[Zawgyi]

ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ဖုိ႔ ႐ုန္းကန္ရေတာ့မယ့္ လီဗာပူးလ္နဲ႔ မန္ယူ

ဒီရာသီ ခ်န္ပီယံလိဂ္မွာ အဂၤလန္ကလပ္ (၄)သင္းျဖစ္တဲ့ မန္စီးတီး၊ မန္ယူ၊ လီဗာပူးလ္၊ စပါးအသင္းတို႔ ပါ၀င္ယွဥ္ၿပိဳင္ေနၿပီး အံ့ၾသစရာေကာင္းတာက (၃)ပဲြကစားၿပီးခ်ိန္အထိ ဘယ္အသင္းေနာက္တစ္ဆင့္ တက္မလဲဆုိတာ အေသအခ်ာ မေျပာႏုိင္ေသးတာပါ။ ဒီ(၄)သင္းထဲမွာ မန္စီးတီးတစ္သင္းေလာက္ပဲ အုပ္စုကုိ ဦးေဆာင္ေနၿပီး ေနာက္တစ္ဆင့္တက္ဖုိ႔ (၆၀)ရာခုိင္ႏႈန္းေလာက္ ရွိေနေပမယ့္ စပါး၊ မန္ယူ၊ လီဗာပူးလ္တို႔ကေတာ့ (၅၀-၅၀)အေနအထားျဖစ္ေနတယ္။ ပုိဆုိးတာက အဂၤလန္ေဘာလုံးေလာကရဲ႕ ေအာင္ျမင္မႈ အမ်ားဆုံး အသင္း(၂)သင္းျဖစ္တဲ့ လီဗာပူးလ္၊ မန္ယူတို႔အတြက္ လက္က်န္ပဲြေတြမွာ လုံး၀အမွား မခံေတာ့တာပါ။

Champions-League-Standing

Champions-League-Standing

ထူးျခားတာက ဒီရာသီ ပရီးမီးယားလိဂ္မွာ ႐ႈံးပဲြလုံး၀မရွိဘဲ ေျခစြမ္းျပေနတဲ့ လီဗာပူးလ္အသင္း ခ်န္ပီယံလိဂ္မွာ ႐ုန္းကန္ေနရတာပါပဲ။ မေန႔က ကစားခဲ့တဲ့ ဇီဗက္ဒါနဲ႔ဲပဲြမွာ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့လုိ႔ ေနာက္တစ္ဆက္တက္ဖုိ႔ ေသခ်ာမယ့္ အခြင့္အေရးေကာင္းတစ္ခုကုိ လက္လႊတ္ခဲ့ရတယ္။ လီဗာပူးလ္အသင္းဟာ ဂုိးသြင္းခြင့္ေတြ အႀကိမ္ႀကိမ္လဲြေခ်ာ္ခဲ့ၿပီး ဇီဗက္ဒါအသင္းကေတာ့ အခြင့္အေရးတစ္ႀကိမ္ရရင္ တစ္ႀကိမ္အေကာင္းဆုံး အသုံးခ်လုိ႔လည္း မေမွ်ာ္လင့္တဲ့ ရလဒ္ထြက္ေပၚခဲ့တာပါ။

Liverpool-Players

Liverpool-Players

လက္က်န္ပဲြေတြမွာ PSG နဲ႔ အေ၀းကြင္း၊ နာပုိလီနဲ႔ အိမ္ကြင္း ပဲြက်ပ္ေတြ ဆက္ကစားရမွာျဖစ္လုိ႔ ႀကိဳးၾကာနီတို႔ရဲ႕ အုပ္စုက တက္ဖုိ႔ ေမွ်ာ္လင့္ခ်က္က မေရမရာျဖစ္လာပါၿပီ။ ပုိဆုိးတာက နာပုိလီနဲ႔ PSG အသင္းတို႔ဟာ လက္က်န္ပဲြမွာ ဇီဗက္ဒါနဲ႔ ကစားရမွာျဖစ္ၿပီး (၃)မွတ္ ေသခ်ာတဲ့အေနအထားျဖစ္ေနတာေၾကာင့္ လီဗာပူးလ္အသင္းအတြက္ ေျမြပူရာကင္းေမွာက္ပါပဲ။

