[Zawgyi]

အိမ္ကြင္းမွာ ကာဒစ္ဖ္ကုိ အမွားအယြင္းမရွိ အႏုိင္ယူသြားမယ့္ လီဗာပူးလ္

ပရီးမီးယားလိဂ္ပဲြစဥ္ (၁၀)စေနေန႔ပဲြေတြမွာေတာ့ ပဲြေကာင္းေတြ သိပ္မရွိဘဲ အသင္းႀကီးဆုိလုိ႔ လီဗာပူးလ္တစ္သင္းသာ ကာဒစ္ဖ္နဲ႔ ကစားမွာျဖစ္ပါတယ္။ အမွတ္ေပးဇယား ထိပ္ဆုံးက မန္စီးတီးနဲ႔ (၂၃)မွတ္တူ ဂုိးကြာျခားခ်က္အရ ဒုတိယေနရာမွာ ရပ္တည္ေနတဲ့ လီဗာပူးလ္အသင္း ကာဒစ္ဖ္ကုိ အသာရႏုိင္ဖုိ႔ ႀကိဳးစားရမွာပါ . .

ဘ႐ိုက္တန္ – ၀ုလ္ဗ္ (စေန ည ၈း၃၀ နာရီ)
ဘ႐ုိက္တန္အသင္း ႐ုန္းကန္ခဲ့ရၿပီးမွ ေနာက္ဆုံး(၂)ပဲြဆက္ အႏုိင္နဲ႔ ရလဒ္ျပန္တက္လာတယ္။ ၀ုလ္ဗ္ကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္က ၀က္ဖုိ႔ဒ္ကုိ အိမ္ကြင္းမွာ မထင္မွတ္ဘဲ ႐ႈံးခဲ့ေပမယ့္ က်န္တဲ့ပဲြေတြမွာ ေျခစြမ္း တည္ၿငိမ္ပါတယ္။ ဒါေပမဲ့ ေျခစြမ္းေရာ၊ ရလဒ္ပါ တက္ရိပ္ျပလာတဲ့ ဘ႐ုိက္တန္ကုိပဲ ေရြးခ်ယ္ခ်င္ၿပီး အနည္းဆုံး သေရတစ္မွတ္ ရယူသြားပါလိမ့္မယ္။

ဖူလ္ဟမ္ – ဘုန္းေမာက္ (စေန ည ၈း၃၀ နာရီ)
ကစားသမားေကာင္းေတြ ရွိေပမယ့္ ဖူလ္ဟမ္ရဲ႕ ရလဒ္ေတြ ေတာ္ေတာ္ေလးဆုိးရြားေနတယ္။ ေနာက္ဆုံး (၅)ပဲြမွာ (၄)ပဲြ႐ႈံးခဲ့ၿပီး တစ္မွတ္သာ ရခဲ့တဲ့ဖူလ္ဟမ္အေနနဲ႔ ေျခတက္ေနတဲ့ ဘုန္းေမာက္ကုိ အသာရႏုိင္ပ့ါမလားဆုိတာ စဥ္းစားစရာပဲ။ အေ၀းကြင္းျဖစ္ေပမယ့္ ဘုန္းေမာက္ မ႐ႈံးႏုိင္ပါဘူး။

Liverpool-vs-Cardiff

Liverpool-vs-Cardiff

လီဗာပူးလ္ – ကာဒစ္ဖ္ (စေန ည ၈း၃၀ နာရီ)
ၿပီးခဲ့တဲ့တစ္ပတ္ကမွ ဖူလ္ဟမ္ကုိ အႏုိင္ယူၿပီး ဒီရာသီ ပထမဆုံးႏုိင္ပဲြ ရယူခဲ့တဲ့ ကာဒစ္ဖ္ဟာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ဘက္ေကာင္း မဟုတ္ပါဘူး။ အခုေနာက္ပုိင္း လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္ကစားပုံ နည္းနည္း အားေလ်ာ႔လာေပမယ့္ ကာဒစ္ဖ္ကုိ အႏုိင္ယူဖုိ႔အတြက္ေတာ့ လုံေလာက္ပါတယ္။ လီဗာပူးလ္အသင္း အမွတ္ျပည့္ရမွာျဖစ္ၿပီး ဂုိးျပတ္ဖုိ႔ေတာ့ မလြယ္ေလာက္ဘူး။

