[Zawgyi]

Crush က သဲသဲလႈပ္ခ်စ္လာေစဖုုိ႕ ဒီနည္းလမ္းေတြအတုိင္း လုပ္ၾကည့္ရေအာင္

တဖတ္သတ္အခ်စ္ဆုိတာ သူသိသိမသိသိ ေအးခ်မ္းတယ္ဆုိေပမယ့္ ဒီအတုိင္း ထုိင္ၿပီး တိတ္တိတ္ေလးခ်စ္ေနရုံနဲ႕ေတာ့ ဘာမွထူးလာမွာမဟုတ္ပါဘူး။ ကုိယ္ခ်စ္တာထက္ ပုိမခ်စ္ႏုိင္ရင္ေတာင္မွ သူလည္း ထပ္တူထပ္မွ်ခ်စ္ႏုိင္ရင္ေတာ့ စိတ္ခ်မ္းသာစရာအေကာင္းဆုံးေပါ့။ ဒါေၾကာင့္ ကုိယ္က်ိတ္ခုိက္ေနရတဲ့ တစ္စုံတစ္ေယာက္က ကုိယ့္ကုိ တမ္းတမ္းစြဲ ျပန္ခ်စ္လာေစခ်င္ရင္ေတာ့ ဒီနည္းလမ္းေလးေတြအတုိင္း ၾကိဳးစားၾကည့္သင့္ပါတယ္ေနာ္။

(၁) ပထမဆုံးသူနဲ႕ခ်ိန္းေတြ႕တဲ့ေန႕မွာ ေရခဲမုန္႕စားမယ့္အစား ေကာ္ဖီေသာက္ပါ။
ေကာ္ဖီေသာက္တာက အခ်စ္သီခ်င္းေတြတုိင္းမွာ ေတြ႕ရမ်ားတဲ့အတြက္ သင္တုိ႕ႏွစ္ေယာက္စေတြ႕တဲ့ေန႕မွာ ရုိမက္တစ္ပုိျဖစ္ေအာင္ ေကာ္ဖီမွာေသာက္ပါ။လူမႈေရးဆုိင္ရာစိတ္ပညာရွင္ေတြရဲ႕ ေလ့လာမႈတစ္ခုအရ လူတစ္ေယာက္ရဲ႕ ကုိယ္အပူခ်ိန္နဲ႕ သူ႕ရဲ႕ စိတ္ပုိင္းဆိုင္ရာက ဆက္စပ္မႈရွိေနတယ္လုိ႕ ဆုိပါတယ္။ ပထမဆံုးစေတြ႕တဲ့အခ်ိန္မွာ သူ႕ရဲ႕ ယုံၾကည္မႈတစ္ခုရဖုိ႕က အေရးၾကီးတာမုိ႕ သူနဲ႕ ေတြ႕ခ်ိန္မွာ ေႏြးေႏြးေထြးေထြးနဲ႕ အမွတ္တရျဖစ္က်န္ေအာင္ ေကာ္ဖီပူပူေလးေသာက္ရင္း စကားစျမည္ေျပာပါေလ။

(၂) မ်က္လုံးခ်င္းဆုံမိပါေစ။

ဟားဗက္တကၠသုိလ္က စိတ္ပညာရွင္တစ္ဦးရဲ႕ ေလ့လာမႈတစ္ခုမွာလည္း ခ်စ္ျခင္းအစ မ်က္၀န္းက လုိ႕ အခ်စ္နဲ႕ပတ္သက္ျပီး ဆုိစမွတ္ျပဳထားပါတယ္။ ျမန္မာျပည္က အဆုိေတာ္အယ္လြန္း၀ါ သီဆုိထားတဲ့ “အၾကိမ္ၾကိမ္ရင္ခုန္မိေသာ မင္းမ်က္၀န္း အာရုံမွာျငိတဲ့ မ်က္၀န္း” ဆုိတဲ့ သီခ်င္းေလးအတုိင္း တစ္ဦးနဲ႕ တစ္ဦး မ်က္လုံးခ်င္းဆုံမိရာကေန ခ်စ္မိသြားၾကသူေတြရွိပါတယ္။ ဒါေၾကာင့္မုိ႕ျမင္ျမင္ခ်င္းခ်စ္မိသြားရာကေန တစ္ဘ၀လုံးစာလက္တြဲသြားၾကတဲ့ ခ်စ္သူစုံတြဲေတြလည္း ကမာၻေပၚမွာ အမ်ားၾကီးေတြ႕ရပါတယ္။

