[Zawgyi]

Huawei က ဖုန္းနဲ႔ Laptop ထုတ္တဲ့ ကုမၸဏီတစ္ခုအျဖစ္ ရပ္မေနပါဘူး။ ဆက္သြယ္ေရးသံုးပစၥညး္ေတြတင္ မဟုတ္ဘဲ အခုဆိုရင္ ကားေတြဖက္ကို နယ္ခ်ဲ႕ဖို႔စီစဥ္လာပါၿပီ။ 

Self Driving Audi Q7 Prototype

Huawei ရဲ႕ နည္းပညာေတြအပါအဝင္ Audi ရဲ႕ ကုိယ္ပိုင္ နည္းပညာေတြ ပူးေပါင္းၿပီး ေမာင္းသူမဲ့ကား ထုတ္လုပ္မယ့္ အစီအစဥ္တစ္ခုအတြက္ ကုမၸဏီႏွစ္ခု ပူးေပါင္းလိုက္ပါၿပီ။ ထုတ္လုပ္မယ့္ကားေတြကေတာ့ Level 4 အဆင့္ ေမာင္းသူမဲ့ကားအျဖစ္ သတ္မွတ္ထားမွာျဖစ္တာေၾကာင့္ ေစ်းကြက္ထဲမွာ ေအာင္ျမင္လာႏိုင္မယ့္ ေမာင္းသူမဲ့ကားေတြျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ ေမာင္းသူမဲ့ကားေတြက တ႐ုတ္ျပည္တြင္း သတ္မွတ္ထားတဲ့ ေနရာေတြမွာပဲ အသံုးျပဳလို႔ရေသးတာျဖစ္ၿပီး တျခားႏိုင္ငံေတြမွာလည္း အခုလို သတ္မွတ္ခ်က္ေတြ ရွိေနပါေသးတယ္။ 

Baidu Company

မၾကာေသးခင္ကလည္း Huawei ရဲ႕ Mobile Data Centre ပါတဲ့ Audi Q7 SUV တစ္စီးကို ထုတ္ျပခဲ့ပါတယ္။ Huawei ရဲ႕ Mobile Data Centre က ကားမွာပါတဲ့ Camera ေတြ၊ Sensor ေတြအတြက္ လိုအပ္တဲ့အစိတ္အပိုင္းတစ္ခုျဖစ္သလို ေမာင္းသူမဲ့ကားအခ်င္းခ်င္း လမ္းေပၚမွာ အျပန္အလွန္ဆက္သြယ္ဖို႔အတြက္လည္း လိုအပ္ပါတယ္။ အခုလို Huawei နဲ႔ Audi တို႔ ပူးေပါင္းတာ ၿပီးခဲ့တဲ့ ၂၀၁၈ ဇူလိုင္လကတည္းကျဖစ္ၿပီး စက္တင္လာလမွ စတင္စမ္းသပ္မႈေတြျပဳလုပ္ေနေပမယ့္ ကုမၸဏီႏွစ္ခုပူးေပါင္းတာနဲ႔ပတ္သက္လို႔ သတင္းထုတ္ျပန္ထားတာေတြေတာ့ အခုထိ မရွိေသးပါဘူး။ 

Mercedes Intelligent Drive

Audi အေနနဲ႔လည္း တရုတ္ျပည္တြင္း ကိုယ္ပိုင္ Development Centre တစ္ခုကို လာမယ့္ ၂၀၁၉ ခုႏွစ္မွာ တည္ေဆာက္သြားဖို႔ရွိေနပါတယ္။ ဒါေပမယ့္ တရုတ္ျပည္က ႏိုင္ငံျခားကုမၸဏီေတြအတြက္ စည္းကမ္းတင္းၾကပ္တာေၾကာင့္ ဂ်ာမဏီအေျခစိုက္ Audi အေနနဲ႔ ဘယ္လိုေရွ႕ဆက္သြားဦးမလဲဆိုတာ စိတ္ဝင္စားစရာပါ။ ကားေတြမွာပါတဲ့ ေျမပံုအခ်က္အလက္ကအစ တရုတ္ျပည္တြင္းကပဲ ယူအသံုးျပဳခြင့္ရွိၿပီး ျပင္ပႏုိင္ငံေတြကေန Data ကို ယူၿပီးသံုးစြဲခြင့္ကိုလည္း လံုၿခံဳေရးအေၾကာင္းျပခ်က္ေတြအရ ပိတ္ပင္ကန္႔သတ္ထားပါေသးတယ္။ Audi ရဲ႕ၿပိဳင္ဖက္ Mercedes-Benz ကေတာ့ ေျမပံုအခ်က္အလက္အတြက္ တရုတ္ျပည္တြင္း ကုမၸဏီျဖစ္တဲ့ Baidu နဲ႔ပူးေပါင္းလိုက္တာေၾကာင့္ ကားထုတ္လုပ္ေရာင္းခ်တဲ့ေနရာမွာ သိပ္ၿပီး ေခါင္းကိုက္စရာမရွိဘဲ ျမန္ျမန္ဆန္ဆန္ ေရာင္းခ်ႏိုင္ေနပါတယ္။ Audi အေနနဲ႔လည္း Huawei နဲ႔ ပူးေပါင္းၿပီး လာမယ့္ႏွစ္ေတြမွာ ေရွ႕ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Huawei ဆိုတာကလည္း သင့္လက္ထဲမွာကိုင္ထားတဲ့ ဖုန္းတင္မဟုတ္ေတာ့ဘဲ သင္စီးမယ့္ ကားေတြမွာပါ ပါလာေတာ့မွာပါ။ 

