[Zawgyi]

ဆူဇူကီးဖလားၿပိဳင္ပဲြမွာ ေအာင္ျမင္မႈရဖုိ႔ ႀကိဳးပမ္းရမယ့္ ျမန္မာအသင္း

၂၀၁၈ ဆူဇူကီးဖလားၿပိဳင္ပဲြကေတာ့ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလ (၈)ရက္ကတည္းက စတင္က်င္းပေနၿပီျဖစ္ပါတယ္။ ဒီႏွစ္ၿပိဳင္ပဲြရဲ႕ ထူးျခားခ်က္ကေတာ့ အရင္လုိ အိမ္ရွင္ႏုိင္ငံတစ္ခုတည္းက လက္ခံက်င္းပတာ မဟုတ္ဘဲ အာဆီယံေဒသတြင္း (၉)ႏုိင္ငံက ကြင္း(၁၃)ကြင္းမွာ က်င္းပေနတာျဖစ္ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ အရင္ၿပိဳင္ပဲြေတြတုန္းက အိမ္ရွင္အသင္းပဲြစဥ္ မဟုတ္ရင္ ပရိသတ္ၾကည့္႐ႈမႈ နည္းပါးတာေတြ မျဖစ္ေစခ်င္တဲ့အတြက္ အာဆီယံေဘာလုံးအဖဲြ႕ခ်ဳပ္ (AFF)က အခုလုိ ျပင္ဆင္ခဲ့တာပါ။ ၿပိဳင္ပဲြ၀င္အသင္းေတြဟာ ကုိယ့္အိမ္ကြင္းမွာ (၂)ပဲြစီ ကစားရမွာျဖစ္ၿပီး အုပ္စုတစ္ခုကုိ (၅)သင္းစီပါ၀င္မွာျဖစ္ပါတယ္။

Thuwunna-football-Stadium

Thuwunna-football-Stadium

ၿပိဳင္ပဲြစဥ္းမ်ဥ္းကေတာ့ အာဆီယံ ေဒသတြင္း အဆင့္ရပ္တည္မႈမွာ (၁)ကေန (၉)အထိ အသင္းေတြက တိုက္႐ုိက္ေျခစစ္ပဲြ ေအာင္ျမင္မွာျဖစ္ၿပီး အဆင့္(၁၀)နဲ႔ (၁၁)အသင္းေတြက ေျခစစ္ပဲြႏွစ္ေက်ာ႔ကစားၿပီးမွ အုပ္စုအဆင့္ကုိ တက္ေရာက္မွာျဖစ္ပါတယ္။ ဆီမီးဖုိင္နယ္နဲ႔ ဗုိလ္လုပဲြေတြကုိ ထုံးစံအတိုင္း ႏွစ္ေက်ာ႔စီကစားသြားမွာပါ။

Suzuki-Cup

Suzuki-Cup

ဒီၿပိဳင္ပဲြဟာ ၁၉၉၆ ခုႏွစ္က စတင္ေပၚေပါက္ခဲ့တာျဖစ္ၿပီး (၂)ႏွစ္တစ္ႀကိမ္ က်င္းပတာလည္းျဖစ္ပါတယ္။ ၿပိဳင္ပဲြ စတင္တုန္းက Tiger ကုမၸဏီက စပြန္ဆာေပးခဲ့တဲ့အတြက္ Tiger Cup ဆုိတဲ့အမည္နဲ႔ ၂၀၀၄ ခုႏွစ္အထိ က်င္းပခဲ့ၿပီး ၂၀၀၇ ခုႏွစ္မွာ စပြန္ဆာမရွိလုိ႔ AFF Championship အမည္နဲ႔ က်င္းပခဲ့တယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ နာမည္ႀကီး ဂ်ပန္ကားကုမၸဏီျဖစ္တဲ့ ဆူဇူကီးက စပြန္ဆာေပးခဲ့တာ အခုအခ်ိန္အထိပါပဲ။ ၿပိဳင္ပဲြတစ္ေလွ်ာက္ အႀကိမ္အမ်ားဆုံး ဗုိလ္စဲြခဲ့တာက ထုိင္းအသင္းျဖစ္ၿပီး (၅)ႀကိမ္ဗုိလ္စဲြခဲ့သလုိ သူ႔ေနာက္မွာ စင္ကာပူက (၄)ႀကိမ္၊ မေလးရွား၊ ဗီယက္နမ္တို႔က (၁)ႀကိမ္စီဗုိလ္စဲြခဲ့တယ္။