(၃) ကုိယ္ေပါက္ကရလုပ္မိတတ္တဲ့ အရာတစ္ခုကုိ ပြင့္ပြင့္လင္းလင္းေျပာျပပါ။
သူနဲ႕ဖုန္းေျပာတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ ႏွစ္္ေယာက္ထဲ ဒိတ္လုပ္ခ်ိန္မွာပဲျဖစ္ျဖစ္ ကုိယ့္အေၾကာင္းကုိ ရယ္စရာေလးနဲ႕ေရာျပီး ေျပာျပပါ။ဒါဟာ သူနဲ႕ ကိုယ္ၾကားမွာ ရင္းႏွီးမႈပုိရေစမွာျဖစ္ျပီး ကုိယ့္အေပၚကုိလည္း သူပိုျပီး တြယ္တာလာမိမွာေသခ်ာပါတယ္။

(၄) လက္ေဆာင္ပစၥည္းေလးေတြ အျမဲတမ္းမဟုတ္ေတာင္ မၾကာခဏ ေပးပါ။
ေမြးေန႕မဟုတ္ရင္ေတာင္မွ ၾကံဳရင္ၾကံဳသလုိ သူၾကဳိက္မယ္ထင္တဲ့ အသုံးအေဆာင္ပစၥည္းေလးေတြကို မွတ္ထားျပီး ပါကင္လွလွေလးနဲ႕ ထုပ္ပုိးျပီးေပးပါ။ ဒါဆုိရင္ေတာ့ သူနဲ႕ ကိုယ္ၾကားက ဆက္ဆံေရးပုိျပီး ရင္းႏွီးလာမွာပါ ။

(၅) သူနဲ႕ ကုိယ္ပဲ သိတဲ့ လ်ိဳ႕၀ွက္ခ်က္ ေလးေတြထားပါ။
ခ်စ္သူစုံတြဲတုိင္းလုိလုိမွာ အျပန္အလွန္ေပးထားၾကတဲ့ နာမည္ေျပာင္ေလးေတြရွိၾကသလုိ ကုိယ္နဲ႕ သူ႕ၾကားမွာလည္း ပုိျပီးရင္းႏွီးမႈရလာေအာင္ ႏွစ္ေယာက္ထဲ သိတဲ့ လ်ဳိ႕၀ွက္ခ်က္ေလးေတြထားၾကည့္ပါ။ Facebook မွာ ရယ္စရာဟာသေလးေတြ၊ သီခ်င္းေကာင္းေလးေတြ၊ ကဗ်ာတုိစာတုိေလးေတြကုိ သူပါၾကည့္လုိ႕ရေအာင္ မွ်ေ၀ေပးပါ။ ဒါမွမဟုတ္ ႏွစ္ေယာက္ထဲအတူတူလမ္းေတြေလွ်ာက္ရင္း ရယ္စရာေလးေတြေျပာလုိ႕ရသလုိ သူ႕ကုိ မနက္တုိင္း Good Mornig၊ Good Night စတဲ့ စာေလးေတြပုိ႕တာကလည္း သူ႕စိတ္ထဲမွာ သင့္ကုိအမွတ္ရေစမွာပါ။

(၆) Missed -Calls ေတြအမ်ားၾကီးနဲ႕ ခပ္ေခ်ေခ်ေနလုိက္ပါ။
“နီးတက်က္က်က္ ေ၀းတစ္သက္သက္” ဆုိတဲ့အတုိင္း အနီးနားမွာရွိေနတာထက္ ေ၀းေနရတဲ့အခ်ိန္မွာ ကုိယ့္တန္ဖုိးကုိ ပုိနားလည္မွာျဖစ္သလုိ သံေယာဇဥ္ပုိတြယ္တာတတ္ပါတယ္။ ဒါေၾကာင့္မုိ႕ သူဖုန္းဆက္တဲ့အခါမွာ အားတက္သေရာ ေကာက္ကုိင္လုိက္တာထက္ Missed-Calls (၁၀)ခုေလာက္ေတာ့ မကုိင္ပဲ ေနလုိက္တာက ပုိေကာင္းပါတယ္။ ဒါဟာ ခပ္ေခ်ေခ်ေနရာက်ေပမယ့္လည္း သူ႕စိတ္ထဲမွာ ကုိယ့္ကုိပုိျပီးေတြ႕ခ်င္ျမင္ခ်င္လာမွာေသခ်ာပါတယ္။

(၇) သူလုပ္သမွ်ကုိ အေကာင္းျမင္ေပးပါ။
ကုိယ္လုပ္တတ္ေပမယ့္ သူမလုပ္တတ္တဲ့အရာတစ္ခုဆုိရင္ ဆရာၾကီးေလသံနဲ႕ မေျပာဘဲ ေတာ္လိုက္တာ အတတ္ျမန္လုိက္တာ ဆုိျပီး ခ်ီးက်ဳးစကားေျပာေပးသင့္ပါတယ္။ သူ႕ရဲ႕ ေအာင္ျမင္မႈကုိ အသိအမွတ္ျပဳခ်င္တဲ့အခါျဖစ္ျဖစ္ သူအခက္အခဲျဖစ္ျပီး က်ရႈံးတဲ့အခါျဖစ္ျဖစ္ အေကာင္ျမင္စိတ္ေလးနဲ႕ ေျပာေပးပါ။ ဒါဆုိရင္ေတာ့ ကုိယ္က သူ႕အတြက္စိတ္ခ်ယုံၾကည္ရတဲ့ လူတစ္ေယာက္အျဖစ္ ေၾကြဆင္းသြားပါလိမ့္မယ္။

