[Zawgyi]






REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

FA ရဲ့ စုံစမ်းစစ်ဆေးမှုခံရဖို့ရှိနေတဲ့ တန်းတက် ကာဒစ်ဖ်

အခုနှစ်ဘောလုံးရာသီမှ ပရီးမီယားလိဂ်ပြိုင်ပွဲကို တန်းတက်လာတဲ့ ကာဒစ်ဖ်အသင်းအနေနဲ့ FA ရဲ့ စုံစမ်းစစ်ဆေးမှုခံရဖို့ရှိနေပါတယ်။ ဘုန်းမောက်အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဘုန်းမောက်တောင်ပံတိုက်စစ်ကစားသမား ဖရေဆာ Fraser ကို အကြွေစေ့နဲ ပစ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်ကို FA က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ Vitality Stadium အတွင်း ကစားခဲ့တဲ့ ပွဲစဉ်မှာ ကာဒစ်ဖ်ပရိသတ်တွေ နေရာယူထားတဲ့ ဘက်ကနေ ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဘုန်းမောက်တောင်ပံတိုက်စစ်ကစားသမား ဖရေဆာ Fraser ကို အကြွေစေ့ (၂)စေ့နဲ့ ပစ်ပေါက်ခဲ့တာပါ။

Wideman-Ryan-Fraser-puts-Bournemouth-ahead-against-the-promoted-Bluebirds

Wideman-Ryan-Fraser-puts-Bournemouth-ahead-against-the-promoted-Bluebirds

ဘုန်းမောက်အသင်း ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူအပြီး ပွဲကစားချိန် (၃၆)မိနစ်မှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖရေဆာ Fraser က ကွင်းလယ်ဒိုင် ကီဗင်ဖရန့် Kevin Friend ကို အကြွေစေ့ (၂)စေ့ကို ကောက်ယူ အပ်နှံခဲ့ပါတယ်။ FA က ကွင်းလယ်ဒိုင်ရဲ့ ပွဲအပြီးအစီရင်ခံစာကို စောင့်ကြည့်ကာ ကာဒစ်ဖ်အသင်းအပေါ် အရေးယူသင့်၊ မသင့်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ပရီးမီယားလိဂ်ပြိုင်ပွဲကို (၄)နှစ်အကြာမှ တစ်ကျော့ပြန် တန်းတက်လာခဲ့တဲ့ ကာဒစ်ဖ်အသင်းဟာ ပထမဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာတင် ဝီလ်ဆင် Wilson နဲ့ ဖရေဆာ Fraser တို့ရဲ့ သွင်းဂိုးတွေနဲ့ အရေးနိမ့်ခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com