Ref: Engadget | The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Huawei က ကားထုတ္လုပ္သူ Audi နဲ႔ ပူးေပါင္းလိုက္ၿပီ

Huawei က ဖုန်းနဲ့ Laptop ထုတ်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်မနေပါဘူး။ ဆက်သွယ်ရေးသုံးပစ္စည်းတွေတင် မဟုတ်ဘဲ အခုဆိုရင် ကားတွေဖက်ကို နယ်ချဲ့ဖို့စီစဉ်လာပါပြီ။ 

Self Driving Audi Q7 Prototype

Huawei ရဲ့ နည်းပညာတွေအပါအဝင် Audi ရဲ့ ကိုယ်ပိုင် နည်းပညာတွေ ပူးပေါင်းပြီး မောင်းသူမဲ့ကား ထုတ်လုပ်မယ့် အစီအစဉ်တစ်ခုအတွက် ကုမ္ပဏီနှစ်ခု ပူးပေါင်းလိုက်ပါပြီ။ ထုတ်လုပ်မယ့်ကားတွေကတော့ Level 4 အဆင့် မောင်းသူမဲ့ကားအဖြစ် သတ်မှတ်ထားမှာဖြစ်တာကြောင့် ဈေးကွက်ထဲမှာ အောင်မြင်လာနိုင်မယ့် မောင်းသူမဲ့ကားတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မောင်းသူမဲ့ကားတွေက တရုတ်ပြည်တွင်း သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ အသုံးပြုလို့ရသေးတာဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း အခုလို သတ်မှတ်ချက်တွေ ရှိနေပါသေးတယ်။ 

Baidu Company

မကြာသေးခင်ကလည်း Huawei ရဲ့ Mobile Data Centre ပါတဲ့ Audi Q7 SUV တစ်စီးကို ထုတ်ပြခဲ့ပါတယ်။ Huawei ရဲ့ Mobile Data Centre က ကားမှာပါတဲ့ Camera တွေ၊ Sensor တွေအတွက် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို မောင်းသူမဲ့ကားအချင်းချင်း လမ်းပေါ်မှာ အပြန်အလှန်ဆက်သွယ်ဖို့အတွက်လည်း လိုအပ်ပါတယ်။ အခုလို Huawei နဲ့ Audi တို့ ပူးပေါင်းတာ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လကတည်းကဖြစ်ပြီး စက်တင်လာလမှ စတင်စမ်းသပ်မှုတွေပြုလုပ်နေပေမယ့် ကုမ္ပဏီနှစ်ခုပူးပေါင်းတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာတွေတော့ အခုထိ မရှိသေးပါဘူး။ 

Mercedes Intelligent Drive

Audi အနေနဲ့လည်း တရုတ်ပြည်တွင်း ကိုယ်ပိုင် Development Centre တစ်ခုကို လာမယ့် ၂၀၁၉ ခုနှစ်မှာ တည်ဆောက်သွားဖို့ရှိနေပါတယ်။ ဒါပေမယ့် တရုတ်ပြည်က နိုင်ငံခြားကုမ္ပဏီတွေအတွက် စည်းကမ်းတင်းကြပ်တာကြောင့် ဂျာမဏီအခြေစိုက် Audi အနေနဲ့ ဘယ်လိုရှေ့ဆက်သွားဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကားတွေမှာပါတဲ့ မြေပုံအချက်အလက်ကအစ တရုတ်ပြည်တွင်းကပဲ ယူအသုံးပြုခွင့်ရှိပြီး ပြင်ပနိုင်ငံတွေကနေ Data ကို ယူပြီးသုံးစွဲခွင့်ကိုလည်း လုံခြုံရေးအကြောင်းပြချက်တွေအရ ပိတ်ပင်ကန့်သတ်ထားပါသေးတယ်။ Audi ရဲ့ပြိုင်ဖက် Mercedes-Benz ကတော့ မြေပုံအချက်အလက်အတွက် တရုတ်ပြည်တွင်း ကုမ္ပဏီဖြစ်တဲ့ Baidu နဲ့ပူးပေါင်းလိုက်တာကြောင့် ကားထုတ်လုပ်ရောင်းချတဲ့နေရာမှာ သိပ်ပြီး ခေါင်းကိုက်စရာမရှိဘဲ မြန်မြန်ဆန်ဆန် ရောင်းချနိုင်နေပါတယ်။ Audi အနေနဲ့လည်း Huawei နဲ့ ပူးပေါင်းပြီး လာမယ့်နှစ်တွေမှာ ရှေ့ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ Huawei ဆိုတာကလည်း သင့်လက်ထဲမှာကိုင်ထားတဲ့ ဖုန်းတင်မဟုတ်တော့ဘဲ သင်စီးမယ့် ကားတွေမှာပါ ပါလာတော့မှာပါ။ 

Ref: Engadget | The Verge

Min Than Htike (Akhayar)

www.akhayar.com