[Zawgyi]

မ်က္ဝန္းလွလွမွာ မ်က္ကပ္မွန္တပ္မယ္လို႔ စဥ္းစားထားရင္

လွခ်င္ရက္စက္စက္ယိုေတြက မ်က္လံုးေလး လွတယ္လို႔ ထင္ရေစဖို႔၊ မ်က္မွန္တပ္ရတဲ႔သူေတြက အျပင္သြားတဲ႔အခါ မ်က္မွန္တပ္လို႔ ရႈိးပဲ့မွာဆိုၿပီး မ်က္ကပ္မွန္တပ္ကာ ရႈိးထုတ္တတ္ၾကပါတယ္။ ရႈိးထုတ္တာက ကိစၥမရွိေပမယ္႔ ရႈိးထုတ္ၿပီးရင္ေတာ့ မ်က္ကပ္မွန္ကို ျပန္ခၽြတ္ၿပီး မ်က္ကပ္မွန္ေဆးရည္ထဲမွာ စိမ္ဖို႔ မေမ့ပါနဲ႔။ မ်က္ကပ္မွန္ခၽြတ္ဖို႔ ေမ့ၿပီး တပ္ဆင္ကာ အိပ္ေပ်ာ္မိရင္ မ်က္လံုးကို ထိခိုက္မယ္႔ အက်ဳိးဆက္က ရႈိးထုတ္လို႔လွတဲ႔အက်ဳိးေက်းဇူးထက္ ပိုႀကီးတယ္ဆိုတာကို သတိျပဳသင့္ပါတယ္။

တခ်ဳိ႕ မ်က္ကပ္မွန္တံဆိပ္ေတြက တပ္ၿပီးအိပ္လို႔ အဆင္ေျပတယ္ဆိုၿပီး ညႊန္ၾကားခ်က္ေတြထဲမွာ ထည္႔သြင္းေရးသားထားေပမယ္႔ အမွန္ကေတာ့ ဘယ္လိုနည္းနဲ႔မွ တပ္ၿပီး မအိပ္တာကေတာ့ အေကာင္းဆံုးပါပဲ။

မ်က္ကပ္မွန္တပ္တယ္ဆိုတာဟာ ျပင္ပအရာဝတၱဳတစ္ခုကို မ်က္လံုးထဲ ထည့္တာျဖစ္တဲ႔အတြက္ ေသခ်ာစဥ္စားၿပီးမွ တပ္သင့္ပါတယ္။ မ်က္ကပ္မွန္ကို ျမင္သာေအာင္ေျပာရမယ္ဆိုရင္ မိတ္ကပ္လိမ္းတဲ႔ အၾကည္ေရာင္ Sponge အမ်ဳိးအစားနဲ႔ တူညီပါတယ္။ ဒါ့အျပင္ မ်က္ကပ္မွန္ဟာ အစိုဓာတ္ရရွိဖို႔ အျမဲလိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မ်က္လံုးက အစိုဓာတ္ကို စုပ္ယူေလ့ရွိတဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ အဲဒီလို အစိုဓာတ္ကို စုပ္ယူလိုက္တဲ႔အတြက္ မ်က္လံုးဆီကို ကပ္တြယ္လာတဲ႔ ဘတ္တီးရီးယားေတြကို စစ္ထုတ္ၿပီးသား ျဖစ္ေစပါတယ္။ အစိုဓာတ္ကိုရရွိေနဖို႔အတြက္ဆို မ်က္ကပ္မွန္ကို တပ္ၿပီးတိုင္း ျပန္ခၽြတ္ကာ ပုံမွန္ေလးေဆးေၾကာေပးဖို႔ အေရးႀကီးပါတယ္။

