Capcom လို့ပြောရင် မသိတဲ့သူမရှိဘူးထင်ပါတယ်။ အနီးစပ်ဆုံး ဥပမာပေးရရင် ၂၀၀၄ တုန်းက အရမ်းပေါက်သွားခဲ့တဲ့ Resident Evil 4 ဂိမ်းလေး။ သမ္မတသမီး ပြန်ပေးဆွဲခံရတာကို လိုက်ကယ်ရင်း Action နဲ့ Horror Mix လုပ်ထားတဲ့ Gameplay နဲ့ ရင်ထဲစွဲသွားခဲ့တာပါ။

Resident Evil 4 (Steam)

အမှန်တိုင်းပြောရရင် Admin တောင် Resident Evil ၊ Street Figher နဲ့ DMC စီးရီးလွှမ်းမိုးထားတဲ့ ၁၉၉၀ ဝန်းကျင် မမီခဲ့ပါဘူး။ အဲ့ချိန်တုန်းကဆိုရင် Biggest Title ဖြစ်တဲ့ Final Fantasy ၊ Silent Hill နဲ့ Capcom ရဲ့ Resident Evil ၊ Dino Crsis ၊ Street Fighter တို့လွှမ်းမိုးနေခဲ့တာပါ။ Electronics Art ၊ Ubisoft နဲ့ Activision တို့လို အနောက်တိုင်း Developer တွေ မဝင်လာသေးခင် ဒီဂိမ်းကောင်းတွေနဲ့ပဲ စီးမျောနေခဲ့တာပါ။

Street Fighter (Capcom)

ခုချိန်မှာ Graphics နည်းပညာ မတရားတိုးတက်နေလို့ အလန်းစားဂိမ်းမျိုးစုံ ထွက်နေတယ်၊ ဒါပေမယ့် Retro စတိုင်နဲ့ အချိုးကျကျ ပေါင်းစပ်ထားတဲ့ဂိမ်းကောင်းမျိုး ဘယ် Developer မှ မထုတ်ပြနိုင်သေးတာ လက်ခံရမှာပါ။ Online ခေတ်ထပြီး Multiplayer အသားပေး PUBG ၊ Fortnite ပုံစံ Call of Duty နဲ့ Battlefield တွေမှာ Battle Royale ထည့်လိုက်တာ အနုပညာမြောက်တယ်လို့ မခံစားရပါဘူး။ (ဒီထဲမှာ Bionic Commando ၊ Lost Planet 3 နဲ့ Marvels Vs. Capcom လို Big Title Game တွေချန်ထားခဲ့လို့ နားလည်ပေးပါဗျာ၊ Article ရှည်သွားမစိုးလို့ လိုအပ်တာပဲ ပြောသွားပါ့မယ်)

Capcom’s Dino Crisis 2 (ArtStation)

ဘာလို့လဲဆိုရင် Retro Gaming ကို ပစ်ပယ်လို့မရသလို ဂိမ်းအသစ်ချပြမယ်ဆိုရင် ဂိမ်မာတွေ ဘယ်လို Emphasis ထားလဲ Capcom ဂိမ်းနဲ့ပဲ ဥပမာပေးရရင် Resident Evil စီးရီးဟာ Survival အသားပေး Horror ဂိမ်းစစ်စစ် ပေးထားတဲ့လက်နက်ဆိုတာ ကာကွယ်ဖို့နဲ့ ထွက်ပြေးဖို့ပဲပေးထားတယ်၊ Thriller ဆန်ဆန် ကစားရအောင် ခြောက်ခြားသံတွေနဲ့ Game Tempo မြင့်အောင် တွန်းပေးတယ်၊ Puzzle တွေနဲ့ မခက်ခက်အောင် တမင်ဟန့်တားတယ်။ ဒါကတော့ Old School RE စတိုင်ပါ။

Upcoming Resident Evil 3 Nemsis

ဒီအချက်တွေက Original ဂိမ်းရဲ့ အငွေ့သက်ပဲဖြစ်ပြီး Franchise တလျောက် ထွက်ထားတဲ့ Resident Evil 5 နဲ့ 6 တို့ဟာ ဘယ်လိုမသက်ဆိုင်တယ်လို့ မခံစားရပါဘူး။ Fast-Pace Action ဆန်ပြီး ဒီတိုင်းထိုင်ပစ်နေရသလို ခံစားရတာကြောင့် Fail သွားတယ်ဆိုတာ မဆန်းပါဘူး။ ဒိနောက်ပိုင်း ထွက်လာတဲ့ Resident Evil 7 ကောင်းတယ်ဆိုမယ့် Evil Dead လို ရုပ်ရှင်တွေရဲ့ ဇာတ်ဝင်ခန်းတွေ Reference ယူထားတာကြောင့် ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။

