This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အမွားအယြင္းမရွိဘဲ ႏုိင္ပဲြရယူသြားမယ့္ ေပၚတူဂီနဲ႔ စပိန္

၂၀၁၈ ကမၻာ႔ဖလား အုပ္စု(A)နဲ႔ (B) ေနာက္ဆုံးပဲြစဥ္ (၄)ပဲြစလုံးကုိ ဒီေန႔(တနလၤာ)မွာ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။ ေနာက္တစ္ဆင့္ တက္သြားၿပီျဖစ္တဲ့ ႐ုရွားနဲ႔ ဥ႐ုေဂြးပဲြက အုပ္စုပထမေနရာအတြက္ပဲ အဓိက ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဆြီဒင္နဲ႔အီဂ်စ္အသင္းကေတာ့ ဂုဏ္သိကၡာအတြက္ ရင္ဆုိင္ၾကမွာျဖစ္ပါတယ္။ အုပ္စု(B)ပဲြစဥ္ေတြအျဖစ္ ေပၚတူဂီ-အီရန္၊ စပိန္-ေမာ္႐ုိကုိအသင္းတို႔ တစ္ခ်ိန္တည္းကစားၾကမွာျဖစ္ၿပီး ဘယ္လုိရလဒ္ေတြထြက္ေပၚမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။

ဥ႐ုေဂြး ႏွင့္ ႐ုရွား (၂၅-၆-၂၀၁၈ ည ၈း၃၀)
ႏွစ္သင္းစလုံး ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္သြားၿပီျဖစ္ေပမယ့္ အုပ္စုပထမေနရာအတြက္ ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဒီႏွစ္သင္း ၂၀၁၂ ခုႏွစ္က ေျခစမ္းပဲြအျဖစ္ ပထမဆုံးနဲ႔ ေနာက္ဆုံးအႀကိမ္ဆုံေတြ႕ခဲ့ၿပီး တစ္ဂုိးစီသေရက်ခဲ့တယ္။ ဂုိးကြာျခားခ်က္ကုိၾကည့္ရင္ ႐ုရွားက (+၇)ဂုိးရွိေနၿပီး ဥ႐ုေဂြးအသငး္က (+၂)သာရွိပါတယ္။ ဒီအုပ္စုကအသင္းဟာ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ အုပ္စု(B)က ေပၚတူဂီ၊ စပိန္ တစ္သင္းသင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္လုိ႔ အုပ္စုပထမပဲျဖစ္ျဖစ္၊ ဒုတိယေနရာပဲျဖစ္ျဖစ္ သိပ္ေတာ့ အေရးမႀကီးပါဘူး။ ဒါေပမဲ့ အိမ္ရွင္႐ုရွားအသင္းပဲ ဥ႐ုေဂြးကုိေက်ာ္ျဖတ္ၿပီး အုပ္စုပထမေနရာကုိ ရသြားမယ္လုိ႔ထင္ပါတယ္။

ေဆာ္ဒီအာေရဗ် ႏွင့္ အီဂ်စ္ (၂၅-၆-၂၀၁၈ ည ၈း၃၀)
အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာေၾကာင့္ ေဆာ္ဒီအာေရဗ်နဲ႔ အီဂ်စ္အသင္းတို႔ ဂုဏ္သိကၡာအတြက္ပဲ ယွဥ္ၿပိဳင္ရေတာ့မွာပါ။ ထင္သေလာက္ ေျခစြမ္းမျပႏုိင္တဲ့ ဆာလာ Salah အေနနဲ႔လည္း ေနာက္ဆုံးပိတ္ပဲြမွာ သူ႔ရဲ႕အသင္းအတြက္ ရလဒ္ေကာင္းတစ္ခုရယူေပးဖုိ႔ ဆႏၵရွိေနႏုိင္တယ္။ အီဂ်စ္အသင္း ႏုိင္ပဲြနဲ႔ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ ႏႈတ္ဆက္သြားမွာပါ။

