[Zawgyi]

ကမာၻ႔အၾကီးဆံုး တရားဝင္ေဆးေျခာက္ေစ်းကြက္ၾကီးျဖစ္လာတဲ့ ကေနဒါႏုိင္ငံ

ကေနဒါႏုိင္ငံဟာ ေဆးေျခာက္ ၃၀ ဂရမ္အထိ လက္ဝယ္ကိုင္ေဆာင္ျခင္းကို ခြင့္ျပဳေပးလိုက္ျပီး ဒါဟာ တရားဝင္စံသတ္မွတ္ခ်က္အေနနဲ႔ ခြင့္ျပဳေပးတာ ျဖစ္ပါတယ္။

Ian Power ဆုိသူကေတာ့ ကေနဒါႏုိင္ငံက ေဆးေျခာက္တရားဝင္ပထမဆံုးဝယ္ယူခြင့္ရရွိသူေတြထဲက တစ္ေယာက္ျဖစ္ျပီး သူဟာ ေသာက္သံုးဖို႔ ဝယ္တာ မဟုတ္ဘဲ အမွတ္တရအေနနဲ႔ ေဘာင္သြင္းသိမ္းထားမလို႔ပါတဲ့။

ကေနဒါႏုိင္ငံဟာ ႏုိင္ငံလုံးဆုိင္ရာ တရားဝင္ အၾကီးဆံုး ေဆးေျခာက္ေစ်းကြက္ျကီးျဖစ္လာျပီး Newfoundland မွာ ဗုဒၶဟူးအေစာပိုင္းက စတင္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ တရားဝင္ေၾကညာခ်က္ကိုေတာ့ ဗုဒၶဟူးေန႔ ညေနပိုင္းေလာက္မွ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ကေနဒါႏုိင္ငံဟာ ၂၀၀၁ ခုႏွစ္တည္းက ေဆးေျခာက္ကို ေဆးဘက္ဆုိင္အရာ အသံုးအေနနဲ႔ တရားဝင္ခြင့္ျပဳထားတဲ့ ႏုိင္ငံျဖစ္ျပီး ဒီလို အပန္းေျဖတဲ့ေနရာမွာ သံုးဖို႔အတြက္ေတာ့ ခုမွ ရတာ ျဖစ္ပါတယ္။ ဘာလို႔ ဒီလို ခြင့္ျပဳခဲ့တာလဲဆုိရင္ ေဆးေျခာက္အေပၚလူထုရဲ႕အျမင္ေတြ ပိုေကာငး္ေစဖို႔နဲ႔ ေမွာင္ခုိေရာင္းဝယ္ေနတဲ့သူေတြကို တရားဝင္အခြန္ေဆာင္ျပီး ေရာင္းဝယ္ေစခ်င္တဲ့အတြက္ ျဖစ္ပါတယ္။

ေဆးေျခာက္ကို ပထမဆံုး တရားဝင္ခြင့္ျပဳခဲ့တဲ့ ႏုိင္ငံကေတာ့ ဥရုေဂြးႏုိင္ငံျဖစ္ျပီး ကေနဒါႏုိင္ငံရဲ႕ ျပည္နယ္တစ္ခုျဖစ္တဲ့ Newfoundland မွာေတာ့ ဒီလုိဝယ္ယူဖို႔အတြက္ လူေတြ ရာနဲ႔ခ်ီျပီး ညသန္းေခါင္ ၁၂ တိတိထိုးခ်ိန္အမီ တန္းစီေနခဲ့ပါတယ္။ ေမာ္တာဆုိင္ကယ္စီးသူေတြကလည္း ဟြန္းေတြ တီးလို႔ ပြဲခံခဲ့ၾကပါတယ္။

