This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခြင့္ ရယူမယ့္ ဘယ္လ္ဂ်ီယံနဲ႔မကၠဆီကုိ၊ ဆြီဒင္ကုိ မျဖစ္မေန အႏုိင္ကစားရမယ့္ ဂ်ာမနီ

၂၀၁၈ ကမၻာ႔ဖလားအုပ္စုပဲြစဥ္ေတြအျဖစ္ ဒီေန႔(စေန)မွာ ဘယ္လ္ဂ်ီယံ-တူနီးရွား၊ ေတာင္ကုိရီးယား-မကၠဆီကုိ၊ ဂ်ာမနီ-ဆြီဒင္ပဲြေတြ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ပနားမားကုိ အႏုိင္ယူၿပီး (၃)မွတ္ရထားတဲ့ ဘယ္လ္ဂ်ီယံအသင္း တူနီးရွားကုိ ဆက္လက္အႏုိင္ကစားၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခြင့္ရယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။ အဖြင့္ပဲြမွာ ဂ်ာမနီကုိ အႏုိင္ကစားခဲ့တဲ့ မကၠဆီကုိအသင္းကလည္း ေတာင္ကုိရီးယားနဲ႔ ဆုံေတြ႕ေနတာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖု႔ိအေျခအေနေကာင္းေနတယ္။ နာမည္ႀကီးဂ်ာမနီကေတာ့ ျပင္သစ္၊ အီတလီ၊ စပိန္တို႔လုိ အျဖစ္ဆုိးမ်ိဳးနဲ႔မႀကံဳေတြ႕ရေအာင္ ဆြီဒင္ကုိ မျဖစ္မေနအႏုိင္ကစားရေတာ့မွာပါ။

ဘယ္လ္ဂ်ီယံ ႏွင့္ တူနီးရွား (၂၃-၆-၂၀၁၈ ညေန ၆း၃၀)
အသင္းႀကီးေတြထဲမွာ ဘယ္လ္ဂ်ီယံအသင္းရဲ႕ေျခစြမ္းက အားရစရာအေကာင္းဆုံးျဖစ္ေနၿပီး ကမၻာ႔အဆင့္ကစားသမားေတြ ပါ၀င္ေနတာေၾကာင့္ ခ်န္ပီယံဆုကုိ ေမွ်ာ္လင့္လုိ႔ရႏုိင္တဲ့အထိ အေျခအေနေကာင္းေနတယ္။ လူကာကူ Lukaku ၊ ဟာဇက္ Hazard ၊ ဒီဘ႐ုိင္းနား De Bruyne ၊ မာတင္စ္ Mertens တို႔ရဲ႕ တိုက္စစ္အစုအဖဲြ႕က ဘယ္လုိၿပိဳင္ဘက္မ်ိဳးကုိမဆုိ ၿခိမ္းေျခာက္ႏုိင္စြမ္းရွိေနတယ္။ အာဖရိကအသင္း တူနီးရွားရဲ႕ေျခစြမ္းကလည္း မာေက်ာပါတယ္။ အဖြင့္ပြဲမွာ အဂၤလန္ကုိ အတိုင္းအတာတစ္ခုအထိ ဒုကၡေပးခဲ့ၿပီး ဟာရီကိန္း Harry Kane ရဲ႕ ေနာက္က်ဂုိးေၾကာင့္သာ အမွတ္မရခဲ့တာပါ။ ဒီပဲြမွာလည္း ဘယ္လ္ဂ်ီယံကုိ ခံစစ္အသားေပးပုံစံနဲ႔ ဒုကၡေပးဦးမွာပါပဲ။ ဘယ္လ္ဂ်ီယံအသင္း ဂုိးျပတ္ႏုိင္ဖုိ႔ခက္ေပမယ့္ လုိအပ္တဲ့ အႏုိင္(၃)မွတ္ကုိေတာ့ ရယူသြားမွာပါ။

