This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆြီဒင္ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖုိင္နယ္တက္ခြင့္ရယူရမယ့္ အဂၤလန္

၂၀၁၈ ကမၻာ႔ဖလားကြာတားဖုိင္နယ္ပဲြေတြအျဖစ္ ဆြီဒင္နဲ႔အဂၤလန္၊ အိမ္ရွင္႐ုရွားနဲ႔ ခ႐ိုေအးရွားအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ အဂၤလန္အသင္းအေနနဲ႔ ၁၉၉၀ ေနာက္ပုိင္း ေ၀းကြာေနတဲ့ ဆီမီးဖုိင္နယ္အဆင့္ကုိ တက္ဖုိ႔ ႀကိဳးပမ္းရမွာျဖစ္ၿပီး အိမ္ရွင္႐ုရွားအသင္းကလည္း ခ႐ုိေအးရွားကုိအႏုိင္ယူၿပီး ေနာက္တစ္ဆင့္ တက္လွမ္းႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။

ဆြီဒင္ ႏွင့္ အဂၤလန္ (၇-၇-၂၀၁၈ ည ၈း၃၀)
နာမည္ႀကီး ဂ်ာမနီအသင္းကုိ ေက်ာ္ျဖတ္ၿပီး ဒီအဆင့္အထိ ေရာက္လာတဲ့ ဆြီဒင္အသင္းကုိ အဂၤလန္ ေလွ်ာ႔တြက္လုိ႔မရပါဘူး။ ၀ါရင့္ကစားသမားေတြန႔ဲ တည္ေဆာက္ထားတဲ့ ဆြီဒင္အသင္းမွာ မားကပ္စ္ဘတ္ဂ္၊ တြိဳင္ဗုိနန္၊ လာဆင္တို႔က အသင္းရဲ႕ေဒါက္တုိင္ေတြျဖစ္ပါတယ္။ လူငယ္ကစားသမားေတြအမ်ားစုပါ၀င္တဲ့ အဂၤလန္အသင္းကလည္း (၅၂)ႏွစ္ၾကာေ၀းကြာေနတဲ့ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ျပန္လည္ရယူဖုိ႔အတြက္ ေျခလွမ္းျပင္ေနတဲ့အသင္းပါ။ အသင္းေခါင္းေဆာင္ ဟာရီကိန္းဟာ အသင္းကုိ အေကာင္းဆုံးဦးေဆာင္ေနၿပီး အခုအခ်ိန္အထိ (၆)ဂုိးသြင္းထားၿပီး ေျခစြမ္းျပေနသူျဖစ္ပါတယ္။ ဆြီဒင္ရဲ႕ေျခစြမ္းမာေက်ာမႈေၾကာင့္ အဂၤလန္ ခက္ခက္ခဲခဲကစားရဖုိ႔ရွိေနေပမယ့္ ဆီမီးဖုိင္နယ္တက္ခြင့္ကုိ ရယူသြားမွာျဖစ္ပါတယ္။

႐ုရွား ႏွင့္ ခ႐ုိေအးရွား (၈-၇-၂၀၁၈ နံနက္ ၁၂း၃၀)
႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ဥေရာပထိပ္သီး စပိန္ကုိ ေက်ာ္ျဖတ္ခဲ့တဲ့ ႐ုရွားရဲ႕စြမ္းေဆာင္ရည္က ေလးစားစရာပါ။ ခီရီရွက္၊ ဂုိလုိဗင္၊ ဇီယူဘာ တို႔လုိ ေျခစြမ္းေကာင္းတဲ့ ကစားသမားေတြကုိ ပုိင္ဆုိင္ထားတယ္။ ဒါေပမဲ့ သက္ႀကီးကစားသမားေတြမ်ားလုိ႔ ပဲြခ်ိန္ၾကာလာရင္ ကစားအားက်သြားတတ္တာက အားနည္းခ်က္လုိ႔ ဆုိရမယ္။ ၁၉၉၈ ကမၻာ႔ဖလားတုန္းကလုိမ်ိဳး မထင္မွတ္တာေတြကို လုပ္ျပဖုိ႔ ႀကိဳးစားေနတဲ့ ခ႐ုိေအးရွားအသင္းကလည္း အုပ္စုတြင္းမွာ အာဂ်င္တီးနားကုိ ေက်ာ္ျဖတ္ခဲ့သလုိ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာ ဒိန္းမတ္ကုိ အႏုိင္ကစားခဲ့တယ္။ မန္ဇူကစ္၊ ပါရီဆစ္၊ မုိဒရစ္၊ ရာကီတစ္၊ ရီဘက္ စတဲ့ကစားသမားေကာင္းေတြ ပုိင္ဆုိင္ထားတာေၾကာင့္ ခ႐ုိေအးရွားအသင္းက ၿပိဳင္ဘက္ေတြကုိ ဒုကၡေပးႏုိင္စြမ္းရွိပါတယ္။ အိမ္ရွင္ အရွိန္ေၾကာင့္ ႐ုရွားအသင္း ရလဒ္ေကာင္းဖုိ႔ ႀကိဳးစားမွာျဖစ္ေပမယ့္ ခ႐ုိေအးရွားအသင္းပဲ ေနာက္တစ္ဆင့္တက္ဖုိ႔ မ်ားတယ္။