မ်က္ကပ္မွန္ကို ဘယ္သူမွ အျမဲလုိလို ဝတ္ဆင္ထားေလ့မရွိတဲ႔အျပင္ မ်က္ကပ္မွန္တပ္ဆင္ထားလို႔ မ်က္လံုးပိုးဝင္တာမ်ုဳိးကလည္း အျမဲတမ္း မျဖစ္တတ္ပါဘူး ။ ဒါ့အျပင္ မ်က္ကပ္မွန္ကို တပ္ဆင္တဲ႔အခါ သန္႔ရွင္းစင္ၾကယ္ဖို႔အတြက္ ျပဳလုပ္ရမယ္႔ အဆင့္ေတြရွိပါတယ္။ ပထမတစ္ခ်က္ကေတာ့ မ်က္ကပ္မွန္တစ္ခုတည္းကို ႏွစ္အၾကာႀကီး မတပ္ဘဲ လတိုင္းလတိုင္း မ်က္ကပ္မွန္အသစ္ ေျပာင္းေပးတာမ်ဳိး (သို႔) ႏွစ္ပတ္တစ္ခါေလာက္ မ်က္ကပ္မွန္အသစ္ ေျပာင္းေပးတာမ်ဳိး ျပဳလုပ္ေပးသင္႔ပါတယ္။ မ်က္ကပ္မွန္ တပ္ျခင္းေၾကာင္႔ မ်က္လံုးကို ထိခုိက္ေစတာနဲ႔ ပတ္သက္ၿပီး ေတြ႔ရေလ့ရွိတဲ႔ ေနာက္တစ္ခ်က္ကေတာ့ မ်က္ကပ္မွန္ကို အလြန္အက်ဳး ဝတ္ဆင္ျခင္းေၾကာင္႔ ျဖစ္ပါတယ္။ မ်က္ကပ္မွန္ အလြန္အက်ဳး ဝတ္ဆင္တဲ႔အတြက္ မ်က္ၾကည္လႊာက ေအာက္ဆီဂ်င္ မရရွိေတာ့ပါဘူး။ ဒါေၾကာင့္မို႔ မ်က္ကပ္မွန္ကို အျမဲတပ္တာမ်ဳိး မျပဳလုပ္ဘဲ မျဖစ္မေန လိုအပ္မွ တပ္တာက အေကာင္းဆံုးပါပဲ။

မ်က္ကပ္မွန္ကို မိတ္ကပ္လိမ္းတဲ႔ Sponge လိုသေဘာထားၾကည္႔မယ္ဆိုရင္ Sponge ကိုေတာင္ မသန္႔စင္ဘဲ ႏွစ္ရွည္လမ်ား အသံုးျပဳလို႔မရသလို အသစ္မလဲလွယ္ဘဲနဲ႔လည္း တစ္သက္လံုး သံုးစဲြလို႔ မရပါဘူး။ မ်က္ကပ္မွန္ကို မလဲလွယ္ မသန္႔စင္ဘဲ ႏွစ္ရွည္လမ်ား အသံုးျပဳေနမယ္ဆိုရင္ မ်က္ကပ္မွန္ကလည္း အလုပ္ေကာင္းေကာင္း မလုပ္ေတာ့ဘဲ မ်က္လံုးကို ထိခုိက္လာေစႏိုင္ပါတယ္။ မ်က္ကပ္မွန္တပ္တဲ႔အခါ အခန္႔မသင့္လို႔ သတိမထားမိရင္ မ်က္ကပ္မွန္က ေခါက္ကာ မ်က္ခံြရဲ႕ေအာက္မွာ ေရာက္ေနတာမ်ဳိးျဖစ္ၿပီး နာတာရွည္မ်က္လံုးနီတာမ်ဳိး၊ ေရာင္ရမ္းတာမ်ဳိး ျဖစ္ေစႏုိင္ပါတယ္။ အဲ႔ဒီလိုမ်ဳိးျဖစ္တာကလည္း ဆယ္ခါမွ တစ္ခါေလာက္ပဲ ျဖစ္ႏိုင္ေခ်ရွိၿပီး ျဖစ္လာလို႔ မ်က္ကပ္မွန္ ဆဲြထုတ္ရၿပီးဆိုရင္လည္း အခ်ိန္အေတာ္ၾကာေအာင္ သတိထားၿပီး ဆဲြထုတ္ရပါတယ္။

အဲဒီလိုမ်ဳိးေတြမျဖစ္ေစဖို႔အတြက္ မ်က္ကပ္မွန္ေတြတပ္တဲ႔အခါ လက္ကိုသန္႔ရွင္းစင္ၾကယ္စြာေဆးၿပီးမွ မ်က္ကပ္မွန္ကို ကိုင္တြယ္ကာ သတိေလးနဲ႔ တပ္သင့္ပါတယ္။ မ်က္ကပ္မွန္ကိုလည္း တပ္ၿပီးတိုင္း ညေရာက္ရင္ ျပန္ခၽြတ္ကာ မ်က္ကပ္မွန္ေဆးရည္ထဲမွာ စိမ္ထားေပးပါ။ မ်က္စိက်န္းမာေရးကို ဂရုစိုက္ခ်င္တယ္ဆိုရင္ေတာ့ တတ္ႏိုင္ရင္ လွခ်င္ရုံသက္သက္နဲ႔ မ်က္ကပ္မွန္ကို တပ္တာမ်ဳိး မျပဳလုပ္ဖို႔ အၾကံျပဳပါရေစ။ မ်က္လံုးက်န္းမာေရးထိခိုက္မရွိဘဲ မ်က္ကပ္မွန္တပ္ကာ အကုန္လံုးက်န္းမာလွပႏိုင္ေစဖို႔ ေဆာင္သင့္တာေဆာင္ ေရွာင္သင့္တာေရွာင္ၿပီး က်န္းမာလွပတဲ႔ မ်က္ဝန္းေလးေတြ ပိုင္ဆုိင္ႏိုင္ၾကပါေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