The Most Violence Resident Evil 7

ဒါကြောင့် Resident Evil စီးရီးမှာတောင် Category ၂ မျိုးကွဲနေသလိုဖြစ်ခဲ့လို့ အရင် Resident Evil 0 ၊ 1 တို့ Remaster ပြန်ထုတ်ခဲ့ပေမယ့် ၉၀ တုန်းကလို ပရိသတ်အခိုင်မာ မရတော့ဘူး။ ဘာလို့လဲဆိုရင် ၉၀ ဝန်းကျင်နဲ့ ၂၁ ရာစု ဂိမ်းမင်းဆိုတာ မိုးနဲ့မြေလို ကွာခြားသွားပြီမလို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သဘောပေါက်ခဲ့ဟန်တူပါတယ်။

Resident Evil 2 1998 (credit: Gamer Network)

၂၀၁၉ မှာ လူကြိုက်အများဆုံး Resident Evil 2 ကို Remake ပြန်ထုတ်ခဲ့ပြီး ၉၀ တုန်းက Old School RE2 အတိုင်း Reference အကုန်ပြန်ယူထားတယ်။ Over-shoulder ပုံစံကနေ 3rd Person ဖြစ်သွားပြီး RE အငွေ့သက်အားလုံး ပြန်ပါလာတယ်။ မူရင်းဂိမ်းနဲ့ မတူတော့တာက Mr.X စထွက်တဲ့အချိန်ပြီး Old School မှာ Leon နောက်ကို William Birkin ၊ Clarie နောက်ကို Mr.X လိုက်တာ တချက်နဲ့ Character ၂ ယောက်လုံး Campaign လုံးဝမတူသလို Story လည်း မတူတာတွေပါပဲ။

Mr.X

နောက်ပြီး Hack & Slash Title မှာ နာမည်ကြီး Devil May Cry ဆိုတာလည်း PlayStation 2 ခေတ်ကတည်းက အသည်းစွဲဖြစ်ခဲ့ပြီး အအောင်မြင်ဆုံးကတော့ DMC 4 ပါပဲ။ ခုတ်ထစ်နေရတဲ့ဂိမ်းဆိုပေမယ့် Hero ဆန်ဆန် ကစားရတယ်၊ ရန်သူကို တရစပ်တိုက်ခိုက်တာမျိုးထက် ဘယ်လိုချမလဲ? Ability စုပြီး တိုက်ကွက်မျိုးစုံ Combine လုပ်ပြီး ဆွဲနိုင်ရင်ဆွဲသလောက် A လား S လား ဒါမှမဟုတ် SSS လား Combo အများကြီးရတာပါ။

DMC 4 အပြီး ၁၁ နှစ်အကြာ ထွက်လာတဲ့ DMC 5 ဟာဆိုရင်လည်း Story Line တိုက်ရိုက်ချိတ်ဆက်ထားပြီး Dante နဲ့ Nero တို့လို Main Character ရဲ့ ဇာတ်ကြောင်းအပြင် V ကိုပါ ထည့်သွင်းထားတယ်၊ ဘယ်လို ဇာတ်လမ်းကြောရိုးနဲ့သွားတယ်ကအစ ဂိမ်မာအကြိုက်ဖန်တီးနိုင်ခဲ့လို့ ၂၀၁၉ ရဲ့ ရွှေနှစ် တနည်းပြောရရင် Game of the Year ထဲ Capcom တိတ်တဆိတ် ဝင်ရောက်နေပြီဆိုတာ ဖော်ပြနေတာပါ။

အခုလို Biggest Title ဖြစ်တဲ့ Resident Evil 2 နဲ့ Devil May Cry 5 ပြီးသွားရင် Monster Hunter: World နဲ့ပါ ထပ်ဆောင်းအောင်မြင်ထားသေးလို့ Open World ဂိမ်းထဲမှာ Final Fantasy ဘယ်လို Reference ယူသင့်တယ်ပါ ချပြသွားသလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဂိမ်မာတွေ လိုချင်တာ Capcom အထာနပ်နေပြီလို့ သုံးသပ်ရပြီး ထပ်ထွက်စေချင်တဲ့ဂိမ်းကတော့ Dino Crisis လို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။ နည်းနည်း စပ်စုမယ်နော်

RE 2 မှာပါတဲ့ Easter Egg တချို့သိရဲ့လား ဥပမာ Cap ဆိုရင် Capcom လို့ပြောတာ၊ DCM ဆိုရင် Devil May Cry လို့ ရည်ညွန်းတာမို့ ကစားရင်း သတိထားမိရဲ့လား၊ DMC 5 ကစားရင်း Replays နဲ့ Secrets တင်ပေးသွားမှာမို့ စောင့်ကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။