ဆယ္လူလိုက္အိပ္မက္ဆိုးနဲ႔ အယူအဆမွားမ်ား

cellulite
cellulite

[ZawGyi]

ဆယ္လူလိုက္အိပ္မက္ဆိုးနဲ႔ အယူအဆမွားမ်ား

မိန္းကေလးေတြရဲ႕ ေျခာက္ပစ္ကင္းသဲလဲစင္အလွအပကို ေႏွာက္ယွက္ႏိုင္တဲ႔အရာေတြထဲမွာ ဆယ္လူလိုက္(Cellulite) ဆိုတဲ႔အရာကလည္းပါဝင္ေနပါတယ္။

ဝင္းမြတ္တဲ႔အသားအေရရွိေပမယ္႔ အထစ္ထစ္ေလးေတြလိုရွိေနတတ္တဲ႔ ဆယ္လူလိုက္ေတြက ျပီးျပည္႔စံုေတာ႔မယ္႔အလွကိုဝင္ဖ်က္လိုက္သလုိပါပဲ။ ဒါေၾကာင္႔ ဆယ္လူလိုက္နဲ႔ပတ္သက္ျပီးသိထားၾကတဲ႔ အယူအဆမွားေတြနဲ႔ ဘယ္အရာက ဆယ္လူလိုက္ကိုတိုက္ဖ်က္ႏိုင္မလဲဆုိတာေဖြရွာၾကည္႔ရေအာင္ပါ။

Cellulite
Cellulite

အယူအဆမွား – ဝေနလို႔ဆယ္လူလိုက္ရွိေနတာ

ဆယ္လူလိုက္ျဖစ္ေပၚလာျခင္းဟာ လူ႔အေရျပားနဲ႔ၾကြက္သားေတြၾကားခ်ိတ္ဆက္ေပးတဲ႔ ဖိုက္ဘာေတြေၾကာင္႔ထြက္ေပၚလာရတာျဖစ္ပါတယ္။ ဖို္က္ဘာေတြက အေရျပားနဲ႔ၾကြက္သားကိုခ်ိတ္ဆက္ခ်ိန္မွာ အဆီကိုသိုေလွာင္ထားလိုက္ျခင္းအားျဖင္႔ ဆယ္လူလိုက္ေတြျဖစ္ေပၚလာရတာျဖစ္ပါတယ္။

အယူအဆမွား – ဆယ္လူလိုက္ဆုိတာျပႆနာၾကီးတစ္ခုပဲ

တကယ္ေတာ႔ဆယ္လူလိုက္ဟာ လူေတာ္ေတာ္မ်ားမ်ားမွာျဖစ္ႏိုင္ပါတယ္။ လူေတြရဲ႕ တင္ပါး၊ ေပါင္တံ၊ ဗိုက္နဲ႔လက္ေမာင္းေတြမွာပါ ျဖစ္ေပၚႏိုင္ပါတယ္။ အေမရိကန္ႏိုင္ငံမွာဆိုရင္ အမ်ိဳးသမီး ၈၀ ရာခိုင္ႏႈန္းမွ ၉၈ ရာခိုင္ႏႈန္းေလာက္က ဆယ္လူလိုက္ေတြရွိေနတယ္လို႔စစ္တမ္းေတြအရသိရပါတယ္။

အယူအဆမွား  – ဝိတ္က်သြားရင္ ဆယ္လူလိုက္ေတြေပ်ာက္သြားမယ္

ပထမေျပာခဲ႔သလိုပါပဲ။ ဆယ္လူလိုက္ေတြမွာ အဆီပါဝင္မႈရွိတယ္ဆိုေပမယ္႔ ပိန္ျခင္း ဝျခင္းနဲ႔မသက္ဆိုင္လွပါဘူး။ ဝိတ္က်သြားျခင္းက ဆယ္လူလိုက္ေတြေပ်ာက္မေပ်ာက္မေသခ်ာေပမယ္႔ အားကစားလုပ္ျခင္း ဝိတ္မျခင္းကေတာ႔တြယ္ဆက္တစ္ရွဴးေတြကဆန္႔ထုတ္ေပးတဲ႔အတြက္ ဆယ္လူလိုက္ေတြေပ်ာက္ေစဖို႔ ကူညီႏိုင္ပါတယ္။