ေဆးေျခာက္လာဝယ္သူတစ္ေယာက္ကေတာ့ “ကန္႔သတ္ခ်က္ေတြ ဒီေနရာမွာ ရပ္တန္႔သြားပါျပီ၊ ‘သမုိင္းတစ္ခုကို ေရးထိုးႏုိင္ခဲ့ပါျပီ၊ လုပ္ႏိုင္မယ္လို႔ေတာင္ မထင္ထားခဲ့ဘူး၊ တက္ၾကႊလႈပ္ရွားမႈေတြ လုပ္ခဲ့သမွ် အက်ိဳးရလဒ္ထြက္ခဲ့ပါျပီ၊ ေဆးေျခာက္ဟာ ကေနဒါႏုိင္ငံမွာ တရားဝင္ျဖစ္ခဲ့ျပီျဖစ္တဲ့အတြက္ ကေနဒါကို လာေရာက္ျပီး သံုးစြဲၾကည့္သင့္ပါျပီ” လို႔ ေျပာဆုိခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဆယ္စုႏွစ္ ၃ ခုလံုး ေမွာင္ခုိခိုးေရာင္းေနတဲ့ Tom Clarke ဆိုတဲ့ ဘဲၾကီးဆုိရင္လည္း တရားဝင္စျပီးေရာင္းခ်ရတဲ့ေန႔မွာပဲ ညဘက္သန္းေခါင္တိတိမွာ စဖြင့္ျပီးေရာင္းေပးတဲ့သူေတြထဲမွာ ပါပါတယ္။ သူ႔ရဲ႕ပထမဆံုးေဖာက္သည္ကေတာ့ သူ႔ရဲ႕ အေဖျဖစ္ျပီး လူအေယာက္ ၅၀ ကေန ၁၀၀ ထိရွိတဲ့ လူအုပ္ၾကီးဟာ အျပင္ဘက္မွာ တန္းစီေစာင့္ဆိုင္းျပီး သူ႔ကို အားေပးခဲ့ၾကပါတယ္။

Clarke က”အရမ္းကို မုိက္ပါတယ္။ ဒီလိုေန႔ကို ကၽြန္ေတာ့္တစ္ဘဝလံုးေစာင့္ခဲ့ရတာပါ။ အခုေတာ့ ကေနဒါမွာ ေနရတာကို အရမ္းကို ေပ်ာ္ရႊင္ပါတယ္လို႔ သူ႔ရဲ႕ ခံစားခ်က္ကို ေျပာျပခဲ့ပါတယ္။

ကေနဒါႏုိင္ငံသားေတြဟာ ခုဆိုရင္ Websites ေတြကေန တဆင့္လည္း ေဆးေျခာက္ေတြ မွာယူႏုိင္ျပီး သူတို႔အိမ္အေရာက္ စာတိုက္ကေန ပို႔ေပးမွာ ျဖစ္ပါတယ္။ Ryan Bose ဆိုတဲ့  ကားေမာင္းသမားတစ္ဦးကေတာ့ “ဒါဟာ သတင္းေကာင္းပါပဲ၊ အရက္ဟာ ကၽြန္ေတာ့္ရဲ႕ အဘိုးနဲ႔ ကၽြန္ေတာ့္အေဖကို အသက္ဆံုးရံႈးေစခဲ့ေပမယ့္ Weed ကေတာ့ အခုထိ ကၽြန္ေတာ့္ဆီကေန ဘယ္သူ႔ကိုမွ ေခၚမသြားေသးပါဘူး” ဆိုျပီး ဒီကိစၥကုိ ေထာက္ခံလုိက္ပါတယ္။

ကေနဒါႏုိင္ငံမွာ ဒီလိုဝယ္ယူႏုိင္တဲ့ အသက္အရြယ္ကိုေတာ့ ၁၈ ႏွစ္ကေန စသတ္မွတ္ထားတယ္လို႔ သိရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : nbcnews.com
[Unicode]

ကမ္ဘာ့အကြီးဆုံး တရားဝင်ဆေးခြောက်ဈေးကွက်ကြီးဖြစ်လာတဲ့ ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံဟာ ဆေးခြောက် ၃၀ ဂရမ်အထိ လက်ဝယ်ကိုင်ဆောင်ခြင်းကို ခွင့်ပြုပေးလိုက်ပြီး ဒါဟာ တရားဝင်စံသတ်မှတ်ချက်အနေနဲ့ ခွင့်ပြုပေးတာ ဖြစ်ပါတယ်။

Ian Power ဆိုသူကတော့ ကနေဒါနိုင်ငံက ဆေးခြောက်တရားဝင်ပထမဆုံးဝယ်ယူခွင့်ရရှိသူတွေထဲက တစ်ယောက်ဖြစ်ပြီး သူဟာ သောက်သုံးဖို့ ဝယ်တာ မဟုတ်ဘဲ အမှတ်တရအနေနဲ့ ဘောင်သွင်းသိမ်းထားမလို့ပါတဲ့။

ကနေဒါနိုင်ငံဟာ နိုင်ငံလုံးဆိုင်ရာ တရားဝင် အကြီးဆုံး ဆေးခြောက်ဈေးကွက်ကြီးဖြစ်လာပြီး Newfoundland မှာ ဗုဒ္ဓဟူးအစောပိုင်းက စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တရားဝင်ကြေညာချက်ကိုတော့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းလောက်မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ ၂၀၀၁ ခုနှစ်တည်းက ဆေးခြောက်ကို ဆေးဘက်ဆိုင်အရာ အသုံးအနေနဲ့ တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံဖြစ်ပြီး ဒီလို အပန်းဖြေတဲ့နေရာမှာ သုံးဖို့အတွက်တော့ ခုမှ ရတာ ဖြစ်ပါတယ်။ ဘာလို့ ဒီလို ခွင့်ပြုခဲ့တာလဲဆိုရင် ဆေးခြောက်အပေါ်လူထုရဲ့အမြင်တွေ ပိုကောင်းစေဖို့နဲ့ မှောင်ခိုရောင်းဝယ်နေတဲ့သူတွေကို တရားဝင်အခွန်ဆောင်ပြီး ရောင်းဝယ်စေချင်တဲ့အတွက် ဖြစ်ပါတယ်။