Champions-League-Standing-1

Champions-League-Standing-1

လီဗာပူးလ္လုိပဲ မန္ယူအသင္းအတြက္လည္း အုပ္စုကတက္ဖုိ႔ ေသေရးရွင္ေရးျဖစ္ေနပါၿပီ။ ဒီအေျခအေန ေရာက္ခဲ့တာက မန္ယူအသင္း ကုိယ့္ကံၾကမၼာကုိ ကုိယ္ဖန္တီးခဲ့တာလုိ႔ပဲ ေျပာရမယ္။ ဗလင္စီယာ၊ ဂ်ဴဗင္တပ္စ္တို႔ကုိ အိမ္ကြင္းပဲြ ကစားရေပမယ့္ (၁)မွတ္ပဲ ရခဲ့တာက ဆုိးရြားလြန္းတယ္။ ဗလင္စီယာနဲ႔ပဲြမွာ တိုက္စစ္က အလဲြလဲြအေခ်ာ္ေခ်ာ္နဲ႔ ဂုိးမရွိသေရက်၊ ဂ်ဴဗင္တပ္စ္ကုိ ဘယ္လုိမွ ယွဥ္မကစားႏုိင္ဘဲ ႐ႈံးခဲ့တာက စိတ္ပ်က္စရာပါပဲ။ အမွန္အတိုင္းေျပာရရင္ မန္ယူဟာ အုပ္စုက ထြက္ရဖုိ႔ေတာင္ရွိေနတယ္။ ဒီေန႔ ကစားမယ့္ ဂ်ဴဗင္တပ္စ္နဲ႔ပဲြမွာ ႐ႈံးခဲ့ၿပီး ဗလင္စီယာက ယန္းဘြိဳင္းစ္ကုိ အႏုိင္ရမယ္ဆုိရင္ မန္ယူ အေျခအေနမေကာင္းေတာ့ဘူး။ ေနာက္တစ္ပဲြက ဗလင္စီယာနဲ႔ အေ၀းကြင္းပဲြကစားရဦးမွာျဖစ္လုိ႔ စပိန္ေျမမွာ ႐ုန္းကန္ရေလ့ရွိတဲ့ မန္ယူအတြက္ ခက္ခဲဦးမွာပါပဲ။ အုပ္စုကတက္ဖုိ႔ဆုိရင္ လာမယ့္(၂)ပဲြမွာ မန္ယူ အနည္းဆုံး (၃)မွတ္ ရဖုိ႔လုိၿပီး အုပ္စုေနာက္ဆုံးပဲြက ယန္းဘြိဳင္းစ္ကုိ အိမ္ကြင္းကစားရမွာျဖစ္လုိ႔ အခက္အခဲ မရွိေလာက္ဘူး။

Manchester-United-vs-Juventus-First-Leg

Manchester-United-vs-Juventus-First-Leg

ခ်န္ပီယံလိဂ္ဖလားကုိ လီဗာပူးလ္က (၅)ႀကိမ္၊ မန္ယူက (၃)ႀကိမ္ ရယူခဲ့ၿပီး အဂၤလန္ေဘာလုံးသမုိင္းမွာ ေအာင္ျမင္မႈ အမ်ားဆုံးအျဖစ္ သတ္မွတ္ခံထားရတဲ့ ဒီႏွစ္သင္း အခုလုိအေျခအေနေတြနဲ႔ ရင္ဆုိင္ေနရတာက စိတ္ပ်က္စရာပါပဲ။ ဒီႏွစ္သင္းအျပင္ စပါးအသင္းကလည္း အေျခအေန သိပ္မေကာင္းလုိ႔ အဂၤလန္ကလပ္ေတြ အုပ္စုအဆင့္ကပဲ ေစာေစာစီးစီး ႏႈတ္ဆက္ရမလား၊ ဘယ္အသင္း ေက်ာ္ျဖတ္ႏုိင္မလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္ပါ . . .

Photo:Fox Sports,.independent,Juventus,Soccerway
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရတော့မယ့် လီဗာပူးလ်နဲ့ မန်ယူ

ဒီရာသီ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ် (၄)သင်းဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်၊ စပါးအသင်းတို့ ပါဝင်ယှဉ်ပြိုင်နေပြီး အံ့သြစရာကောင်းတာက (၃)ပွဲကစားပြီးချိန်အထိ ဘယ်အသင်းနောက်တစ်ဆင့် တက်မလဲဆိုတာ အသေအချာ မပြောနိုင်သေးတာပါ။ ဒီ(၄)သင်းထဲမှာ မန်စီးတီးတစ်သင်းလောက်ပဲ အုပ်စုကို ဦးဆောင်နေပြီး နောက်တစ်ဆင့်တက်ဖို့ (၆၀)ရာခိုင်နှုန်းလောက် ရှိနေပေမယ့် စပါး၊ မန်ယူ၊ လီဗာပူးလ်တို့ကတော့ (၅၀-၅၀)အနေအထားဖြစ်နေတယ်။ ပိုဆိုးတာက အင်္ဂလန်ဘောလုံးလောကရဲ့ အောင်မြင်မှု အများဆုံး အသင်း(၂)သင်းဖြစ်တဲ့ လီဗာပူးလ်၊ မန်ယူတို့အတွက် လက်ကျန်ပွဲတွေမှာ လုံးဝအမှား မခံတော့တာပါ။

