးရာသီမှာ အေးအေးလေးနဲ့နေရတာကို ကြိုက်တယ်။ တချို့ကတော့ မိုးရာသီမှာ ဗွက်ထတယ် စိုစွတ်စွတ်နဲ့ဆိုပြီး မကြိုက်ကြဘူး။ နန်းမြတ်ကတော့ မိုးစိုရတာကိုကြိုက်တယ်။ မိုးရာသီမှာ အမှတ်တရဆိုရင်တော့ မိုးရွာပြီဆိုရင် သူငယ်ချင်းတွေစုပြီး ဘောလုံးထွက်ကန်ကြတယ်။  ကျောင်းတက်တုန်းကဆိုရင် မိုးရာသီမှာထီးယူတတ်တဲ့အကျင့်သိပ်မရှိဘူး။ ပြီးတော့ အဲဒီတုန်းက ညနေပိုင်းမှာမိုးရွာတယ်ဆိုရင် တစ်နှစ်လုံးညနေပိုင်းမှာပဲရွာတယ်။ အဲဒါလေးက သတိထားမိတဲ့အမှတ်တရလေးပါ။ ပြီးတော့ ကျောင်းဆင်းချိန်မိုးရွာပြီဆို အရမ်းပျော်တယ်။ အဲဒါလေးတွေကတော့အမှတ်တရလေးပါ” လို့ပြောပြပါတယ်။ လက်ရှိမိုးရာသီဖြတ်သန်းမှုနဲ့ ပတ်သက်ပြီးသူမက “မိုးတွင်အိမ်မှာရှိရင်တော့ စာအုပ်ဖတ်တယ် သီချင်းနားထောင်တယ်။ ပြီးတော့ မိုးသံကြားရင် အိပ်ချင်တယ်။ မိုးသံလေးနားထောင်ပြီး […]

ဘဝမှာ အလုပ်နဲ့ငွေထက် စိတ်ချမ်းသာမှုကိုအဓိကထားတယ်ဆိုတဲ့ ကြည်သာဟန်

အွန်လိုင်းပေါ်မှာ သူ့ကိုချစ်ခင်သူတွေ အများကြီးရှိသူ ၊ လူငယ်ဘဝမှာပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် ကြိုးစားနိုင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ကြည်သာဟန်ရဲ့ အောင်မြင်မှုအတွက် စွန့်လွှတ် ရုန်းကန် ကြိုးစားခဲ့ရပုံနဲ့ သူ့ရဲ့ဘဝခံယူချက်တွေအကြောင်းကို အခုလိုဖွင့်ဟခဲ့ပါတယ်။ လက်ရှိအနေအထားအပေါ်ခံယူချက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝပုံစံ လက်ရှိမှာ ကျွန်တော်က ကိုယ်ပိုင်လုပ်ငန်း KL Seven Car Sales Center ကိုတည်ထောင်ထားပါတယ်။ အွန်လိုင်းမှာလည်း ကျွန်တော့်ကို အားပေးသူတွေ အတော်အသင့်ရှိပါတယ်ပေါ့။ ကျွန်တော်ရော ကျွန်တော့်ပါပီလေးတွေကိုရောခင်မင်ကြပါတယ်။ လက်ရှိအနေအထားအပေါ် ခံယူချက်အနေနဲ့ပြောရရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မဆိုချင်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေတယ်ဆိုတဲ့အနေအထားမှာပဲရှိပါတယ်။ ငယ်ငယ်နဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားတဲ့အတွက် စွန့်လွှတ်ရတာတွေရှိပါတယ်။ ဥပမာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေဆိုရင် အမှတ်မီရဲ့သားနဲ့ မတက်ခဲ့ရဘူး။ ပညာရေးကိုအဝေးသင်ပညာရေးဘဝနဲ့ပဲဖြတ်သန်းခဲ့ရတယ်။ နောက်ပြီးတော့ လူငယ်ဘဝအချိန်တွေအများစုကို စွန့်လွှတ်ခဲ့ရတယ်။ […]

