[ZawGyi]

ဘယ္ကားအေရာင္ေတြက ကားအက္ဆီးဒင္႔ပိုျဖစ္ေစသလဲ

ကားတစ္စီး၀ယ္ျပီဆုိရင္ ေတာ္ေတာ္မ်ားမ်ားက ကားအင္ဂ်င္၊စိတ္ခ်ရတဲ႔နည္းပညာ၊ကားရဲ႕အတြင္းအျပင္ပံုပန္းသ႑ာန္ေတြကိုသာ အေလးေပးျပီးၾကည္႔တတ္ၾကပါတယ္။ တကယ္တမ္းမွာေတာ႔ကားရဲ႕အေရာင္အေသြးကိုပါအေလးထားဖုိ႔လိုပါတယ္။ ဘာေၾကာင္႔လဲဆုိေတာ႔ကားရဲ႕အေရာင္အေသြးက ကားအက္ဆီးဒင္႔ျဖစ္ႏိုင္ေခ်ရွိမရွိဆုိတဲ႔အေပၚကို သက္ေရာက္ေနလို႔ပါပဲ။

ကိုယ္ေရြးခ်ယ္လုိက္တဲ႔ကားရဲ႕အေရာင္ေပၚမူတည္ျပီး ယာဥ္တိုက္မႈျဖစ္ႏိုင္ေခ်မ်ားတယ္ မမ်ားဘူးဆုိတဲ႔အခ်က္ကို ေလ႔လာသူေတြကေတြ႔ရွိထားၾကပါတယ္။ ကားအေရာင္းအ၀ယ္ Website တစ္ခုျဖစ္တဲ႔ Kelly Blue Book ရဲ႕အဆုိအရ လူေတာ္ေတာ္မ်ားမ်ားဟာ ကားဆုိရင္ေငြေရာင္ကိုေရြးခ်ယ္မႈမ်ားၾကျပီး အျဖဴေရာင္ကိုဒုတိယအမ်ားဆံုးေရြးခ်ယ္ၾကပါတယ္တဲ႔။
တကယ္ေတာ႔အျဖဴေရာင္ဟာ ေငြေရာင္ထက္စာရင္ Safety ပိုျဖစ္တယ္လို႔ဆုိထားပါတယ္။

car colors

car colors

ေလ႔လာခ်က္ေတြအရ အျဖဴေရာင္ကားဟာ အမည္းေရာင္ကားေတြထက္ အက္ဆီးဒင္႔ျဖစ္ႏိုင္ေခ် ၁၂% ေလ်ာ႔နည္းပါတယ္။ အျဖဴေရာင္နီးပါး Safety ျဖစ္တဲ႔ကာလာေတြကေတာ႔ ခရင္မ္ေရာင္၊ အ၀ါေရာင္နဲ႔ ထံုးေျခာက္ေရာင္ေတြပါ။
အက္ဆီးဒင္႔ျဖစ္ႏိုင္ေခ်အမ်ားဆံုး၊ အႏၱရာယ္အမ်ားဆံုးကားအေရာင္ကေတာ႔ မီးခိုးေရာင္ျဖစ္ပါတယ္။ မီးခိုးေရာင္က အက္ဆီးဒင္႔ျဖစ္ႏိုင္ေခ် ၁၁%၊ ေငြေရာင္ကေတာ႔ အက္ဆီးဒင္႔ျဖစ္ႏိုင္ေခ် ၁၀%၊ အျပာေရာင္က ၇ % ပိုမ်ားတယ္ဆိုတာကို ေလ႔လာေတြ႔ရွိရပါတယ္။

ဒီကားအေရာင္ေတြဟာ ဆိုးရြားလြန္းတဲ႔ရာသီဥတုအေျခအေနနဲ႔ ညဘက္ေတြမွာဆုိရင္ျမင္သာထင္သာမရွိတာေၾကာင္႔ မေတာ္တဆျဖစ္ႏိုင္ေခ်ပုိမ်ားသြားတာပါ။ အျဖဴေရာင္ နဲ႔ ခရင္မ္ေရာင္ေတြကေတာ႔ ဘယ္လုိအေနအထားမွာမဆုိ ျမင္သာထင္သာရွိျပီး မေတာ္တဆျဖစ္ႏို္င္ေခ်နည္းတာကို ေလ႔လာေတြ႔ရွိရပါတယ္။