Currnet-Champion-Thai-Football-Team

Currnet-Champion-Thai-Football-Team

တစ္ခ်ိန္က အေရွ႕ေတာင္အာရွမွာသာမက အာရွေဘာလုံးစင္ျမင့္ထက္မွာ ထည္ထည္၀ါ၀ါ ရပ္တည္ခဲ့ဖူးတဲ့ ျမန္မာအသင္းဟာ ဒီၿပိဳင္ပဲြမွာ ႀကီးႀကီးမားမား ေအာင္ျမင္မႈ မရခဲ့ဖူးဘဲ အျမင္ဆုံးရပ္တည္မႈက ၂၀၀၄ မွာ စတုတၳ၊ ၂၀၁၆ မွာ ဆီမီးဖုိင္နယ္အဆင့္ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ ၁၉၈၀ ေနာက္ပုိင္း ကစလုိ႔ ေျခစြမ္းေရာ၊ ေအာင္ျမင္မႈပါ က်ဆင္းလာတဲ့ ျမန္မာအသင္းဟာ လက္ရွိအခ်ိန္မွာ ဂ်ာမန္လူမ်ိဳးနည္းျပ အန္တုိနီေဟး Antoine Hey ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ေရာက္ရွိဖုိ႔ ျပင္ဆင္ေနပါၿပီ။

Myanmar-Football-Team

Myanmar-Football-Team

သက္တမ္းအလုိက္ၿပိဳင္ပဲြေတြမွာ ေအာင္ျမင္မႈ ရခဲ့ေပမယ့္ လက္ေရြးစင္အဆင့္မွာေတာ့ ႐ုန္းကန္ေနရဆဲျဖစ္တဲ့ ျမန္မာအသင္းဟာ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကုိ ျဖည့္ဆည္းေပးဖုိ႔အတြက္ အခုၿပိဳင္ပဲြမွာ ထုိက္သင့္တဲ့ ေအာင္ျမင္မႈ ရယူႏုိင္ဖုိ႔ လုိေနတယ္လုိ႔ ေျပာရမယ္။ ျမန္မာအသင္းဟာ အုပ္စု(က)မွာ ဗီယက္နမ္၊ မေလးရွား၊ ကေမၻာဒီးယား၊ လာအုိတို႔နဲ႔ ဆုံေတြ႕ေနၿပီး ကေမၻာဒီးယား၊ ဗီယက္နမ္တို႔ကုိ အိမ္ကြင္း၊ လာအုိ၊ မေလးရွားတို႔ကုိ အေ၀းကြင္း ကစားရမွာပါ။

Myanmar-Group-Stage

Myanmar-Group-Stage

အခုေလာေလာဆယ္ ဗီယက္နမ္နဲ႔ မေလးရွားတို႔က (၃)မွတ္စီ ရယူခဲ့ၿပီးျဖစ္လုိ႔ ျမန္မာအသင္းအေနနဲ႔ ဒီေန႔ကစားမယ့္ ကေမၻာဒီးယားကုိ မျဖစ္မေန အႏုိင္ကစားရေတာ့မွာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ အင္ဒုိ၊ စင္ကာပူ၊ ထုိင္း၊ ဖိလစ္ပုိင္တို႔ရဲ႕ အုပ္စု(ခ)ထက္စာရင္ အုပ္စုေခ်ာင္တယ္လုိ႔ ဆုိရမွာျဖစ္လုိ႔ အမွတ္ရႏုိင္တဲ့ပဲြေတြမွာ မျဖစ္မေန အမွတ္ျပည့္ရဖုိ႔ လုိအပ္ေနပါတယ္။ ျမန္မာအသင္းအတြက္ အုပ္စုတက္ေရးအဆုံးအျဖတ္ျဖစ္လာႏုိင္တာက ဗီယက္နမ္နဲ႔ ကစားမယ့္ အိမ္ကြင္းပဲြနဲ႔၊ မေလးရွားနဲ႔ အေ၀းကြင္းကစားရမယ့္ အုပ္စုေနာက္ဆုံးပဲြေတြျဖစ္လာႏုိင္တယ္။ ဒီႏွစ္ပဲြမွာ အေျခအေနေကာင္းခဲ့ရင္ အုပ္စုကတက္ဖုိ႔ ေမွ်ာ္လင့္ခြင့္ရွိမွာပါ။