ပရိတ်သတ်နဲ့ နီးစပ်မှုလိုချင်လို့ ဇာတ်လမ်းတွဲရိုက်ဖြစ်ခဲ့တာပါဆိုတဲ့ မြင့်မြတ်

မြန်မာမီဒီယာဆဲဗင်းကုမ္ပဏီက ထုတ်လုပ်ရိုက်ကူးမယ့် မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် မြင့်မြတ်က ပရိတ်သတ်နဲ့ နီးစပ်မှု လိုချင်တဲ့အတွက် ဇာတ်လမ်းတွဲရိုက်ရတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မြင့်မြတ်က “Channel တွေကနေ Free to Air လွှင့်မယ်ဆိုတော့ ဘာပဲပြောပြော ခုနောက်ပိုင်း ဗီဒီယိုဈေးကွက်ကလည်း ရပ်နေတယ်။ သိပ်မရိုက်ကြတော့ဘူး။ ပရိသတ်​နဲ့ထိတွေ့မှုက ပြောရမယ်ဆိုရင် ချန်နယ်က အပတ်​တိုင်းနီးပါးထိတွေ့ရတယ်။ အဲ့ဒီသဘောကြောင့်လည်း ပါပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် “အဓိကတော့ ကျွန်တော်တစ်ခါမှ မရိုက်ဖူးဘူး။ ရိုက်လည်းရိုက်ကြည့်ချင်တယ်။ အတွေ့အကြုံ လိုချင်တဲ့သဘောပါ။ ကာရိုက်တာကလည်း အတိုင်းအတာတစ်ခုတော့ လုပ်ကွက်ရပါတယ်။ ဇာတ်လမ်းပုံစံက တောဟာသလေးပါပဲ။ သမားရိုးကျမဟုတ်တဲ့ ခပ်ဆန်းဆန်းလေးတွေလည်းပါမှာပါ” လို့ ပြောပါသေးတယ်။ ဒါရိုက်တာသြရသရိုက်ကူးမယ့် အဲဒီဇာတ်လမ်းတွဲဟာ […]

စက်တင်ဘာလဆန်းမှာ တစ်ကိုယ်တော်ခွေထွက်ရှိတော့မယ့် ဆန်းသစ်လ

ပရိသတ်ချစ်တဲ့ အဆိုရှင်တစ်ဦးဖြစ်တဲ့ မေရွက်ဝါရဲ့အနုပညာအမွေကို ဆက်ခံထားနိုင်သူလေးဖြစ်တဲ့ ဆန်းသစ်လကတော့ Photo Model အဖြစ်သာမက ဗီဒီယို ရုပ်ရှင်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဂီတဘက်မှာပါ ထူးချွန်သူဖြစ်တဲ့သူမက လတ်တလောအနုပညာအလုပ်တွေအကြောင်းကို “လတ်တလောမှာတော့ ညီမရုပ်ရှင်တွေ ဗီဒီယိုတွေမရိုက်ဖြစ်ပါဘူး။ Photo Model အနေနဲ့ပဲ ဓာတ်ပုံတွေရိုက်ကူးဖြစ်နေပါတယ်။ ပြီးတော့ ညီမရဲ့တစ်ကိုယ်တော်အခွေလေးကို စက်တင်ဘာလဆန်းလောက်မှာထွက်ဖို့ စီစဉ်ထားပါတယ်။ သီချင်းလေးတွေတော်တော်များများလက်ထဲရှိနေပါပြီ။ တေးရေးတွေလည်း အစုံပါပဲ။ သီချင်းပုံစံလေးတွေလည်း အစုံပါမှာပါ။ ဒီအခွေလေးစီစဉ်ထားတာက ၂ နှစ်လောက်ကြာပြီမို့လို့ စက်တင်ဘာလဆန်းမှာ နောက်ဆုံးထားပြီးထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အရင်ဆုံး Audio CD ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းကတော့ ၁၀ပုဒ် ၁၁ ပုဒ်လောက်ပါမှာပါ” လို့ပြောပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ပါဝင်မယ့်သီချင်းတွေအကြောင်းကိုတော့ “သီချင်းတွေကတော့ အမေ့ခေတ်က သီချင်းဟောင်းလေးတွေပါမယ်။ […]

