[ZawGyi]

MBA ထက္ပိုအေရးၾကီးလာတဲ႔ Career အေရြ႕မ်ား

လုပ္ငန္းတစ္ခုမွာေနရာေကာင္းေကာင္းရဖုိ႔ စီးပြားေရးေကာင္းေကာင္းလုပ္တတ္ဖုိ႔ MBA ဘြဲ႔အထိရည္မွန္းခ်က္ထားျပီး လူေတာ္ေတာ္မ်ားမ်ားကၾကိဳးစားေနၾကပါတယ္။ ဒီလုိ MBA ဘြဲ႕ရသည္အထိအခ်ိန္ေရာ ေငြေရာရင္းႏွီးႏိုင္ခဲ႔ရင္ေတာ႔ အတိုင္းထက္အလြန္ပါ။ အခုေခတ္မွာေတာ႔ တခ်ိဳ႕ေသာ Skill ေတြက MBA ဘြဲ႕ထက္ပိုအေရးပါလာျပီလုိ႔ ပညာရွင္ေတြကဆိုထားၾကပါတယ္။ ဒါေတြက ဘာေတြလဲဆိုရင္…

Sales Skill

ခုေခတ္မွာေရာင္းတတ္ဖို႔ကအေရးၾကီးတယ္လုိ႔ပညာရွင္ေတြကဆုိထားၾကပါတယ္။ စီးပြားေရးနယ္ပယ္မွာေတာ႔ Selling ကအသက္ျဖစ္ပါတယ္။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြဟာလည္း ကိုယ္႔ရဲ႕ Idea ကိုဘယ္လိုေရာင္းရမယ္ဆုိတာသိပါမွ Customer ေတြ၊ ရင္းႏွီးျမွဳပ္ႏွံသူေတြ၊ အရည္အခ်င္းရွိတဲ႔ဝန္ထမ္းေတြကိုဆြဲေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ကိုယ္ကအလုပ္ရွာတယ္ပဲဆုိပါဦး အလုပ္ခန္႔ခ်င္စိတ္ျဖစ္သြားေလာက္ေအာင္ ကိုယ္႔အေၾကာင္းကိုေျပာျပီးကိုယ္႔ကိုယ္ကိုယ္ေရာင္းတတ္ၾကရတာပါ။ Sales Skill အတြက္ေတာ႔သင္တန္းမတက္ျဖစ္ရင္ေတာင္ ကိုယ္တုိင္ေလ႔လာႏိုင္ဖုိ႔ စာအုပ္၊ ဗီဒီယိုနဲ႔ Online Training ေတြအမ်ားၾကီးရွိပါတယ္။

ဘာသာစကားကၽြမ္းက်င္ျခင္း

ေန႔စဥ္လုပ္ငန္းေဆာင္တာေတြမွအစ စီးပြားေရးလုပ္ငန္းအေၾကာင္းေျပာတာအဆံုး ဘာသာစကားတစ္ခုနဲ႔ေျပာဆုိဆက္သြယ္ေနရတာပါ။ ဒါေၾကာင္႔ အဂၤလိပ္၊ တရုတ္စသျဖင္႔ တျခားေသာဘာသာစကားကၽြမ္းက်င္ျခင္းက လုပ္ငန္းအတြက္ရာႏႈန္းျပည္႔အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဘာသာစကားကၽြမ္းက်င္သူဟာ လုပ္ငန္းအတြက္ေျပာဆုိဆက္သြယ္ရတာျမန္ဆန္ထိေရာက္ျပီး ကိုယ္႔စီးပြားအတြက္ႏွာတစ္ဖ်ားသာတာမုိ႔ ဘာသာစကားကၽြမ္းက်င္မႈကိုအေလးေပးရမွာျဖစ္ပါတယ္။

