[Zawgyi]

အန္ဖီးလ္ကြင္းမွာ (၁၅)ႏွစ္ၾကာ ႏုိင္ပဲြမရမႈကုိ မန္စီးတီး အဆုံးသတ္ႏုိင္မလား

တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပဲြစဥ္ေတြမွာေတာ့ လီဗာပူးလ္နဲ႔ မန္စီးတီးအသင္းတို႔ ထိပ္တုိက္ေတြ႕တဲ့ ပဲြပါ၀င္ေနတယ္။ ႏွစ္သင္းစလုံးက ေျခစြမ္းျပေနၿပီး ရလဒ္ေကာင္းေတြ ရယူေနတာေၾကာင့္ အႀကိတ္အနယ္ ရွိမွာ အေသအခ်ာပါပဲ . .

ဖူလ္ဟမ္ – အာဆင္နယ္ (တနဂၤေႏြ ညေန ၅း၃၀)

Arsenal-Players

Arsenal-Players

လန္ဒန္ဒါဘီပဲြျဖစ္ေနလုိ႔ အာဆင္နယ္ မလြယ္ကူေလာက္ပါဘူး။ ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ ဖူလ္ဟမ္အသင္း ႐ုန္းကန္ေနရတယ္။ ေနာက္ဆုံး (၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့သလုိ (၇)ပဲြကစားၿပီးခ်ိန္မွာလည္း (၁)ပဲြပဲ ႏုိင္ထားတယ္။ ဒါဘီၿမိဳ႕ခံၿပိဳင္ဘက္ေတြျဖစ္လုိ႔ ဖူလ္ဟမ္ အာဆင္နယ္ကုိ အတတ္ႏုိင္ဆုံး ဒုကၡေပးဖုိ႔ ႀကိဳးစားမွာျဖစ္တာေၾကာင့္ အာဆင္နယ္ အႏုိင္ရဖုိ႔ ေတာ္ေတာ္ေလး ႐ုန္းကန္ရမယ္။ သေရက်ဖုိ႔မ်ားၿပီး အာဆင္နယ္ ႏုိင္ရင္ေတာင္ ဂုိးမျပတ္ဘူး။

ေဆာက္သမ္တန္ – ခ်ယ္လ္ဆီး (တနဂၤေႏြ ၇း၄၅)

အခုေနာက္ပုိင္း ပဲြေတြမွာ ခ်ယ္လ္ဆီးတိုက္စစ္က ဂုိးရဖုိ႔ ႐ုန္းကန္လာရသလုိပဲ။ မုိရာတာ Morata ၊ ဂ်႐ူး Giroud တို႔ အလုပ္မျဖစ္လုိ႔ ဂုိးရဖုိ႔က ေတာင္ပံတိုက္စစ္ကစားသမားေတြကုိပဲ အားကုိးေနရတယ္။ ေဆာက္သမ္တန္ကေတာ့ တန္းဆင္းဇုန္နားမွာ ရပ္တည္ေနတယ္။ အသင္းက အရင္လုိ မာေက်ာမႈ မရွိေတာ့ဘူး။ ဒီလုိပံုစံမ်ိဳးနဲ႔ ခ်ယ္လ္ဆီးေတာင္ပံ တိုက္စစ္ကုိ ထိန္းခ်ဳပ္ဖုိ႔ ခက္ပါလိမ့္မယ္။ ခ်ယ္လ္ဆီး ဂုိးနည္းနည္းနဲ႔ ကပ္ႏုိင္သြားဖုိ႔ မ်ားတယ္။

လီဗာပူးလ္ – မန္စီးတီး (တနဂၤေႏြ ည ၁၀း၀၀)

Liverpool-vs-Man-City

Liverpool-vs-Man-City

မန္စီးတီးက လီဗာပူးလ္နဲ႔ အမွတ္တူ ဂုိးကြာျခားခ်က္နဲ႔ အမွတ္ေပးဇယားကုိ ဦးေဆာင္ေနတယ္။ ၀ုလ္ဗ္ကုိ သေရက်ခဲ့တဲ့ပဲြက လဲြၿပီး က်န္တဲ့ပဲြေတြမွာ မန္စီးတီး ပဲြတိုင္း အႏုိင္ရခဲ့တယ္။ လီဗာပူးလ္အသင္းကလည္း ၿပီးခဲ့တဲ့ တစ္ပတ္က ခ်ယ္လ္ဆီးကုိ သေရက်ခဲ့တာကလဲြရင္ ပဲြတိုင္းကို အႏုိင္ယူခဲ့ပါတယ္။ ေျခမွန္ေနတဲ့ ႏွစ္သငး္ဆုံေတြ႕ေနလုိ႔ ရလဒ္က ခန္႔မွန္းရခက္တယ္။ တစ္ခု သတိထားရမွာက မန္စီးတီးအသင္းဟာ အန္ဖီးလ္မွာ ႏုိင္ပဲြမရခဲ့တာ (၁၅)ႏွစ္အထိ ၾကာျမင့္ေနပါၿပီ။ ၂၀၀၃ ခုႏွစ္တုန္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီးေနာက္ပုိင္း ၿပိဳင္ပဲြစုံ (၁၇)ပဲြမွာ တစ္ခါမွ မႏုိင္ခဲ့ဘူး။ ေနာက္ၿပီး ယာဂန္ကေလာ့ပ္ Jurgen Klopp ကလည္း ဂြါဒီယုိလာ Guardiola နဲ႔ ထိပ္တိုက္ေတြ႕ဆုံမွာ အသာရထားတယ္။ ဒီအခ်က္ေတြေၾကာင့္ လီဗာပူးလ္ကုိပဲ ေရြးခ်ယ္ရမွာျဖစ္ၿပီး အနည္းဆုံး သေရတစ္မွတ္ေတာ့ ရယူႏုိင္ပါလိမ့္မယ္။