အောင်လေး ပြောတဲ့ သူငယ်ချင်းတွေအကြောင်း

[Zawgyi] သူငယ်ချင်းဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ။ ဘာလို့လဲဆိုတော့ ညီအစ်ကိုလို သဘောထားတယ်။ ညီအစ်ကို မောင်နှမ ရှိပေမယ့် သူစိမ်းထက်တောင် စိမ်းပါသေးတယ်။ ဒါကြောင့် သူငယ်ချင်းတွေကို ညီအစ်ကိုလို ပေါင်းတာပါ။ ပြီးရင် ရင်ဖွင့်တိုင်ပင်စရာတွေကို တိုင်ပင်တယ်။ သူတို့လိုအပ်တာတွေဆို အမြဲတတ်နိုင်သလောက်ကူညီပေးတယ်။ ပြီးတော့ ကျွန်တော်က လူရွေးပေါင်းတယ်။ ကိုယ့်ဆီက လိုချင်တပ်မက်မှုတစ်ခုနဲ့ ပေါင်းတဲ့သူမျိုးရယ် စိတ်ဓာတ်မကောင်းတဲ့ အကျင့်စာရိတ္တပျက်ပြားတဲ့သူမျိုးတွေရယ် သူများပေါ်ကို စိတ်ယုတ်မာတဲ့သူရယ်ကို ကျွန်တော်ရှောင်ပါတယ်။ ယောက်ျားလေး သူငယ်ချင်းများပါတယ်။ စိတ်ဓာတ်ကို ရွေးပေါင်းပါတယ်။ အဓိကကတော့ ကျွန်တော် ဆိုက်ကားသမားဖြစ်နေလည်း ပေါင်းမှာပဲ။ ကားအကောင်းစားကြီးစီးနေလည်း ပေါင်းမှာပဲ။ ဘာလို့လဲဆိုတော့ စိတ်ဓာတ်နဲ့ ပေါင်းသင်းရတဲ့သူတွေပဲလေ။ သူငယ်ချင်းတွေကြောင့် ဘဝမှာ ပျော်ရွှင်စရာတွေ အများကြီးရှိခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ဆုံရတာ ဘာနဲ့မှအဖိုးမဖြတ်နိုင်အောင်ပါပဲ။ […]

DJ RUSH ရဲ့ ယခုခေတ်စားနေတဲ့ EDM ပွဲတွေပေါ် အမြင်

Professional DJ တစ်ယောက်ဖြစ်တဲ့ DJ RUSH ကို ခု ရန်ကုန်မှာ လတ်တလော တဟုန်ထိုးခေတ်စားလာတဲ့ EDM ပွဲတွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းကြည့်တဲ့ အခါမှာတော့… “ခုခေတ်စားနေတဲ့ EDM ပွဲတွေအပေါ် အမြင်ဆိုရင်တော့ EDM ပွဲတွေလုပ်တာ ကောင်းပါတယ်၊ ကျွန်တော်တို့လို Local DJ တွေ အတွက်လည်း အများကြီး အတွေ့အကြုံရပါတယ်။ ရန်ကုန်မှာ ရှိတဲ့ EDM ပရိသတ်လူငယ်တွေ အတွက်လည်း အများကြီး အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံက EDM ပွဲတွေမှာဆိုရင် လက်မှတ် ၁ စောင်ကို  အနည်းဆုံး ၁ သိန်းလောက်ပေးရမယ်။ ဒီမှာကျတော့ ၃၊၄၊ ၅ သောင်းနဲ့ ကမ္ဘာကျော်ဒီဂျေ လေး ငါးယောက်ကို တန်းစီပြီး […]

