[Zawgyi]

ႏိုင္ငံလက္ေရြးစင္အသင္းက အနားမယူေသးဖို႔ မက္ဆီ Messi ကို တိုက္တြန္းလိုက္တဲ့ တိဗက္ဇ္ Tevez

ႏိုင္ငံလက္ေရြးစင္အသင္းကေန အနားမယူေသးဖို႔ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီ Messi ကို တိုက္စစ္မွဴးေဟာင္း ကားလို႔စ္တိဗက္ဇ္ Carlos Tevez က တိုက္တြန္းေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံအသင္းက အနားမယူေသးဘဲ အာဂ်င္တီးနားအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကစားသမားေတြကို အေထာက္အပံ့ေပးသြားဖို႔ မက္ဆီ Messi ကို တိုက္တြန္းခဲ့တာပါ။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈမရခဲ့တဲ့ အေပၚစိတ္ပ်က္လ်က္ရွိၿပီး ႏိုင္ငံအသင္းက အနားယူဖို႔ စဥ္းစားေနတဲ့ မက္ဆီ Messi အေပၚ တိဗက္ဇ္ Tevez က အျပည့္အဝ ေထာက္ခံအားေပးေနတာျဖစ္ပါတယ္။ အသက္ (၃၁)ႏွစ္အရြယ္ရွိ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီ Messi နဲ႔ ပရိသတ္ေတြရဲ႕ ဆက္ဆံေရးက ကစားသမားဘဝတစ္ေလွ်ာက္ အဆိုးဆံုးအေနအထားကို ေရာက္ေနခဲ့လို႔ ႏိုင္ငံအသင္းကေန အနားယူဖို႔ ရွိေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒီသတင္းေတြေၾကာင့္ တိဗက္ဇ္ Tevez က အနားယူဖို႔ ေနာက္ဆံုးဆံုးျဖတ္ခ်က္မခ်ခင္ အခ်ိန္ယူစဥ္းစားဖို႔ တိုက္တြန္းေနတာျဖစ္ပါတယ္။

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-ArgentinaMessi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

ESPN သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ တိဗက္ဇ္ Tevez က “သူဟာႏိုင္ငံအသင္းရဲ႕ အသက္ဝိညာဥ္ပါ၊ အနားယူမယ့္အစီအစဥ္ကို သူ႔အေနနဲ႔ အခ်ိန္ယူၿပီး စဥ္းစားသင့္တယ္လို႔ ထင္တယ္၊ သူလညး္ေကာင္းေကာင္းေတြးေနမွာပါ၊ အာဂ်င္တီးနားအသင္းကို ဦးေဆာင္ၿပီး ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ဖို႔ ခက္ခဲပါတယ္၊ သူလည္း ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈမရခဲ့လို႔ ေပ်ာ္ရႊင္ႏိုင္မွာ မဟုတ္ပါဘူး၊ ေခါင္းေအးေအးထားၿပီး အခ်ိန္ယူ စဥ္းစားဖို႔ သူ႔ကို တိုက္တြန္းခ်င္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ အာဂ်င္တီးနားအသင္းကို နည္းျပ ဆမ္ပါအိုလီ Sampaoli က အျပည့္အဝ ထိန္းခ်ဳပ္ခြင့္မရဘဲ အသင္းေခါင္းေဆာင္ မက္ဆီ Messi နဲ႔ စီနီယာကစားသမားေတြက အသင္းကို ထိန္းခ်ဳပ္ထားခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရခ်ိန္မွာေတာ့ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ၿပိဳင္ပြဲအၿပီးမွာ နည္းျပ ဆမ္ပါအိုလီ Sampaoli ရာထူးက ထုတ္ပယ္ခံခဲ့ရသလို မက္ဆီ Messi အေနနဲ႔လည္း ဖိအားဒဏ္ေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ မက္ဆီ Messi အေနနဲ႔ ကလပ္အသင္းနဲ႔အတူ ဆုဖလားေအာင္ျမင္မႈမ်ားစြာ ရယူႏိုင္ခဲ့ေပမယ့္ ႏိုင္ငံအသင္းအတြက္ေတာ့ ဆုဖလားရယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

REF:Daily Mail
Photo:Telegraph, TYC Sports
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

နိုင်ငံလက်ရွေးစင်အသင်းက အနားမယူသေးဖို့ မက်ဆီ Messi ကို တိုက်တွန်းလိုက်တဲ့ တိဗက်ဇ် Tevez

နိုင်ငံလက်ရွေးစင်အသင်းကနေ အနားမယူသေးဖို့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ Messi ကို တိုက်စစ်မှူးဟောင်း ကားလို့စ်တိဗက်ဇ် Carlos Tevez က တိုက်တွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံအသင်းက အနားမယူသေးဘဲ အာဂျင်တီးနားအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို အထောက်အပံ့ပေးသွားဖို့ မက်ဆီ Messi ကို တိုက်တွန်းခဲ့တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တဲ့ အပေါ်စိတ်ပျက်လျက်ရှိပြီး နိုင်ငံအသင်းက အနားယူဖို့ စဉ်းစားနေတဲ့ မက်ဆီ Messi အပေါ် တိဗက်ဇ် Tevez က အပြည့်အဝ ထောက်ခံအားပေးနေတာဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ Messi နဲ့ ပရိသတ်တွေရဲ့ ဆက်ဆံရေးက ကစားသမားဘဝတစ်လျှောက် အဆိုးဆုံးအနေအထားကို ရောက်နေခဲ့လို့ နိုင်ငံအသင်းကနေ အနားယူဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းတွေကြောင့် တိဗက်ဇ် Tevez က အနားယူဖို့ နောက်ဆုံးဆုံးဖြတ်ချက်မချခင် အချိန်ယူစဉ်းစားဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-ArgentinaMessi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

ESPN သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ တိဗက်ဇ် Tevez က “သူဟာနိုင်ငံအသင်းရဲ့ အသက်ဝိညာဉ်ပါ၊ အနားယူမယ့်အစီအစဉ်ကို သူ့အနေနဲ့ အချိန်ယူပြီး စဉ်းစားသင့်တယ်လို့ ထင်တယ်၊ သူလည်းကောင်းကောင်းတွေးနေမှာပါ၊ အာဂျင်တီးနားအသင်းကို ဦးဆောင်ပြီး ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့ ခက်ခဲပါတယ်၊ သူလည်း ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့လို့ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး၊ ခေါင်းအေးအေးထားပြီး အချိန်ယူ စဉ်းစားဖို့ သူ့ကို တိုက်တွန်းချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းကို နည်းပြ ဆမ်ပါအိုလီ Sampaoli က အပြည့်အဝ ထိန်းချုပ်ခွင့်မရဘဲ အသင်းခေါင်းဆောင် မက်ဆီ Messi နဲ့ စီနီယာကစားသမားတွေက အသင်းကို ထိန်းချုပ်ထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရချိန်မှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာ နည်းပြ ဆမ်ပါအိုလီ Sampaoli ရာထူးက ထုတ်ပယ်ခံခဲ့ရသလို မက်ဆီ Messi အနေနဲ့လည်း ဖိအားဒဏ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မက်ဆီ Messi အနေနဲ့ ကလပ်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမယ့် နိုင်ငံအသင်းအတွက်တော့ ဆုဖလားရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

REF:Daily Mail
Photo:Telegraph, TYC Sports
Aung Kyaw Wai (Akhayar)
www.akhayar.com