[Zawgyi]

ဂုဏ္သိကၡာအရွိဆုံးဆု (၃)ခုကုိ တစ္ၿပိဳင္နက္ ရခဲ့တဲ့ ဒုတိယေျမာက္ကစားသမားအျဖစ္ Modric မွတ္တမ္း၀င္ႏုိင္မလား

ကမၻာ႔ေဘာလုံးေလာကမွာ ဂုဏ္သိကၡာအရွိဆုံးဆု (၃)ခု ရွိပါတယ္။ အဲဒါကေတာ့ FIFA The Best ဆု ၊ UEFA က ခ်ီးျမႇင့္တဲ့ ဥေရာပအေကာင္းဆုံးေဘာလုံးသမားဆု ၊ နာမည္ႀကီး ျပင္သစ္မဂၢဇင္းက ခ်ီးျမႇင့္တဲ့ Ballon d’Or ဆုတို႔ပဲျဖစ္ပါတယ္။ ဒီဆုေတြထဲက တစ္ခုခု ရရင္ေအာင္ အဲဒီကစားသမားအတြက္ ေအာင္ျမင္မႈလုိ႔ သတ္မွတ္ရမွာျဖစ္ၿပီး (၁)ႏွစ္တည္း (၂)ခု ဒါမွမဟုတ္ အားလုံး ရခဲ့ရင္ေတာ့ အတိုင္းထက္အလြန္ တံခြန္နဲ႔ ကုကၠားပါပဲ။ ဒါေပမဲ့ ဒီဆု(၃)ခုစလုံးကုိ (၁)ႏွစ္တည္း သိမ္းက်ံဳးယူႏုိင္ခဲ့သူက ရွားရွားပါးပါး တစ္ဦးသာရွိပါေသးတယ္။ အဲဒါကေတာ့ ေပၚတူဂီစူပါစတား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ပဲျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒုိဟာ အဲဒီဆု(၃)ခုစလုံးကုိ (၂)ႏွစ္ဆက္တိုက္ တစ္ၿပိဳင္နက္ ရရွိခဲ့တာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

Ballon d’Or ဆုက ၁၉၅၆ ကေန ၂၀၀၉ ခုႏွစ္အထိ ဆုခ်ီးျမႇင့္ခဲ့ေပမယ့္ ၂၀၁၀ မွာ ျပင္သစ္မဂၢဇင္းနဲ႔ FIFA တို႔ ေပါင္းၿပီး FIFA Ballon d’Or လုိ႔ ေျပာင္းလဲ ခ်ီးျမႇင့္ခဲ့တယ္။ ၂၀၁၆ မွာေတာ့ သူတို႔ႏွစ္ဖဲြ႕ လက္တဲြျဖဳတ္ခဲ့ၿပီး FIFA က The Best ဆု၊ ျပင္သစ္ေဘာလုံးမဂၢဇင္းက အရင္အတိုင္း Ballon d’Or ဆုကုိ ျပန္လည္ ခ်ီးျမႇင့္ခဲ့ၾကတယ္။

Modric-With-FIFA-The-Best

Modric-With-FIFA-The-Best

UEFA က ေပးအပ္တဲ့ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆုက ၂၀၁၁ ခုႏွစ္ကမွ စတင္ ခ်ီးျမႇင့္ခဲ့တာျဖစ္တာေၾကာင့္ ၂၀၁၆ ခုႏွစ္မွာ FIFA The Best ဆု ၊ ဥေရာပ အေကာင္းဆုံးေဘာလုံးသမားဆု၊ Ballon d’Or ဆုိၿပီး ဆု(၃)ခုအထိ ျဖစ္လာခဲ့တာပါ။ အခုေလာေလာဆယ္ေတာ့ ခ႐ုိေအးရွား ၀ါရင့္ကြင္းလယ္လူ မုိဒရစ္ Modric ဟာ အဓိက ဆု(၃)ခုထဲက The Best နဲ႔ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆုတို႔ကုိ ရယူခဲ့ၿပီးပါၿပီ။ တကယ္လုိ႔ Ballon D’or ဆုကုိသာ ရခဲ့မယ္ဆုိရင္ စီေရာ္နယ္လ္ဒုိလုိမ်ိဳး အဓိက ဆု(၃)ခုစလုံးကုိ (၁)ႏွစ္အတြင္း ဆြတ္ခူးခဲ့တဲ့ ဒုတိယေျမာက္ ကစားသမားျဖစ္လာမွာပါ။

Modric-with-UEFA-Player-Of-The-Year

Modric-with-UEFA-Player-Of-The-Year

ေနာက္ထပ္ ဂုဏ္စရာေကာင္းတာက မုိဒရစ္ဟာ ဥေရာပအေကာင္းဆုံးေဘာလုံးသမားဆု ၊ FIFA The Best ဆုကုိ ဆြတ္ခူးခ့ဲတဲ့ ပထမဆုံး ခ႐ုိေအးရွား ကစားသမားအျဖစ္ စံခ်ိန္ေရးထုိးခဲ့သလုိ Ballon D’or ဆု ရခဲ့မယ္ဆုိရင္လည္း သမုိင္းတစ္ေလွ်ာက္ အဲဒီဆုကုိ ဆြတ္ခူးခဲ့တဲ့ ပထမဆုံး ခ႐ုိေအးရွားကစားသမားအျဖစ္ မွတ္တမ္း၀င္မွာပဲ ျဖစ္ပါေတာ့တယ္ . . .