ဆေးခြောက်ကို ပထမဆုံး တရားဝင်ခွင့်ပြုခဲ့တဲ့ နိုင်ငံကတော့ ဥရုဂွေးနိုင်ငံဖြစ်ပြီး ကနေဒါနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ Newfoundland မှာတော့ ဒီလိုဝယ်ယူဖို့အတွက် လူတွေ ရာနဲ့ချီပြီး ညသန်းခေါင် ၁၂ တိတိထိုးချိန်အမီ တန်းစီနေခဲ့ပါတယ်။ မော်တာဆိုင်ကယ်စီးသူတွေကလည်း ဟွန်းတွေ တီးလို့ ပွဲခံခဲ့ကြပါတယ်။

ဆေးခြောက်လာဝယ်သူတစ်ယောက်ကတော့ “ကန့်သတ်ချက်တွေ ဒီနေရာမှာ ရပ်တန့်သွားပါပြီ၊ ‘သမိုင်းတစ်ခုကို ရေးထိုးနိုင်ခဲ့ပါပြီ၊ လုပ်နိုင်မယ်လို့တောင် မထင်ထားခဲ့ဘူး၊ တက်ကြွှလှုပ်ရှားမှုတွေ လုပ်ခဲ့သမျှ အကျိုးရလဒ်ထွက်ခဲ့ပါပြီ၊ ဆေးခြောက်ဟာ ကနေဒါနိုင်ငံမှာ တရားဝင်ဖြစ်ခဲ့ပြီဖြစ်တဲ့အတွက် ကနေဒါကို လာရောက်ပြီး သုံးစွဲကြည့်သင့်ပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလုံး မှောင်ခိုခိုးရောင်းနေတဲ့ Tom Clarke ဆိုတဲ့ ဘဲကြီးဆိုရင်လည်း တရားဝင်စပြီးရောင်းချရတဲ့နေ့မှာပဲ ညဘက်သန်းခေါင်တိတိမှာ စဖွင့်ပြီးရောင်းပေးတဲ့သူတွေထဲမှာ ပါပါတယ်။ သူ့ရဲ့ပထမဆုံးဖောက်သည်ကတော့ သူ့ရဲ့ အဖေဖြစ်ပြီး လူအယောက် ၅၀ ကနေ ၁၀၀ ထိရှိတဲ့ လူအုပ်ကြီးဟာ အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းပြီး သူ့ကို အားပေးခဲ့ကြပါတယ်။

Clarke က”အရမ်းကို မိုက်ပါတယ်။ ဒီလိုနေ့ကို ကျွန်တော့်တစ်ဘဝလုံးစောင့်ခဲ့ရတာပါ။ အခုတော့ ကနေဒါမှာ နေရတာကို အရမ်းကို ပျော်ရွှင်ပါတယ်လို့ သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

ကနေဒါနိုင်ငံသားတွေဟာ ခုဆိုရင် Websites တွေကနေ တဆင့်လည်း ဆေးခြောက်တွေ မှာယူနိုင်ပြီး သူတို့အိမ်အရောက် စာတိုက်ကနေ ပို့ပေးမှာ ဖြစ်ပါတယ်။ Ryan Bose ဆိုတဲ့  ကားမောင်းသမားတစ်ဦးကတော့ “ဒါဟာ သတင်းကောင်းပါပဲ၊ အရက်ဟာ ကျွန်တော့်ရဲ့ အဘိုးနဲ့ ကျွန်တော့်အဖေကို အသက်ဆုံးရှုံးစေခဲ့ပေမယ့် Weed ကတော့ အခုထိ ကျွန်တော့်ဆီကနေ ဘယ်သူ့ကိုမှ ခေါ်မသွားသေးပါဘူး” ဆိုပြီး ဒီကိစ္စကို ထောက်ခံလိုက်ပါတယ်။

ကနေဒါနိုင်ငံမှာ ဒီလိုဝယ်ယူနိုင်တဲ့ အသက်အရွယ်ကိုတော့ ၁၈ နှစ်ကနေ စသတ်မှတ်ထားတယ်လို့ သိရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : nbcnews.com