[Zawgyi]

စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ မန္ယူ ရလဒ္ေကာင္း ရယူႏုိင္ပ့ါမလား

ပရီးမီးယားလိဂ္ပဲြစဥ္ (၉) စေနေန႔ပြဲေတြမွာေတာ့ ပရိသတ္ေတြ စိတ္၀င္တစားေစာင့္ၾကည့္ရမယ့္ ပဲြႀကီးပဲြေကာင္းတစ္ပဲြ ပါေနတယ္။ အဲဒါကေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႔ မန္ယူအသင္းတို႔ စတမ္းဖုိ႔ဒ္ဘရစ္ခ်္မွာ စီးခ်င္းထုိးၾကမယ့္ ပဲြျဖစ္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ကေတာ့ ပဲြေခ်ာင္ေနၿပီး စပါးအသင္းဟာ လန္ဒန္ဒါဘီအျဖစ္ ၀က္စ္ဟမ္းနဲ႔ ကစားရမွာပါ . . .

ခ်ယ္လ္ဆီး – မန္ယူ (စေန ညေန ၆း၀၀နာရီ)

Chelsea-Vs-Manchester-United

Chelsea-Vs-Manchester-United

ဒီရာသီမွာ ေတာက္ေလွ်ာက္ တည္ၿငိမ္တဲ့ေျခစြမ္းျပသေနတဲ့ ခ်ယ္လ္ဆီးနဲ႔ ရလဒ္ဆုိးေတြေၾကာင့္ ႐ုန္းကန္ေနရတဲ့ မန္ယူတို႔ ထိပ္တိုက္ေတြ႕ၾကပါၿပီ။ ခ်ယ္လ္ဆီးအသင္းဟာ (၈)ပဲြကစားၿပီးခ်ိန္မွာ ရမွတ္(၂၀)ရရွိထားၿပီး မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ အမွတ္တူ ဂုိးကြာျခားခ်က္ေၾကာင့္ ဒုတိယေနရာမွာ ရပ္တည္ေနတယ္။ မန္ယူအသင္းကေတာ့ ႏုိင္ပဲြတစ္ပဲြရဖုိ႔ ႐ုန္းကန္ေနရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ပဲြမွာ အသည္းအသန္ကစားၿပီးမွ (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ေျခစြမ္းနဲ႔ တည္ၿငိမ္မႈကုိ ယွဥ္ၾကည့္ရင္ေတာ့ ခ်ယ္လ္ဆီးအသငး္က အသာရေနတာ အမွန္ပါပဲ။ ဒါေပမဲ့ အသင္းႀကီးဆုိတဲ့ ဂုဏ္ပုဒ္ေၾကာင့္ မန္ယူကုိ ေလွ်ာ႔တြက္လုိ႔ေတာ့ မရဘူး။ တစ္ခုရွိတာက စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းမွာ မန္ယူအသင္း ႐ုန္းကန္ရေလ့ရွိတာကုိ သတိျပဳရမယ္။ ၂၀၁၂-၁၃ ရာသီမွာ ေနာက္ဆုံးအႏုိင္ရခဲ့ၿပီး အဲဒီေနာက္ပုိင္း ၿပိဳင္ပဲြစုံ(၈)ပဲြမွာ ခ်ယ္လ္ဆီးက (၇)ပဲြႏုိင္ခဲ့ၿပီး (၁)ပဲြပဲ သေရက်ခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ေတြကုိ မန္ယူခံစစ္က ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ခက္ပါတယ္။ မန္ယူတို႔ သေရေလာက္ပဲ ေမွ်ာ္လင့္လုိ႔ရမွာျဖစ္ၿပီး ဂုိးနည္းမယ့္ပဲြလုိ႔ ထင္ပါတယ္။

မန္စီးတီး – ဘန္ေလ (စေန ည ၈း၃၀နာရီ)

ထိပ္ဆုံးေနရာကုိ ဦးေဆာင္ေနတဲ့ မန္စီးတီး အဲဒီအေနအထားကုိ လြယ္လြယ္နဲ႔ လက္လႊတ္ခံမွာ မဟုတ္ဘူး။ ခ်ယ္လ္ဆီးအသင္း ပဲြက်ပ္ေနခ်ိန္မွာ အမွတ္ျဖတ္ဖုိ႔ ႀကိဳးစားလိမ့္မယ္။ ဘန္ေလအသင္းကေတာ့ (၂)ပဲြဆက္ ႏုိင္ၿပီးမွ ေနာက္ဆုံးပဲြမွာ ဟတ္ဒါဖီးလ္နဲ႔ သေရက်ခဲ့တယ္။ ေျခစြမ္းတည္ၿငိမ္မႈလည္း မရွိဘူး။ မန္စီးတီးအႏုိင္ေသခ်ာၿပီး ဂုိးျပတ္၊ မျပတ္ဘဲ ၾကည့္ရမယ္