ေပၚတူဂီ ႏွင့္ အီရန္ (၂၆-၆-၂၀၁၈ နံနက္ ၁၂း၃၀)
ေမာ္ရုိကုိကုိ အႏုိင္ရခဲ့ၿပီး (၃)မွတ္ရယူထားတဲ့ အီရန္ ေမွ်ာ္လင့္ခ်က္ေငြ႕ေငြက်န္ပါေသးတယ္။ ဒါေပမဲ့ အဲဒီေမွ်ာ္လင့္ခ်က္က ေပၚတူဂီကုိ အႏုိင္ကစားရမွာျဖစ္လုိ႔ အီရန္အသင္းအတြက္ တကယ့္ကုိ စိန္ေခၚမႈတစ္ခုပါပဲ။ စပိန္ကုိ (၁)ဂုိးသာေပးခဲ့ရတဲ့ အီရန္ကုိ ေပၚတူဂီ ေလွ်ာ႔တြက္လုိ႔မရပါဘူး။ ေပၚတူဂီ အာ႐ုံစူးစုိက္မႈ ေလ်ာ႔က်လုိ႔ မရဘဲ ဖိဖိစီးစီးကစားရမယ့္အေနအထားျဖစ္ပါတယ္။ ေပၚတူဂီ ႏုိင္ပဲြရဖုိ႔မ်ားေပမယ့္ ဂုိးေတာ့မျပတ္ႏုိင္ပါဘူး။

စပိန္ ႏွင့္ ေမာ္႐ုိကုိ (၂၆-၆-၂၀၁၈ နံနက္ ၁၂း၃၀)
အုပ္စုက ထြက္ခဲ့ရၿပီျဖစ္တဲ့ ေမာ္႐ုိကုိဟာ ေနာက္ဆုံးပဲြမွာ စပိန္အသင္းကုိ အတတ္ႏုိင္ဆုံးဒုကၡေပးႏုိင္ဖုိ႔ ႀကိဳးစားသြားႏုိင္တယ္။ စပိန္အသင္းကေတာ့ ေပၚတူဂီ-အီရန္ပဲြမွာ ဘယ္လုိရလဒ္ထြက္သည္ျဖစ္ေစ ကုိယ့္အလုပ္ကုိ ကုိယ္အေကာင္းဆုံးျဖစ္ေအာင္ လုပ္သြားမွာပါ။ ေမာ္႐ုိကုိရဲ႕ ႐ုန္းကန္အားေၾကာင့္ စပိန္ ခက္ခဲႏုိင္ေပမယ့္ လုိအပ္တဲ့အႏုိင္ရလဒ္ကုိေတာ့ ရယူသြားမွာျဖစ္ပါတယ္။

Photo:
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အမှားအယွင်းမရှိဘဲ နိုင်ပွဲရယူသွားမယ့် ပေါ်တူဂီနဲ့ စပိန်

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု(A)နဲ့ (B) နောက်ဆုံးပွဲစဉ် (၄)ပွဲစလုံးကို ဒီနေ့(တနင်္လာ)မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ နောက်တစ်ဆင့် တက်သွားပြီဖြစ်တဲ့ ရုရှားနဲ့ ဥရုဂွေးပွဲက အုပ်စုပထမနေရာအတွက်ပဲ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆွီဒင်နဲ့အီဂျစ်အသင်းကတော့ ဂုဏ်သိက္ခာအတွက် ရင်ဆိုင်ကြမှာဖြစ်ပါတယ်။ အုပ်စု(B)ပွဲစဉ်တွေအဖြစ် ပေါ်တူဂီ-အီရန်၊ စပိန်-မော်ရိုကိုအသင်းတို့ တစ်ချိန်တည်းကစားကြမှာဖြစ်ပြီး ဘယ်လိုရလဒ်တွေထွက်ပေါ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ဥရုဂွေး နှင့် ရုရှား (၂၅-၆-၂၀၁၈ ည ၈း၃၀)
နှစ်သင်းစလုံး ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်သွားပြီဖြစ်ပေမယ့် အုပ်စုပထမနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီနှစ်သင်း ၂၀၁၂ ခုနှစ်က ခြေစမ်းပွဲအဖြစ် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့ပြီး တစ်ဂိုးစီသရေကျခဲ့တယ်။ ဂိုးကွာခြားချက်ကိုကြည့်ရင် ရုရှားက (+၇)ဂိုးရှိနေပြီး ဥရုဂွေးအသင်းက (+၂)သာရှိပါတယ်။ ဒီအုပ်စုကအသင်းဟာ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အုပ်စု(B)က ပေါ်တူဂီ၊ စပိန် တစ်သင်းသင်းနဲ့ ဆုံတွေ့ရမှာဖြစ်လို့ အုပ်စုပထမပဲဖြစ်ဖြစ်၊ ဒုတိယနေရာပဲဖြစ်ဖြစ် သိပ်တော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ အိမ်ရှင်ရုရှားအသင်းပဲ ဥရုဂွေးကိုကျော်ဖြတ်ပြီး အုပ်စုပထမနေရာကို ရသွားမယ်လို့ထင်ပါတယ်။