ေတာင္ကုိရီးယား ႏွင့္ မကၠဆီကုိ (၂၃-၆-၂၀၁၈ ည ၉း၃၀)
ဆီြဒင္နဲ႔ပဲြမွာ ေတာင္ကုိရီးယားရဲ႕ေျခစြမ္းက သာမန္ထက္ မပုိခဲ့ဘူး။ အဓိက ကစားသမားလုိ႔ေျပာရမယ့္ ဆြန္ေဟာင္မင္ Son Heung-Min ကလည္း ထင္သေလာက္ ေျခစြမ္းမျပႏုိင္ခဲ့တာေၾကာင့္ သူ႔ကုိ ဦးတည္းကစားတဲ့ ေတာင္ကုိရီးယားအသငး္လည္း ႐ုန္းကန္ရေတာ့တာပါပဲ။ ဂ်ာမနီကုိ အႏုိင္ကစားခဲ့တဲ့ မကၠဆီကုိအသင္းရဲ႕ စြမ္းေဆာင္ရည္က အထင္ႀကီးစရာပါ။ အသင္းမွာလည္း Quality Players တခ်ိဳ႕ပါ၀င္တာေၾကာင့္ မာေက်မႈလည္းရွိပါတယ္။ တစ္ခုစဥ္းစားရမွာက အမွတ္မရေသးတဲ့ ေတာင္ကုိရီးယားအသင္းရဲ႕ ႐ုန္းကန္အားပါပဲ။ မကၠဆီကုိအသင္း လြယ္လြယ္ကူကူေတာ့ အႏုိင္ရမွာမဟုတ္ဘဲ အႀကိတ္အနယ္ကစားၿပီးမွ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ႏုိင္ပဲြရသြားဖုိ႔မ်ားတယ္။

ဂ်ာမနီ ႏွင့္ ဆြီဒင္ (၂၄-၆-၂၀၁၈ နံနက္ ၁၂း၃၀)
မကၠဆီကုိကုိ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တဲ့ ဂ်ာမနီမွာ ဖိအားေတြရွိေနပါတယ္။ ကြင္းလယ္နဲ႔ ခံစစ္မွာ အားနည္းခ်က္ေတြရွိေနၿပီး ၿပိဳင္ဘက္အသင္းကုိ အခြင့္အေရးေပးသလုိျဖစ္ေနတယ္။ ဆြီဒင္ကလည္း မကၠဆီကုိလုိပဲ Counter အသားေပးပုံစံနဲ႔ ဂ်ာမနီကုိ ရင္ဆုိင္သြားဖုိ႔ရွိေနတယ္။ ဥေရာပတိုက္က အသင္းေတြျဖစ္ၿပီး မၾကာခဏ ဆုံေတြ႕ေနတာေၾကာင့္ တစ္သင္းရဲ႕အေနအထားကုိ တစ္သင္း ေကာင္းေကာင္းခန္႔မွန္းႏုိင္လိမ့္မယ္။ အမွတ္မရေသးတဲ့ ဂ်ာမနီထက္ (၃)မွတ္ပုိင္ဆုိင္ထားတဲ့ ဆြီဒင္ Pressure ကင္းကင္းနဲ႔ ကစားလုိ႔ရတယ္။ သေရက်ဖုိ႔မ်ားၿပီး ဂ်ာမနီႏုိင္ရင္ေတာင္ ဂုိးမျပတ္ပါဘူး။

Photo:AM 1590 The ANSWER
Naing Linn(Akhayar)

 

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့် ရယူမယ့် ဘယ်လ်ဂျီယံနဲ့မက္ကဆီကို၊ ဆွီဒင်ကို မဖြစ်မနေ အနိုင်ကစားရမယ့် ဂျာမနီ

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေအဖြစ် ဒီနေ့(စနေ)မှာ ဘယ်လ်ဂျီယံ-တူနီးရှား၊ တောင်ကိုရီးယား-မက္ကဆီကို၊ ဂျာမနီ-ဆွီဒင်ပွဲတွေ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပနားမားကို အနိုင်ယူပြီး (၃)မှတ်ရထားတဲ့ ဘယ်လ်ဂျီယံအသင်း တူနီးရှားကို ဆက်လက်အနိုင်ကစားပြီး ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ အဖွင့်ပွဲမှာ ဂျာမနီကို အနိုင်ကစားခဲ့တဲ့ မက္ကဆီကိုအသင်းကလည်း တောင်ကိုရီးယားနဲ့ ဆုံတွေ့နေတာကြောင့် နောက်တစ်ဆင့်တက်ဖု့ိအခြေအနေကောင်းနေတယ်။ နာမည်ကြီးဂျာမနီကတော့ ပြင်သစ်၊ အီတလီ၊ စပိန်တို့လို အဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ရအောင် ဆွီဒင်ကို မဖြစ်မနေအနိုင်ကစားရတော့မှာပါ။