Myanmar-football-team-Record

Myanmar-football-team-Record

လက္ရွိ ျမန္မာအသင္းရဲ႕ လူစာရင္းအေပၚ ပရိသတ္ေတြက အားမလုိအားမရ ျဖစ္ေနၾကေပမယ့္လည္း ၿပိဳင္ပဲြစရင္ေတာ့ ကုိယ့္ႏုိင္ငံအသင္းကုိ အင္တိုက္အားတိုက္ အားေပးၾကဦးမွာပါပဲ။ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကုိ ျမန္မာအသင္း ျဖည့္ဆည္းေပးႏုိင္မလား၊ အရင္ႏွစ္ေတြကလုိပဲ စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ ရင္ဆုိင္ရဦးမလားဆုိတာေတာ့ . . .

Photo:YouTube,AFF Suzuki Cup,FOX Sports Asia,Asia News Network
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆူဇူကီးဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကြိုးပမ်းရမယ့် မြန်မာအသင်း

၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၈)ရက်ကတည်းက စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ အရင်လို အိမ်ရှင်နိုင်ငံတစ်ခုတည်းက လက်ခံကျင်းပတာ မဟုတ်ဘဲ အာဆီယံဒေသတွင်း (၉)နိုင်ငံက ကွင်း(၁၃)ကွင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အရင်ပြိုင်ပွဲတွေတုန်းက အိမ်ရှင်အသင်းပွဲစဉ် မဟုတ်ရင် ပရိသတ်ကြည့်ရှုမှု နည်းပါးတာတွေ မဖြစ်စေချင်တဲ့အတွက် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)က အခုလို ပြင်ဆင်ခဲ့တာပါ။ ပြိုင်ပွဲဝင်အသင်းတွေဟာ ကိုယ့်အိမ်ကွင်းမှာ (၂)ပွဲစီ ကစားရမှာဖြစ်ပြီး အုပ်စုတစ်ခုကို (၅)သင်းစီပါဝင်မှာဖြစ်ပါတယ်။

Thuwunna-football-Stadium

Thuwunna-football-Stadium

ပြိုင်ပွဲစဉ်းမျဉ်းကတော့ အာဆီယံ ဒေသတွင်း အဆင့်ရပ်တည်မှုမှာ (၁)ကနေ (၉)အထိ အသင်းတွေက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အဆင့်(၁၀)နဲ့ (၁၁)အသင်းတွေက ခြေစစ်ပွဲနှစ်ကျော့ကစားပြီးမှ အုပ်စုအဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို ထုံးစံအတိုင်း နှစ်ကျော့စီကစားသွားမှာပါ။

Suzuki-Cup

Suzuki-Cup

ဒီပြိုင်ပွဲဟာ ၁၉၉၆ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး (၂)နှစ်တစ်ကြိမ် ကျင်းပတာလည်းဖြစ်ပါတယ်။ ပြိုင်ပွဲ စတင်တုန်းက Tiger ကုမ္ပဏီက စပွန်ဆာပေးခဲ့တဲ့အတွက် Tiger Cup ဆိုတဲ့အမည်နဲ့ ၂၀၀၄ ခုနှစ်အထိ ကျင်းပခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ စပွန်ဆာမရှိလို့ AFF Championship အမည်နဲ့ ကျင်းပခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ နာမည်ကြီး ဂျပန်ကားကုမ္ပဏီဖြစ်တဲ့ ဆူဇူကီးက စပွန်ဆာပေးခဲ့တာ အခုအချိန်အထိပါပဲ။ ပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံး ဗိုလ်စွဲခဲ့တာက ထိုင်းအသင်းဖြစ်ပြီး (၅)ကြိမ်ဗိုလ်စွဲခဲ့သလို သူ့နောက်မှာ စင်ကာပူက (၄)ကြိမ်၊ မလေးရှား၊ ဗီယက်နမ်တို့က (၁)ကြိမ်စီဗိုလ်စွဲခဲ့တယ်။