Champions-League-Standing

Champions-League-Standing

ထူးခြားတာက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံးဝမရှိဘဲ ခြေစွမ်းပြနေတဲ့ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတာပါပဲ။ မနေ့က ကစားခဲ့တဲ့ ဇီဗက်ဒါနဲ့ဲပွဲမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ နောက်တစ်ဆက်တက်ဖို့ သေချာမယ့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခဲ့ရတယ်။ လီဗာပူးလ်အသင်းဟာ ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ်လွဲချော်ခဲ့ပြီး ဇီဗက်ဒါအသင်းကတော့ အခွင့်အရေးတစ်ကြိမ်ရရင် တစ်ကြိမ်အကောင်းဆုံး အသုံးချလို့လည်း မမျှော်လင့်တဲ့ ရလဒ်ထွက်ပေါ်ခဲ့တာပါ။

Liverpool-Players

Liverpool-Players

လက်ကျန်ပွဲတွေမှာ PSG နဲ့ အဝေးကွင်း၊ နာပိုလီနဲ့ အိမ်ကွင်း ပွဲကျပ်တွေ ဆက်ကစားရမှာဖြစ်လို့ ကြိုးကြာနီတို့ရဲ့ အုပ်စုက တက်ဖို့ မျှော်လင့်ချက်က မရေမရာဖြစ်လာပါပြီ။ ပိုဆိုးတာက နာပိုလီနဲ့ PSG အသင်းတို့ဟာ လက်ကျန်ပွဲမှာ ဇီဗက်ဒါနဲ့ ကစားရမှာဖြစ်ပြီး (၃)မှတ် သေချာတဲ့အနေအထားဖြစ်နေတာကြောင့် လီဗာပူးလ်အသင်းအတွက် မြွေပူရာကင်းမှောက်ပါပဲ။

Champions-League-Standing-1

Champions-League-Standing-1

လီဗာပူးလ်လိုပဲ မန်ယူအသင်းအတွက်လည်း အုပ်စုကတက်ဖို့ သေရေးရှင်ရေးဖြစ်နေပါပြီ။ ဒီအခြေအနေ ရောက်ခဲ့တာက မန်ယူအသင်း ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခဲ့တာလို့ပဲ ပြောရမယ်။ ဗလင်စီယာ၊ ဂျူဗင်တပ်စ်တို့ကို အိမ်ကွင်းပွဲ ကစားရပေမယ့် (၁)မှတ်ပဲ ရခဲ့တာက ဆိုးရွားလွန်းတယ်။ ဗလင်စီယာနဲ့ပွဲမှာ တိုက်စစ်က အလွဲလွဲအချော်ချော်နဲ့ ဂိုးမရှိသရေကျ၊ ဂျူဗင်တပ်စ်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ဘဲ ရှုံးခဲ့တာက စိတ်ပျက်စရာပါပဲ။ အမှန်အတိုင်းပြောရရင် မန်ယူဟာ အုပ်စုက ထွက်ရဖို့တောင်ရှိနေတယ်။ ဒီနေ့ ကစားမယ့် ဂျူဗင်တပ်စ်နဲ့ပွဲမှာ ရှုံးခဲ့ပြီး ဗလင်စီယာက ယန်းဘွိုင်းစ်ကို အနိုင်ရမယ်ဆိုရင် မန်ယူ အခြေအနေမကောင်းတော့ဘူး။ နောက်တစ်ပွဲက ဗလင်စီယာနဲ့ အဝေးကွင်းပွဲကစားရဦးမှာဖြစ်လို့ စပိန်မြေမှာ ရုန်းကန်ရလေ့ရှိတဲ့ မန်ယူအတွက် ခက်ခဲဦးမှာပါပဲ။ အုပ်စုကတက်ဖို့ဆိုရင် လာမယ့်(၂)ပွဲမှာ မန်ယူ အနည်းဆုံး (၃)မှတ် ရဖို့လိုပြီး အုပ်စုနောက်ဆုံးပွဲက ယန်းဘွိုင်းစ်ကို အိမ်ကွင်းကစားရမှာဖြစ်လို့ အခက်အခဲ မရှိလောက်ဘူး။

Manchester-United-vs-Juventus-First-Leg

Manchester-United-vs-Juventus-First-Leg

ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်က (၅)ကြိမ်၊ မန်ယူက (၃)ကြိမ် ရယူခဲ့ပြီး အင်္ဂလန်ဘောလုံးသမိုင်းမှာ အောင်မြင်မှု အများဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဒီနှစ်သင်း အခုလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာက စိတ်ပျက်စရာပါပဲ။ ဒီနှစ်သင်းအပြင် စပါးအသင်းကလည်း အခြေအနေ သိပ်မကောင်းလို့ အင်္ဂလန်ကလပ်တွေ အုပ်စုအဆင့်ကပဲ စောစောစီးစီး နှုတ်ဆက်ရမလား၊ ဘယ်အသင်း ကျော်ဖြတ်နိုင်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ . . .

Photo:Fox Sports,.independent,Juventus,Soccerway
Naing Linn(Akhayar)
www.akhayar.com