Ballon d’Or (2016–present)
2016 1st Portugal Cristiano Ronaldo
2017 1st Portugal Cristiano Ronaldo

The Best FIFA Men’s Player (2016–present)
2016 1st Portugal Cristiano Ronaldo
2017 1st Portugal Cristiano Ronaldo
2018 1st Croatia Luka Modrić

UEFA Men’s Player of the Year Award

2016 Portugal Cristiano Ronaldo
2017 Portugal Cristiano Ronaldo
2018 Croatia Luka Modric

Photo:Metro,telegraph,Goal.com,Rappler
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂုဏ်သိက္ခာအရှိဆုံးဆု (၃)ခုကို တစ်ပြိုင်နက် ရခဲ့တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် Modric မှတ်တမ်းဝင်နိုင်မလား

ကမ္ဘာ့ဘောလုံးလောကမှာ ဂုဏ်သိက္ခာအရှိဆုံးဆု (၃)ခု ရှိပါတယ်။ အဲဒါကတော့ FIFA The Best ဆု ၊ UEFA က ချီးမြှင့်တဲ့ ဥရောပအကောင်းဆုံးဘောလုံးသမားဆု ၊ နာမည်ကြီး ပြင်သစ်မဂ္ဂဇင်းက ချီးမြှင့်တဲ့ Ballon d’Or ဆုတို့ပဲဖြစ်ပါတယ်။ ဒီဆုတွေထဲက တစ်ခုခု ရရင်အောင် အဲဒီကစားသမားအတွက် အောင်မြင်မှုလို့ သတ်မှတ်ရမှာဖြစ်ပြီး (၁)နှစ်တည်း (၂)ခု ဒါမှမဟုတ် အားလုံး ရခဲ့ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပါပဲ။ ဒါပေမဲ့ ဒီဆု(၃)ခုစလုံးကို (၁)နှစ်တည်း သိမ်းကျုံးယူနိုင်ခဲ့သူက ရှားရှားပါးပါး တစ်ဦးသာရှိပါသေးတယ်။။ အဲဒါကတော့ ပေါ်တူဂီစူပါစတား စီရော်နယ်လ်ဒို Cristiano Ronaldo ပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ အဲဒီဆု(၃)ခုစလုံးကို (၂)နှစ်ဆက်တိုက် တစ်ပြိုင်နက် ရရှိခဲ့တာပါ။

Cristiano-Ronaldo

Cristiano-Ronaldo

Ballon d’Or ဆုက ၁၉၅၆ ကနေ ၂၀၀၉ ခုနှစ်အထိ ဆုချီးမြှင့်ခဲ့ပေမယ့် ၂၀၁၀ မှာ ပြင်သစ်မဂ္ဂဇင်းနဲ့ FIFA တို့ ပေါင်းပြီး FIFA Ballon d’Or လို့ ပြောင်းလဲ ချီးမြှင့်ခဲ့တယ်။ ၂၀၁၆ မှာတော့ သူတို့နှစ်ဖွဲ့ လက်တွဲဖြုတ်ခဲ့ပြီး FIFA က The Best ဆု၊ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အရင်အတိုင်း Ballon d’Or ဆုကို ပြန်လည် ချီးမြှင့်ခဲ့ကြတယ်။

Modric-With-FIFA-The-Best

Modric-With-FIFA-The-Best

UEFA က ပေးအပ်တဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုက ၂၀၁၁ ခုနှစ်ကမှ စတင် ချီးမြှင့်ခဲ့တာဖြစ်တာကြောင့် ၂၀၁၆ ခုနှစ်မှာ FIFA The Best ဆု ၊ ဥရောပ အကောင်းဆုံးဘောလုံးသမားဆု၊ Ballon d’Or ဆိုပြီး ဆု(၃)ခုအထိ ဖြစ်လာခဲ့တာပါ။ အခုလောလောဆယ်တော့ ခရိုအေးရှား ဝါရင့်ကွင်းလယ်လူ မိုဒရစ် Modric ဟာ အဓိက ဆု(၃)ခုထဲက The Best နဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုတို့ကို ရယူခဲ့ပြီးပါပြီ။ တကယ်လို့ Ballon D’or ဆုကိုသာ ရခဲ့မယ်ဆိုရင် စီရော်နယ်လ်ဒိုလိုမျိုး အဓိက ဆု(၃)ခုစလုံးကို (၁)နှစ်အတွင်း ဆွတ်ခူးခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာမှာပါ။

Modric-with-UEFA-Player-Of-The-Year

Modric-with-UEFA-Player-Of-The-Year

နောက်ထပ် ဂုဏ်စရာကောင်းတာက မိုဒရစ်ဟာ ဥရောပအကောင်းဆုံးဘောလုံးသမားဆု ၊ FIFA The Best ဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံး ခရိုအေးရှား ကစားသမားအဖြစ် စံချိန်ရေးထိုးခဲ့သလို Ballon D’or ဆု ရခဲ့မယ်ဆိုရင်လည်း သမိုင်းတစ်လျှောက် အဲဒီဆုကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံး ခရိုအေးရှားကစားသမားအဖြစ် မှတ်တမ်းဝင်မှာပဲ ဖြစ်ပါတော့တယ် . . .

Ballon d’Or (2016–present)
2016 1st Portugal Cristiano Ronaldo
2017 1st Portugal Cristiano Ronaldo

The Best FIFA Men’s Player (2016–present)
2016 1st Portugal Cristiano Ronaldo
2017 1st Portugal Cristiano Ronaldo
2018 1st Croatia Luka Modrić

UEFA Men’s Player of the Year Award

2016 Portugal Cristiano Ronaldo
2017 Portugal Cristiano Ronaldo
2018 Croatia Luka Modric

Photo:Metro,telegraph,Goal.com,Rappler
Naing Linn(Akhayar)
www.akhayar.com