This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားမွာ ပထမဆုံးအနီကတ္ျပသခံခဲ့ရတဲ့ ကုိလံဘီယာကြင္းလယ္လူ ကားလုိ႔စ္ဆန္းခ်က္ဇ္ Carlos Sanchez

ကုိလံဘီယာအသင္းကြင္းလယ္လူ ကားလုိ႔စ္ဆန္းခ်က္ဇ္ Carlos Sanchez ဟာ ၂၀၁၈ ကမၻာ႔ဖလားမွာ (၁၄)ပဲြကစားအၿပီး ပထမဆုံးအနီကတ္ျပသခံခဲ့ရတဲ့ ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါၿပီ။ ကားလုိ႔စ္ဆန္းခ်က္ဇ္ဟာ ဂ်ပန္အသင္းနဲ႔ကစားခဲ့တဲ့ပဲြမွာ ပဲြအစ(၃)မိနစ္မွာပဲ ဂ်ပန္ကြင္းလယ္လူ ကာဂါ၀ါ Kagawa ရဲ႕ ကန္ခ်က္ကုိ ပယ္နယ္တီဧရိယာအတြင္း လက္နဲ႔ပုတ္သလုိျဖစ္ခဲ့တာေၾကာင့္ တိုက္႐ုိက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္ခင္ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)က ဒီၿပိဳင္ပဲြမွာ တုိက္႐ုိက္အနီကတ္ျပသခံရမႈကုိ ေလွ်ာ႔က်သြားေစဖုိ႔ ေမွ်ာ္လင့္ထားၿပီး ပဲြကစားခ်ိန္အတြင္း ျပစ္ဒဏ္က်ဴးလြန္မႈေတြကုိ VAR နဲ႔ျပန္ၾကည့္ဖုိ႔ သတ္မွတ္ခဲ့တယ္။

Carlos-Sanchez-given-first-red-card-of-2018-World-Cup1

Carlos-Sanchez-given-first-red-card-of-2018-World-Cup1

၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပြဲတုန္းက တုိက္႐ုိက္အနီကတ္(၇)ႀကိမ္၊ အ၀ါကတ္(၃)ႀကိမ္ ျပသခဲ့ၿပီး ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ တိုက္႐ုိက္အနီကတ္(၉)ႀကိမ္၊ ႏွစ္၀ါတစ္နီ(၈)ႀကိမ္ျပသခဲ့သလုိ ၂၀၀၆ ကမၻာ႔ဖလားမွာေတာ့ အဆုိးဆုံးအျဖစ္ ကစားသမား(၂၈)ဦးထုတ္ပယ္ခံခဲ့ရၿပီး အဲဒီထဲမွာ (၉)ဦးက တိုက္႐ုိက္အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၁၄)ပဲြကစားၿပီး ကစားသမားတစ္ဦး ထုတ္ပယ္ခံရတာေၾကာင့္ ၁၉၈၆ ကမၻာ႔ဖလားၿပိဳင္ပဲြေနာက္ပုိင္း ပဲြအမ်ားဆုံးကစားၿပီးမွ အနီကတ္ျပသခံခဲ့ရတဲ့ၿပိဳင္ပဲြအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။ ၁၉၈၆ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၁၆)ပဲြကစားၿပီးခ်ိန္မွ ပထမဆုံးအနီကတ္ျပသခံခဲ့ရတာျဖစ္ပါတယ္။

REF:Marca
Photo:Goal.com,DNA India
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားမှာ ပထမဆုံးအနီကတ်ပြသခံခဲ့ရတဲ့ ကိုလံဘီယာကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez

ကိုလံဘီယာအသင်းကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ် Carlos Sanchez ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ (၁၄)ပွဲကစားအပြီး ပထမဆုံးအနီကတ်ပြသခံခဲ့ရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ ကားလို့စ်ဆန်းချက်ဇ်ဟာ ဂျပန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပွဲအစ(၃)မိနစ်မှာပဲ ဂျပန်ကွင်းလယ်လူ ကာဂါဝါ Kagawa ရဲ့ ကန်ချက်ကို ပယ်နယ်တီဧရိယာအတွင်း လက်နဲ့ပုတ်သလိုဖြစ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒီပြိုင်ပွဲမှာ တိုက်ရိုက်အနီကတ်ပြသခံရမှုကို လျှော့ကျသွားစေဖို့ မျှော်လင့်ထားပြီး ပွဲကစားချိန်အတွင်း ပြစ်ဒဏ်ကျူးလွန်မှုတွေကို VAR နဲ့ပြန်ကြည့်ဖို့ သတ်မှတ်ခဲ့တယ်။

Carlos-Sanchez-given-first-red-card-of-2018-World-Cup1

Carlos-Sanchez-given-first-red-card-of-2018-World-Cup1

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက တိုက်ရိုက်အနီကတ်(၇)ကြိမ်၊ အဝါကတ်(၃)ကြိမ် ပြသခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တိုက်ရိုက်အနီကတ်(၉)ကြိမ်၊ နှစ်ဝါတစ်နီ(၈)ကြိမ်ပြသခဲ့သလို ၂၀၀၆ ကမ္ဘာ့ဖလားမှာတော့ အဆိုးဆုံးအဖြစ် ကစားသမား(၂၈)ဦးထုတ်ပယ်ခံခဲ့ရပြီး အဲဒီထဲမှာ (၉)ဦးက တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၄)ပွဲကစားပြီး ကစားသမားတစ်ဦး ထုတ်ပယ်ခံရတာကြောင့် ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပွဲအများဆုံးကစားပြီးမှ အနီကတ်ပြသခံခဲ့ရတဲ့ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၆)ပွဲကစားပြီးချိန်မှ ပထမဆုံးအနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

REF:Marca
Photo:Goal.com,DNA India
Naing Linn(Akhayar)
www.akhayar.com