အယူအဆမွား – အသားအေရတင္းရင္းက်စ္လ်စ္ေစတဲ႔ Cream ေတြက ဆယ္လူလိုက္ကိုေပ်ာက္ေစတယ္

တကယ္တမ္းမွာေတာ႔ Firming Cream ေတြက ဆယ္လူလိုက္ေတြကို ေလ်ာ႔ပါးသက္သာေစႏိုင္ျခင္းမရွိပါဘူး။ Retinol ပါဝင္တဲ႔ Cream ေတြကေတာ႔ ဆယ္လူလိုက္ေတြကို ေလ်ာ႔ပါးေစႏိုင္စြမ္းရွိတယ္လုိ႔ဆိုပါတယ္။

အယူအဆမွား – ေနေရာင္ဒဏ္ခံျခင္းက ဆယ္လူလိုက္ေတြကိုေလ်ာ႔ပါးေစတယ္

အသားအေရေလးညိဳတုိတိုျဖစ္လာတာနဲ႔အမွ် ဆယ္လူလိုက္ေတြလည္းေပ်ာက္သြားမယ္လုိ႔ ထင္ျမင္ၾကပါတယ္။ တကယ္တမ္းမွာ ေနေရာင္ေၾကာင္႔ အသားအေရအေရာင္နည္းနည္းေလးေျပာင္းသြားျပီး ဆယ္လူလိုက္ရွိတာကို မသိမသာျဖစ္သြားေစရံုေလာက္ပဲရွိတာျဖစ္ပါတယ္။

ဘယ္လိုေပ်ာက္ကင္းေစမလဲ

ဆယ္လူလိုက္ေတြေပ်ာက္ကင္းဖို႔အတြက္ ႏို႔ထြက္ပစၥည္းေတြေရွာင္ပါ၊ ေရမ်ားမ်ားေသာက္ပါ၊ သစ္သီးဝလံ အသီးအႏွံမ်ားမ်ားစားေပးပါ၊ ထိုင္ထေလ႔က်င္႔ခန္းလုပ္ပါ။ အဆီတစ္မ်ိဳးမ်ိဳးသံုးျပီး ႏွိပ္နယ္ပါ။ Body Beauty Clinic ေတြမွာ စက္ေတြသံုးျပီးေခ်ဖ်က္ေပးတာမ်ိဳးလည္းျပဳလုပ္ႏိုင္ပါတယ္။

ဆယ္လူလိုက္ရွိတဲ႔သူေတြအေနနဲ႔ေရာ သက္သာေပ်ာက္ကင္းေစတဲ႔နည္းလမ္းေကာင္းေလးေတြရွိရင္ မွ်ေဝခဲ႔ေပးပါဦးေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

ဆယ်လူလိုက်အိပ်မက်ဆိုးနဲ့ အယူအဆမှားများ

မိန်းကလေးတွေရဲ့ ခြောက်ပစ်ကင်းသဲလဲစင်အလှအပကို နှောက်ယှက်နိုင်တဲ့အရာတွေထဲမှာ ဆယ်လူလိုက်(Cellulite) ဆိုတဲ့အရာကလည်းပါဝင်နေပါတယ်။ ဝင်းမွတ်တဲ့အသားအရေရှိပေမယ့် အစင်းရာတွေလိုရှိနေတတ်တဲ့ ဆယ်လူလိုက်တွေက ပြီးပြည့်စုံတော့မယ့်အလှကိုဝင်ဖျက်လိုက်သလိုပါပဲ။ ဒါကြောင့် ဆယ်လူလိုက်နဲ့ပတ်သက်ပြီးသိထားကြတဲ့ အယူအဆမှားတွေနဲ့ ဘယ်အရာက ဆယ်လူလိုက်ကိုတိုက်ဖျက်နိုင်မလဲဆိုတာဖွေရှာကြည့်ရအောင်ပါ။

