[Zawgyi]

အောင်မြင်မှု၊ ကျရှုံးမှုတွေနဲ့အတူ နည်းပြလောကကို
ကာပယ်လို(Capello) ကျောခိုင်းလိုက်ပြီ

ကာပယ်လို(Capello)ဆိုတဲ့ နာမည်ဟာ ဘောလုံးလောကမှာ နှစ်အနည်းငယ်ကြာ တိမ်မြုပ်နေခဲ့ပေမယ့် ပရိသတ်တွေရဲ့ စိတ်ထဲမှာ
သူ့ကို အမြဲအမှတ်ရနေတယ်။ အေစီမီလန်၊ ရိုးမား၊ ဂျူဗင်တပ်စ်၊ ရီးယဲလ်အသင်းတို့နဲ့အတူ စီးရီးအေ၊ ချန်ပီယံလိဂ်၊ လာလီဂါအပါအ၀င် ဆုဖလား
တွေအများကြီး ရယူခဲ့ဖူးတဲ့ နည်းပြဖြစ်တဲ့အပြင် ၂၀ ရာစုရဲ့ အောင်မြင်မှုအများဆုံး နည်းပြတွေထဲမှာ တစ်ဦးအပါအ၀င်အဖြစ် ရပ်တည်
ခဲ့သူ။ အောင်မြင်မှုတွေ များစွာ ရယူခဲ့ဖူးသလို အင်္ဂလန်၊ ရုရှား၊ ကျန်စုဆန်နင်းအသင်းတို့မှာ ကျရှုံးခဲ့တဲ့ ကာပယ်လို အခုအချိန်မှာ
တော့ သူ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ နည်းပြလောကို ကျောခိုင်းလိုက်ပြီ။

အသက်(၇၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာပယ်လို(Capello)ဟာ ၂၀၁၅ ခုနှစ်မှာ ရုရှားအသင်းနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့နောက်
ပိုင်း နည်းပြလောကကို စွန့်ခွာတော့မယ်လို့ ဆိုခဲ့ပေမယ့် (၂)နှစ်အကြာမှာ တရုတ်စူပါလိဂ်ကလပ် ကျန်းစုဆန်နင်းအသင်းနဲ့အတူ
နည်းပြဘ၀ကို ပြန်လည်စတင်ခဲ့တယ်။ ဒါပေမဲ့ ကာပယ်လို ကံမကောင်းခဲ့ပါဘူး။ ကျန်းစုဆန်နင်းအသင်းကို ၂၀၁၇-၁၈ တစ်ရာသီသာ
ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုမရခဲ့သလို တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးအဆင်မပြေမှုကြောင့် ဒီရာသီအစမှာ ရာထူးက နုတ်ထွက်ခဲ့ပြီး
မကြာမီမှာပဲ နည်းပြလောကက အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သလို ဘောလုံးပွဲဝေဖန်သူတစ်ဦးအဖြစ် ဆောင်ရွက်သွားမှာပါ။ ကာပယ်လို
(Capello)က”ကျွန်တော်ဟာ နိုင်ငံလက်ရွေးစင်အသင်းတွေဖြစ်တဲ့ အင်္ဂလန်၊ရုရှားအသင်းတို့နဲ့အတူ လက်ရွေးစင်နည်းပြဘ၀ အတွေ့
အကြုံတွေရယူခဲ့ပြီးပါပြီ။ အသင်းတစ်သင်းကို ကိုင်တွယ်လိုတဲ့အတွက် ကျန်းစုဆန်နင်းအသင်းက ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပြီး
ဒီအသင်းဟာ ကျွန်တော့်နည်းပြဘ၀ နောက်ဆုံးကိုင်တွယ်မယ့်အသင်းဖြစ်ပါတယ်။ ကျွန်တော် ဆန္ဒရှိတာတွေ အားလုံးကို လုပ်ခဲ့ပြီးပြီဖြစ်
သလို အဲဒီလိုအခွင့်အရေးရခဲ့တဲ့အတွက် ၀မ်းသာမိပါတယ်။ အခု ကျွန်တော်ဟာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်သွားမှာ
ဖြစ်ပြီး အဲဒီနေရာက ကျွန်တော့်အတွက် အရှုံးရှိလာမှာမဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ကာပယ်လိုရဲ့(Capello)နည်းပြဘ၀အောင်မြင်မှုများ

Milan
Serie A (4): 1991–92, 1992–93, 1993–94, 1995–96
Supercoppa Italiana (3): 1992, 1993, 1994
UEFA Champions League (1): 1993–94
European Super Cup (1): 1994

Real Madrid
La Liga (2): 1996–97, 2006–07

Roma
Serie A (1): 2000–01
Supercoppa Italiana (1): 2001

Juventus
Serie A (2): 2004–05 (Revoked), 2005–06 (Revoked)
(လုပ်ပွဲပြဿနာတွေကြောင့် ဂျူဗင်တပ်စ်နဲ့ရရှိခဲ့တဲ့ စီးရီးအေဖလားတွေ ပြန်လည်ရုပ်သိမ်းခံခဲ့ရပါတယ်)

REF:Sky Sports,Wikipedia
Photo: Talk Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အောင်ျမင္မှု၊ က်ရှုံးမှုတြေနဲ့အတူ နည်ျးပေလာကကို
ကာပယ္လို(Capello) ကော်ခိုင်းလိုက်ပြီ