ဒီနည္းလမ္းေလးေတြအတုိင္း ၾကဳိးစားၾကည့္မယ္ဆုိရင္ေတာ့ Crush က ကုိယ့္ကုိ သဲသဲလႈပ္ၿပန္ခ်စ္လာမွာ ျမင္ေယာင္ပါတယ္။

Stella (Akhayar)

www.Akhyar.com

[Unicode]

Crush က သဲသဲလှုပ်ပြန်ချစ်လာစေဖို့ ဒီနည်းလမ်းတွေအတိုင်း လုပ်ကြည့်ရအောင်

တဖတ်သတ်အချစ်ဆိုတာ သူသိသိမသိသိ အေးချမ်းတယ်ဆိုပေမယ့် ဒီအတိုင်း ထိုင်ပြီး တိတ်တိတ်လေးချစ်နေရုံနဲ့တော့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ ကိုယ်ချစ်တာထက် ပိုမချစ်နိုင်ရင်တောင်မှ သူလည်း ထပ်တူထပ်မျှချစ်နိုင်ရင်တော့ စိတ်ချမ်းသာစရာအကောင်းဆုံးပေါ့။ ဒါကြောင့် ကိုယ်ကျိတ်ခိုက်နေရတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို တမ်းတမ်းစွဲ ပြန်ချစ်လာစေချင်ရင်တော့ ဒီနည်းလမ်းလေးတွေအတိုင်း ကြိုးစားကြည့်သင့်ပါတယ်နော်။

(၁) ပထမဆုံးသူနဲ့ချိန်းတွေ့တဲ့နေ့မှာ ရေခဲမုန့်စားမယ့်အစား ကော်ဖီသောက်ပါ။
ကော်ဖီသောက်တာက အချစ်သီချင်းတွေတိုင်းမှာ တွေ့ရများတဲ့အတွက် သင်တို့နှစ်ယောက်စတွေ့တဲ့နေ့မှာ ရိုမက်တစ်ပိုဖြစ်အောင် ကော်ဖီမှာသောက်ပါ။လူမှုရေးဆိုင်ရာစိတ်ပညာရှင်တွေရဲ့ လေ့လာမှုတစ်ခုအရ လူတစ်ယောက်ရဲ့ ကိုယ်အပူချိန်နဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။ ပထမဆုံးစတွေ့တဲ့အချိန်မှာ သူ့ရဲ့ ယုံကြည်မှုတစ်ခုရဖို့က အရေးကြီးတာမို့ သူနဲ့ တွေ့ချိန်မှာ နွေးနွေးထွေးထွေးနဲ့ အမှတ်တရဖြစ်ကျန်အောင် ကော်ဖီပူပူလေးသောက်ရင်း စကားစမြည်ပြောပါလေ။

(၂) မျက်လုံးချင်းဆုံမိပါစေ။

ဟားဗက်တက္ကသိုလ်က စိတ်ပညာရှင်တစ်ဦးရဲ့ လေ့လာမှုတစ်ခုမှာလည်း ချစ်ခြင်းအစ မျက်ဝန်းက လို့ အချစ်နဲ့ပတ်သက်ပြီး ဆိုစမှတ်ပြုထားပါတယ်။ မြန်မာပြည်က အဆိုတော်အယ်လွန်းဝါ သီဆိုထားတဲ့ “အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း အာရုံမှာငြိတဲ့ မျက်ဝန်း” ဆိုတဲ့ သီချင်းလေးအတိုင်း တစ်ဦးနဲ့ တစ်ဦး မျက်လုံးချင်းဆုံမိရာကနေ ချစ်မိသွားကြသူတွေရှိပါတယ်။ ဒါကြောင့်မို့ မြင်မြင်ချင်းချစ်မိသွားရာကနေ တစ်ဘဝလုံးစာလက်တွဲသွားကြတဲ့ ချစ်သူစုံတွဲတွေလည်း ကမ္ဘာပေါ်မှာ အများကြီးတွေ့ရပါတယ်။