အယူအဆမှား – ဝနေလို့ဆယ်လူလိုက်ရှိနေတာ

ဆယ်လူလိုက်ဖြစ်ပေါ်လာခြင်းဟာ လူ့အရေပြားနဲ့ကြွက်သားတွေကြားချိတ်ဆက်ပေးတဲ့ ဖိုက်ဘာတွေကြောင့်ထွက်ပေါ်လာရတာဖြစ်ပါတယ်။ ဖိုက်ဘာတွေက အရေပြားနဲ့ကြွက်သားကိုချိတ်ဆက်ချိန်မှာ အဆီကိုသိုလှောင်ထားလိုက်ခြင်းအားဖြင့် ဆယ်လူလိုက်တွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

အယူအဆမှား – ဆယ်လူလိုက်ဆိုတာပြဿနာကြီးတစ်ခုပဲ

တကယ်တော့ဆယ်လူလိုက်ဟာ လူတော်တော်များများမှာဖြစ်နိုင်ပါတယ်။ လူတွေရဲ့ တင်ပါး၊ ပေါင်တံ၊ ဗိုက်နဲ့လက်မောင်းတွေမှာပါ ဖြစ်ပေါ်နိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းလောက်က ဆယ်လူလိုက်တွေရှိနေတယ်လို့စစ်တမ်းတွေအရသိရပါတယ်။

အယူအဆမှား – ဝိတ်ကျသွားရင် ဆယ်လူလိုက်တွေပျောက်သွားမယ်

ပထမပြောခဲ့သလိုပါပဲ။ ဆယ်လူလိုက်တွေမှာ အဆီပါဝင်မှုရှိတယ်ဆိုပေမယ့် ပိန်ခြင်း ဝခြင်းနဲ့မသက်ဆိုင်လှပါဘူး။ ဝိတ်ကျသွားခြင်းက ဆယ်လူလိုက်တွေပျောက်မပျောက်မသေချာပေမယ့် အားကစားလုပ်ခြင်း ဝိတ်မခြင်းကတော့တွယ်ဆက်တစ်ရှူးတွေကဆန့်ထုတ်ပေးတဲ့အတွက် ဆယ်လူလိုက်တွေပျောက်စေဖို့ ကူညီနိုင်ပါတယ်။

အယူအဆမှား – အသားအရေတင်းရင်းကျစ်လျစ်စေတဲ့ Cream တွေက ဆယ်လူလိုက်ကိုပျောက်စေတယ်

တကယ်တမ်းမှာတော့ Firming Cream တွေက ဆယ်လူလိုက်တွေကို လျော့ပါးသက်သာစေနိုင်ခြင်းမရှိပါဘူး။ Retinol ပါဝင်တဲ့ Cream တွေကတော့ ဆယ်လူလိုက်တွေကို လျော့ပါးစေနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

အယူအဆမှား – နေရောင်ဒဏ်ခံခြင်းက ဆယ်လူလိုက်တွေကိုလျော့ပါးစေတယ်

အသားအရေလေးညိုတိုတိုဖြစ်လာတာနဲ့အမျှ ဆယ်လူလိုက်တွေလည်းပျောက်သွားမယ်လို့ ထင်မြင်ကြပါတယ်။ တကယ်တမ်းမှာ နေရောင်ကြောင့် အသားအရေအရောင်နည်းနည်းလေးပြောင်းသွားပြီး ဆယ်လူလိုက်ရှိတာကို မသိမသာဖြစ်သွားစေရုံလောက်ပဲရှိတာဖြစ်ပါတယ်။

ဘယ်လိုပျောက်ကင်းစေမလဲ

ဆယ်လူလိုက်တွေပျောက်ကင်းဖို့အတွက် နို့ထွက်ပစ္စည်းတွေရှောင်ပါ၊ ရေများများသောက်ပါ၊ သစ်သီးဝလံ အသီးအနှံများများစားပေးပါ၊ ထိုင်ထလေ့ကျင့်ခန်းလုပ်ပါ။ အဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပါ။ Body Beauty Clinic တွေမှာ စက်တွေသုံးပြီးချေဖျက်ပေးတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။

ဆယ်လူလိုက်ရှိတဲ့သူတွေအနေနဲ့ရော သက်သာပျောက်ကင်းစေတဲ့နည်းလမ်းကောင်းလေးတွေရှိရင် မျှဝေခဲ့ပေးပါဦးနော်။

ဂျူဂျူး(အခရာ)

www.akhayar.com