ကာပယ္လို(Capello)ဆိုတဲ့ နာမည်ဟာ ဘောလုံးလောကမွာ နွစ်အနည်းငယ်ကြာ တိမ်ျမုပ်နေခဲ့ပေမယ့် ပရိသတ်တြေရဲ့ စိတ္ထဲမွာ
သူ့ကို အမြဲအမွတ်ရေနတယ်။ အေစီမီလန်၊ ရိုးမား၊ ဂ်ူဗင္တပ္စ်၊ ရီးယဲလ်အသင်းတို့နဲ့အတူ စီးရီးအေ၊ ခ်န္ပီယံလိဂ်၊ လာလီဂါအပါအ၀င် ဆုဖလား
တြေအမ်ားကြီး ရယူခဲ့ဖူးတဲ့ နည်ျးပျဖစ္တဲ့အျပင် ၂၀ ရာစုရဲ့ အောင်ျမင္မှုအမ်ားဆုံး နည်ျးပေတြထဲမွာ တစ်ဦးအပါအ၀င်အျဖစ် ရပ္တည်
ခဲ့သူ။ အောင်ျမင္မှုတြေ မ်ားစြာ ရယူခဲ့ဖူးသလို အဂင်္လန်၊ ရုရွား၊ က်န္စုဆန္နင်းအသင်းတို့မွာ က်ရှုံးခဲ့တဲ့ ကာပယ္လို အခုအခိန္မွာ
တော့ သူ နွစ်ပေါင်းမ်ားစြာ က်င္လည္ခဲ့တဲ့ နည်ျးပေလာကို ကော်ခိုင်းလိုက်ပြီ။

အသက်(၇၁)နွစ်အရြယ်ရွိပျြီဖစ္တဲ့ ကာပယ္လို(Capello)ဟာ ၂၀၁၅ ခုနွစ္မွာ ရုရွားအသင်းနည်ျးပရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့နောက်
ပိုင်း နည်ျးပေလာကကို စြန့်ခြာတော့မယ္လို့ ဆိုခဲ့ပေမယ့် (၂)နွစ်အကြာမွာ တရုတ္စူပါလိဂ္ကလပ် က်န်းစုဆန္နင်းအသငး္နဲ့အတူ
နည်းျပဘ၀ကျိုပန္လည္စတင္ခဲ့တယ်။ ဒါပေမဲ့ ကာပယ္လို ကံမေကာင်းခဲ့ပါဘူး။ က်န်းစုဆန္နင်းအသင်းကို ၂၀၁၇-၁၈ တစ်ရာသီသာ
ကိုင္တြယ္ခဲ့ပြီး အောင်ျမင္မှုမရခဲ့သလို တာဝန်ရွိသူတြေနဲ့ ဆက္ဆံရေးအဆင္မျေပမှုကြောင့် ဒီရာသီအစမွာ ရာထူးက နုတ္ထြက္ခဲ့ပြီး
မကြာမီမွာပဲ နည်ျးပေလာကက အနားယူဖို့ ဆုံျးဖတ္ခဲ့တျာဖစ်သလို ဘောလုံးပဲဝြေဖန်သူတစ်ဦးအျဖစ် ဆောင်ရြက်သြားမွာပါ။ ကာပယ္လို
(Capello)က”ကျန်ြတော်ဟာ နိုင်ငံလက်ရြေးစင်အသင်းတျြေဖစ္တဲ့ အဂင်္လန်၊ရုရွားအသင်းတို့နဲ့အတူ လက်ရြေးစင္နည်ျးပဘ၀ အေတြ့
အကြုံတြေရယူခဲ့ပြီးပါပြီ။ အသင်းတစ်သင်းကို ကိုင္တြယ္လိုတဲ့အတြက် က်န်းစုဆန္နင်းအသင်းက ကမ်းလွမ်းမှုကို လက္ခံခဲ့တျာဖစ်ပြီး
ဒီအသင်းဟာ ကျန်ြတော့္နည်ျးပဘ၀ နောက္ဆုံးကိုင္တြယ္မယ့်အသင်ျးဖစ္ပါတယ်။ ကျန်ြတော် ဆန္ဒရွိတာတြေ အားလုံးကို လုပ္ခဲ့ပြီးပျြီဖစ်
သလို အဲဒီလိုအခြင့်အေရးရခဲ့တဲ့အတြက် ၀မ်းသာမိပါတယ်။ အခု ကျန်ြတော်ဟာ ဘောလုံးပဲဝြေဖန်သုံးသပ်သူအျဖစ် ဆောင်ရြက်သြားမျွာဖစ်
ပြီး အဲဒီနေရာက ကျန်ြတော့်အတြက် အရှုံးရွိလာမွာမဟုတ္ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ကာပယ္လိုရဲ့(Capello)နည်ျးပဘ၀အောင်ျမင္မှုမ်ား

Milan
Serie A (4): 1991–92, 1992–93, 1993–94, 1995–96
Supercoppa Italiana (3): 1992, 1993, 1994
UEFA Champions League (1): 1993–94
European Super Cup (1): 1994

Real Madrid
La Liga (2): 1996–97, 2006–07

Roma
Serie A (1): 2000–01
Supercoppa Italiana (1): 2001

Juventus
Serie A (2): 2004–05 (Revoked), 2005–06 (Revoked)
(လုပ္ပျြဲပဿနာတြေကြာင့် ဂ်ူဗင္တပ္စ္နဲ့ရရွိခဲ့တဲ့ စီးရီးအေဖလားတျြေပန္လည်ရုပ်သိမ်းခံခဲ့ရပါတယ်)

REF:Sky Sports,Wikipedia
Photo: Talk Sports
Naing Linn(Akhayar)
www.akhayar.com