CanonWatch ကနေ ပြောကြားခဲ့တဲ့ သတင်းတွေအရဆိုရင်တော့ Canon ရဲ့ ပထမဆုံး Full-Frame Mirrorless Camera ဟာ 28 Megapixels ရှိမှာဖြစ်ပြီးတော့ Dual Pixel Autofocus စနစ်၊ In-Body Image Stabilization (IBIS) ၊ 10fps Continuous Shooting နဲ့ 4K Video တွေကိုပါရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပြီးတော့ ဈေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၁၉၀၀ ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Sony ရဲ့ A7 III နဲ့ Nikon ရဲ့ Z6 Camera တွေရဲ့ ဈေးထက် ဒေါ်လာ ၁၀၀ သက်သာမှာပါ။
Canon 5D Mark IV DSLR
DSLR မှာ အသုံးအများဆုံးသော ကင်မရာထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Canon ကလည်း အခုလို Full-Frame Mirrorless Camera ဈေးကွက်ကို ဝင်ရောက်လာပြီဆိုတော့ Professional Camera တွေက DSLR ကနေ Mirrorless ကို ပြောင်းတော့မယ်ဆိုတာ ကျိန်းသေသွားပါပြီ။
Ref : PetaPixel
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
လက်ရှိအချိန်မှာ Full-Frame Mirrorless Camera စျေးကွက်ဟာ Sony ကနေ တစ်ဦးထဲ ဦးဆောင်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့မကြာခင်ရက်ပိုင်းတုန်းက Nikon ကနေ Z6 နဲ့ Z7 Full-Frame Mirrorless Camera တွေကို ထုတ်လိုက်ပြီး Sony က အပိုင်ရယူထားတဲ့ Full-Frame Mirrorless Camera တွေကို စတင်ခြိမ်းခြောက်လိုက်ပါတယ်။
Nikon Z Series Mirrorless Camera
ဒါပေမယ့် အခုလက်ရှိ သိရတဲ့သတင်းတွေအရတော့ ဒီ Full-Frame Mirrorless Camera ပြိုင်ဆိုင်မှုဟာ ပိုပြင်းထန်လာဖွယ်ရှိနေပါတယ်။ ဒါကလည်း DSLR Camera မှာ နာမည်ကြီးထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Canon ကနေ ဒီ Full-Frame Mirrorless Camera ကို ပထမဆုံးအနေနဲ့ ထုတ်ပြသွားတော့မှာဖြစ်တာကြောင့်ဖြစ်ပါတယ်။
Canon Full-Frame Mirrorless
အခု Canon ရဲ့ ပထမဆုံး Full-Frame Mirrorless Camera ဟာ ထင်ထားတာထက်ကိုစောနိုင်ပြီးတော့ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်လာပါတယ်။ Canon ဟာ Nikon လိုမျိုး Teaser တွေထုတ်ဖို့ စိတ်ကူးမရှိဘဲ လျှှို့ဝှက်ထားပြီး ထုတ်ပြတဲ့အချိန်ကြမှ အလုံးစုံကို ဖော်ပြသွားဖို့ စိတ်ကူးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အခုအချိန်အထိ Canon ရဲ့ Full-Frame Mirrorless Camera နဲ့ ပတ်သတ်ပြီး ဘာသတင်းမှထွက်မလာခဲ့တာဖြစ်ပါတယ်။
Canon Full-Frame Mirrorless
CanonWatch ကနေ ပြောကြားခဲ့တဲ့ သတင်းတွေအရဆိုရင်တော့ Canon ရဲ့ ပထမဆုံး Full-Frame Mirrorless Camera ဟာ 28 Megapixels ရှိမှာဖြစ်ပြီးတော့ Dual Pixel Autofocus စနစ်၊ In-Body Image Stabilization (IBIS) ၊ 10fps Continuous Shooting နဲ့ 4K Video တွေကိုပါရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပြီးတော့ စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၁၉၀၀ ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Sony ရဲ့ A7 III နဲ့ Nikon ရဲ့ Z6 Camera တွေရဲ့ စျေးထက် ဒေါ်လာ ၁၀၀ သက်သာမှာပါ။
Canon 5D Mark IV DSLR
DSLR မှာ အသုံးအများဆုံးသော ကင်မရာထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Canon ကလည်း အခုလို Full-Frame Mirrorless Camera စျေးကွက်ကို ဝင်ရောက်လာပြီဆိုတော့ Professional Camera တွေက DSLR ကနေ Mirrorless ကို ပြောင်းတော့မယ်ဆိုတာ ကျိန်းသေသွားပါပြီ။
Ref : PetaPixel
Zawyè (Akhayar) 
www.akhayar.com