This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုအဖြင့္ပဲြမွာ ႐ုရွားအသင္းႏုိင္မယ္လုိ႔ ခန္႔မွန္းခဲ့တဲ့ ေၾကာင္ကေလး အာခိလိစ္ Achilles

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပဲြရလဒ္ေတြကုိ ခန္႔မွန္းဖုိ႔ ေလ့က်င့္မႈေတြ ျပဳလုပ္ထားတဲ့ ေၾကာင္ကေလး အာခိလိစ္ Achilles ကေတာ့ အုပ္စုအဖြင့္ပဲြ ႐ုရွား-ေဆာ္ဒီပဲြမွာ ဘယ္သူႏုိင္မလဲဆုိတာ ခန္႔မွန္းေပးလုိက္ပါၿပီ။ သူ ေရြးခ်ယ္လုိက္တာကေတာ့ အိမ္ရွင္ ႐ုရွားအသငး္ပါပဲ။ ေၾကာင္ကေလး အာခိလိစ္ဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ေနၿပီး ယူ႐ုိ-၂၀၀၈၊ ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ပဲြရလဒ္ေတြကုိ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ မွန္မွန္ကန္ကန္ခန္႔မွန္းခဲ့တဲ့ ေရဘ၀ဲလ္ ေပါလ္ Paul လုိမ်ိဳး အာခိလိစ္ကုိလည္း ႐ုရွားႏုိင္ငံက တိရိစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖဲြ႕က စနစ္တက်ေမြးျမဴ သင္ၾကားခဲ့တာပါ။ အာခိလိစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က က်င္းပခဲ့တဲ့ ကြန္ဖက္ဒေရးရွင္းဖလားၿပိဳင္ပဲြမွာလည္း ပဲြအေတာ္မ်ားမ်ားကုိ ခန္႔မွန္းေပးခဲ့ဖူးပါတယ္။

Cat-Achilles-Chooses-World-Cup-2018-Opening-Match-Winner

Cat-Achilles-Chooses-World-Cup-2018-Opening-Match-Winner

အခု ႐ုရွားနဲ႔ေဆာ္ဒီပဲြအတြက္ အာခိလိစ္ကုိ ႐ုရွားအလံစုိက္ထားတဲ့ အစာခြက္၊ ေဆာ္ဒီအလံစုိက္ထားတဲ့ အလံခြက္ ႏွစ္ခြက္ထဲက ဘယ္ခြက္ကုိ ေရြးခ်ယ္မလဲဆုိတာ ခန္႔မွန္းေစခဲ့တာမွာေတာ့ အာခိလိစ္က ႐ုရွားကုိ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ အာခိလိစ္ဟာ ႐ုရွားအလံနဲ႔အက်ႌ ၀တ္ဆင္ခန္႔မွန္းခဲ့တာေၾကာင့္ ႐ုရွားအသင္းကုိ ေရြးခ်ယ္ခဲ့တာလားလုိ႔ ယူဆခ်င္စရာပါပဲ။ တိရိစာၦန္ထိန္းသိမး္ေစာင့္ေရွာက္သူ ကြန္ဒရက္ယီဗာ Kondratyeva က “အာခိလိစ္ဟာ သူ႔မိခင္ႏုိင္ငံကုိ ခ်စ္ျမတ္ႏုိးတာေၾကာင့္ တျခားဘယ္အသင္းကုိမွ ေရြးခ်ယ္မွာ မဟုတ္ပါဘူး”လုိ႔ ေနာက္ေျပာင္ခဲ့တယ္။ အာခိလိစ္ရဲ႕ ေရြးခ်ယ္မႈ မွန္ကန္မလားဆုိတာကေတာ့ ဒီညမွာ အေျဖေပၚပါလိမ့္မယ္။

REF:Times
Photo:Reuters,Saudi Gazette
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုအဖွင့်ပွဲမှာ ရုရှားအသင်းနိုင်မယ်လို့ ခန့်မှန်းခဲ့တဲ့ ကြောင်ကလေး အာခိလိစ် Achilles

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲရလဒ်တွေကို ခန့်မှန်းဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ထားတဲ့ ကြောင်ကလေး အာခိလိစ် Achilles ကတော့ အုပ်စုအဖွင့်ပွဲ ရုရှား-ဆော်ဒီပွဲမှာ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းပေးလိုက်ပါပြီ။ သူ ရွေးချယ်လိုက်တာကတော့ အိမ်ရှင် ရုရှားအသင်းပါပဲ။ ကြောင်ကလေး အာခိလိစ်ဟာ အကြားအာရုံချို့တဲ့နေပြီး ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပွဲရလဒ်တွေကို အံ့အားသင့်စရာကောင်းလောက်အောင် မှန်မှန်ကန်ကန်ခန့်မှန်းခဲ့တဲ့ ရေဘဝဲလ် ပေါလ် Paul လိုမျိုး အာခိလိစ်ကိုလည်း ရုရှားနိုင်ငံက တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က စနစ်တကျမွေးမြူ သင်ကြားခဲ့တာပါ။ အာခိလိစ်ဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာလည်း ပွဲအတော်များများကို ခန့်မှန်းပေးခဲ့ဖူးပါတယ်။

Cat-Achilles-Chooses-World-Cup-2018-Opening-Match-Winner

Cat-Achilles-Chooses-World-Cup-2018-Opening-Match-Winner

အခု ရုရှားနဲ့ဆော်ဒီပွဲအတွက် အာခိလိစ်ကို ရုရှားအလံစိုက်ထားတဲ့ အစာခွက်၊ ဆော်ဒီအလံစိုက်ထားတဲ့ အလံခွက် နှစ်ခွက်ထဲက ဘယ်ခွက်ကို ရွေးချယ်မလဲဆိုတာ ခန့်မှန်းစေခဲ့တာမှာတော့ အာခိလိစ်က ရုရှားကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အာခိလိစ်ဟာ ရုရှားအလံနဲ့အကျႌ ဝတ်ဆင်ခန့်မှန်းခဲ့တာကြောင့် ရုရှားအသင်းကို ရွေးချယ်ခဲ့တာလားလို့ ယူဆချင်စရာပါပဲ။ တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ ကွန်ဒရက်ယီဗာ Kondratyeva က “အာခိလိစ်ဟာ သူ့မိခင်နိုင်ငံကို ချစ်မြတ်နိုးတာကြောင့် တခြားဘယ်အသင်းကိုမှ ရွေးချယ်မှာ မဟုတ်ပါဘူး”လို့ နောက်ပြောင်ခဲ့တယ်။ အာခိလိစ်ရဲ့ ရွေးချယ်မှု မှန်ကန်မလားဆိုတာကတော့ ဒီညမှာ အဖြေပေါ်ပါလိမ့်မယ်။

REF:Times
Photo:Reuters,Saudi Gazette
Naing Linn(Akhayar)
www.akhayar.com