What's Rising

What's Hot

လုရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အလှအပထိန်းသိမ်းပုံ

လုရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အလှအပထိန်းသိမ်းပုံ   လုက Gym ကို တစ်ပတ်မှာ ငါးရက်၊ တစ်ရက်မှာ တစ်နာရီလောက်တော့ ဆော့ပါတယ်။ ပုံမှန်လေးပဲပေါ့။ တအားပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ဘူးပေါ့။ အစားအသောက်ကိုလည်း ဝဝလင်လင်စားပါတယ်၊ ညမိုးချုပ်တဲ့ အချိန်တော့ မစားတာပဲ ရှိတာပါ။ ယောဂကိုတော့ တစ်ပတ်မှာ ၂ ရက်လောက် ဆော့ဖြစ်တယ်၊ ကျန်တဲ့ Fitness ပိုင်း အလေးတွေ ဘာတွေနဲု့တော့ တစ်ပတ်မှာ ၃ ရက်လောက် ဆော့ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်ဆော့တဲ့ ပုံစံထက် တစ်နာရီလောက်ကို ဖြည်းဖြည်းမှန်မှန်ဆော့ဖြစ်တယ်ပေါ့။ ပရိသတ်တွေကို ကျန်းမာရေးနဲ့ ပက်သက်ပြီး ဘယ်လို အကြံပေးချင်လဲဆိုတော့ Gym တွေ ဘာတွေ ဆော့ရင် လည်း အစားအသောက်တော့ […]

ဘဝမှာ အလုပ်နဲ့ငွေထက် စိတ်ချမ်းသာမှုကိုအဓိကထားတယ်ဆိုတဲ့ ကြည်သာဟန်

အွန်လိုင်းပေါ်မှာ သူ့ကိုချစ်ခင်သူတွေ အများကြီးရှိသူ ၊ လူငယ်ဘဝမှာပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် ကြိုးစားနိုင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ကြည်သာဟန်ရဲ့ အောင်မြင်မှုအတွက် စွန့်လွှတ် ရုန်းကန် ကြိုးစားခဲ့ရပုံနဲ့ သူ့ရဲ့ဘဝခံယူချက်တွေအကြောင်းကို အခုလိုဖွင့်ဟခဲ့ပါတယ်။ လက်ရှိအနေအထားအပေါ်ခံယူချက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝပုံစံ လက်ရှိမှာ ကျွန်တော်က ကိုယ်ပိုင်လုပ်ငန်း KL Seven Car Sales Center ကိုတည်ထောင်ထားပါတယ်။ အွန်လိုင်းမှာလည်း ကျွန်တော့်ကို အားပေးသူတွေ အတော်အသင့်ရှိပါတယ်ပေါ့။ ကျွန်တော်ရော ကျွန်တော့်ပါပီလေးတွေကိုရောခင်မင်ကြပါတယ်။ လက်ရှိအနေအထားအပေါ် ခံယူချက်အနေနဲ့ပြောရရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မဆိုချင်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေတယ်ဆိုတဲ့အနေအထားမှာပဲရှိပါတယ်။ ငယ်ငယ်နဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားတဲ့အတွက် စွန့်လွှတ်ရတာတွေရှိပါတယ်။ ဥပမာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေဆိုရင် အမှတ်မီရဲ့သားနဲ့ မတက်ခဲ့ရဘူး။ ပညာရေးကိုအဝေးသင်ပညာရေးဘဝနဲ့ပဲဖြတ်သန်းခဲ့ရတယ်။ နောက်ပြီးတော့ လူငယ်ဘဝအချိန်တွေအများစုကို စွန့်လွှတ်ခဲ့ရတယ်။ […]