Currnet-Champion-Thai-Football-Team

Currnet-Champion-Thai-Football-Team

တစ်ချိန်က အရှေ့တောင်အာရှမှာသာမက အာရှဘောလုံးစင်မြင့်ထက်မှာ ထည်ထည်ဝါဝါ ရပ်တည်ခဲ့ဖူးတဲ့ မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ဖူးဘဲ အမြင်ဆုံးရပ်တည်မှုက ၂၀၀၄ မှာ စတုတ္ထ၊ ၂၀၁၆ မှာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ နောက်ပိုင်း ကစလို့ ခြေစွမ်းရော၊ အောင်မြင်မှုပါ ကျဆင်းလာတဲ့ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ ဂျာမန်လူမျိုးနည်းပြ အန်တိုနီဟေး Antoine Hey ရဲ့ ဦးဆောင်မှုနဲ့အတူ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ရှိဖို့ ပြင်ဆင်နေပါပြီ။

Myanmar-Football-Team

Myanmar-Football-Team

သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရခဲ့ပေမယ့် လက်ရွေးစင်အဆင့်မှာတော့ ရုန်းကန်နေရဆဲဖြစ်တဲ့ မြန်မာအသင်းဟာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် အခုပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှု ရယူနိုင်ဖို့ လိုနေတယ်လို့ ပြောရမယ်။ မြန်မာအသင်းဟာ အုပ်စု(က)မှာ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ ဆုံတွေ့နေပြီး ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို အိမ်ကွင်း၊ လာအို၊ မလေးရှားတို့ကို အဝေးကွင်း ကစားရမှာပါ။

Myanmar-Group-Stage

Myanmar-Group-Stage

အခုလောလောဆယ် ဗီယက်နမ်နဲ့ မလေးရှားတို့က (၃)မှတ်စီ ရယူခဲ့ပြီးဖြစ်လို့ မြန်မာအသင်းအနေနဲ့ ဒီနေ့ကစားမယ့် ကမ္ဘောဒီးယားကို မဖြစ်မနေ အနိုင်ကစားရတော့မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အင်ဒို၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်တို့ရဲ့ အုပ်စု(ခ)ထက်စာရင် အုပ်စုချောင်တယ်လို့ ဆိုရမှာဖြစ်လို့ အမှတ်ရနိုင်တဲ့ပွဲတွေမှာ မဖြစ်မနေ အမှတ်ပြည့်ရဖို့ လိုအပ်နေပါတယ်။ မြန်မာအသင်းအတွက် အုပ်စုတက်ရေးအဆုံးအဖြတ်ဖြစ်လာနိုင်တာက ဗီယက်နမ်နဲ့ ကစားမယ့် အိမ်ကွင်းပွဲနဲ့၊ မလေးရှားနဲ့ အဝေးကွင်းကစားရမယ့် အုပ်စုနောက်ဆုံးပွဲတွေဖြစ်လာနိုင်တယ်။ ဒီနှစ်ပွဲမှာ အခြေအနေကောင်းခဲ့ရင် အုပ်စုကတက်ဖို့ မျှော်လင့်ခွင့်ရှိမှာပါ။

Myanmar-football-team-Record

Myanmar-football-team-Record

လက်ရှိ မြန်မာအသင်းရဲ့ လူစာရင်းအပေါ် ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေကြပေမယ့်လည်း ပြိုင်ပွဲစရင်တော့ ကိုယ့်နိုင်ငံအသင်းကို အင်တိုက်အားတိုက် အားပေးကြဦးမှာပါပဲ။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို မြန်မာအသင်း ဖြည့်ဆည်းပေးနိုင်မလား၊ အရင်နှစ်တွေကလိုပဲ စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်ရဦးမလားဆိုတာတော့ . . .

Photo:YouTube,AFF Suzuki Cup,FOX Sports Asia,Asia News Network
Naing Linn(Akhayar)
www.akhayar.com