ဒါေၾကာင္႔ကားတစ္စီး၀ယ္မယ္ဆုိရင္ ဒီအေရာင္ေတြကအေပအေတခံတယ္၊ အေရာင္စိုတယ္ဆုိတဲ႔အခ်က္ေတြနဲ႔မေတြးဘဲ ျမင္သာထင္သာရွိျပီး အႏၱရာယ္ျဖစ္ႏိုင္ေခ်ရွိမရွိဆုိတဲ႔အေပၚကိုေတြးဆေရြးခ်ယ္သင္႔ပါတယ္။

www.akhayar.com

[Unicode]

ဘယ်ကားအရောင်တွေက ကားအက်ဆီးဒင့်ပိုဖြစ်စေသလဲ

ကားတစ်စီးဝယ်ပြီဆိုရင် တော်တော်များများက ကားအင်ဂျင်၊စိတ်ချရတဲ့နည်းပညာ၊ကားရဲ့အတွင်းအပြင်ပုံပန်းသဏ္ဍာန်တွေကိုသာ အလေးပေးပြီးကြည့်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ကားရဲ့အရောင်အသွေးကိုပါအလေးထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ကားရဲ့အရောင်အသွေးက ကားအက်ဆီးဒင့်ဖြစ်နိုင်ချေရှိမရှိဆိုတဲ့အပေါ်ကို သက်ရောက်နေလို့ပါပဲ။

ကိုယ်ရွေးချယ်လိုက်တဲ့ကားရဲ့အရောင်ပေါ်မူတည်ပြီး ယာဉ်တိုက်မှဖြစ်နိုင်ချေများတယ် မများဘူးဆိုတဲ့အချက်ကို လေ့လာသူတွေကတွေ့ရှိထားကြပါတယ်။ ကားအရောင်းအဝယ် Website တစ်ခုဖြစ်တဲ့ Kelly Blue Book ရဲ့အဆိုအရ လူတော်တော်များများဟာ ကားဆိုရင်ငွေရောင်ကိုရွေးချယ်မှုများကြပြီး အဖြူရောင်ကိုဒုတိယအများဆုံးရွေးချယ်ကြပါတယ်တဲ့။
တကယ်တော့အဖြူရောင်ဟာ ငွေရောင်ထက်စာရင် Safety ပိုဖြစ်တယ်လို့ဆိုထားပါတယ်။

car colors

car colors

လေ့လာချက်တွေအရ အဖြူရောင်ကားဟာ အမည်းရောင်ကားတွေထက် အက်ဆီးဒင့်ဖြစ်နိုင်ချေ ၁၂% လျော့နည်းပါတယ်။ အဖြူရောင်နီးပါး Safety ဖြစ်တဲ့ကာလာတွေကတော့ ခရင်မ်ရောင်၊ အဝါရောင်နဲ့ ထုံးခြောက်ရောင်တွေပါ။
အက်ဆီးဒင့်ဖြစ်နိုင်ချေအများဆုံး၊ အန္တရာယ်အများဆုံးကားအရောင်ကတော့ မီးခိုးရောင်ဖြစ်ပါတယ်။ မီးခိုးရောင်က အက်ဆီးဒင့်ဖြစ်နိုင်ချေ ၁၁%၊ ငွေရောင်ကတော့ အက်ဆီးဒင့်ဖြစ်နိုင်ချေ ၁၀%၊ အပြာရောင်က ၇ % ပိုများတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

ဒီကားအရောင်တွေဟာ ဆိုးရွားလွန်းတဲ့ရာသီဥတုအခြေအနေနဲ့ ညဘက်တွေမှာဆိုရင်မြင်သာထင်သာမရှိတာကြောင့် မတော်တဆဖြစ်နိုင်ချေပိုများသွားတာပါ။ အဖြူရောင် နဲ့ ခရင်မ်ရောင်တွေကတော့ ဘယ်လိုအနေအထားမှာမဆို မြင်သာထင်သာရှိပြီး မတော်တဆဖြစ်နိုင်ချေနည်းတာကို လေ့လာတွေ့ရှိရပါတယ်။

ဒါကြောင့်ကားတစ်စီးဝယ်မယ်ဆိုရင် ဒီအရောင်တွေကအပေအတေခံတယ်၊ အရောင်စိုတယ်ဆိုတဲ့အချက်တွေနဲ့မတွေးဘဲ မြင်သာထင်သာရှိပြီး အန္တရာယ်ဖြစ်နိုင်ချေရှိမရှိဆိုတဲ့အပေါ်ကိုတွေးဆရွေးချယ်သင့်ပါတယ်။

www.akhayar.com