Story Telling ေကာင္းပါေစ

ဟိုတုန္းကေတာ႔ Information Economy ျဖစ္ခဲ႔ပါတယ္။ သတင္းအခ်က္အလက္ေတြမ်ားမ်ားေပးခဲ႔ၾကတာပါ။ အခုကေတာ႔ Storytelling Economy ေခတ္ကိုေရာက္လာခဲ႔ပါျပီ။ လူေတြဟာသင္႔ပစၥည္းအေၾကာင္းေျပာတဲ႔အခ်က္အလက္ေတြထက္ သင္႔ပစၥည္းကသူတုိ႔ဘဝအတြက္ဘယ္လုိအသံုးက်တယ္ ဘာေၾကာင္႔သံုးသင္႔တယ္ဆုိတာမ်ိဳးကိုသိခ်င္လာၾကတာျဖစ္ပါတယ္။ ဒါေၾကာင္႔လည္းလူတိုင္းက Story Telling ေကာင္းဖို႔ၾကိဳးစားလာၾကတာပါ။

ကိုယ္႔ကိုလူသိဖုိ႔

ေနာက္တစ္ခ်က္ကေတာ႔ ကိုယ္႔ရဲ႕ေကာင္းသတင္းေက်ာ္ေဇာေစဖုိ႔ပါ။ ကိုယ္႔ကိုယ္ကိုယ္နာမည္ရေအာင္တည္ေဆာက္ထားႏိုင္ျပီဆုိရင္ အလုပ္ေျပာင္းသည္ပဲျဖစ္ေစ၊ ကိုယ္ပိုင္အလုပ္လုပ္သည္ပဲျဖစ္ေစ လြယ္ကူျမန္ဆန္တာကိုေတြ႔ရပါလိမ္႔မယ္။ ဒီလုိေကာင္းသတင္းေက်ာ္ေဇာေစျခင္းက အက်ိဳးရလဒ္ေတြရွိသလိုပဲ တစ္ခ်က္နာမည္ပ်က္သြားျပန္ရင္လည္းသာမန္လူထက္ပိုအထိနာတတ္တာမုိ႔ သတိၾကီးၾကီးထားႏိုင္ဖုိ႔လုိပါတယ္။

ကိုယ္ပိုင္လုပ္ငန္း

ေနာက္ဆံုးတစ္ခ်က္ကေတာ႔ကိုယ္ပိုင္လုပ္ငန္းစတင္ဖုိ႔ပါပဲ။ ဝန္ထမ္းလုပ္တာနဲ႔ကိုယ္ပိုင္လုပ္ငန္းလုပ္တာဟာ အားသာခ်က္အားနည္းခ်က္ေတြရွိေပမယ္႔လည္း ဘဝခရီးတစ္ေလွ်ာက္လံုးအတြက္ေမွ်ာ္ၾကည္႔မယ္ဆုိရင္ေတာ႔ ကိုယ္ပိုင္လုပ္ငန္းလုပ္ႏိုင္ဖုိ႔ကပိုအေရးၾကီးတယ္လုိ႔ ပညာရွင္ေတြကဆိုထားပါတယ္။

ဒီအခ်က္ေတြကိုုျဖည္႔ဆည္းျပီး ေအာင္ျမင္ေပ်ာ္ရႊင္တဲ႔ဘဝကိုအတူတည္ေဆာက္ၾကရေအာင္ပါ။

Ref# businessinsider

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

MBA ထက်ပိုအရေးကြီးလာတဲ့ Career အရွေ့များ

လုပ်ငန်းတစ်ခုမှာနေရာကောင်းကောင်းရဖို့ စီးပွားရေးကောင်းကောင်းလုပ်တတ်ဖို့ MBA ဘွဲ့အထိရည်မှန်းချက်ထားပြီး လူတော်တော်များများကကြိုးစားနေကြပါတယ်။ ဒီလို MBA ဘွဲ့ရသည်အထိအချိန်ရော ငွေရောရင်းနှီးနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပါ။ အခုခေတ်မှာတော့ တချို့သော Skill တွေက MBA ဘွဲ့ထက်ပိုအရေးပါလာပြီလို့ ပညာရှင်တွေကဆိုထားကြပါတယ်။ ဒါတွေက ဘာတွေလဲဆိုရင်…