(၃) ကိုယ်ပေါက်ကရလုပ်မိတတ်တဲ့ အရာတစ်ခုကို ပွင့်ပွင့်လင်းလင်းပြောပြပါ။
သူနဲ့ဖုန်းပြောတဲ့အချိန်မှာပဲဖြစ်ဖြစ် နှစ်ယောက်ထဲ ဒိတ်လုပ်ချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အကြောင်းကို ရယ်စရာလေးနဲ့ရောပြီး ပြောပြပါ။ဒါဟာ သူနဲ့ ကိုယ်ကြားမှာ ရင်းနှီးမှုပိုရစေမှာဖြစ်ပြီး ကိုယ့်အပေါ်ကိုလည်း သူပိုပြီး တွယ်တာလာမိမှာသေချာပါတယ်။

(၄) လက်ဆောင်ပစ္စည်းလေးတွေ မကြာခဏ ပေးပါ။
မွေးနေ့မဟုတ်ရင်တောင်မှ ကြုံရင်ကြုံသလို သူကြိုက်မယ်ထင်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို မှတ်ထားပြီး ပါကင်လှလှလေးနဲ့ ထုပ်ပိုးပြီးပေးပါ။ ဒါဆိုရင်တော့ သူနဲ့ ကိုယ်ကြားက ဆက်ဆံရေးပိုပြီး ရင်းနှီးလာမှာပါ ။

(၅) သူနဲ့ ကိုယ်ပဲ သိတဲ့ လျို့ဝှက်ချက် လေးတွေထားပါ။
ချစ်သူစုံတွဲတိုင်းလိုလိုမှာ အပြန်အလှန်ပေးထားကြတဲ့ နာမည်ပြောင်လေးတွေရှိကြသလို ကိုယ်နဲ့ သူ့ကြားမှာလည်း ပိုပြီးရင်းနှီးမှုရလာအောင် နှစ်ယောက်ထဲ သိတဲ့ လျို့ဝှက်ချက်လေးတွေထားကြည့်ပါ။ Facebook မှာ ရယ်စရာဟာသလေးတွေ၊ သီချင်းကောင်းလေးတွေ၊ ကဗျာတိုစာတိုလေးတွေကို သူပါကြည့်လို့ရအောင် မျှဝေပေးပါ။ ဒါမှမဟုတ် နှစ်ယောက်ထဲအတူတူလမ်းတွေလျှောက်ရင်း ရယ်စရာလေးတွေပြောလို့ရသလို သူ့ကို မနက်တိုင်း Good Mornig၊ Good Night စတဲ့ စာလေးတွေပို့တာကလည်း သူ့စိတ်ထဲမှာ သင့်ကိုအမှတ်ရစေမှာပါ။

(၆) Missed -Calls တွေအများကြီးနဲ့ ခပ်ချေချေနေလိုက်ပါ။
“နီးတကျက်ကျက် ဝေးတစ်သက်သက်” ဆိုတဲ့အတိုင်း အနီးနားမှာရှိနေတာထက် ဝေးနေရတဲ့အချိန်မှာ ကိုယ့်တန်ဖိုးကို ပိုနားလည်မှာဖြစ်သလို သံယောဇဉ်ပိုတွယ်တာတတ်ပါတယ်။ ဒါကြောင့်မို့ သူဖုန်းဆက်တဲ့အခါမှာ အားတက်သရော ကောက်ကိုင်လိုက်တာထက် Missed-Calls (၁၀)ခုလောက်တော့ မကိုင်ပဲ နေလိုက်တာက ပိုကောင်းပါတယ်။ ဒါဟာ ခပ်ချေချေနေရာကျပေမယ့်လည်း သူ့စိတ်ထဲမှာ ကိုယ့်ကိုပိုပြီးတွေ့ချင်မြင်ချင်လာမှာသေချာပါတယ်။

(၇) သူလုပ်သမျှကို အကောင်းမြင်ပေးပါ။
ကိုယ်လုပ်တတ်ပေမယ့် သူမလုပ်တတ်တဲ့အရာတစ်ခုဆိုရင် ဆရာကြီးလေသံနဲ့ မပြောဘဲ တော်လိုက်တာ အတတ်မြန်လိုက်တာ ဆိုပြီး ချီးကျုးစကားပြောပေးသင့်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုချင်တဲ့အခါဖြစ်ဖြစ် သူအခက်အခဲဖြစ်ပြီး ကျရှုံးတဲ့အခါဖြစ်ဖြစ် အကောင်မြင်စိတ်လေးနဲ့ ပြောပေးပါ။ ဒါဆိုရင်တော့ ကိုယ်က သူ့အတွက်စိတ်ချယုံကြည်ရတဲ့ လူတစ်ယောက်အဖြစ် ကြွေဆင်းသွားပါလိမ့်မယ်။ ဒီနည်းလမ်းလေးတွေအတိုင်း ကြိုးစားကြည့်မယ်ဆိုရင်တော့ Crush က ကိုယ့်ကို သဲသဲလှုပ်ပြန်ချစ်လာမှာ မြင်ယောင်ပါတယ်။

Stella (Akhayar)

www.Akhyar.com