ေဆာက္သမ္တန္ – နယူးကာဆယ္ (စေန ည ၈း၃၀ နာရီ)
ႏွစ္သင္းစလုံးက ရလဒ္ေတြ ဆုိးရြားေနၿပီး ေဆာက္သမ္တန္က အဆင့္(၁၆)၊ နယူးကာဆယ္က အဆင့္(၂၀)ေနရာေတြမွာ ရပ္တည္ေနတယ္။ စိတ္၀င္စရာ မေကာင္းတဲ့ႏွစ္သင္းဆုံေတြ႕မႈမွာ နယူးကာဆယ္ကုိ ေရြးခ်ယ္ခ်င္ၿပီး သေရတစ္မွတ္ေတာ့ ယူႏုိင္ပါလိမ့္မယ္။

၀က္ဖုိ႔ဒ္ – ဟတ္ဒါဖီးလ္ (စေန ည ၈း၃၀ နာရီ)
ရာသီအစတုနး္က ရလဒ္ေတြ ေတာက္ေလွ်ာက္ေကာင္းခဲ့တဲ့ ၀က္ဖုိ႔ဒ္ အခုေတာ့ ပုံမွန္ျပန္ျဖစ္သြားၿပီး ႏုိင္တစ္ခါ၊ ႐ႈံးတစ္လွည့္နဲ႔ ႐ုန္းကန္ေနရတယ္။ သူတို႔နဲ႔ ရင္ဆုိင္ရမယ့္ ဟတ္ဒါဖီးလ္ကလည္း ဘာမွမထူးပါဘူး။ အခုထိ ႏုိင္ပဲြမရေသးဘဲ တန္းဆင္းဇုန္ထဲမွာ ရပ္တည္ေနရတယ္။ အိမ္ကြင္းေျခမာတဲ့ ၀က္ဖုိ႔ဒ္ကုိ ႀကိဳက္မိတယ္။

လက္စတာ – ၀က္စ္ဟမ္း (စေန ည ၁၁း၀၀ နာရီ)
လက္စတာအသင္း (၂)ပဲြဆက္ႏုိင္ၿပီးမွ ေနာက္ဆုံး(၂)ပဲြဆက္ ျပန္႐ႈံးခဲ့တယ္။ ၀က္စ္ဟမ္းအသင္းကလည္း ေျချပန္တက္လာၿပီးမွ ေနာက္ပုိင္းပဲြေတြမွာ ျပန္က်သြားျပန္တယ္။ သေရက်ဖုိ႔မ်ားၿပီး အႏုိင္ဆုိရင္ေတာ့ အိမ္ရွင္လက္စတာပါပဲ။

Photo:Evening Standard,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ ကာဒစ်ဖ်ကို အမှားအယွင်းမရှိ အနိုင်ယူသွားမယ့် လီဗာပူးလ်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)စနေနေ့ပွဲတွေမှာတော့ ပွဲကောင်းတွေ သိပ်မရှိဘဲ အသင်းကြီးဆိုလို့ လီဗာပူးလ်တစ်သင်းသာ ကာဒစ်ဖ်နဲ့ ကစားမှာဖြစ်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးနဲ့ (၂၃)မှတ်တူ ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်း ကာဒစ်ဖ်ကို အသာရနိုင်ဖို့ ကြိုးစားရမှာပါ . .

ဘရိုက်တန် – ဝုလ်ဗ် (စနေ ည ၈း၃၀ နာရီ)
ဘရိုက်တန်အသင်း ရုန်းကန်ခဲ့ရပြီးမှ နောက်ဆုံး(၂)ပွဲဆက် အနိုင်နဲ့ ရလဒ်ပြန်တက်လာတယ်။ ဝုလ်ဗ်ကတော့ ပြီးခဲ့တဲ့တစ်ပတ်က ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးခဲ့ပေမယ့် ကျန်တဲ့ပွဲတွေမှာ ခြေစွမ်း တည်ငြိမ်ပါတယ်။ ဒါပေမဲ့ ခြေစွမ်းရော၊ ရလဒ်ပါ တက်ရိပ်ပြလာတဲ့ ဘရိုက်တန်ကိုပဲ ရွေးချယ်ချင်ပြီး အနည်းဆုံး သရေတစ်မှတ် ရယူသွားပါလိမ့်မယ်။