Sales Skill

ခုခေတ်မှာရောင်းတတ်ဖို့ကအရေးကြီးတယ်လို့ပညာရှင်တွေကဆိုထားကြပါတယ်။ စီးပွားရေးနယ်ပယ်မှာတော့ Selling ကအသက်ဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာလည်း ကိုယ့်ရဲ့ Idea ကိုဘယ်လိုရောင်းရမယ်ဆိုတာသိပါမှ Customer တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေကိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကအလုပ်ရှာတယ်ပဲဆိုပါဦး အလုပ်ခန့်ချင်စိတ်ဖြစ်သွားလောက်အောင် ကိုယ့်အကြောင်းကိုပြောပြီးကိုယ့်ကိုယ်ကိုယ်ရောင်းတတ်ကြရတာပါ။ Sales Skill အတွက်တော့သင်တန်းမတက်ဖြစ်ရင်တောင် ကိုယ်တိုင်လေ့လာနိုင်ဖို့ စာအုပ်၊ ဗီဒီယိုနဲ့ Online Training တွေအများကြီးရှိပါတယ်။

ဘာသာစကားကျွမ်းကျင်ခြင်း

နေ့စဉ်လုပ်ငန်းဆောင်တာတွေမှအစ စီးပွားရေးလုပ်ငန်းအကြောင်းပြောတာအဆုံး ဘာသာစကားတစ်ခုနဲ့ပြောဆိုဆက်သွယ်နေရတာပါ။ ဒါကြောင့် အင်္ဂလိပ်၊ တရုတ်စသဖြင့် တခြားသောဘာသာစကားကျွမ်းကျင်ခြင်းက လုပ်ငန်းအတွက်ရာနှုန်းပြည့်အကျိုးသက်ရောက်မှုရှိပါတယ်။ ဘာသာစကားကျွမ်းကျင်သူဟာ လုပ်ငန်းအတွက်ပြောဆိုဆက်သွယ်ရတာမြန်ဆန်ထိရောက်ပြီး ကိုယ့်စီးပွားအတွက်နှာတစ်ဖျားသာတာမို့ ဘာသာစကားကျွမ်းကျင်မှုကိုအလေးပေးရမှာဖြစ်ပါတယ်။

Story Telling ကောင်းပါစေ

ဟိုတုန်းကတော့ Information Economy ဖြစ်ခဲ့ပါတယ်။ သတင်းအချက်အလက်တွေများများပေးခဲ့ကြတာပါ။ အခုကတော့ Storytelling Economy ခေတ်ကိုရောက်လာခဲ့ပါပြီ။ လူတွေဟာသင့်ပစ္စည်းအကြောင်းပြောတဲ့အချက်အလက်တွေထက် သင့်ပစ္စည်းကသူတို့ဘဝအတွက်ဘယ်လိုအသုံးကျတယ် ဘာကြောင့်သုံးသင့်တယ်ဆိုတာမျိုးကိုသိချင်လာကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းလူတိုင်းက Story Telling ကောင်းဖို့ကြိုးစားလာကြတာပါ။

ကိုယ့်ကိုလူသိဖို့

နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ကောင်းသတင်းကျော်ဇောစေဖို့ပါ။ ကိုယ့်ကိုယ်ကိုယ်နာမည်ရအောင်တည်ဆောက်ထားနိုင်ပြီဆိုရင် အလုပ်ပြောင်းသည်ပဲဖြစ်စေ၊ ကိုယ်ပိုင်အလုပ်လုပ်သည်ပဲဖြစ်စေ လွယ်ကူမြန်ဆန်တာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုကောင်းသတင်းကျော်ဇောစေခြင်းက အကျိုးရလဒ်တွေရှိသလိုပဲ တစ်ချက်နာမည်ပျက်သွားပြန်ရင်လည်းသာမန်လူထက်ပိုအထိနာတတ်တာမို့ သတိကြီးကြီးထားနိုင်ဖို့လိုပါတယ်။

ကိုယ်ပိုင်လုပ်ငန်း

နောက်ဆုံးတစ်ချက်ကတော့ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ပါပဲ။ ဝန်ထမ်းလုပ်တာနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်တာဟာ အားသာချက်အားနည်းချက်တွေရှိပေမယ့်လည်း ဘဝခရီးတစ်လျှောက်လုံးအတွက်မျှော်ကြည့်မယ်ဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ဖို့ကပိုအရေးကြီးတယ်လို့ ပညာရှင်တွေကဆိုထားပါတယ်။

ဒီအချက်တွေကိုဖြည့်ဆည်းပြီး အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုအတူတည်ဆောက်ကြရအောင်ပါ။

Ref# businessinsider

ဂျူဂျူး(Akhayar)

www.akhayar.com