မျက်ဝန်းလှလှမှာ မျက်ကပ်မှန်တပ်မယ်လို့ စဉ်းစားထားရင်

လှချင်ရက်စက်စက်ယိုတွေက မျက်လုံးလေး လှတယ်လို့ ထင်ရစေဖို့၊ မျက်မှန်တပ်ရတဲ့သူတွေက အပြင်သွားတဲ့အခါ မျက်မှန်တပ်လို့ ရှိုးပဲ့မှာဆိုပြီး မျက်ကပ်မှန်တပ်ကာ ရှိုးထုတ်တတ်ကြပါတယ်။ ရှိုးထုတ်တာက ကိစ္စမရှိပေမယ့် ရှိုးထုတ်ပြီးရင်တော့ မျက်ကပ်မှန်ကို ပြန်ချွတ်ပြီး မျက်ကပ်မှန်ဆေးရည်ထဲမှာ စိမ်ဖို့ မမေ့ပါနဲ့။ မျက်ကပ်မှန်ချွတ်ဖို့ မေ့ပြီး တပ်ဆင်ကာ အိပ်ပျော်မိရင် မျက်လုံးကို ထိခိုက်မယ့် အကျိုးဆက်က ရှိုးထုတ်လို့လှတဲ့အကျိုးကျေးဇူးထက် ပိုကြီးတယ်ဆိုတာကို သတိပြုသင့်ပါတယ်။

တချို့ မျက်ကပ်မှန်တံဆိပ်တွေက တပ်ပြီးအိပ်လို့ အဆင်ပြေတယ်ဆိုပြီး ညွှန်ကြားချက်တွေထဲမှာ ထည့်သွင်းရေးသားထားပေမယ့် အမှန်ကတော့ ဘယ်လိုနည်းနဲ့မှ တပ်ပြီး မအိပ်တာကတော့ အကောင်းဆုံးပါပဲ။

မျက်ကပ်မှန်တပ်တယ်ဆိုတာဟာ ပြင်ပအရာဝတ္တုတစ်ခုကို မျက်လုံးထဲ ထည့်တာဖြစ်တဲ့အတွက် သေချာစဉ်စားပြီးမှ တပ်သင့်ပါတယ်။ မျက်ကပ်မှန်ကို မြင်သာအောင်ပြောရမယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့ အကြည်ရောင် Sponge အမျိုးအစားနဲ့ တူညီပါတယ်။ ဒါ့အပြင် မျက်ကပ်မှန်ဟာ အစိုဓာတ်ရရှိဖို့ အမြဲလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်လုံးက အစိုဓာတ်ကို စုပ်ယူလေ့ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလို အစိုဓာတ်ကို စုပ်ယူလိုက်တဲ့အတွက် မျက်လုံးဆီကို ကပ်တွယ်လာတဲ့ ဘတ်တီးရီးယားတွေကို စစ်ထုတ်ပြီးသား ဖြစ်စေပါတယ်။ အစိုဓာတ်ကိုရရှိနေဖို့အတွက်ဆို မျက်ကပ်မှန်ကို တပ်ပြီးတိုင်း ပြန်ချွတ်ကာ ပုံမှန်လေးဆေးကြောပေးဖို့ အရေးကြီးပါတယ်။