Photo:Ghanasoccernet.ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အန်ဖီးလ်ကွင်းမှာ (၁၅)နှစ်ကြာ နိုင်ပွဲမရမှုကို မန်စီးတီး အဆုံးသတ်နိုင်မလား

တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပွဲပါဝင်နေတယ်။ နှစ်သင်းစလုံးက ခြေစွမ်းပြနေပြီး ရလဒ်ကောင်းတွေ ရယူနေတာကြောင့် အကြိတ်အနယ် ရှိမှာ အသေအချာပါပဲ . .

ဖူလ်ဟမ် – အာဆင်နယ် (တနင်္ဂနွေ ညနေ ၅း၃၀)

Arsenal-Players

Arsenal-Players

လန်ဒန်ဒါဘီပွဲဖြစ်နေလို့ အာဆင်နယ် မလွယ်ကူလောက်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဖူလ်ဟမ်အသင်း ရုန်းကန်နေရတယ်။ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို (၇)ပွဲကစားပြီးချိန်မှာလည်း (၁)ပွဲပဲ နိုင်ထားတယ်။ ဒါဘီမြို့ခံပြိုင်ဘက်တွေဖြစ်လို့ ဖူလ်ဟမ် အာဆင်နယ်ကို အတတ်နိုင်ဆုံး ဒုက္ခပေးဖို့ ကြိုးစားမှာဖြစ်တာကြောင့် အာဆင်နယ် အနိုင်ရဖို့ တော်တော်လေး ရုန်းကန်ရမယ်။ သရေကျဖို့များပြီး အာဆင်နယ် နိုင်ရင်တောင် ဂိုးမပြတ်ဘူး။

ဆောက်သမ်တန် – ချယ်လ်ဆီး (တနင်္ဂနွေ ရး၄၅)

အခုနောက်ပိုင်း ပွဲတွေမှာ ချယ်လ်ဆီးတိုက်စစ်က ဂိုးရဖို့ ရုန်းကန်လာရသလိုပဲ။ မိုရာတာ Morata ၊ ဂျရူး Giroud တို့ အလုပ်မဖြစ်လို့ ဂိုးရဖို့က တောင်ပံတိုက်စစ်ကစားသမားတွေကိုပဲ အားကိုးနေရတယ်။ ဆောက်သမ်တန်ကတော့ တန်းဆင်းဇုန်နားမှာ ရပ်တည်နေတယ်။ အသင်းက အရင်လို မာကျောမှု မရှိတော့ဘူး။ ဒီလိုပုံစံမျိုးနဲ့ ချယ်လ်ဆီးတောင်ပံ တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ပါလိမ့်မယ်။ ချယ်လ်ဆီး ဂိုးနည်းနည်းနဲ့ ကပ်နိုင်သွားဖို့ များတယ်။

လီဗာပူးလ် – မန်စီးတီး (တနင်္ဂနွေ ည ၁၀း၀၀)

Liverpool-vs-Man-City

Liverpool-vs-Man-City

မန်စီးတီးက လီဗာပူးလ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတယ်။ ဝုလ်ဗ်ကို သရေကျခဲ့တဲ့ပွဲက လွဲပြီး ကျန်တဲ့ပွဲတွေမှာ မန်စီးတီး ပွဲတိုင်း အနိုင်ရခဲ့တယ်။ လီဗာပူးလ်အသင်းကလည်း ပြီးခဲ့တဲ့ တစ်ပတ်က ချယ်လ်ဆီးကို သရေကျခဲ့တာကလွဲရင် ပွဲတိုင်းကို အနိုင်ယူခဲ့ပါတယ်။ ခြေမှန်နေတဲ့ နှစ်သင်းဆုံတွေ့နေလို့ ရလဒ်က ခန့်မှန်းရခက်တယ်။ တစ်ခု သတိထားရမှာက မန်စီးတီးအသင်းဟာ အန်ဖီးလ်မှာ နိုင်ပွဲမရခဲ့တာ (၁၅)နှစ်အထိ ကြာမြင့်နေပါပြီ။ ၂၀၀၃ ခုနှစ်တုန်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ (၁၇)ပွဲမှာ တစ်ခါမှ မနိုင်ခဲ့ဘူး။ နောက်ပြီး ယာဂန်ကလော့ပ် Jurgen Klopp ကလည်း ဂွါဒီယိုလာ Guardiola နဲ့ ထိပ်တိုက်တွေ့ဆုံမှာ အသာရထားတယ်။ ဒီအချက်တွေကြောင့် လီဗာပူးလ်ကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး အနည်းဆုံး သရေတစ်မှတ်တော့ ရယူနိုင်ပါလိမ့်မယ်။

Photo:Ghanasoccernet.ESPN
Naing Linn(Akhayar)
www.akhayar.com