Photo: Mirror
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Unicode]

ဆွီဒင်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်ခွင့်ရယူရမယ့် အင်္ဂလန်

၂၀၁၈ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲတွေအဖြစ် ဆွီဒင်နဲ့အင်္ဂလန်၊ အိမ်ရှင်ရုရှားနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။ အင်္ဂလန်အသင်းအနေနဲ့ ၁၉၉၀ နောက်ပိုင်း ဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး အိမ်ရှင်ရုရှားအသင်းကလည်း ခရိုအေးရှားကိုအနိုင်ယူပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။

ဆွီဒင် နှင့် အင်္ဂလန် (၇-၇-၂၀၁၈ ည ၈း၃၀)
နာမည်ကြီး ဂျာမနီအသင်းကို ကျော်ဖြတ်ပြီး ဒီအဆင့်အထိ ရောက်လာတဲ့ ဆွီဒင်အသင်းကို အင်္ဂလန် လျှော့တွက်လို့မရပါဘူး။ ဝါရင့်ကစားသမားတွေနဲ့ တည်ဆောက်ထားတဲ့ ဆွီဒင်အသင်းမှာ မားကပ်စ်ဘတ်ဂ်၊ တွိုင်ဗိုနန်၊ လာဆင်တို့က အသင်းရဲ့ဒေါက်တိုင်တွေဖြစ်ပါတယ်။ လူငယ်ကစားသမားတွေအများစုပါဝင်တဲ့ အင်္ဂလန်အသင်းကလည်း (၅၂)နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ရယူဖို့အတွက် ခြေလှမ်းပြင်နေတဲ့အသင်းပါ။ အသင်းခေါင်းဆောင် ဟာရီကိန်းဟာ အသင်းကို အကောင်းဆုံးဦးဆောင်နေပြီး အခုအချိန်အထိ (၆)ဂိုးသွင်းထားပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဆွီဒင်ရဲ့ခြေစွမ်းမာကျောမှုကြောင့် အင်္ဂလန် ခက်ခက်ခဲခဲကစားရဖို့ရှိနေပေမယ့် ဆီမီးဖိုင်နယ်တက်ခွင့်ကို ရယူသွားမှာဖြစ်ပါတယ်။

ရုရှား နှင့် ခရိုအေးရှား (၈-၇-၂၀၁၈ နံနက် ၁၂း၃၀)
ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဥရောပထိပ်သီး စပိန်ကို ကျော်ဖြတ်ခဲ့တဲ့ ရုရှားရဲ့စွမ်းဆောင်ရည်က လေးစားစရာပါ။ ခီရီရှက်၊ ဂိုလိုဗင်၊ ဇီယူဘာ တို့လို ခြေစွမ်းကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သက်ကြီးကစားသမားတွေများလို့ ပွဲချိန်ကြာလာရင် ကစားအားကျသွားတတ်တာက အားနည်းချက်လို့ ဆိုရမယ်။ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းကလိုမျိုး မထင်မှတ်တာတွေကို လုပ်ပြဖို့ ကြိုးစားနေတဲ့ ခရိုအေးရှားအသင်းကလည်း အုပ်စုတွင်းမှာ အာဂျင်တီးနားကို ကျော်ဖြတ်ခဲ့သလို ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဒိန်းမတ်ကို အနိုင်ကစားခဲ့တယ်။ မန်ဇူကစ်၊ ပါရီဆစ်၊ မိုဒရစ်၊ ရာကီတစ်၊ ရီဘက် စတဲ့ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ခရိုအေးရှားအသင်းက ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ အိမ်ရှင် အရှိန်ကြောင့် ရုရှားအသင်း ရလဒ်ကောင်းဖို့ ကြိုးစားမှာဖြစ်ပေမယ့် ခရိုအေးရှားအသင်းပဲ နောက်တစ်ဆင့်တက်ဖို့ များတယ်။

Photo: Mirror
Naing Linn(Akhayar)
www.akhayar.com