၀က္စ္ဟမ္း – စပါး (စေန ည ၈း၃၀ နာရီ)

West-Ham-Vs-Spurs

West-Ham-Vs-Spurs

၀က္ဖုိ႔ဒ္၊ လီဗာပူးလ္တို႔ကုိ ဆက္တိုက္႐ံႈးၿပီးကတည္းက စပါးအသင္း ေျခစြမ္းတက္လာၿပီး ေနာက္ဆုံး (၄)ပဲြဆက္ အႏုိင္ယူခဲ့တယ္။ တိုက္စစ္မွဴး ဟာရီကိန္း Harry Kane ရဲ႕ သြင္းဂုိးေတြနဲ႔အတူ စပါးအသင္း လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာခဲ့ၿပီ။ နာမည္ႀကီး ကစားသမားေတြရွိေပမယ့္ ၀က္စ္ဟမ္းတို႔ ႐ုန္းကန္ေနရဆဲပဲ။ ဒါေပမဲ့ အိမ္ကြင္းဆုိရင္ ေျခစြမး္မာေက်ာတယ္။ ၀က္စ္ဟမ္း သေရတစ္မွတ္ေတာ့ ေမွ်ာ္လင့္ခြင့္ရွိတယ္လုိ႔ ထင္မိတယ္။

ဟတ္ဒါဖီးလ္ – လီဗာပူးလ္ (စေန ည၁၁း၀၀ နာရီ)

ဒီရာသီမွာ ႏုိင္ပဲြမရေသးတဲ့ ဟတ္ဒါဖီးလ္ဟာ လီဗာပူးလ္အတြက္ ၿပိဳင္ဘက္ေကာင္း ျဖစ္လာမွာ မဟုတ္ပါဘူး။ လီဗာပူးလ္အေနနဲ႔ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔နဲ႔ မ်က္ျခည္မျပတ္ေစဖုိ႔ ဒီလုိပဲြမ်ိဳးကုိ အႏုိင္ရဖုိ႔ လုိပါတယ္။ ဟတ္ဒါဖီးလ္ရဲ႕ အိမ္ကြင္းေျခစြမ္း မဆုိးတာေၾကာင့္ လီဗာပူးလ္ ခက္ခဲႏုိင္ေပမယ့္ လုိအပ္တဲ့ အႏုိင္ရလဒ္ကုိ ရယူသြားမွာပါ။

စေနေန႔ ပရီးမီးယားလိဂ္ပဲြစဥ္မ်ား

Chelsea? – ? Manchester United
AFC Bournemouth? – ? Southampton
Cardiff City? – ? Fulham
Manchester City? – ? Burnley
Newcastle United? – ? Brighton & Hove Albion
West Ham United? – ? Tottenham Hotspur
Wolverhampton Wanderers? – ? Watford
Huddersfield Town? – ? Liverpool

Photo:Press Cute News,GettyImages.,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

စတမ်းဖို့ဒ်ဘရစ်ချ်မှာ မန်ယူ ရလဒ်ကောင်း ရယူနိုင်ပ့ါမလား

ပရီးမီးယားလိဂ်ပွဲစဉ် (၉) စနေနေ့ပွဲတွေမှာတော့ ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲ ပါနေတယ်။ အဲဒါကတော့ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ စီးချင်းထိုးကြမယ့် ပွဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကတော့ ပွဲချောင်နေပြီး စပါးအသင်းဟာ လန်ဒန်ဒါဘီအဖြစ် ဝက်စ်ဟမ်းနဲ့ ကစားရမှာပါ . . .

ချယ်လ်ဆီး – မန်ယူ (စနေ ညနေ ၆း၀၀နာရီ)