ဖူလ်ဟမ် – ဘုန်းမောက် (စနေ ည ၈း၃၀ နာရီ)
ကစားသမားကောင်းတွေ ရှိပေမယ့် ဖူလ်ဟမ်ရဲ့ ရလဒ်တွေ တော်တော်လေးဆိုးရွားနေတယ်။ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲရှုံးခဲ့ပြီး တစ်မှတ်သာ ရခဲ့တဲ့ဖူလ်ဟမ်အနေနဲ့ ခြေတက်နေတဲ့ ဘုန်းမောက်ကို အသာရနိုင်ပ့ါမလားဆိုတာ စဉ်းစားစရာပဲ။ အဝေးကွင်းဖြစ်ပေမယ့် ဘုန်းမောက် မရှုံးနိုင်ပါဘူး။

Liverpool-vs-Cardiff

Liverpool-vs-Cardiff

လီဗာပူးလ် – ကာဒစ်ဖ် (စနေ ည ၈း၃၀ နာရီ)
ပြီးခဲ့တဲ့တစ်ပတ်ကမှ ဖူလ်ဟမ်ကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲ ရယူခဲ့တဲ့ ကာဒစ်ဖ်ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ဘက်ကောင်း မဟုတ်ပါဘူး။ အခုနောက်ပိုင်း လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားပုံ နည်းနည်း အားလျော့လာပေမယ့် ကာဒစ်ဖ်ကို အနိုင်ယူဖို့အတွက်တော့ လုံလောက်ပါတယ်။ လီဗာပူးလ်အသင်း အမှတ်ပြည့်ရမှာဖြစ်ပြီး ဂိုးပြတ်ဖို့တော့ မလွယ်လောက်ဘူး။

ဆောက်သမ်တန် – နယူးကာဆယ် (စနေ ည ၈း၃၀ နာရီ)
နှစ်သင်းစလုံးက ရလဒ်တွေ ဆိုးရွားနေပြီး ဆောက်သမ်တန်က အဆင့်(၁၆)၊ နယူးကာဆယ်က အဆင့်(၂၀)နေရာတွေမှာ ရပ်တည်နေတယ်။ စိတ်ဝင်စရာ မကောင်းတဲ့နှစ်သင်းဆုံတွေ့မှုမှာ နယူးကာဆယ်ကို ရွေးချယ်ချင်ပြီး သရေတစ်မှတ်တော့ ယူနိုင်ပါလိမ့်မယ်။

ဝက်ဖို့ဒ် – ဟတ်ဒါဖီးလ် (စနေ ည ၈း၃၀ နာရီ)
ရာသီအစတုန်းက ရလဒ်တွေ တောက်လျှောက်ကောင်းခဲ့တဲ့ ဝက်ဖို့ဒ် အခုတော့ ပုံမှန်ပြန်ဖြစ်သွားပြီး နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ ရုန်းကန်နေရတယ်။ သူတို့နဲ့ ရင်ဆိုင်ရမယ့် ဟတ်ဒါဖီးလ်ကလည်း ဘာမှမထူးပါဘူး။ အခုထိ နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန်ထဲမှာ ရပ်တည်နေရတယ်။ အိမ်ကွင်းခြေမာတဲ့ ဝက်ဖို့ဒ်ကို ကြိုက်မိတယ်။

လက်စတာ – ဝက်စ်ဟမ်း (စနေ ည ၁၁း၀၀ နာရီ)
လက်စတာအသင်း (၂)ပွဲဆက်နိုင်ပြီးမှ နောက်ဆုံး(၂)ပွဲဆက် ပြန်ရှုံးခဲ့တယ်။ ဝက်စ်ဟမ်းအသင်းကလည်း ခြေပြန်တက်လာပြီးမှ နောက်ပိုင်းပွဲတွေမှာ ပြန်ကျသွားပြန်တယ်။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ အိမ်ရှင်လက်စတာပါပဲ။

Photo:Evening Standard,Twitter
Naing Linn(Akhayar)
www.akhayar.com