ဆော်ဒီအာရေဗျ နှင့် အီဂျစ် (၂၅-၆-၂၀၁၈ ည ၈း၃၀)
အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် ဆော်ဒီအာရေဗျနဲ့ အီဂျစ်အသင်းတို့ ဂုဏ်သိက္ခာအတွက်ပဲ ယှဉ်ပြိုင်ရတော့မှာပါ။ ထင်သလောက် ခြေစွမ်းမပြနိုင်တဲ့ ဆာလာ Salah အနေနဲ့လည်း နောက်ဆုံးပိတ်ပွဲမှာ သူ့ရဲ့အသင်းအတွက် ရလဒ်ကောင်းတစ်ခုရယူပေးဖို့ ဆန္ဒရှိနေနိုင်တယ်။ အီဂျစ်အသင်း နိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်သွားမှာပါ။

ပေါ်တူဂီ နှင့် အီရန် (၂၆-၆-၂၀၁၈ နံနက် ၁၂း၃၀)
မော်ရိုကိုကို အနိုင်ရခဲ့ပြီး (၃)မှတ်ရယူထားတဲ့ အီရန် မျှော်လင့်ချက်ငွေ့ငွေကျန်ပါသေးတယ်။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်က ပေါ်တူဂီကို အနိုင်ကစားရမှာဖြစ်လို့ အီရန်အသင်းအတွက် တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ စပိန်ကို (၁)ဂိုးသာပေးခဲ့ရတဲ့ အီရန်ကို ပေါ်တူဂီ လျှော့တွက်လို့မရပါဘူး။ ပေါ်တူဂီ အာရုံစူးစိုက်မှု လျော့ကျလို့ မရဘဲ ဖိဖိစီးစီးကစားရမယ့်အနေအထားဖြစ်ပါတယ်။ ပေါ်တူဂီ နိုင်ပွဲရဖို့များပေမယ့် ဂိုးတော့မပြတ်နိုင်ပါဘူး။

စပိန် နှင့် မော်ရိုကို (၂၆-၆-၂၀၁၈ နံနက် ၁၂း၃၀)
အုပ်စုက ထွက်ခဲ့ရပြီဖြစ်တဲ့ မော်ရိုကိုဟာ နောက်ဆုံးပွဲမှာ စပိန်အသင်းကို အတတ်နိုင်ဆုံးဒုက္ခပေးနိုင်ဖို့ ကြိုးစားသွားနိုင်တယ်။ စပိန်အသင်းကတော့ ပေါ်တူဂီ-အီရန်ပွဲမှာ ဘယ်လိုရလဒ်ထွက်သည်ဖြစ်စေ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ မော်ရိုကိုရဲ့ ရုန်းကန်အားကြောင့် စပိန် ခက်ခဲနိုင်ပေမယ့် လိုအပ်တဲ့အနိုင်ရလဒ်ကိုတော့ ရယူသွားမှာဖြစ်ပါတယ်။

Photo:
Naing Linn(Akhayar)
www.akhayar.com