အရောင်တွေက စိတ်အာရုံကို ဘယ်လိုဖမ်းစားတာလဲ

ကျွန်မတို့ရဲ့ နေ့တိုင်းကို အရောင်တွေက လွှမ်းမိုးထားပါတယ်။ အရောင်လို့ပြောလိုက်ရင် လူတွေက အ၀တ်အစားအရောင်ကိုပဲ စိတ်ထဲမှာ ဦးဆုံးမြင်ကြပါတယ်။ တကယ်တော့ မိမိရဲ့ အ၀တ်အစား၊ အသုံးအဆောင်အပြင် လက်ဝတ်လက်စားတွေ၊ အိတ်၊ ဖိနပ်၊ ဆံပင်အရောင်၊ ရုံးခန်းအရောင်၊ ကားအရောင်၊ စားပွဲပေါ်မှာထားတဲ့ အလှတင်ပစ္စည်းတွေ၊ မိမိအခန်းနံရံ၊ အမျိုးသမီးတွေဆိုရင် လက်သည်းနီ၊ နှုတ်ခမ်းနီကစလို့ မျက်ကပ်မှန်အရောင်တွေထိပါဝင်ပါတယ်။ လုပ်ငန်းရှင်တွေဆိုရင် သူ့ရဲ့လုပ်ငန်းမှာ သုံးတဲ့ အရောင်တွေနဲ့ မိမိလုပ်ငန်းပုံရိပ်ကို တည်ဆောက်နိုင်ပါတယ်။   မိမိတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံပေါ်ကိုမူတည်ြပီး အရောင်တွေကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ ကြပါတယ်။ ကလေးဘ၀မှာ နေနဲ့ မီးဟာ ပူပြင်းပြီး သူတို့ဟာ အမြဲတမ်း အနီရောင်၊ အ၀ါရောင် သို့မဟုတ် လိမ္မော်ရောင်ရှိတယ်လို့ ကျန်မတို့ လေ့လာသင်ယူခဲ့ကြပါတယ်။ […]

ပိန်သွားတယ်ထင်ရအောင် ဘယ်လိုဝတ်မလဲ

အများအမြင်မှာတော့ ရုတ်တရက်ကြည့်လိုက်တာနဲ့ ပိန်သွားတယ်လို့ ထင်ရအောင် နည်းလမ်းကောင်းလေးတွေကို ပြောပြချင်ပါတယ်။ စက္ကန့် ၂၀ အတွင်းမှာ ၁၀ကီလို ပိန်တယ်ထင်ခံရချင်ပါသလား။ ဒီအချက်လေးတွေနဲ့ အမြင်ပြောင်းလဲလို့ရပါတယ်။ အသားမာသည့်အဝတ်စများဝတ်ဆင်ခြင်း အသားအရမ်းပျော့တဲ့ အစတွေဟာ ကိုယ်မှာ ကပ်နေတဲ့အတွက် လူကို ပိုပြီးပြည့်စေတယ် ထင်ရလေ့ရှိပါတယ်။ အသားအရမ်းပျော့တဲ့ အစတွေနဲ့ ယှဉ်ရင် အသားနည်းနည်းမာတဲ့ အနေတော်အဝတ်စတွေက လူကို တောင့်တင်း စမတ်ကျသေးသွယ်စေပါတယ်။ အရောင် ရင့်ရင့်များ ဝတ်ဆင်ခြင်း အရောင်နုတွေက လူကိုပိုဝသယောင်ထင်ရစေပြီး အရောင်ရင့်တွေက လူကိုပိန်သွယ်စေပါတယ်။ အထဲက ဒီဇိုင်းတွေကိုလည်း သတိထားဦးနော်! ထောင့်ဖြတ် (သို့မဟုတ်) ဒေါင်လိုက် လိုင်းများပါသော အဝတ်များဝတ်ဆင်ခြင်း ဒါကတော့ လူတိုင်းသိကြပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ဒေါင်လိုက်လိုင်းတွေ၊ ထောင့်ဖြတ်လိုင်းတွေပါတဲ့ […]

တာဝန်သိစိတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာသက္ကရာဇ် ၁၃ရ၈ ခုနှစ် တန်ကူးလဆန်း ၁၁ ရက် တင်္နလာနေ့ က နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ပါသည်။ မိန့်ခွန်းအစတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ အခြေခံမူများ ဖြစ်သော အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး၊ ဒီမိုကရေစီရှင်သန်ပြီး အမြစ်တွယ်ရေးတို့ကို ပြောခဲ့ပါသည်။ အမျိုးသားရင်ကြားစေ့ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး ညီညွှတ်မှသာ နိုင်ငံတစ်နိုင်ငံသည် တိုးတတ်ချမ်းသာနိုင်ကြောင်းကို ပြောခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားတိုင်း က အောက်ပါအခြေခံအချက်များကို လိုက်နာကျင့်သုံးမှသာ အမျိုးသား ရင်ကြားစေ့ရေး အောင်မြင်နိုင်မည် ဖြစ်ပါသည်။ ၁။    မိမိနှင့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မတူသော တိုင်းရင်းသားတို့ ၏ ဘာသာ၊ယဉ်ကျေးမှု၊ […]