မျက်ကပ်မှန်ကို ဘယ်သူမှ အမြဲလိုလို ဝတ်ဆင်ထားလေ့မရှိတဲ့အပြင် မျက်ကပ်မှန်တပ်ဆင်ထားလို့ မျက်လုံးပိုးဝင်တာမျိုုးကလည်း အမြဲတမ်း မဖြစ်တတ်ပါဘူး ။ ဒါ့အပြင် မျက်ကပ်မှန်ကို တပ်ဆင်တဲ့အခါ သန့်ရှင်းစင်ကြယ်ဖို့အတွက် ပြုလုပ်ရမယ့် အဆင့်တွေရှိပါတယ်။ ပထမတစ်ချက်ကတော့ မျက်ကပ်မှန်တစ်ခုတည်းကို နှစ်အကြာကြီး မတပ်ဘဲ လတိုင်းလတိုင်း မျက်ကပ်မှန်အသစ် ပြောင်းပေးတာမျိုး (သို့) နှစ်ပတ်တစ်ခါလောက် မျက်ကပ်မှန်အသစ် ပြောင်းပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ မျက်ကပ်မှန် တပ်ခြင်းကြောင့် မျက်လုံးကို ထိခိုက်စေတာနဲ့ ပတ်သက်ပြီး တွေ့ရလေ့ရှိတဲ့ နောက်တစ်ချက်ကတော့ မျက်ကပ်မှန်ကို အလွန်အကျုး ဝတ်ဆင်ခြင်းကြောင့် ဖြစ်ပါတယ်။ မျက်ကပ်မှန် အလွန်အကျုး ဝတ်ဆင်တဲ့အတွက် မျက်ကြည်လွှာက အောက်ဆီဂျင် မရရှိတော့ပါဘူး။ ဒါကြောင့်မို့ မျက်ကပ်မှန်ကို အမြဲတပ်တာမျိုး မပြုလုပ်ဘဲ မဖြစ်မနေ လိုအပ်မှ တပ်တာက အကောင်းဆုံးပါပဲ။

မျက်ကပ်မှန်ကို မိတ်ကပ်လိမ်းတဲ့ Sponge လိုသဘောထားကြည့်မယ်ဆိုရင် Sponge ကိုတောင် မသန့်စင်ဘဲ နှစ်ရှည်လများ အသုံးပြုလို့မရသလို အသစ်မလဲလှယ်ဘဲနဲ့လည်း တစ်သက်လုံး သုံးစွဲလို့ မရပါဘူး။ မျက်ကပ်မှန်ကို မလဲလှယ် မသန့်စင်ဘဲ နှစ်ရှည်လများ အသုံးပြုနေမယ်ဆိုရင် မျက်ကပ်မှန်ကလည်း အလုပ်ကောင်းကောင်း မလုပ်တော့ဘဲ မျက်လုံးကို ထိခိုက်လာစေနိုင်ပါတယ်။ မျက်ကပ်မှန်တပ်တဲ့အခါ အခန့်မသင့်လို့ သတိမထားမိရင် မျက်ကပ်မှန်က ခေါက်ကာ မျက်ခွံရဲ့အောက်မှာ ရောက်နေတာမျိုးဖြစ်ပြီး နာတာရှည်မျက်လုံးနီတာမျိုး၊ ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီလိုမျိုးဖြစ်တာကလည်း ဆယ်ခါမှ တစ်ခါလောက်ပဲ ဖြစ်နိုင်ချေရှိပြီး ဖြစ်လာလို့ မျက်ကပ်မှန် ဆွဲထုတ်ရပြီးဆိုရင်လည်း အချိန်အတော်ကြာအောင် သတိထားပြီး ဆွဲထုတ်ရပါတယ်။

အဲဒီလိုမျိုးတွေမဖြစ်စေဖို့အတွက် မျက်ကပ်မှန်တွေတပ်တဲ့အခါ လက်ကိုသန့်ရှင်းစင်ကြယ်စွာဆေးပြီးမှ မျက်ကပ်မှန်ကို ကိုင်တွယ်ကာ သတိလေးနဲ့ တပ်သင့်ပါတယ်။ မျက်ကပ်မှန်ကိုလည်း တပ်ပြီးတိုင်း ညရောက်ရင် ပြန်ချွတ်ကာ မျက်ကပ်မှန်ဆေးရည်ထဲမှာ စိမ်ထားပေးပါ။ မျက်စိကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင်တော့ တတ်နိုင်ရင် လှချင်ရုံသက်သက်နဲ့ မျက်ကပ်မှန်ကို တပ်တာမျိုး မပြုလုပ်ဖို့ အကြံပြုပါရစေ။ မျက်လုံးကျန်းမာရေးထိခိုက်မရှိဘဲ မျက်ကပ်မှန်တပ်ကာ အကုန်လုံးကျန်းမာလှပနိုင်စေဖို့ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး ကျန်းမာလှပတဲ့ မျက်ဝန်းလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com