Chelsea-Vs-Manchester-United

Chelsea-Vs-Manchester-United

ဒီရာသီမှာ တောက်လျှောက် တည်ငြိမ်တဲ့ခြေစွမ်းပြသနေတဲ့ ချယ်လ်ဆီးနဲ့ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရတဲ့ မန်ယူတို့ ထိပ်တိုက်တွေ့ကြပါပြီ။ ချယ်လ်ဆီးအသင်းဟာ (၈)ပွဲကစားပြီးချိန်မှာ ရမှတ်(၂၀)ရရှိထားပြီး မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတယ်။ မန်ယူအသင်းကတော့ နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ အသည်းအသန်ကစားပြီးမှ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ခြေစွမ်းနဲ့ တည်ငြိမ်မှုကို ယှဉ်ကြည့်ရင်တော့ ချယ်လ်ဆီးအသင်းက အသာရနေတာ အမှန်ပါပဲ။ ဒါပေမဲ့ အသင်းကြီးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် မန်ယူကို လျှော့တွက်လို့တော့ မရဘူး။ တစ်ခုရှိတာက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ မန်ယူအသင်း ရုန်းကန်ရလေ့ရှိတာကို သတိပြုရမယ်။ ၂၀၁၂-၁၃ ရာသီမှာ နောက်ဆုံးအနိုင်ရခဲ့ပြီး အဲဒီနောက်ပိုင်း ပြိုင်ပွဲစုံ(၈)ပွဲမှာ ချယ်လ်ဆီးက (၇)ပွဲနိုင်ခဲ့ပြီး (၁)ပွဲပဲ သရေကျခဲ့တယ်။ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်တွေကို မန်ယူခံစစ်က ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ မန်ယူတို့ သရေလောက်ပဲ မျှော်လင့်လို့ရမှာဖြစ်ပြီး ဂိုးနည်းမယ့်ပွဲလို့ ထင်ပါတယ်။

မန်စီးတီး – ဘန်လေ (စနေ ည ၈း၃၀နာရီ)

ထိပ်ဆုံးနေရာကို ဦးဆောင်နေတဲ့ မန်စီးတီး အဲဒီအနေအထားကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘူး။ ချယ်လ်ဆီးအသင်း ပွဲကျပ်နေချိန်မှာ အမှတ်ဖြတ်ဖို့ ကြိုးစားလိမ့်မယ်။ ဘန်လေအသင်းကတော့ (၂)ပွဲဆက် နိုင်ပြီးမှ နောက်ဆုံးပွဲမှာ ဟတ်ဒါဖီးလ်နဲ့ သရေကျခဲ့တယ်။ ခြေစွမ်းတည်ငြိမ်မှုလည်း မရှိဘူး။ မန်စီးတီးအနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ဘဲ ကြည့်ရမယ်

ဝက်စ်ဟမ်း – စပါး (စနေ ည ၈း၃၀ နာရီ)

West-Ham-Vs-Spurs

West-Ham-Vs-Spurs

ဝက်ဖို့ဒ်၊ လီဗာပူးလ်တို့ကို ဆက်တိုက်ရှုံးပြီးကတည်းက စပါးအသင်း ခြေစွမ်းတက်လာပြီး နောက်ဆုံး (၄)ပွဲဆက် အနိုင်ယူခဲ့တယ်။ တိုက်စစ်မှူး ဟာရီကိန်း Harry Kane ရဲ့ သွင်းဂိုးတွေနဲ့အတူ စပါးအသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပြီ။ နာမည်ကြီး ကစားသမားတွေရှိပေမယ့် ဝက်စ်ဟမ်းတို့ ရုန်းကန်နေရဆဲပဲ။ ဒါပေမဲ့ အိမ်ကွင်းဆိုရင် ခြေစွမ်းမာကျောတယ်။ ဝက်စ်ဟမ်း သရေတစ်မှတ်တော့ မျှော်လင့်ခွင့်ရှိတယ်လို့ ထင်မိတယ်။

ဟတ်ဒါဖီးလ် – လီဗာပူးလ် (စနေ ည၁၁း၀၀ နာရီ)

ဒီရာသီမှာ နိုင်ပွဲမရသေးတဲ့ ဟတ်ဒါဖီးလ်ဟာ လီဗာပူးလ်အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ လီဗာပူးလ်အနေနဲ့ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ မျက်ခြည်မပြတ်စေဖို့ ဒီလိုပွဲမျိုးကို အနိုင်ရဖို့ လိုပါတယ်။ ဟတ်ဒါဖီးလ်ရဲ့ အိမ်ကွင်းခြေစွမ်း မဆိုးတာကြောင့် လီဗာပူးလ် ခက်ခဲနိုင်ပေမယ့် လိုအပ်တဲ့ အနိုင်ရလဒ်ကို ရယူသွားမှာပါ။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်များ

Chelsea? – ? Manchester United
AFC Bournemouth? – ? Southampton
Cardiff City? – ? Fulham
Manchester City? – ? Burnley
Newcastle United? – ? Brighton & Hove Albion
West Ham United? – ? Tottenham Hotspur
Wolverhampton Wanderers? – ? Watford
Huddersfield Town? – ? Liverpool

Photo:Press Cute News,GettyImages.,Evening Standard
Naing Linn(Akhayar)
www.akhayar.com