ဘယ်လ်ဂျီယံ နှင့် တူနီးရှား (၂၃-၆-၂၀၁၈ ညနေ ၆း၃၀)
အသင်းကြီးတွေထဲမှာ ဘယ်လ်ဂျီယံအသင်းရဲ့ခြေစွမ်းက အားရစရာအကောင်းဆုံးဖြစ်နေပြီး ကမ္ဘာ့အဆင့်ကစားသမားတွေ ပါဝင်နေတာကြောင့် ချန်ပီယံဆုကို မျှော်လင့်လို့ရနိုင်တဲ့အထိ အခြေအနေကောင်းနေတယ်။ လူကာကူ Lukaku ၊ ဟာဇက် Hazard ၊ ဒီဘရိုင်းနား De Bruyne ၊ မာတင်စ် Mertens တို့ရဲ့ တိုက်စစ်အစုအဖွဲ့က ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ခြိမ်းခြောက်နိုင်စွမ်းရှိနေတယ်။ အာဖရိကအသင်း တူနီးရှားရဲ့ခြေစွမ်းကလည်း မာကျောပါတယ်။ အဖွင့်ပွဲမှာ အင်္ဂလန်ကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးခဲ့ပြီး ဟာရီကိန်း Harry Kane ရဲ့ နောက်ကျဂိုးကြောင့်သာ အမှတ်မရခဲ့တာပါ။ ဒီပွဲမှာလည်း ဘယ်လ်ဂျီယံကို ခံစစ်အသားပေးပုံစံနဲ့ ဒုက္ခပေးဦးမှာပါပဲ။ ဘယ်လ်ဂျီယံအသင်း ဂိုးပြတ်နိုင်ဖို့ခက်ပေမယ့် လိုအပ်တဲ့ အနိုင်(၃)မှတ်ကိုတော့ ရယူသွားမှာပါ။

တောင်ကိုရီးယား နှင့် မက္ကဆီကို (၂၃-၆-၂၀၁၈ ည ၉း၃၀)
ဆွီဒင်နဲ့ပွဲမှာ တောင်ကိုရီးယားရဲ့ခြေစွမ်းက သာမန်ထက် မပိုခဲ့ဘူး။ အဓိက ကစားသမားလို့ပြောရမယ့် ဆွန်ဟောင်မင် Son Heung-Min ကလည်း ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် သူ့ကို ဦးတည်းကစားတဲ့ တောင်ကိုရီးယားအသင်းလည်း ရုန်းကန်ရတော့တာပါပဲ။ ဂျာမနီကို အနိုင်ကစားခဲ့တဲ့ မက္ကဆီကိုအသင်းရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ အသင်းမှာလည်း Quality Players တချို့ပါဝင်တာကြောင့် မာကျေမှုလည်းရှိပါတယ်။ တစ်ခုစဉ်းစားရမှာက အမှတ်မရသေးတဲ့ တောင်ကိုရီးယားအသင်းရဲ့ ရုန်းကန်အားပါပဲ။ မက္ကဆီကိုအသင်း လွယ်လွယ်ကူကူတော့ အနိုင်ရမှာမဟုတ်ဘဲ အကြိတ်အနယ်ကစားပြီးမှ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ပွဲရသွားဖို့များတယ်။

ဂျာမနီ နှင့် ဆွီဒင် (၂၄-၆-၂၀၁၈ နံနက် ၁၂း၃၀)
မက္ကဆီကိုကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ ဂျာမနီမှာ ဖိအားတွေရှိနေပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ အားနည်းချက်တွေရှိနေပြီး ပြိုင်ဘက်အသင်းကို အခွင့်အရေးပေးသလိုဖြစ်နေတယ်။ ဆွီဒင်ကလည်း မက္ကဆီကိုလိုပဲ Counter အသားပေးပုံစံနဲ့ ဂျာမနီကို ရင်ဆိုင်သွားဖို့ရှိနေတယ်။ ဥရောပတိုက်က အသင်းတွေဖြစ်ပြီး မကြာခဏ ဆုံတွေ့နေတာကြောင့် တစ်သင်းရဲ့အနေအထားကို တစ်သင်း ကောင်းကောင်းခန့်မှန်းနိုင်လိမ့်မယ်။ အမှတ်မရသေးတဲ့ ဂျာမနီထက် (၃)မှတ်ပိုင်ဆိုင်ထားတဲ့ ဆွီဒင် Pressure ကင်းကင်းနဲ့ ကစားလို့ရတယ်။ သရေကျဖို့များပြီး ဂျာမနီနိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။

Photo:AM 1590 The ANSWER
Naing Linn(Akhayar)